ခွေးရိုက်သံ

ခွေးရိုက်သံ
*******

ခြသေ့င်္မှန်ရင် မျှင်ဆံ သက်သေပါ
အမတေ လုပ်သမျှ ဒုံရင်းမစိုက်ပါဘူး
ဒီရပ်ကွက် ဒီဇာတ်လမ်းမှာ မရွယ်ဘဲ
စော်ကဲက မင်းဖြစ်လာတော့
အဆင်းကို ဘီးတပ်ပေးသလို
သွေးနထင် ရောက်နေပေမဲ့
မင်းက ဒီပုတ်ထဲက ဒီပဲ ဖြစ်လို့
ငါကလည်း အဟုတ်ကြီးလုပ်ပြီး
လက်ခုပ် မတီးနိုင်ဘူး။

အရူးဘုံမြောက်တော့
ချီးခြောက်လည်း ကောက်စား
ခရု ခတောင်းကျိုက် ဖမ်းလိုဖမ်း
ကြက်ဥပြုတ် သံတုတ်နဲ့ ရိုက်လိုရိုက်
နှံပြီစုတ် အမြောက်နဲ့ ချိန်တဲ့…မင်း
ခရီးတွင်လို့  ရွာစဉ်မသိဘဲ နေမယ်
ဟိုလူက ဘယ်လိုတော်တယ်
ဒီလူက ဘယ်လို ကျော်တယ်နဲ့ 
အတ္ထုပတ္တိတွေ ၀ယ်ဝယ်ဖတ်
မြင်းတုလို့  ဝက်ခုန် ခြေကျိုးရုံပဲ
စပါးကြီးကို လင်းမြွေ မပတ်ချင်ပါနဲ့
နောက်လာတဲ့ မောင်ပုလဲ
ဒိုင်းဝန်ထက် ကဲမယ်ဆိုပြီး
မနိုင်ဝန်ထမ်းချင် ၀ရှိမှဝိဖြစ်တာပါ
ပါးပိန်ရာ နံ့သာဖို့ မရသလိုပါပ။

မင်းက…
ငှက်မသိတော့ ဇရက် ဂျိုး(ချိုး)ထင်
ဗြောသံကြား တရားနာချင်
သူများယောင်လို့သာ မင်းယောင်ရတယ် တောင်မှန်းမြောက်မှန်းရော
ခွဲတတ်ပါရဲ့လား။
သခွါးသီးခွဲပါဆို ပုဆိန်မရှိဘူး
ပြောလိုက်သေးတယ်
ရွာကျောင်းမပင့်ဘဲ တောကျောင်းပင့်
လေဖမ်းဝါးလုံးတန်းချီ
လျောမွေးတစ်ကောင်နဲ့  ဗာရာဏသီချဲ့ 
ငါဟဲ့ ဆိုပြီး လုပ်သမျှ မဖြစ်တော့
အရပ်ရှစ်မျက်နှာ အပြစ်ဖို့တာများ
ကံကြမ္မာ…လမိုင်း မကပ်ဘူးတဲ့လား။

မင်းက…
ကာရံ တွေ၊ ရစ်သမ်တွေ၊
မော်ဒန်တွေ မပါတဲ့ အကြံအဖန် လုပ်စာတွေဆိုသတဲ့လား...
မဖတ်ချင် မဖတ်နဲ့ 
ငါ ရေးတာ ရိုးသားမှု ပါတယ်။
စောစောကတည်း ငါပြောပါတယ်
ငါ ဆရာမဟုတ်၊ မင်း ဆရာမဟုတ်
တတ်လို့ လည်းမဟုတ်၊
ငတ်လို့ လည်းမဟုတ်
လုပ်ချင်လို့ လုပ်ကြတာပဲ

မဂ္ဂဇင်းတစ်အုပ် နှစ်အုပ်မှာ ပါလာပြီး
ဆရာ သမ္ဘာ လာလုပ်ရင်တော့
ကဗျာဆရာ မဟုတ်တဲ့ငါက
အထာ ဘာညာ မပေးဘဲ
အညှာအတာ မရှိ
ဆော်ထည့် လိုက်မယ် ......

"ဖောင်း" 


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်