ထားဝယ်


ထားဝယ်

အကြိုသမိုင်းကာလ အထောက်အထား

ကျောက်ခေတ်သစ်

ကျောက်ခေတ်သစ်လက်နက် နေရာအနှံ့တွေ့
သုတေသနမှတ်တမ်းအဖြစ် ကျောက်ချောလက်
နက် ၁၀၀ ခန့် မှတ်တမ်းတင်နိုင် ကျောက်လက် နက် အများစုကို 1 sandstone  2 slate 3 Chalcedony ကျောက်များဖြင့် ပြုလုပ် အကြီး ဆုံးကျောက်လက် နက် အလျား ၁၂ လက်မ အနံ ၃ လက်မ ထု (.7)
အငယ်ဆုံး အလျားအနံ ၁ လက်မ ထု .5

မြိတ်ခရိုင်မှာ မော်တုံဒေသများမှ ၁၄ ခု ထပ်တွေ့ထားသည်များရှိ
ရေကန်အော်မှ ကျောက်ပန်းချီကား

အောင်သာရှင်မကျောက်တိုင် ခေတ်ပြိုင် ထိုင်း
ဒွါရဝတီခေတ် အေဒီ ၆-၁၀

ကြေးခတ်

တနင်္သာရီနယ် သာရဘွင် ကြေးလက်နက် ၃ ခု

ဂဝံယဉ်ကျေးမှုလက်ရာ

တနင်္သာရီတိုင်းတွင် အကြီးဆုံး အမြင့်ဆုံး ဂဝံ လက်ရာများကို တွေ့နိုင် နဝထပ် (or) နဂါးကပ်တောင် အကြီးမြင့်

တနင်္သာရီ မြောက်ဘက် မာန်လည်ရေဆိပ်မှ ဂဝံ ဆိပ်ကမ်း

တနင်္သာရီမြို့ဟောင်း မြောက်ဘက် ဝင်ပေါက် ဖြစ်သော ရွှေလိပ်ပြာဝင်ပေါက် (သီတတံခါး)

ထားဝယ်နေရာအနှံ့ ဂဝံပစ္စည်း ဂဝံဘုရား ကျောက်တုံး လမ်းခင်း အဆောက်အဦ များစွာ

မွန်သမိုင်းက BC 17 မှာ သုဝဏ္ဏဘူမိ တည်တယ် ပြောတယ်

------

တနင်္သာရီတွင် သံခေတ် အထောက် အထားများ မတွေ့

ပျူခေတ်

ပျူသုံးစုကွဲ

ဓညဝတီ ထားဝယ် တနင်္သာရီ

ဓညဝတီ ခေတ် BC 3325 - 326 AD

တရုတ်မှတ်တမ်း ဟန့်မင်းဆက် သမိုင်းဦး
ဖူးကန်တူးလု (ပုဂါမဒွါရ)
လျန်မင်းဆက်  AD 502-577 ပါတွန့်ယွန့်
စွေမင်းဆက် AD ၅၁၈-၆၁၉ ပါချီ-ယယ်န်ထော်ဂွမ်
ထန်မင်းဆက်ပါ ထော်ဝမ်(နို့ထော်ဝမ်)

ပျူတို့ရဲ့ ထင်ရှားသော ၃၂ နေရာမှာ ထောက်ဝမ် ဟု တစ်ခုပါ

ပျူယဉ်ကျေးမှုလက်ရာ ၁၁ ချက်



ထားဝယ် ဆိုတာ နေရပ်ကိုခေါ်တာလား လူမျိုးကို ခေါ်တာလား။


ဒီမေးခွန်းအတွက် ဖြေဆိုဖို့ရာ အနည်းငယ် ခဲခက်တဲ့ သဘော ရှိပါသည်။ သာမန်အားဖြင့် ဆိုလျှင် ထားဝယ် ရခိုင် မွန် ကရင် ရှမ်း စတာတွေ ကတော့ ထားဝယ်ကို လူမျိုးလို့ မှတ်ယူကြပါတယ်။ ပညာရှင် လောကမှာလည်း
အချို့က လူမျိုးလို့ မှတ်ယူပါတယ်။ အချို့က ထားဝယ် ဆိုတာ မြန်မာသာ ဖြစ်ပြီး မြန်မာဘာသာစကားရဲ့ ဒေသိယျ စကားပြော အုပ်စုလို့ ဆိုကြပါတယ်။

ဒီလို ကွဲလွဲချက်တွေ ရှိတဲ့ နေရာမှာ ကျွန်တော်တို့ အနေနဲ့ ကိုယ့်ခံယူချက်နဲ့ကိုယ် ပြောဆိုနေရုံနဲ့ မရသလို ငါနဲ့ သဘောထား ညီတယ် ဆိုပြီး နှစ်သက်ရုံနဲ့လည်း ကောက် ယူလို့ မရပါ။ အဆိုများ အပေါ် တိုက်ဆိုင် စီစစ် ညှိနှိုင်း ကြည့်ပြီး အဖြေရှာသင့်ပါသည်။ သို့သော် မူလ ပျူ အုပ်စု အရ အတူတူသာ ဖြစ်သည်ဆိုသော အချက်ကို သတိထား ရပေမည်။ ထားဝယ်သည် ပျူ ဖြစ်သည်ဟု ဆိုပါလျှင် မည်သည့် ပညာရှင်မှ မငြင်းပါ။ မြန်မာသည်လည်း ပျူပင် ဖြစ်သည် ဟူသော အဆိုကို တရားဝင် ချေဖျက်နိုင်သည့် ပညာရှင် တစ်ဦးတစ်ယောက်မှ မပေါ်သေးသည်ကို တွေ့ရ သည်။ နောက်များကာလတွင်တော့ ပေါ်လာနိုင် မနိုင် မသိပါ။ ယခု အချိန်အထိ တွေ့ရှိချက်များအရ ဆိုရပါမူ ချေဖျက်နိုင်စရာ အကြောင်း မရှိနိုင်ဟု ယူဆရပါသည်။

ထားဝယ် မြန်မာ ရခိုင်တို့ သည် ပျူ ဖြစ်သည်။ ပျူမှသည် တစ်နေရာစီ ဖြစ်သည့်အလျောက် ကွဲလွဲစွာ ခေါ်ဆိုလာခြင်း ဖြစ်သည်မှာ သံသယ မရှိပါ။ ပျူ ကနေ ကြည့်ပါမူ မြန်မာ သည်လည်း ဒေသိယျစကား ထားဝယ်သည်လည်း ဒေသိယျစကား ရခိုင်သည်လည်း ဒေသိယျစကား ဖြစ် သည်ဟု မှတ်ယူဖွယ်ရာ ရှိသည်။ မြန်မာသည် ပင်ရင်း ဖြစ်သည် ဟူ၍ကား လုံးလုံး ဆိုနိုင်ဖွယ် မရှိပါ။ ဆိုရန် ခက်ခဲ ပါလိမ့်မည်။  အကြောင်းကား ကျောက်စာတို့တွင် ထားဝယ်သံ ရခိုင်သံ မြန်မာသံ တို့ဖြင့် ရောနှောစွာ သုံးစွဲ ထားခြင်း ဖြစ်သည်ကို တွေ့ရပါလိမ့်မည်။

မြန်မာ၏ ဒေသိယျ စကားဟု ထားဝယ် ရခိုင် အင်းသား ယော စသည် တို့ကို မှတ်ယူ ရန် မသင့်လျော်ပေ။ ဘာသာ ဗေဒ အရ ဆရာကြီး ဦးဖိုးလတ် နှင့် အစရှိသည်တို့က မြန်မာကို မူသေထား၍ ကျန်သည်များကို ဒေသိယျ စကား ဟု ဖော်ပြထားကြသည်များ ရှိပါသည်။ ဤတွင် ဆင်ခြင် သင့်သည်ကား ဦးဖိုးလတ်တို့ စီစစ် ပြောဆိုချိန်တွင် ပျူ နှင့် မြန်မာ မတူ ဟူသော မူအရ စီစစ်ထားသည်ကို သတိချပ် သင့်ပါသည်။ ပျူနှင့် မြန်မာ တူသည် ဟူသော ယခု မူအရ
ဆိုပါလျှင် ထားဝယ် မြန်မာ ရခိုင် စသည် တို့သည် ပျူ ချည်းသာ ဖြစ်ရာ မြန်မာကျမှ အခွင့်ထူးခံ အနေဖြင့် မူလ ဖြစ်သည်ဟု ဆိုပါလျှင် ယခုကဲ့သို့ပင်လျှင် အငြင်းပွားနေ ဖွယ်ရာသာ ရှိပါသည်။

အငြင်းပွားနေရခြင်းမှ ရှောင်ရှားနိုင်ရန်သော်လည်းကောင်း စိတ်ဝမ်းကွဲပြားစေခြင်းကို ထိန်းသိမ်းနိုင်စေရန် သော်လည်း ကောင်း တတန်းစားထဲ ထားသင့်ပါသည်။

ပျူ ကို မြန်မာ ဗမာဟု ခေါ်သဖြင့် မြန်မာသည်သာ မူလ ဖြစ်သည်ဟု အယူအဆမျိုး မဖြစ်သင့်ပါ။ ပျူ မြန်မာ ဗမာ ဆိုရာတွင် ဗမာ ထားဝယ် ရခိုင် တောင်ရိုး အင်းသား ဓနု ယော စသည့် အားလုံးတို့ကို အတူတူ ခေါ်ဆိုသည်သာ ဖြစ်သည်။

မြန်မာဟု ဆိုရာတွင် ယခင် ပုဂံမြန်မာ နှင့် အင်းဝခေတ် မြန်မာတို့ကို၏ စာပေအပေါ် ကြည့်၍ ခွဲပြောသင့်သည် ယူဆပါသည်။ အကြောင်းက အင်းဝခေတ်စာပေသည် ယနေ့ မြန်မာစာနှင့် တိုက်ရိုက်နီးပါးမျှ တူညီမှု ရှိပါသည်။

ပုဂံ မြန်မာသည် ရခိုင်သံ မြန်မာသံ ထားဝယ်သံ တောင်သူ
စသော အသံများ ရောထွေးနေသည့် စာအရေးအသား ဖြစ် ပါသည်။ အင်းဝခေတ် မြန်မာသည် ယနေ့မြန်မာနှင့် အတူ တူ နီးပါးမျှ ဖြစ်သည်။ ပုဂံမြန်မာစာနှင့် အင်းဝ မြန်မာ စာတို့ စာပေအဆင့်အတန်း တိုးတက်လာသည့် အလျောက် အနည်းငယ် ကွာဟလာသည်ကို တွေ့ရ သည်။ ပုဂံမြန်မာ အင်းဝမြန်မာဟု ဆိုသော်လည်း မတူဟု ဆိုလိုခြင်း မဟုတ် ပါ။ ထိုအချိန်က စကားအသံသည် မည်သို့ ပြောဆိုသည် ကို မည်သူမှ သိနိုင်သည့်အရာ မဟုတ်သည့် အတွက် စာပေအပေါ် သုံးနှုန်းထားသော အသံတို့က တဆင့် ကြည့်မြင်ရခြင်း ဖြစ်သည်။

ပုဂံခေတ် မြန်မာတို့သည် စကားပြောဆိုရာတွင် မြန်မာ အုပ်စုဝင် အားလုံးတို့၏ အသံများ ရောထွေးနေသည်။ ထို့သို့ ရောနှောနေသော အချိန်ကာလက ပင်လျှင် မြန်မာ နှင့် ထဝယ်ဟု တစ်ခုစီ ကွဲပြား နေသည်ကို တွေ့ရသည်။
ထိုထက် ကာလစော၍ ကွဲပြားနေသောအချက်ကို ပြည်ပ မှတ်တမ်းအဖြစ် အသံလှယ်ထားသော AD 5 လျန် မင်းဆက် တရုတ်မှတ်တမ်းတွင် တွေ့ရသည်။ ပြည်တွင်း မှတ်တမ်းအရ အရိုးအိုးကျောက်စာအရ တနင်္သာရီပျူ (မြို့တော်ထားဝယ်) ဆိုသော AD-2 မှတ်တမ်းကို တွေ့ရ သဖြင့် ထိုထက်စော၍ မြန်မာ ထားဝယ်ဟု ကွဲပြားနေသည် ကို တွေ့နိုင်သည်။ မည့်သည့်အချိန်မှ စ၍ ကွဲပြားနေသည် ကို မသိရသေးပါ။ လေ့လာဆဲ ဖြစ်ပါသည်။ တွေ့လျှင် ထပ်မံ ပြင်ရပါမည်။

ဤ အရိုးအိုးကျောက်စာအရ တနင်္သာရီပျူ (မြို့တော် ထားဝယ်) ဟူသော စာအရ ထားဝယ်မြို့တော် ဖြစ်သည်။
တနင်္သာရီပျူ(မြို့တော်ထားဝယ်) ဟူသော စကားရပ်ကို အထူး သတိချပ်သင့်သည်။ တနင်္သာရီပျူ ဟူသည် ယခု  တနင်္သာရီမြို့နေ လူတွေကို သီးခြား ဆိုလိုသည်မဟုတ်။ ထားဝယ်ဒေသဟု ရည်ညွှန်းခြင်း ဖြစ်သည်။ တနင်္သာရီမြို့ သည်လည်း ထားဝယ်မြို့တော်၏ လက်အောက်ခံ ဆိပ်ကမ်း မြို့ တစ်မြို့ အဖြစ် ဆိုလိုရာ ရောက်နေသည်။

ယခုအခါတွင် လူမျိုး ၁၀၁ ပါး စာရင်းတို့မှ အချို့ စာရင်း တွင် ပါနေသော တနင်္သာရီလူမျိုး ဟူသည်ကို ယူ၍ တနင်္သာရီလူမျိုး ဟု ရေးသားဖော်ပြလာသော စာအုပ် စာတမ်းများ ရှိလာသည်ဖြစ်၍ ထိုအကြောင်းကို ထည့်ဆိုရ ခြင်း ဖြစ်သည်။ တနင်္သာရီမြို့ဟောင်းများ အကြောင်း ဖော်ပြရာတွင် သီးခြား အကျယ် ဆွေးနွေးဖော်ပြပါမည်။

တနင်္သာရီပျူ မြို့တော် ထားဝယ်ဟု ဆိုသဖြင့် ထိုခေတ်က နန်းစိုက်ရာ နေရာဖြစ်သည့် ထားဝယ်မြို့ကို ဖော်ပြခြင်း ဖြစ်သည်ကို သိနိုင်သည်။ ထိုကြောင့် လက်အောက်ခံ မြို့ ဖြစ်သည်ဟု ဆိုခြင်းဖြစ်သည်။ စာတစ်လုံးတစ်ပါဒက စကား အများကြီး ထပြောလေသည့်အခါ ယခင့်ယခင် AD-2 မတိုင်မီကာလကပင်လျှင် ထားဝယ်၏ နယ်ပယ် ဧရိယာသည် တနင်္သာရီ မြိတ်အထိ ဖြစ်သည်ကို တွေ့နိုင် သည်။

မြိတ်ဟူ၍ ထိုအခါက မပေါ်ပေါက်သေး ဟူသော အဆို သည်လည်း မှားယွင်းကြောင်း သိနိုင်သည်။ မြိတ်မြို့ ပေါ် ပေါက်လာသည့်အချိန်ကား AD-7 ထက် နောက်မကျ နိုင်ပေ။ ထိုသို့ ဆိုရခြင်းအကြောင်းကား မြိတ် ဟူသည့် စကားသည်ပင် ပျူမြန်မာ ဘာသာစကားအရ အစွန်း အဖျား ဟု အနက်ထွက်သည် ဖြစ်ရာ ပျူခေတ်ကတည်းက ပေါ်ပေါက်နေသည်မှာ ယုံမှားဖွယ်ရာ မရှိပါ။ တနင်္သာရီမြို့ ထက် နောက်ကျမှ ပေါ်လာလေသလား အတူတူပင် ပေါ် နေ လေသလား မသိရသေးပါ။

ရာဇဝင်လာ စကားရပ်များပါ အကြောင်းအချက်များသည် ထားဝယ်ရာဇဝင် ဖြစ်စေ တနင်္သာရီ မြိတ်ရာဇဝင်များဖြစ်စေ လိမ်လည် ရေးသားထားသည့် အကြောင်းများအဖြစ် ထင်ရှား ပေါ်ပေါက်နေပြီး ဖြစ်ရာ ခေတ်ပြိုင်မှတ်တမ်း မပြနိုင်သမျှနှင့် လက်လှမ်းမှီနိုင်သောကာလ (ကုန်းဘောင်မှ ယနေ့ထိ) မဟုတ်သည့် ကာလများကို မင်းအမည်လည်း အမှန် မယူအပ်။ မြို့အမည်လည်း အမှန် မယူအပ်။ ယာယီသာ ခေါ်ဆိုသင့်သည်သာ ဖြစ်သည်။
တွေ့ရှိထားသော မြေပေါ်မြေအောက် အထောက်အထား များသည်လည်း ရာဇဝင်လာနှင့် လားလားမှမဆိုင်သည် မှာလည်း မျက်မြင်ပင် ဖြစ်သည်။ အကျယ်တဝင့် ပြောဆို နေစရာမလိုပါ။

တနင်္သာရီလူမျိုး မြိတ်လူမျိုး ဟူ၍ မရှိဟု ပြောဆိုမိသဖြင့် တနင်္သာရီသား မြိတ်သားတို့က ထားဝယ်က လက်ဝါးကြီး အုပ်တယ် လူမျိုးကြီးဝါဒ လုပ်တယ် ဆိုသော အပြောများ ကျွန်တော်သည်ပင် အစွန်းရောက် ဖြစ်သည် ဟူသော အပြောအဆိုများ ခံရဖူးပါသည်။ နန်းစိုက်ရာ မြို့တော် ဖြစ်သည့် ထားဝယ်သည်ပင်လျှင် ပညာရှင်များအကြား
လူမျိုး ဟုတ်၏ မဟုတ်၏ ဟူ၍ အငြင်းပွားလျှက် ရှိဆဲ ဖြစ်ရာ တနင်္သာရီလူမျိုး မြိတ်လူမျိုးဟု ထလုပ်ကြလေသော အခါ ရီရခကိ ငိုရခက် ဖြစ်လေတော့သည်။ မြိတ်လူမျိုး ဟူ၍ တော့ဖြင့် pre history တွင် မရှိပါ။ တနင်္သာရီ လူမျိုး အဖြစ် ဖော်ပြထားသည့် လူမျိုး တစ်ရာ့တစ်ပါးစာရင်းကိုပဲ ကြည့်၍ တနင်္သာရီ လူမျိုး ရှိသည်ဟု ဆိုချင်ပါသော် တနင်္သာရီ လူမျိုးသည် ပျူလား ရှမ်း (၃၀)အတွင်းက ရှမ်း  တစ်မျိုးလားဟူ၍ အရင် ကွဲပြားအောင် လုပ်ကြပါဦးဟု အမြည်းမျှ ပြောလိုပါသည်။ မိမိကိုယ်မိမိ ဘာလူမျိုးမှန်း မသိ ဖြစ်သွားပေမည်။ ရူးသလိုလို နှမ်းသလို ပေါသလို သွပ်သလို ကြောင်သလိုလို ချာတာတာနှင့် လိုရာဆွဲ ရေးသားဖော်ပြ၍ သမိုင်းတု သမိုင်းယောင်များ ဖန်တီး မဖော်ပြသင့်ပေ။


လူမျိုး ၁၀၁ ပါး  စာရင်းသည် မူကွဲ ၁၁ မျိုး ရှိ၏။ အဓိက ကျသော လူမျိုး စာရင်း တို့မှအပ အတည်ယူသင့်သော မှတ်တမ်း မဟုတ် ပေ။ ဤသို့ ဆိုပြန်သော် ရှေးဆရာများ ကို စော်ကားသည် ဆိုကြပြန်၏။ ရှေးဆရာတွေရေးတိုင်း ကျွန်တော်တို့အနေ ဖြင့် အားလုံးကို မစဉ်းစား မဆင်ခြင်ဘဲ ယုံရပါမည်လား။ ဘုရားလည်း မကြိုက် ကျွန်တော်လည်း မကြိုက်သော အလုပ်မျိုး ကျွန်တော် မလုပ်နိုင်ပါဟုသာ ဆိုပါမည်။ တနင်္သာရီလူမျိုးဟု ပါသည့်စာရင်း အချို့ ရှိပါ သည်။ ရှမ်းမျိုး တွင် ထည့်သွင်း ဖော်ပြထားပါသည်။ ထိုကြောင့် မိမိကိုယ် မိမိ စစ်ဆေးကြည့်ကြပါကုန်။ ရှမ်းဖြစ် လျှင် ပျူ မဟုတ်။ ပျူ ဖြစ်လျှင် တနင်္သာရီလူမျိုး ဟူသည် မရှိ။

AD-2 အရိုးအိုးကျောက်စာမှတ်တမ်း
AD-5 လျန်မင်းဆက် မှတ်တမ်း
AD-12  ဓမ္မရာဇိကကျောက်စာ
တို့အရ ထားဝယ် ဆိုသည်ကို နေရပ်ဒေသကို ဖော်ပြခြင်း ဖြစ်သည်ကို တွေ့ရပါသည်။ လူမျိုး တမျိုး ဖြစ်သည်ဟု ဖော်ပြထားချက်ကို မှတ်တမ်း မှတ်ရာတွင် မတွေ့ရပါ။

အင်းဝခေတ် မြန်မာသည် ပျူ၏ ဒေသိယစကား အဖြစ် မှတ်ယူရန် ရှိသည်။ ပျူသဒ္ဒါ ပျူစာသည် မြန်မာသဒ္ဒါ မြန်မာစာ ဖြစ်သည် ဆိုသော်လည်း ပုဂံခေတ်နှင့် အင်းဝ ခေတ် ပင်လျှင် အခေါ်အသုံး မတူသည် ဖြစ်ရာ အင်းဝမှ စ၍ နောက်ပိုင်း မြန်မာစကားကို ပျူ၏ ဒေသိယျ စကားဖြင့် မှတ်ယူရမည် ဖြစ်ပါသည်။ ဦးဖိုးလတ်တို့ စစ်ဆေးသကဲ့သို့
ထားဝယ် ရခိုင် စသည့် မြန်မာအုပ်စုဝင်တို့သည် မြန်မာ၏ ဒေသိယျ စကား ဖြစ်သည် ဟူ၍ မှတ်ယူခြင်းငှာ မသင့်ပေ။ ထိုခေတ်အခါက ပျူ နှင့် ဗမာ မတူ ဟူသော မူဝါဒအရ စစ် ဆေးထားခြင်း ကိုလိုနီခေတ် ရောက်ကာမှ ဘာသာစကား များကို ညှိနှိုင်း စစ်ဆေးထားခြင်း ဖြစ်သည်ကို သတိမူ၍ ပြန်လည် ပြင်ဆင်သင့်သည်ဟု ယူဆပါသည်။

ပျူသည် မြန်မာ ဖြစ်သည်။ ထားဝယ် ဖြစ်သည်။ ရခိုင် ဖြစ်သည်။ စသဖြင့် အုပ်စုဝင် အားလုံးသည် ပျူမြန်မာ ဖြစ်သည်ဟု ဆိုပါလျှင် အင်းဝမှအစ နောက်ပိုင်း မြန်မာ တို့သည်လည်း ရခိုင် ထားဝယ်များ နည်းတူ ပျူမြန်မာ၏ ဒေသိယျ စကားသာ ဖြစ်ရပါမည်။ အင်းဝ နောက်ပိုင်း မြန်မာသည် ပျူမြန်မာ၏ ဒေသိယျ စကားမဟုတ်ဟု ဆိုပါ လျှင် ကျန်သည့် မြန်မာ အုပ်စုဝင်များကိုလည်း ဒေသိယျ စကား ဟု မမှတ်ယူသင့်ပေ။ ပုဂံခေတ်တွင် စကားအသုံး အတူတူပင် ရှိကြသေးသည်ဟု မူတစ်ခု ထားပြီး ရှုမြင်ခြင်း ဖြစ်ပါသည်။ သမိုင်းလိမ် သမိုင်းဖျက်သမားများက ဤ အချက်ကို အခွင့်ကောင်းယူ၍ ပျူနှင့် မြန်မာ မတူပါ ဟူ၍ မဆိုသင့်ပါ။ ဆိုလိုရင်းကား မြန်မာအချင်းချင်းကြား ညှိနှိုင်း စီစစ် နေခြင်းမျှသာဖြစ်ရာ အဖက်ဖက်ကနေ ကြံဆကြည့် သည့် သဘော မြန်မာအချင်းချင်း သွေးမကွဲစေလိုသော ဆန္ဒမွန်ဖြင့် ဆွေးနွေးတင်ပြနေခြင်းသာ ဖြစ်ပါသည်။

ဗမာ ထားဝယ် ရခိုင် တို့သည် ပျူချည်းသာ ဖြစ်သဖြင့် အတူတူပင် ဖြစ်သည်။ ရခိုင်ဟူသော ဝေါဟာရ၏ အနက် ကို စကားရင်းမြစ်ပညာဖြင့် စီစစ်ကြည့်ပါဦးမည်။ မည်သို့ ထွက်သနည်း ဟူသည်အချက်က အဆုံးအဖြတ် ပေးနိုင် မည်ဟု ထင်ပါသည်။ ရှေးက ဆရာကြီးများက ရခိုင်သည် မြန်မာအကြီး- အကိုကြီး ဖြစ်သည်ဟု ဖော်ထုတ် မှတ်တမ်း တင် ထားခဲ့သည် ရှိသည်။ သို့သော်လည်း ဆရာတို့ ပြော တိုင်း မယုံသင့်။ ကိုယ်တိုင် ဖော်ထုတ်ကြည့်သင့်သည်။ ရခိုင် ပညာရှင်များကလည်း ဖော်ထုတ် တင်ပြသင့်လှ သည်။ ထားဝယ်၏ အနက်ကား မူလအရင်းခံ နောင်တော် ကြီးများဟု အနက်ထွက်သဖြင့် ဆက်စပ်မှု ရှိသည်သာ ဖြစ် သည်။ နောင်တော်ကြီးဟု အနက်ပြန်ထားသဖြင့် တင်စီး သည်။ စီးပိုးသည်ဟု အကျမကောက်သင့်ပေ။ အကြီး ပုဒ် ကို ဆီလျော်အောင် ဘာသာပြန်၍ အနက်ဖော်ဆောင် ထားခြင်းမျှသာ ဖြစ်သည်။ ထဝယ်ဟူသည် ပျူစကားလုံး ဖြစ်သည်မှာ အသေအချာပင် ဖြစ်ကြောင်း သိရသည်။

ပျူချည်း အတူတူ ဖြစ်ပါလျက် မြန်မာ အနေဖြင့် မူလ ဘာသာစကား ဖြစ်သည် ဟူ၍ ယခင်က ဆရာများစစ်ဆေး သကဲ့သို့ မြန်မာကို မူလထား၍ တရားသေ ကိုင်စွဲ မပြောဆို သင့်ပေ။ ထိုသို့ မူလထား၍ ယူချေသော် ကျန်သူများက လက်သင့်ခံနိုင်ဖွယ် မရှိပါ။ ပျူ ကိုသာ မူလ ဟု ထားသင့် ပါသည်။ ဥပမာ ဆိုရချေသော် "ညီအစ်ကိုချင်း အတူတူ မင်းကျမှ မုန့်တစ်တုံး ပိုစားချင်နေတာလား" ဆိုသော အတွေးအမြင်ကို ကျန်သော မြန်မာအုပ်စုဝင်များကို မပေးသင့် မတွေးစေသင့်ပေ။ ထိုအတွေးအမြင်များသည်  ပဋိပက္ခ ဖြစ်စေခြင်း စည်းလုံးညီညွတ်မှု ပျက်ပြားစေခြင်း သို့သာ ဦးတည် နေသည်ကို သတိထားသင့်ပါသည်။

ပျူကို မူလထားသော် အားလုံးသည် တန်းတူညီမျှ ဖြစ် သည်။ ကွဲလွဲစရာလည်း မရှိတော့ပါ။ မြန်မာကို ပျူ၏ ဒေသိယျ စကားဟု မထားနိုင်စရာလည်း မရှိပါ။ အကြောင်း ကား ပျူ၏ မူလစကားသံများသည် အင်းဝခေတ် မြန်မာ၏ အသံနှင့် ထပ်တူညီမျှ မရှိတော့ဘဲ ပြောင်းလဲလာပြီ ဖြစ် သည်ကို ရိုးသားစွာ လက်ခံပါမူ သဘောညီပါလိမ့်မည်။
အချင်းချင်း သွေးမကွဲစေလိုသော ဦးတည်ချက်ကိုသာ ရှေးရှု သင့်သည်။ ပျူ ဟု မထားဘဲ ဗမာ မြန်မာဟု ထား ပါမည် ဆိုသော်လည်း ပျူသည် ဗမာ မြန်မာ ဖြစ်၍
"မင်းလဲ မြန်မာ ငါလဲ မြန်မာ မင်းကျမှ ဘာကြောင့် မူလ ဖြစ်ရတာလဲ" ဆိုသော အတွေးအမြင်မျိုးသည် ကောင်း သည့်ဘက်ကို ရောက်မလာနိုင်ပါ။ ဂရုစိုက်သင့်သည်။

ပျူသည် မြန်မာ ဖြစ်သည်။ မြန်မာသည် လူမျိုး ဖြစ်သည်။
ပျူသည် ထဝယ် ဖြစ်သည်။ ထဝယ်သည် လူမျိုးဖြစ်သည်။
ပျူသည် ရခိုင် ဖြစ်သည်။ ရခိုင်သည် လူမျိုး ဖြစ်သည်။
ကျန်သည့် အုပ်စုဝင်များသည်လည်း ထပ်တူ မှတ်ယူသင့် သည်။

ထားဝယ်သည် လူမျိုး မဟုတ် ဒေသိယျစကားသာ ဖြစ် သည်။ အရပ်ဒေသကို ခေါ်ဝေါ်သည် ဟူသော အမြင် ဖြစ်ပါ လျှင် နောက်တွင် ထားဝယ်နှင့် ဗမာတို့သည် သွေးကွဲဖွယ် အဖြစ်မျိုး ဖြစ်လာနိုင်သည်။ ယနေ့ ရခိုင်တို့၏ စိတ်တွင် ဖြစ်ပွား အမြစ်တွယ်နေသော စိတ်မျိုး ဖြစ်လာဖွယ်ရာ ရှိ သည်။ ထားဝယ်တို့သည်လည်း သူတို့ကိုယ် သူတို့ ထားဝယ်လူမျိုးဟုသာ သတ်မှတ်ကြသည်ဖြစ်ရာ ထားဝယ် သည် ဗမာ ဖြစ်သည်ဟူ၍ ဆိုပါလျှင် မကြိုက်ကြသည်ကို ကျွန်တော် ကောင်းကောင်းသိပါသည်။ စာအားဖြင့် ဘယ်လိုပင် ရှင်းပါသော်လည်း လူက အဓိကကျသည် ဖြစ် ရာ အတော်အတန် စဉ်းစားသင့်လှသည်။

မျိုးရင်းတူမှ အမည်ကွဲလာခြင်းမှသည် သက်ဆိုင်ခြင်း မရှိ ဟူသော အဖြစ်ကို မရောက်စေသင့်ပေ။ ထိန်းသိမ်းသင့် သည်။ Pre History တွင် ထားဝယ်သည် ထင်ထင် ရှားရှား မှတ်တမ်းများများစားစား မဝင်သည် ဖြစ်ရာ ထိုသို့ မှတ်တမ်း အားနည်းသည်ကို အကြောင်းပြု၍လည်း နေရပ် ကို စွဲ၍ ခေါ်ဆိုသည်ဟု မဆိုနိုင်ပါ။

ကုန်းဘောင်ခေတ်နှောင်းတွင် ထားဝယ်မြို့ အမည်သည်
သာယာဝတီ ဖြစ်သည်။ သို့သော်လည်း ဆရာအရှင်များက
"ဥသြအော်သည် ထားဝယ်တည်" ဟူ၍သာ စာချိုးပြုသည်။
ထိုစာချိုးအရ ကိုလိုနီခေတ်တွင် အင်္ဂလိပ်တို့က ထားဝယ် မြို့ ဟုသာ မှတ်တမ်းတင်သည်။ ယနေ့အထိ ထားဝယ်မြို့ ဖြစ်နေသည်။ ဆရာများက အဘယ်ကြောင့် သာယာဝတီ ဟု ဆိုစမှတ် မပြုကြလေသနည်း စဉ်းစားဖွယ်ရာ ဖြစ်သည်။

သာယာဝတီ မတိုင်မီ ပြည်တွင်း ခေတ်ပြိုင်မှတ်တမ်းများ ကလည်း ထားဝယ်တို့၏ မြို့အမည်ကို ခေါ်ဆိုရာတွင် ရာဇဝင်လာ မြို့အမည်များကို ခေါ်ဆိုသည် မရှိ။ ထားဝယ်စား ထားဝယ်သို့ စသဖြင့်သာ ခေါ်ဆို ဖော်ညွှန်း ကြရာ နေရပ်ကိုသာ ခေါ်ဝေါ်သည့် သဘော ဖြစ်နေသည်။
မင်းရှင်ဇော်လက်ထက်တွင်လည်း ထားဝယ်မြို့စား ဟုသာ ပြသည်။ အတော်ပင် အတွေးရခက် ရေးရခက်သော အနေ အထား ဖြစ်ပါသည်။

ဘက်မလိုက်စတမ်း ရေးရပါမူ မှတ်တမ်း အထောက်အထား တို့အရ ထားဝယ်ဟူသည် နေရပ်ဒေသကို ခေါ်ဆိုသော အနေအထားတွင်လည်း ရှိသည်။ လူမျိုး မဟုတ်ပါဟုလည်း ယတိပြတ် ဖြေရခက်သည်။

ရာဇဝင်လာ မြို့အမည်များမှ သာဂရ။ မုတ္တသုခ(မုတ္ထီး)။ ယေး။ သာယာဝတီ။ မဟာသုခနာဂရ။ တို့ကိုသာ အတည် ပြုနိုင်သည်။ ကျန်အမည်များမှာ အမှန်တကယ် ဟုတ်၏ မဟုတ်၏ မသိရသေးပါ။ မှတ်တမ်း အထောက်အထား မတွေ့ရသေးသဖြင့် ဖြစ်သည်။ အတည်ပြု၍ ရသော ဤ မြို့အမည်များကို ကြည့်ပြန်သော် ထားဝယ်သည် လူမျိုးကို စွဲ၍ ခေါ်သော အခေါ်အဖြစ် ထင်ရှား ပြန်ပါသည်။

ဤ နေရာတွင် ပြောလိုသည်မှာ ယခု ကျွန်တော် ရေးသား နေသော စာသည် လူပြိန်းများကြိုက်နှစ်သက်စေရန် အတွက် ရေးသားနေခြင်းမျိုး မဟုတ်ပါ။ ပညာရှင်များ စဉ်းစားနိုင်ရန် ရနိုင်သမျှ လမ်းကြောင်းများကို စုစည်း၍  ကောက်ကြောင်းဖော်ပေးနေသည့် သဘောသာ ဖြစ်သည် ကို မှတ်သားထားစေလိုသည်။

ကျွန်တော်က ထားဝယ်ဖြစ်တာမို့ ထားဝယ်ဘက်ကို ဘက်လိုက်ပြီးရေးရမည်ဟု သမိုင်းပညာတွင် မရှိပါ။ ထိုသို့ လည်း ရေးမည်မဟုတ်ပါ။ နိုင်ငံတော်သမိုင်း၏ အထောက် အပံ့ ဖြစ်စေခြင်းဆီကိုသာ ရည်ရွယ်ပါသည်။ ကိုယ့်လူမျိုးမို့ သာသာထိုးထိုး ရေးနေခြင်းမပါ။ အချို့နေရာများတွင် အဂတိ လိုက်သော သဘောဟန်များ ပါကောင်းပါနိုင် သည်။ လုံးဝ ခြောက်ပြစ်ကင်း ဖြစ်သည်ဟူ၍ တော့ ကျွန်တော် မဆိုလိုပါ။ ကျွန်တော်သည် လူသာမာန် တစ်ယောက်သာ ဖြစ်သည့်အလျောက် အဂတိမှ မလွတ် နိုင်ပါ။ သို့သော်လည်း အတတ်နိုင်ဆုံး ထိန်းသိမ်း၍ ရေး ထားပါသည်။

ထားဝယ်သည် လူမျိုး တစ်မျိုး ဟုတ်သလား မဟုတ်ဘူး လား ဆိုတဲ့ မေးခွန်းအတွက် အဖြေကို ကျွန်တော့် အနေ ဖြင့် လူမျိုးတမျိုး ဖြစ်ပါသည်ဟု ဖြေပါလျှင် တဖက်က နေရပ်ဒေသကို စွဲ၍ ခေါ်တာပါလို့ ပြောလို့ ရသည်။ နေရပ် ကို စွဲ၍ ခေါ်သည် ဆိုပြန်သော် လူမျိုး ကို စွဲ၍ ခေါ်သည်ဟု ဆိုနိုင်ပြန်သည်။ နှစ်မျိုးစလုံးကို အပြန် အလှန် ဆိုနိုင်သော ကောက်ကြောင်းများ ကျွန်တော် တင်ပြလာပြီး ဖြစ်ပါသည်။

ကျွန်တော့် မတိုင်မီကပင်လျှင် ဆရာကြီးထားဝယ်ကျော်မင်း
ကလည်း ထားဝယ်သည် နေရပ်ဒေသကို စွဲ၍ ခေါ်သည် ယူဆနိုင်သော်လည်း ထားဝယ်သမိုင်းကို သုတေသန ပြုပြန်သော် ထားဝယ်လူမျိုးက အစ ဖြစ်သည်ကို တွေ့နိုင် သော အချက်အလက် အထောက်အထားများ တွေ့နိုင် သေးသည်။ လို့ ပြောခဲ့ဖူးပြီး ဖြစ်ပါသည်။

မြို့ဟောင်းအမည်များတွင်လည်း ထားဝယ်မြို့ ဟူ၍ တစ်ကြိမ်မျှ မရှိခဲ့ဖူးပေ။ ထားဝယ်လူမျိုးတို့ နေထိုင်ရာကို အစွဲပြု၍ နောက်ဆုံး မြို့ အမည် သာယာဝတီကိုပင် မခေါ်ကြဘဲ ထားဝယ်ဟု ခေါ်ခဲ့ခြင်း ဖြစ်သည်။ ထားဝယ်တို့ က ထားဝယ်ဟုသာ အသိအမှတ်ပြုပြီး ကုန်းဘောင်ခေတ် ကပင်လျှင် ထားဝယ်ဟုသာ ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်ကို လည်း တွေ့နိုင်သည်။ ဤသည်မှ ဆက်၍ တွေးကြည့် သော် ရှေးကာလများကတည်းကပင်လျှင် ထားဝယ် တို့သည် မြို့အမည်ကို ပြောရိုးထုံးစံ မရှိ။ လူမျိုးအမည် ကိုသာ စွဲ၍ မိမိတို့နေရာကို ထားဝယ်ဟု ပြောဆိုတတ် သည့် သဘောကို တွေ့နိုင်ပါသည်။

ထားဝယ်လူမျိုးနှင့် ထားဝယ်မြို့ ဘယ်က အရင်စသည် ဆိုသည်ကို ရသမျှ အထောက်အထား တို့ဖြင့် ရှာဖွေပါ သော်လည်း ကြက်ဥ အစရှာရသလို ဖြစ်နေပါသည်။
အစကိုလည်း ကျွန်တော်တို့ အနေဖြင့် မသိနိုင်။ ထိုကြောင့် ဤ အချက်အပေါ်တွင် အငြင်းမပွားသင့်ဘဲ အဆို နှစ်ခု စလုံး မှန်သည်ဟုသာ ဖြေပါမည်။

လူမျိုး ဖြစ်သင့် မသင့် ဟူသော အချက်များကို စာပေဖြင့် မရှင်းနိုင်သေးပါ။ နိုင်ငံတော်အဆင့် ပညာရှင်များမှလည်း ကောင်း  ဥပဒေထုံးနည်းများဖြင့် လည်းကောင်း နိုင်ငံတော် အကျိုးစီးပွားကို ရှေးရှု၍သော်လည်းကောင်း ပြည်ထောင်စု စိတ်ဓါတ်ဖြစ်ပေါ်စေရေးကို ဦးတည်၍ လည်းကောင်း အဖက်ဖက်မှ ကျွန်တော့်ထက် တတ်သိနားလည်သော ပညာရှင်များမှ ဆုံးဖြတ်ခြင်းငှာသာ သင့်လျော်သည်ဟု ယူဆပါသည်။


ထားဝယ်ဆိုတဲ့ စကားက ဘယ်က ဆင်းသက်လာတာလဲ

ဒီမေးခွန်းကို မွန်သမိုင်းလေ့လာသူ ဝါသနာရှင်တစ်ဦးက ကျွန်တော်ကို မေးခွန်း လေးခု မေးပါတယ်။

ဒီမေးခွန်းက ပထမဆုံး မေးခွန်းပါ။
ဒီမေးခွန်းကိုပဲ အရင် ဖြေပါမယ်။ ထားဝယ်ဆိုတာ ဘယ်က မှ ဆင်းသက်လာတာ မဟုတ်ပါဘူး။ ယခင်ခေတ်ဦးက လူတွေက မူလကတည်းက ကိုယ့်ဟာကိုယ် အမည် သတ်မှတ် ခေါ်ဆိုကြတာပါ။ လူမျိုးစု အကြီးအကဲတစ်ဦးက  စတင် သတ်မှတ်လိုက်တာပါ။ ကျွန်တော်နည်းနည်း မေးချင် ပါတယ်။ စကားတလုံး ပညတ်တစ်ခုအတွက် အခြားလူမျိုးစု (သို့) ဘာသာစကား တစ်ခုခုစီကနေ ဆင်းသက်လာဖို့ လိုအပ်ပါသလား။ ကိုယ်တိုင် ပေးလို့ရော မရဘူးလား။ ဒါလေးတွေ ဖြေကြည့်စေချင်ပါတယ်။

ဒီမေးခွန်းနဲ့ ဆက်စပ်လို့ တွေးမိတာလေးတွေ ဆက်ပြော သွားပါဦးမယ်။ ဘာဖြစ်လို့များ စကားလုံးတွေကို ဟိုက ဆင်းသက်တယ် ဒီက ဆင်းသက်တယ်လို့  အတင်း ဆင်းသက် ခိုင်းချင် နေကြတာလဲ ကျွန်တော် နားမလည် ဘူး။

ကျွန်တော်တွေးမိတာ ဒီလို ဟိုကဆင်းသက်တယ် ဒီက ဆင်းသက်တယ် ဆိုတဲ့ အယူအဆဟာ လူမျိုးစု တစ်စုက သူ့ဆီမှာ မူပိုင် ဝေါဟာရ မတီထွင်နိုင်ဘူးဆိုတဲ့ သဘော (အလုံးစုံ မဟုတ်ပါ) ဖြစ်သွားမယ်လို့ မယူဆချင်ဘူးလား

ယခု မြန်မာပြည် ရုံးသုံးဘာသာစကားကို ဥပမာထားပြီး များပြားထင်ရှားတာကိုပြောရင် ၁၈ ရာစု ကနေ ၂၀ ရာစု ကြား ပညာရှင် ဆိုသူတွေက တရုတ်က ဆင်းလာတာ မွန် က ဆင်းလာတာ အိန္ဒိယက ဆင်းလာတာ တိဗက်က လာတာ စသည်ပေါ့ လျောက်ပြောသွားလိုက်ကြတာ ကျမ်း တွေမှဖြင့် အထူကြီးတွေ ဖြစ်ကုန်တယ်

အဲဒီဆင်းသက်လာတဲ့ ဝေါဟာရတွေက အနည်းအကျဉ်းဆို ဒီစကား ကျွန်တော် မပြောပါဘူး အခုဟာက ကျမ်းထူချက် တွေက စာအုပ်စင် ကျိုးကျလောက်တယ်။

တကယ်တမ်း အဲသလို ထောင်သောင်းချီအောင် ဆင်းသက်ကြေးဆို မူလပင်ရင်းစကား ဆိုတာ ဘာမှမရှိ တော့သလောက် ဖြစ်သွားမယ် ထင်ပါတယ်  အကြောင်းက ရှာရင်တွေ့တာပဲ မဟုတ်လားလေ။ အချိန်တစ်ခုပဲ ပေးရ တာပါပဲ။

နောက် မူလလူမျိုးစု ဘာသာစကားက နည်းပါးလွန်းတော့ အဲဒီလူမျိုးစုက နဗလိန်းတုန်းတွေ လို့ ဆိုလိုတဲ့ သဘော သက်ရောက်နေပြန်တယ်။ 

ပရိုင်းမိတ်ခေတ်ကနေ ပြန်စပြောရမလို ဖြစ်နေတာ ဟိုကဆင်း ဒီကဆင်းတယ် ဆိုတာ နည်းနည်းတော့ ချော်နေသလားလို့ပါ။

ကျွန်တော်တွေးတာ မှန်တယ်လို့ မဆိုလိုပါဘူး လွဲချင်လဲ လွဲနိုင်တာပဲ ကိုယ်သိမှီ ခဲ့တဲ့ ဟာတွေမှ မဟုတ်ဘဲ။

ဂုဏ်ငယ်တာ ပြောတာ မဟုတ်ပါဘူး မွေးစားတာက အဲသလောက်တောင် များနေရအောင်က မဟုတ်သေးဘူး ထင်တာပါ

ဥပမာ မွန် ဆိုပါစို့ သူဆီကနေ မြန်မာတွေ မွေးစားယူတယ် ဆိုတာတွေကတော့ ရှိမှာပါ ဒါက အထူးအဆန်းတော့ မဟုတ်ဘူးပေါ့

ဦးဖိုးလတ် မြန်မာစကားအဖွင့်ကျမ်း တစ်အုပ်ပဲ ကြည့်ပါဦး ဟိုကလာ ဒီကလာနဲ့ နည်းတာ မဟုတ်ဘူး  စကားလုံးတွေ မွေးစားလိုက်တာ 

အရာတစ်ခုခုကို အဲဒီ စကားလုံး ဝေါဟာရ အခေါ် မမွေးစားခင်တုန်းက မြန်မာတွေမှာ အခေါ်စကား မရှိ ဘူးလား ဆိုတာက စဉ်းစားသင့်တယ်  ထင်လို့ပါ

တိဗက်ကလာတဲ့ ဝေါဟာရ ဆိုတာမျိုး ဆိုရင် အဲလို မွေးစားယူနိုင်ဖို့ တိဗက်မှာ နေတဲ့ လူတစ်ဦး တစ်စု က ကူးသန်း သွားလာတာမျိုး ထင်ရှားရှိဖို့လိုမယ် မဟုတ်လား

အပြန်အလှန် သွားလာနေကြပြီလား ဆိုတာက တစ်ချက် စကားတစ်လုံး မွေးစားယူဖို့ ဆိုရင် အတော် ရင်းနှီး ကျွမ်းဝင်မှ သို့မဟုတ် ပြည်ပ သွင်းကုန် တစ်ခုခု ရှိမှ ဆိုတာက တချက် စဉ်းစားရမယ် ထင်ပါတယ်။

ပြည်တွင်းဖြစ်တွေဆိုရင်လည်း မွေးစားယူစရာ လိုလောက် အောင် မဖြစ်လောက်ပါဘူး အခေါ်တစ်ခုကတော့ ရှိမယ် ယူဆတာမျိုးပါ။

ဒီလိုပါပဲ ထဝယ် ဆိုတဲ့ စကားလုံးကလည်း ဘယ်ကမှ မဆင်းသက်ဘူး။ မူလ လူမျိုးစုတွေကနေ ကိုယ့်ဟာကိုယ် ဖန်တီးပြီး အမည်တစ်ခု ပေးလိုက်တာပါ။ ဒါရိုးရှင်းပါတယ်။
ကျွန်တော် ဒီလိုပြောတာကို မဟုတ်ဘူးလို့ အငြင်းထုတ်ချင် တယ်ဆိုရင် ဘာသာဗေဒ စကားရင်းမြစ်ပညာ စတာတွေနဲ့
ပညာရှင်တွေ လက်ခံနိုင်လောက်အောင် ပြပေးနိုင်ဖို့တော့ လိုပါတယ်။ ယုတ္တိမရှိတဲ့ ရှေးရှေးတုန်းက အတွေးအခေါ် တွေနဲ့တော့ ပြောလို့ လက်ခံမှာ မဟုတ်ပါဘူး။ အမည် တစ်ခု ဝေါဟာရ တလုံး သတ်မှတ်ဖို့ဆိုတာ သူများဆီက ဆင်းသက်လာရအောင်ထိ မလိုအပ်ပါဘူး။

နောက်မေးခွန်း တစ်ခုက ထဝယ် ဆိုတဲ့ စကားက ဘာပြော တာလဲ ဆိုတဲ့ မေးခွန်းပါ။ ကျွန်တော် နောက်မှာ စကားရင်း မြစ်ပညာရပ်နဲ့ စစ်တမ်းလုပ်ပြီး ထဝယ်ဆိုတဲ့ စကားရဲ့ အနက် အဓိပ္ပါယ်ကို ဖော်ပြပေးထားပါတယ်။

တတိယမေးခွန်းက ထားဝယ်မှာ ပျူကျောက်စာ တွေ့ဖူးသလား လို့ မေးထားပါတယ်။

ထားဝယ်မှာ ပျူ ကျောက်စာ တွေ့ဖူးသလား ဆိုတော့ ကျောက်စာတော့ မတွေ့ရသေးပါဘူး ဒါပေမယ့် ကျောက်စာထက် ပိုခိုင်မာတဲ့ အရင်းအမြစ်ကျကျ ပျုစာ တွေတော့ ပေါပေါများ များတွေ့ရပါတယ်။

ကျောက်စာထက် ပိုခိုင်မာတယ် ပြောလို့ တလွဲတော့ မတွေးပါနဲ့။ ကျောက်စာဆိုတာက မြန်မာတစ်ဦးဟာ ဗုဒ္ဓဂယာမှာ သွားပြီး မြန်မာဘာသာထိုး ကျောက်စာကို သွားရောက် စိုက်ထူထားနိုင်ပါတယ်။ ဒါပေမယ့် အဲဒီနေရာ ဟာ မြန်မာ ပိုင်နက် ဖြစ်ချင်မှ ဖြစ်မှာပါ။

ကျွန်တော်ပြောတဲ့ ကျောက်စာထက် ပိုခိုင်မာတဲ့ အရင်းအမြစ်ကျကျ ပျူစာတွေဆိုတာ အုတ်ခဲစာတွေကို ပြောတာပါ။ ဒီအုတ်တွေကို ဒီနေရာကပဲ ထုတ်ကြတာပါ။ ဒီအုတ်တွေမှာ ရေးထိုးထားတဲ့ ပျူစာ ဆိုတာလည်း ဒီနေရာက လူတွေ တတ်ကျွမ်းလို့သာ ရေးထားခဲ့တာပါ။ အုတ်ဖုတ်သမားတောင် စာတတ်နေမှတော့ မင်းစိုးရာဇာ အပြင် ကျန်တဲ့ လူတွေလည်း တတ်နေပြီလို့ ယူရမှာပါ။ ဒါကြောင့် ကျောက်စာထက် ပိုခိုင်မာတယ် အရင်းအမြစ် ကျတယ် ပိုတန်ဖိုးများတယ်လို့ ဆိုနိုင်ပါတယ်။ အုတ်ပိုင်းကျိုး တစ်ခုက စာတလုံး နှစ်လုံးစ ဆိုလို့ ပေါ့ပေါ့ လေး မထင်ပါနဲ့။ ဒီဟာရဲ့ တန်ဖိုးက အရင်းအမြစ်ကျတဲ့ သမိုင်းတန်ဖိုးတွေကို အများကြီး ပြောနိုင်ပါတယ်။
ဒီအုတ်တွေကို အခြားကနေ သယ်ယူလာတာ မဟုတ်တဲ့ အတွက် အရင်းအမြစ်ကျတာတွေပါ။ အုတ်ခွက်စာ ကြေးပြားစာ စဥ့်ကွင်းစာ ခေါင်းလောင်းစာ ကျောက်စာ တွေဟာ အခြားကနေ သယ်ယူလာတာပါလို့ ပြောနိုင် ပါသေးတယ်။ အုတ်ကတော့ နေရာတိုင်းမှာ ထုတ်လို့ ရတာ မို့ ဒါကို မဟုတ်ဘူး ငြင်းရင် ရူးလို့ ငြင်းတာပဲ ဖြစ်ပါလိမ့်မယ် လို့ပဲ ပြောရင်း ဒီမေးခွန်းအတွက် ဒီလောက်နဲ့ပဲ နားလိုက်ပါ
မယ်။

ထားဝယ်က ထားဝယ်သမိုင်းရေးတာ ခွဲထွက်ချင်လို့လား

အေး… မင်းကို ဘာလူမျိုးလဲလို့ လဝက က မေးတဲ့အခါ ဘာဖြေလဲ ခ်ခ် သူများကို ပဲ အစွဲကြီးတယ် ဖြစ်ရတယ်

အဲဒါက ဒီလိုဟ မင်းတို့ ငါတို့ တွေဟာ
လူမှန်းမသိခင်ကတည်းကတည်းက
ဒီဟာတွေကို စွဲမြဲလာခဲ့တာ ဘာလူမျိုးလဲ မေးရင် ထားဝယ် လို့ အော်တို ထွက်တယ် ဘယ်ကလဲလို့ မေးတဲ့ အခါမှာ
ထားဝယ် အကုန်လုံးက ထားဝယ်က လို့ အလွယ် မဖြေတော့ဘူး ကိုယ့်မြို့ရွာကိုပဲ ပြောတော့တယ်

ဒီနှစ်ခုက မဆိုင်သလို လိုနဲ့ ဆိုင်နေတာ ဘာဖြစ်ဖြစ် ထားဝယ် ဆိုပြီး ရှေ့တန်း တင်နေရင်တော့ အစွဲကြီးတယ် လို့ ပြော ရမှာပဲ  အဲသလို မဟုတ်ရင် အစွဲကြီးတယ် လို့ ခေါ်မရ တော့ဘူး

မင်းတို့ဆီမှာတော့ မသိဘူး ငါတို့ဆီမှာ တော့ ဖြေချင်သလို ဖြေနေကြတာပဲ ထားဝယ်လား ဆို အင်း ဗမာလား ဆို လည်း အင်း ဟုတ်တယ် ဒါပဲ ဖြေတာ ဒီ အပေါ်မှာ သီးခြား တယူသန် ခွဲခြားတာမျိး မရှိကြဘူး ဒါက အခြား မျိုးစုတွေနဲ့ မတူ တဲ့ အချက်ပဲ ဗမာနဲ့ ထားဝယ် တူတူပဲ ဆိုတဲ့ သူက ၉၉% 

အခု သမိုင်းကို ထားဝယ် ဆိုပြီး ခွဲရေးတာ က ဒီအခေါ် ဒီအသိက ငါတို့ ဆီက လူ တွေရော ကျန်လူမျိုးတွေကပါ  ရှေးက တည်းက ခေါ်ကြတဲ့ အသိအမှတ်ပြု အမည် တစ်ခုပဲလေ ဒါကို အတူတူပါပဲ
ဆိုတဲ့ ဗမာကလည်း စာလမ်းကြောင်း အရသာ ပြောနေကြတာ ဗမာက ထားဝယ်သား တစ်ယောက်ကို တွေ့ရင်
ထားဝယ်လို့ သူတို့ မသိစိတ်က အထိ အသိအမှတ် ပြုထားကြပြီးသားပဲ ဖြစ် တယ် အဲသလိုပဲ နိုင်ငံခြားသားက ထားဝယ် ဗမာ နှစ်ဦးကို တွေ့လို့ သူမှတ် သွားရင် ခွဲမှတ်မှာပါပဲ  ဒါတွေက လူ့အဖွဲ့ အစည်းက ခိုင်ခိုင် မာမာ အသိအမှတ်ပြု ထားတဲ့ အမည် တွေ ဖြစ်ကုန်ကြပြီကိုး

ဘာသာဗေဒ အားဖြင့် ပညာရပ် အသုံး အယူအဆကို လိုက်ကြည့်ပြီး ဗမာ တိုင်း က ထားဝယ်ကို ထားဝယ်ဟာ လူမျိုး မဟုတ်ဘူး ပြောလာကြတဲ့ အချိန်ဟာ အတူတူပါ ဆိုတဲ့ ခံယူထားမှုဟာ ကျကွဲ သွားလိမ့်မယ် တူတယ်ပြောတာကို လက် ခံ နိုင်ကြတယ် လူမျိုးစု တစ်စု မဟုတ်ဘူး ဆိုပြီး ဗမာက ထားဝယ်ကို ပြောလာတဲ့ အခါ ထားဝယ်ဗမာ ပြဿနာ ဖြစ်ဖို့ မီး မွှေး လိုက်တဲ့ အချိန် ဖြစ်လာလိမ့်မယ်
ဒါက သဘောကို ပြောပြတာ

ပညာရပ်နယ်ပယ်က အသုံး ဆိုတာ ပညာ ရှင် လောကမှာပဲ ရှိတယ် လူထု ကြား အခုမှ ချပြလို့ မဖြစ်တော့ဘူး နှစ်ထောင်ချီ သီးခြား သညာပြု ခေါ်ဝေါ် လာခဲ့တဲ့ အရာ တစ်ခုကို မဟုတ်ဘူး မင်းတို့ မှားနေတယ် ဆိုပြီး သွားပြောရင် လူမှု့လောကမှာ ပညာရပ်ကို သိတဲ့သူ ကတောင် လက်ခံ နိုင်မှာ မဟုတ်ဘူး

ထားဝယ်က အခြားတိုင်းရင်းသား တွေလို ခွဲထွက်ဖို့ သီးခြား ရပ်တည်ဖို့ မတူဘူး ပြောချင်လို့ ဒါတွေကို လုပ်နေ ကြတာ မဟုတ်ဘူး

ဘာကြောင့်လုပ်သလဲ ဆိုရင် တိုင်းရင်း သားတိုင်း သိတဲ့ အမည် ကိုယ့်ကိုယ်ကို သိနေတဲ့ အမည် ရှေးကတည်းက သီးခြား အသိအမှတ်ပြု အမည်တစ်ခုကို နောင်လဲ အခုလိုပဲ ဆက်ထိန်းထားလို့ ရအောင် ထားဝယ် သမိုင်း ဆိုပြီး ရေးတာ

အခု ဆို ဗမာထားဝယ် ပေါရာဏ စကား တွေ ဘယ်လောက်ပျောက်ကွယ် ကုန်ပြီ ထင်သလဲ ငါတို့ဟာကို ငါတို့ အသုံးနည်း လွန်းလာလို့ မနည်း ပြန်ရှာနေရတယ်

ဗမာ စကားသံနဲ့ ရောနေတာ များလာ တယ် ဒါတွေကို ထိန်းသိမ်းထား နိုင်ဖို့က ဗမာ ထားဝယ် နှစ်ခုစလုံး အတွက် လို အပ်လို့  တာဝန်ရှိလို့ လုပ်နေတာပဲ

ထားဝယ်စကားသံက ဗမာနဲံ့ မတူ ဒေသိယျ စကား ဆိုပြီး ပညာရပ်အရ ပြောတာ ဟုတ်တယ် အမှန်ပဲ ဒါပေမယ့် ထားဝယ် စကားသံက ဆင်သာတူတာ
ပုံမှန် သုံးစကားကိုပဲ ထားဝယ်အချင်းချင်း  ပြောသလို ဗမာတစ်ယောက်ကို ထားဝယ် စကားနဲ့ ဆယ်ခွန်းပြော ၈ခွန်းက နားမ လည်တာ အသေအချာပဲ

ဒါကို အုပ်စုတူ ဖြစ်တဲ့ ဗမာထားဝယ်တွေ အားလုံးက အတူတူ မပျောက်သွား အောင် ထိမ်းသိမ်းထားသင့်တယ် ပျောက် ကွယ်သွားရင် ထားဝယ်တင်မက ဗမာလဲ နစ်နာတာပဲ ဗမာ ဝေါဟာရထဲ ပျောက် ကွယ်သွားမယ့် စကားလုံးတွေ သိန်းချီ ဖြစ်သွားမှာ ဘာလို့လဲ ဆိုရင် ဗမာ နဲ့ ထားဝယ်က အတူတူပဲ လို့ ဆို ထားလို့ လေ ဗမာစကားကို ထားဝယ်က ပိုင်သလို ထားဝယ်စကားကို ဗမာက ပိုင်တယ် ဒါကို ဂရုစိုက်ကြဖို့ လိုအပ်တာ ပါ နောက်မတူ ကြတဲ့ အခြားယဉ်ကျေးမှု ဟန်ကွဲတွေ ဆုံးရှုံးကြရမယ်

ရှေးတုန်းက ကျမ်းပြုအကျော် သံဃာ တော် တွေဟာ အားအားယားယား သိက္ခာပုဒ် အညှိုးခံပြီး မတူတာကို တူတယ်ဆိုပြီး လီဆယ် ရေးသားကြမယ်
လို့တော့ ကျွန်တော့်အမြင်မှာ မရှိလို့ ထင် လဲ မထင်ဝံ့ဘူး ရေးကြတဲ့ကျမ်းတွေက မတူမူကွဲတွေ အနည်းအကျဉ်း ရှိကြတယ်
ဆိုပေမယ့်လို့ ဗမာ ရခိုင် ထားဝယ် ဆိုတဲ့
သုံးခုဟာ ဘယ်ကျမ်းကြီးကျမ်းခိုင်တွေမှာ
မှ မကွဲလွဲခဲ့ဖူးဘူး ဒီတော့ ကျွန်တော် မယူ
ဆရဲဘူး

မခိုင်မာတဲ့ကျမ်းဆိုရင် ကျွန်တော်ဟာ ဒီပဝင်ကိုတောင် လက်မရှောင်ဘဲ ရေးရဲ
တာ သိကြတာပဲ ဒီအချက်လေးလောက်
ကတော့ မခိုင်မာရင် လစ်သွားမှာပဲ အခု မရဲရခြင်းကတော့ လွဲတာမှ မရှိတာပဲကိုး

ထားဝယ်တွေက အမြဲ အေးရာအေး ကြောင်းသာ နေတတ်တာ ပြဿနာ မရှာ
တတ်ဘူး လုပ်မှရတော့မယ့် အကြောင်း
ဖန်လာရင်လည်း အဆုံးထိ လုပ်တတ်ကြ တယ် တချက်လေး ငဲ့ညှာပြီး ပေါ့ပေါ့ လျော့လျော့ ပြောတတ်တဲ့ အလေ့အထ မရှိ စိတ်ထဲလည်း အငြိုး အာဃာတ မထားဘူး သင့်မြတ်ဖို့ရာ လမ်းကြောင်းကို သာ ရွေးချယ်လေ့ ရှိကြတယ်

တနင်္သာရီတိုင်းက သူများထက် ပိုဒုက္ခခံခဲ့
ရတာများတယ် အကြောင်းကတော့ ရှေး ကတည်းက ကမ္ဘာ့ဈေးကွက်က မျက်စိကျ
တဲ့ နေရာဖြစ်လို့ပဲ ဒါကြောင့်လည်း ခဏ ခဏ ဝင်စီးခံရတာပဲ

ထားဝယ်တွေ ထားဝယ်သမိုင်းကို သီးခြား
ရေးကြတယ် ဆိုတာ
၁။ ခွဲထွက်ချင်လို့
၂။ သီးခြားရပ်တည်ချင်လို့
၃။ ကိုယ်ပိုင်အာဏာတည်နိုင်ငံ ကြေငြာ ချင်လို့ ဆိုတာတွေ တစ်ခုမှ မပါ

အနှစ်ချုပ်လိုရင်းက ထိမ်းသိမ်းသင့်တာ
တွေ ပျောက်ပျက်မသွားအောင် ထိမ်း သိမ်း စောက်ရှောက်လိုလို့ ဆိုတာ အဓိက
ရည်ရွယ်ချက်ပါပဲ

ရိုးရိုးလေးပဲ နေပါရစေ ထားဝယ်တိုင်းရင်း
သား ကောင်းစားရေး နာမည်တပ်ပြီး ဓါးပြ
တိုက် ဆက်ကြေးကောက် သစ်ခိုးထုတ် ဆင်စွယ်ခိုး ရွှေခိုးတူး မူးယစ်ဆေးဖြန့် လုပ်တာမျိုးတွေ တော့ ထားဝယ်တွေ မလုပ် အစဉ်အလာလဲ မရှိ တနင်္သာရီမှာ ဖြစ်သမျှ အဲဒီ ဓါးပြတိုက်တာ မူးယစ်ဆေး ထုတ်တာ စတဲ့ ပြဿနာတွေဟာ ထားဝယ် တွေ လုပ်တာ မဟုတ်ဘူး မွန် နဲ့
ကရင်ပဲ လုပ်တယ် မဟုတ်ဘူး မွန် ကရင် လို့ ပြောလို့ မဟုတ်ဘူး ပြောရဲရင်လာခဲ့
နားရွက်ဆွဲပြီး ပြပေးမယ် ဘယ်တုန်းက ဘယ် ကရင် ဘယ်ချိန်က ဘယ်မွန် တွေ
ဆိုတာ အသေအချာ စာရင်းနဲ့ ပြလို့ရ တယ်

ကိုယ့်ဟာကိုယ် အေးအေးလူလူ လယ် လုပ် ဥယျာဉ်စိုက်နဲ့ နေကြတာ ထားဝယ်
တွေပါပဲ တနင်္သာရီတိုင်းကို ရန်ကုန်နဲ့ အထက်အညာဒေသက လူတွေက တံငါ
လုပ်တယ် ထင်တတ်ကြတယ် တံငါ လုပ် တဲ့သူ အရမ်းရှားပါတယ် ရှိတာတွေကလဲ
ကမ်းစပ်ရွာလေးတွေပဲ ရှိတယ် မြို့တွေမှာ
မလုပ်ကြပါဘူး ယုတ်စွအဆုံး ကော့သောင်း မြိတ်လို နေရာတွေမှာကို မြို့ခံတွေ တံငါ အလုပ် မလုပ်ကြပါဘူး အထက် အညာကတွေ ထင်တာက ကမ်းရိုးတန်းဒေသ ဆိုတော့ တံငါလုပ်စား တယ် ထင်ကြတာ များတယ် ကျွန်တော် ဆို အဲဒီအလုပ်တွေ စာဖတ်ဖူးလို့ သိတာ ပဲရှိတယ် အပြင်မှာ များများစားစား မတွေ့ဖူးဘူး ကျွန်တော်တို့ဆီမှာ အစဉ် အလာ မရှိလို့ပါ

ထားဝယ်တွေက အေးတော့ ငါးအစာ တွတ်သလို မကြာ မကြာ ဟိုကစမ်း ဒီက ရမ်း လုပ်လေ့ရှိကြတယ် လုပ်ကြပါ မပြော
တတ်တာ ထားဝယ်ပါပဲ မပြောဘူး ဟီး
ထထုတဲ့အခါ ရစရာ မရှိအောင် ထုတယ်
ပြီးတော့ ပြီးသွားပြန်ရော မုန်းနေတယ်
ဆိုတဲ့ စိတ်မထားတတ်ကြတာ ထားဝယ်
တွေပါ

ထားဝယ်ဟာ လူမျိုး တစ်မျိုး တိုင်းရင်း သားတမျိုး ဖြစ်တယ် ပြောတာကို ဘယ် အကြောင်းအချက်ကမှ ဖယ်ထုတ်လို့ မရ
ပါဘူး ခေတ်အဆက်ဆက် ရပ်တည်လာ ခဲ့တယ် မတူညီတဲ့ ဟာလေးတွေ ရှိတယ်
ဒါပေမယ့် ဗမာနဲ့ ထားဝယ်ဟာ မူလ အုပ်စုက တစ်ခုတည်းပဲ ဆိုတာ ဘယ်လို
မှ ငြင်းချက်ထုတ်စရာမရှိဘူး ဟုတ်တယ်
အတူတူပဲ မတူဘူးလို့ ငြင်းစရာမလိုဘူး

မတူတာ ရှာပြောရင် ပြောစရာတွေ ရှိတာ
ပေါ့ ဒါပေမယ့် ဒါက ဘာအကျိုးရှိစေမလဲ
မူလအုပ်စု တူတယ် ဆိုတဲ့ အချက်ကို ငြင်းချက် ထုတ်ပေးနိုင်မလား မထုတ်နိုင်
ပါဘူး အစပိုင်းက ကျွန်တော် ရှာကြည့် တယ် မိန်းဆိုစ့် က ကွဲလွဲနေတာမျိုး ရှိသ လား လို့ အဓိကကျတဲ့ အချက် ကွဲလွဲတာ မရှိဘူး ပျူ စာပေ တတ်သိလာတဲ့ အခါ ကွဲတာ မရှိတာ ပိုသေချာလာတယ် ဘာ
ကြောင့်လဲ ဆို ပျူ စာသုံးဝေါဟာရတွေ ရှေးမြန်မာစာခေါ်မြန်မာကျောက်စာတွေ
မှာ ပြထားတာ ထားဝယ်စကားသံတွေ ဖြစ်နေတာ ဗမာ စကားတွေ ဖြစ်နေတာ က စကားစု တစ်ခုတည်းမှာကိုပဲ အတူတူ
ဖြစ်နေလေတော့ ပိုခိုင်မာလာတယ် ကျမ်း
ထွက်နဲ့ ကိုက်တယ် ဒီတော့ ဘာကို ငြင်း
တော့မလဲ

တစ်ခု ရှိတာကတော့ ဟာသပြောရင်
ဗမာနဲ့ ထားဝယ်က နားအကြားအာရုံက
တော့ မတူဘူးဗျ ဒါကွာတယ် ဟီး ဟီး
ဘယ်လိုကွာလဲ ဆို ဗမာက တောက်တဲ့
ကို ထားဝယ်က အုပ်အဲ့လို့ ခေါ်တယ်
ဗမာက တောက်တဲ့လို့ ကြားတယ် ဆိုပဲ
ထားဝယ်က အုပ်အဲ့ လို့ ကြားတယ်
ဥသြငှက်အော်တာကို ဗမာက ဥသြလို့
ကြားတယ်တဲ့ ခ်ခ် ဘယ်လိုလဲ မသိဘူး
ကျွန်တော်တို့က အဲသလို မကြားပါဘူး ကို…… (ကို…ဝိုး) ကို က သံမြင့် မာပြီး ဝိုး ဆိုတာ က သံပျော့ အနိမ့်သံ လျော့သွား သလို ကြားရတယ်
ဒါလေးတွေက ဘာလို့ ကွာသွားတာလဲ သေသေချာချာ မပြောတတ်ပါဘူး ကျွန်တော် မြင်တာပြောရင် ဒါဟာ စာပေ
ကြောင့် ဖြစ်ပါလိမ့်မယ် စာပေအရေး အသား လွှမ်းမိုးမှုက ဗမာနားကို ဥသြ တောက်တဲ့ ဆိုတဲ့ အသံကြားတယ် ဆိုပြီး
ငယ်ငယ်ကတည်းက ရိုက်ထည့်လာတဲ့ အသိကြောင့်သာ ဖြစ်ပါလိမ့်မယ် ထားဝယ် တွေက သဘာဝ အတိုင်း ကြား
နေတာ ဥသြငှက်လို့ ပြောလို့ ထားဝယ် တော်တော်များများ ဘာငှက်မှန်း မသိ တာ များတယ် ခုနောက်ပိုင်းတော့ သိကုန် ကြပါပြီ ဘာကြောင့် သိလာသလဲ ဆိုရင်
စာ စာပေ ပါပဲ

ဒါက ဟာသ သဘောပါ ပေါက်ပေါက် ရှာရှာ လိုက်ပြောရင်တော့ ဟုတ်တာပေါ့
ဗျာ ဒါလေးတွေ မတူတာနဲ့ပဲ မတူဘူး ပြောလို့ ဘယ်ဖြစ်မလဲလေ ကိုယ်တိုင် ရိုး
သားဖို့ လိုတယ် ကိုယ့်ကိုယ်ကို သိတာပဲ
လေ ထားဝယ်ကို လူမျိုးစုတစ်စု အဖြစ် ဗမာတွေက လက်ခံပါတယ် စာပေလမ်း
ကြောင်း အရ မဟုတ်ပါဘူး လူ့အဖွဲ့ အစည်းရဲ့ ခံယူအသိအမှတ်ပြုမှုနဲ့ လေး လေးနက်နက် လက်ခံထားတာပါ

အချုပ်ကတော့ ထားဝယ် ဖြစ်စေ ဗမာဖြစ် စေ ယဉ်ကျေးမှု စာပေ သမိုင်း ရိုးရာဓလေ့
တွေကို လက်လှမ်းမှီသမျှ အတူတကွ ထိမ်းသိမ်းသွားကြဖို့ ဆိုတာကို ကြိုးစား
ရမှာ ဖြစ်ပါတယ် ထားဝယ်က ထားဝယ် လူမျိုး ဖြစ်တယ် ပြောလို့ ဗမာက စိတ်ဆိုး စရာမရှိသလို ထားဝယ်ကဗမာနဲ့ အတူတူ
လို့ ပြောရင်လည်း သဘောကွဲစရာ အကြောင်း မမြင်ပါဘူး

တချိန်က အမှား တွေ ရှိခဲ့ကြပါတယ် တချိန်က သွေးစည်းခဲ့ကြတယ် ဒါတွေက မိသားစု သဘောကို ဖော်ကျူးတဲ့ ပြယုဂ် ပါပဲ မိသားစုထဲ နည်းနည်းပါးပါး လွန်ကျူးတာတွေ ရှိရင် အပြစ်လို့မှ မထင်ဘဲလေ
ဦးအောင်ဇေယျ ဆင်ဖြူရှင် ထားဝယ်ကို လာသိမ်းလို့ ထားဝယ်တွေက မုန်းသလား
တခါမှ စကားထဲ ထည့်ပြောဖူးသံ မကြား ရပါဘူး စဉ်းစားမိပုံတောင် မပေါ်ကြပါဘူး
တကယ်လဲ ဘာဆိုင်လဲဗျာ ဟိုတုန်းက ကိုယ်လဲ မမြင်ဖူး ဘယ်သူမှန်းလဲ မသိ သူတို့ဟာ သူတို့ လုပ်ချင်တာတွေ လုပ် ခဲ့
ကြတာ အခုခေတ်လူတွေနဲ့ ဘာဆိုင်လဲ ပေါ့ သူတို့လုပ်လို့ ငါတို့အမျိုး နိမ့်ကျရပါ တယ် ဆိုရင် ကိုယ့်ဘိုးဘေးတွေ သောက် သုံးမကျဘူးလို့ အော်ပြီး သောက်ရှက်မရှိ
ကိုယ့်ပေါင် ကိုယ်လှန်ထောင်းနေတာပဲ
လေ  စစ်တိုက်ပါတယ် ဆိုမှတော့ သရေ လိုချင်ရင် နန်းဆောင်မှာ အိပ်နေကြမှာ ပေါ့ တိုက်ရင် အသုံးမကျတဲ့ ဘက်က ရှုံးမှာပဲ အင်အားနည်းလို့ ဆိုပြီး လာ မပြောနဲ့ အဲဒါ အရူးအနှမ်းစကား စပါတာကပ်ရဲ့ ပြောက်ကျားစစ်ဆင်ရေး ချီဂွေဗားရားရဲ့ ပြောက်ကျားတပ် မြန်မာ
တွေ နေမဝင်အင်ပါယာကို တိုက်ခဲ့တာ တွေဟာ အကောင်းဆုံးသက်သေပါပဲ
အင်အားကြီးတိုင်းနိုင်ရရင် နပိုလီယံ စစ် ရှုံးစရာ မရှိသလို ဂျေရုဆလင်လဲ ပျောက်
သွားစရာမရှိ ဘူးလေ ဒါက အရမ်းရိုးရှင်း
တာပါ မြင်သာတာပါပဲ

အတိတ်ဆိုတာ သင်ခန်းစာယူဖို့ပဲ သင့် တော်တယ် အတိတ်ကို ပစ္စုပ္ပန်ထဲ ဆွဲခေါ်
လာရင် ဝန်ပိပြီး သေကြလိမ့်မယ် မလို တာတွေထားခဲ့ လိုတာလေး သိမ်းထား
ပေါ့ပေါ့ပါးပါးနဲ့ စည်းလုံးခြင်းသည် အင် အား ဆိုတာကိုသာ ဆုပ်ကိုင်ထားသင့် ပါတယ်


ထားဝယ်ဒေသရှိ ဂဝံယဉ်ကျေးမှု
ရနောင်(ဒွယ်) ကိုရန်နောင်စိုး

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ထဲက မင်းရပ်ရွာ အရှေ့ဘက် တောင်ကုန်းလေးပေါ်မှာ ရှေးဟောင်း စေတီလေးတွေ ရှိပါတယ်။ အစဉ်အဆက် ပြော စကားအရ အဲဒီ စေတီတွေကို ယိုးဒယားတွေ တည် ခဲ့ကြတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့်လည်း ဘယ်ချိန်က ဘယ်သူတွေ တည်ခဲ့တဲ့ စေတီတွေဆို တာ တိတိကျကျ မှတ်တမ်း တင်ထားတာမျိုး မရှိပါဘူး။

ထားဝယ်ဒေသ သမိုင်းကြောင်း ကို ကြည့်ပြန်ရင် လည်း ထားဝယ်ဒေသ အပေါ် မြန်မာမင်းရဲ့ အုပ်ချုပ်မှု အာဏာ လျော့ရဲလာတဲ့ အခါတိုင်းမှာ ယိုးဒယား တွေ အကြိမ်ကြိမ်ဝင်ရောက် အုပ်စိုးနေခဲ့ ကြတယ်ဆိုတာကတော့ အမှန်ပဲ ဖြစ်ပါ တယ်။ ဒါကြောင့်မို့  ဒီစေတီတွေကို ယိုးဒယားတွေ တည် သွားတယ်လို့ ယူဆ ရင် ရနိုင်ပေမယ့် ခေတ်ကာလ ကို တိတိ ကျကျ ခန့်မှန်းဖို့ ခက်နိုင်ပါတယ်။ စေတီတွေကို ကြည့်ရတာကလည်း နှောင်းလူတွေ အဆက်ဆက် ပြုပြင် လာခဲ့တာကြောင့် အရင် လက်ရာတွေကို မှန်းကြည့်ဖို့ တော်တော်လေးကို ခက်နေလောက်ပါပြီ။ စေတီအကြီး တစ်ဆူရဲ့ ဂန္ဓကုဋိတိုက်ထဲက ထိုင်တော်မူ ကြီး တစ်ဆူကို တော့ ကျွန်တော်တို့  ငယ်ငယ်တုန်းကအထိ ပုံစံ အားဖြင့် တခြားရုပ်ပွားတွေနဲ့ မတူဘဲ တမူ ထူးခြား စွာနဲ့ တွေ့မြင်နေရတုန်းပါ။

ဒါပေမယ့်လည်း ၁၉၉၈ ခုနှစ်လောက် တုန်းက ရွာခံ ဆရာတော်တစ်ပါးက ဦးစီးပြီး စေတီရဲ့ထီးတော် အသစ် လဲခဲ့ရာ မှာ စေတီကို သာမက ဂန္ဓကုဋိ တိုက်ထဲက ထိုင်တော်မူကိုပါ  ပြုပြင်ပစ်လိုက်ပါ တော့တယ်။ပန်းရံဆရာက ထိုင်တော်မူ ရုပ်ပွား တော်ကြီးကို အခုခေတ် ပုံစံအတိုင်း ဖြစ်အောင် လုပ်လိုက်တာပါဆိုပြီး မျက်နှာတော်နဲ့ အခြား အစိတ်အပိုင်း တစ်ခုခြင်းစီကိုလည်း ပြုပြင် ပစ် လိုက် တော့တာပါပဲ။

အဲဒီလို ပြုပြင်ပစ်လိုက် တော့  ထိုင်တော်မူကြီးက အခုခေတ် ပုံစံလည်း မပေါက်သလို အရင်လက်ရာ ဆိုလို့လည်း လုံးဝ မှန်းကြည့်လို့ မရ တော့အောင် ဖြစ်သွားပါတယ်။ တကယ်လို့ ထိုင်တော်မူကြီးသာ မူလ လက်ရာအတိုင်း ရှိနေသေးရင် တလော တုန်း က အဲဒီ ဘုရားကုန်းကို လာရောက် သုတေသနပြု သွားကြတဲ့    အင်္ဂလန်နိုင်ငံ၊ လန်ဒန် တက္ကသိုလ် အရှေ့ဖျား အာဖရိက ပညာကျောင်းများမှ ဆရာ မကြီး ဒေါက်တာ အက်လိဇဘက်မိုးနဲ့ တခြားပညာ ရှင် တွေဟာ ထိုင်တော်မူပုံစံကို သုတေသနပြု နိုင် ကြမှာဖြစ်ပြီး ဒီစေတီတော်နဲ့ ပတ်သက်လို့ ကောက် ချက်တစ်ခုခုတော့ ချနိုင်မှာပါ။

ဒါဆိုရင် ဘုရားသမိုင်းကြောင်းနဲ့ ဆက်စပ်ပြီး ကျွန်တော်တို့ ဒေသဆိုင်ရာ သမိုင်းကြောင်း တစ်စိတ်တစ်ဒေသ ကိုလည်း တွေးကြည့်လို့ ရနိုင် ကောင်း ပါတယ်။ အခုတော့လည်း ပညာရှင်တွေ ရောက်လာပြီး လေ့လာခဲ့ကြပေမယ့် သမိုင်း ကြောင်းနဲ့ ပက်သက်လို့ ဘာမှ ရေရေရာရာ ကောက်ချက် မချနိုင်တော့ ပါဘူး။

ဒါပေမယ့် အဲဒီ စေတီတွေရဲ့ သမိုင်းကြောင်းကို ပြောနိုင်မယ့် သဲလွန် စလေးတစ်ခုတော့ အနီးအနား မှာ ရှိနေ ခဲ့ပါတယ်။ ကြောင်လိုလို ကြွက်လိုလိုပုံစံ ဂဝံရုပ်ထုလေး တစ်ခုပါ။ အလျား နှစ်ပေ လောက်နဲ့ အမြင့်အားဖြင့် တစ်ပေလောက် ပဲ ရှိပါတယ်။ အဲဒီ ရုပ်ထုလေးက ဘုရား ကို ဦးခိုက်နေတဲ့ ပုံစံမျိုးဖြစ်ပြီး မြေအောက် မှာ နစ်မြုပ်နေတဲ့ ဂဝံကျောက် လွှာကြီး ရဲ့ အစိတ်အပိုင်း တစ်ခုကို ထုလုပ်ထားတာ ဖြစ်ပါ တယ်။

ဒါကြောင့်လည်း ဘိုးစဉ် ဘောင် ဆက်ကတည်းက ဂဝံရုပ်ထု လေးကို သူ့နေရာကနေ မရွေ့ဘဲ တစ်နေရာတည်း မှာပဲ တွေ့မြင်နေရတာပါ။ ပြီးခဲ့တဲ့ ခြောက်နှစ်လောက်ကတော့ ဒီစေတီ အနီးမှာ သီတင်းသုံးနေခဲ့တဲ့ မင်းရပ်ရွာ ဆီပင်ကျောင်း ဆရာ တော် ဦးဝါယမဟာ မြေကြီးထဲကနေ တစ်ပိုင်း တစ်စပေါ်ထွက် နေတဲ့ ဂဝံဆင်းတုတော် အောက် ပိုင်းကြီး တစ်ခု မထင်မှတ်ပဲ တွေ့ပြန်ပါတယ်။ ဆင်း တုတော် ကြီးဟာ ရင်အောက်ပိုင်း ကိုယ်ထည်သာ ကျန်နေခဲ့ပြီး အထက်ပိုင်း ပခုံးနဲ့ ဦးခေါင်းတို့ကို တော့ မတွေ့ရတော့ ပါဘူး။ အတိုင်းအတာအားဖြင့် ဒူးနှစ် ဖက်အကျယ် နှစ်ပေခွဲလောက် ရှိပါတယ်။ အခုလို ဆင်းတုတော် အကျိုးအပဲ့ ကြီးတစ်ခု ထပ်မံတွေ့ရှိရတယ် ဆိုတော့ အရင်က ဒီစေတီ အနီးနားတစ်ဝိုက်မှာ ဂဝံလက်ရာနဲ့ ရုပ်ထုတွေ တော်တော် များများ ရှိနေအုံးမယ်လို့ ယူဆရပါ တယ်။ ဂဝံကျောက်ကို ထွင်းထုထားတဲ့ ကျောက် ချပ်ကြီးတွေကိုတော့ ဘုရားရင်ပြင်ပေါ်ကို တက်ရာ လှေကားထစ်လေးတွေမှာ အရင် ကတည်းကနေ အခုထိ တွေ့မြင်နေရတာ ပါ။

ဂဝံရုပ်ထုတွေရှိနေတဲ့ စေတီကြီးနဲ့ ပက်သက်ပြီး ရှေ့ မီနောက်မီလူကြီး သူမတွေရဲ့ ပြောပြချက်တစ်ခု ရှိပါသေး တယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း လေးဆယ် ကျော်က စေတီရဲ့ အထက်ပိုင်းပြိုကျ တော့ အတွင်းပိုင်းက မူလစေတီ ငယ်လေး ပေါ်ထွက်လာ ခဲ့ပြီး ဂဝံကျောက် နဲ့ ပြုလုပ်ထားတဲ့ ကျောက်ထီး တစ်ခုကို လည်း တပ်ဆင်လျက် တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ဒါဟာ မူလစေတီတည်စဉ် ကတည်း က တပ်ဆင်ခဲ့တဲ့  ဂဝံကျောက်ထီး ဖြစ်နိုင်ပါတယ်။ အခု လက်ရှိတွေ့နေရတဲ့   စေတီကြီးက ကျောက်ထီး အပါအဝင် မူလစေတီငယ်ကို ငုံပြီးပြန်တည်ထားတဲ့ လွှမ်းစေတီပါ။

ကျွန်တော့်အနေနဲ့ကတော့ ဂဝံကျောက် ထီး ၊ အထက်ပိုင်း မပါရှိတဲ့ ဂဝံဆင်းတုတော်နဲ့ စေတီရဲ့ အနောက် မြောက်ဘက်မှာရှိနေတဲ့ ဂဝံကြွက်ရုပ် သို့မဟုတ် ကြောင်ရုပ်လေးဟာ စေတီနဲ့ ခေတ်ပြိုင် လက်ရာဖြစ်နိုင်တယ်လို့ ယူဆ မိပါတယ်။ဒါ့အပြင် ပညာရှင်များအနေနဲ့ ဂဝံယဉ်ကျေးမှု သမိုင်းကြောင်း ကို အခြေခံပြီး အရင်က ဒီနေရာ ဒီဒေသမှာ ဘယ် သူတွေ နေထိုင်သွားကြသလဲ၊ ဒါမှမဟုတ် ဒီစေတီ ကို ဘယ်သူတွေတည် သွားကြသလဲဆိုတာ ကို လည်း  မှန်းကြည့် ရနိုင်လောက်ပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာ ဂဝံယဉ် ကျေးမှု လက်ရာ အများဆုံး တွေ့ရတာ ကတော့ မွန်ပြည်နယ် သထုံ မြို့ဟောင်း ဝန်းကျင်မှာ ဖြစ်ပါတယ်။ တွေ့ရှိရတဲ့ ဂဝံလက်ရာတွေကတော့ အမျိုးမျိုးပါ။စေတီ၊ ဘုရား ရုပ်ထု၊ လေးမျက်နှာ ဘုရား၊ ခြင်္သေ့၊ ဆင်၊ မြင်းရုပ် ထု၊ အုတ်ချပ်၊ ရေတွင်း၊ ကျောက်ထီး၊ အရုပ် ဒီဇိုင်း ထွင်းထုထားတဲ့ မြို့ရိုး အုတ် နံရံကြီး… စသဖြင့် အမျိုးအစား စုံလင်တဲ့ လက်ရာ အများအပြားကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဂဝံကျောက် နဲ့ ထွင်း ထုထား တဲ့ ယဉ်ကျေးမှု လက်ရာများကို သထုံ မြို့ဟောင်းဒေသနဲ့ မုတ္တမ ဝန်းကျင်တို့မှာ အများဆုံး တွေ့ရတဲ့အပြင် ဂဝံကျောက် လွှာများ ပေါများတဲ့ ပဲခူးတိုင်း၊ ရန်ကုန် တိုင်း သံလျင် ထမလုံနဲ့ ပါဒကြီး မြို့ဟောင်းတွေမှာ တွေ့ရပြီး မြန်မာနိုင်ငံ အောက်ပိုင်း ထားဝယ်နဲ့ တနင်္သာရီ မြို့များမှာ လည်း တွေ့ရပါသေးတယ်။

ဆရာကြီး ဦးစံဝင်းက သူ့ရဲ့ ” သုဝဏ္ဏဘူမိ သုတေ သန”  စာအုပ်မှာ ဂဝံယဉ်ကျေးမှု ((Laterite Culture) ) ကို သထုံမြို့ဟောင်းနဲ့ အနီးတစ်ဝိုက် မှာ အများအပြား တွေ့ရတဲ့ အကြောင်း၊ အဲဒီ ဂဝံ ယဉ်ကျေးမှု လက်ရာ များရဲ့သက်တမ်းကို ခန့်မှန်းရ ခက်ခဲ ကြောင်း၊ ဒါပေမယ့်လည်း ဂဝံအုတ်ချပ် တွေ နဲ့ အတူတွဲပြီး အလွန်ရှေးကျတဲ့ လက်စင်းရာ အုတ် ချပ်များနဲ့ အတူတွဲပြီး တွေ့ရလေ့ ရှိကြောင်းနဲ့ ဂဝံ ယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ သထုံမြို့ဟာ ခရစ် ၁ ရာစုလောက် ကတည်းက စည်ပင်ခဲ့တဲ့ မြို့တစ်မြို့ ဖြစ်ကြောင်း ဖော်ပြထားတာ ကို ဖတ်ရှုရဖူးပါတယ်။
တချို့ သုတေသီများကလည်း ဂဝံ ယဉ်ကျေးမှုဟာ မွန် ခမာ လူမျိုးတွေနဲ့ ဒွန်တွဲပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့ တဲ့ ယဉ်ကျေးမှု တစ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွင်းက သထုံ ဒေသ အပါ အဝင် မွန်တိုင်းရင်းသားများ နေထိုင်ခဲ့ဖူးရာ နေရာ ဒေသများနဲ့ မွန်ခမာ အနွယ်ဝင်များ ပျံ့နံ့နေထိုင်ရာ ကမ္ဘော ဒီယားနိုင်ငံနဲ့ ယိုးဒယားနိုင်ငံတို့မှာ လည်း အများအပြား တွေ့ရသေးတယ်လို့ သိရပါတယ်။

ထားဝယ်ဒေသမှာ ရှေးခေတ် လက်ရာ ဂဝံရုပ်ထု များ ကို မင်းရပ်ရွာရှိ ဘုရားကုန်းမှာ တွေ့ရသလို၊ လောင်းလုံး မြို့နယ်ထဲက ကြက်ယက်တွင်း  ရွာနဲ့ တခြား နေရာတွေမှာလည်း တွေ့ရှိရသေး တယ်လို့ ဆိုပါတယ်။  ကျွန်တော်တို့ ခြောက်တန်း ကျောင်း သား အရွယ်က ကျောင်းနေဖက် သူငယ်ချင်း တစ်ယောက် ခေါ်ပြလို့ နခံတောရွာ ရာဘာခြံ တစ် ခြံထဲမှာရှိတဲ့ ဂဝံကျောက်အင်း တစ်ခု (ဒေသအခေါ် “ကကြီး ခခွေးအိုင်”) ကို သွားကြည့်ဖူးပါတယ်။ မြန်မာ အက္ခရာ ကကြီး ခခွေး ပုံစံတွေ ထွင်းထား သလို ချိုင့်ခွက်တွေပေါ်နေခဲ့တဲ့ ကျောက်ဖျာကြီး ဟာ တကယ်တော့ ရှေးခေတ်လူများ ဝံကျောက် ထုတ်လုပ်ရာ နေရာဖြစ် ကြောင်း နောက်ပိုင်းမှာမှ သိခဲ့ရတာပါ။ 

သုတေသနပညာရှင်များရဲ့အဆိုအရ ဂဝံ ယဉ်ကျေး မှု လက်ရာများဟာ ခရစ်နှစ် ၁ ရာစု လောက် က တည်းက ထွန်းကား နေခဲ့တဲ့ ယဉ်ကျေးမှု တစ်ရပ် ဖြစ်ပါ တယ်။ ပြီးတော့ မွန် ခမာ အနွယ် ဝင်တွေ ဖန်တီး ပြုလုပ်ခဲ့တဲ့  ယဉ်ကျေးမှု အနုပညာလက် ရာများ ဖြစ်တယ်လို့လည်း မှတ်ယူရပါမယ်။ ဒီလိုဆိုရင် မင်းရပ်ရွာက ဂဝံ ရုပ်ထု များ အပါအဝင် ထားဝယ်ဒေသ အသီး သီးမှာ တွေ့ရှိရတဲ့ ဂဝံ လက်ရာများဟာ မွန်လူမျိုးတွေ ဒီဒေသ တစ်လျှောက်မှာ နေထိုင်စဉ်အခါက ထုလုပ်ဖန်တီး သွားတဲ့ ယဉ်ကျေးမှုလက်ရာများအဖြစ် ယူဆရ မယ် ထင်ပါတယ်။

နောက်တစ်ချက်က ဂဝံယဉ် ကျေးမှုဟာ ရှေးမွန် လူမျိုးများ နေထိုင်ရာ ယိုးဒယားနိုင်ငံမှာလည်း ရှေးခေတ် ဂဝံယဉ်ကျေးမှုတွေ အကြီး အကျယ် ထွန်းကားခဲ့ကြောင်းကို ဒီနေ့ အထိ ကျန်နေသေးတဲ့ အဲဒီနိုင်ငံက ဂဝံ ရုပ်ထုတွေနဲ့ စေတီပုထိုးများက သက်သေ ခံလျက် ရှိတယ်လို့ သိရ ပါတယ်။ ဒါကြောင့်မို့ အစဉ်အဆက်ပြော ဆိုလာခဲ့တဲ့အတိုင်း ရှေးခေတ်လက်ရာ ဂဝံရုပ်ထုများရှိနေတဲ့ မင်းရပ်ရွာ က စေတီများဟာ ရှေးမွန်လူမျိုးများနဲ့ ယဉ်ကျေးမှု နှီးနွယ်ဖူးတဲ့ ယိုးဒယားများ ထားဝယ်ဒေသကို လာ ရောက်အုပ်စိုးစဉ် အချိန်များမှာ တည်သွားခဲ့တဲ့ စေတီတွေ ဖြစ်တယ်ဆိုတဲ့ အချက်ဟာလည်း လက် ခံချင်စရာ ကောင်းတာပါပဲ ။

အခုလို ယူဆချက် နှစ်ချက်ကို ပြောရတာကလည်း ကျွန်တော်တို့ ထားဝယ်ဒေသမှာ မွန်တွေ နေထိုင် သွား ခဲ့ဖူးကြောင်း သက်သေ အထောက်ထားတွေ အခိုင်အလုံရှိနေခဲ့သလို၊ ယိုးဒယားတွေ လာရောက် အုပ်ချုပ် သွားခဲ့တဲ့ အချိန်ကာလတွေ အမှန် တကယ် ရှိနေခဲ့ကြောင်းလည်း သမိုင်းမှတ်တမ်းမှာ အထင်အရှား ရှိနေခဲ့လို့ ဖြစ်ပါတယ်။ ထားဝယ် ဒေသက ဂဝံလက်ရာ များဟာ မွန်တိုင်းရင်းသား သို့မဟုတ် ယိုးဒယားတို့ရဲ့ လက်ရာ ဖြစ်နိုင်ကြောင်း ယူဆရတာထက် ပိုပြီး အဲဒါတွေကို ထုလုပ်တဲ့ ခေတ်ကာလ အခြေနေကို မှန်းကြည့်ဖို့ကျတော့ ခက်ခဲနိုင်ပါတယ်။

ဂဝံကျောက်တွေဟာ ရာသီဥတု တိုက်စားမှုကို မခံနိုင်တဲ့ ကျောက်အမျိုးအစားဖြစ်ပြီး ထွင်းထုခဲ့တဲ့ အနုပညာ လက်ရာများကလည်း မှန်းဆလို့ မရလောက်အောင်ကို ပျက်စီး ယိုယွင်းနေခဲ့တာ ကြောင့် ခေတ်ကာလကို ခန့်မှန်းဖို့ ခက်ခဲကြောင်း ပညာရှင်များက ဆိုပါတယ်။

တကယ်လို့ ထားဝယ်ဒေသက ဂဝံယဉ်ကျေးမှု လက်ရာများကို မွန်လူမျိုး တို့ရဲ့လက်ရာများအဖြစ် ယူဆမယ် ဆိုရင်တော့ အဲဒါတွေကို ပြုလုပ်ဖန်တီး ခဲ့တဲ့ ခေတ်ကာလ တစ်ခုတော့ ရှိရမှာပါ။ အဲဒီ ကာလကလည်း ထားဝယ် ဒေသမှာ မွန်တို့ အစော ဆုံးနေထိုင်တဲ့ အချိန်ကနေ နောက်ဆုံး နေထိုင် သွားခဲ့တဲ့ အချိန် အတောအတွင်း ဘယ်ခေတ် ပိုင်းခြားမှာ မဆိုဖြစ်နိုင်တာ ချည်းပါပဲ။

ဘာဖြစ်လို့လဲဆိုရင် မွန်လူမျိုး တို့ဟာ သူတို့နဲ့ ဒွန် တွဲပြီး ဖွံ့ဖြိုး တိုးတက်လာတဲ့ ဂဝံလက်မှု အတတ် ပညာကို သူတို့ နေထိုင်ရာ ဒေသတွေမှာ အခုချိန်ထိ ပြုလုပ် အသုံးပြုနေကြတုန်းမို့ ဖြစ်ပါတယ်။


ထားဝယ်တိုင်းရင်းသားတို့တွင် တီထွင်ထားသော အက္ခရာ စာလုံးများ မရှိမှုကို အကြောင်းပြု၍ ပြောဆိုသမျှ ထားဝယ် စကားတို့ကို မှတ်တမ်းတင် ရေးထားပြီး မရှိချေ။ ထို့ပြင် မြန်မာအက္ခရာ မြန်မုစာပေကိုသာ ရှေးပဝေသဏီ ကာလ များမှစ၍ အစဉ်တစိုက် လေ့လာသုံးစွဲခဲ့သည် ဖြစ်ခြင်း ကြောင့် ထားဝယ်တိုင်းရင်းသားတို့၏ ပင်ရင်းမူလ ဂုဏ် မြောက်သော အနုပညာတစ်ရပ်ဟု ဆိုရသော တွေးခေါ် မျှော်မြင် ပြောဆိုမှုတို့သည် တဖြည်းဖြည်း ပပျောက်လာ၍ ယခုကအခါ ကျွန်တော်တို့ သုတေသနပြုနေသူများပင် အတော် ခက်ခက်ခဲခဲ ပြန်လည် စဉ်းစားယူ ရှာဖွေယူ ရသော အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ရာ ထားဝယ် တို့၏ မူလရှေးရိုးစကားများ တစတစနှင့် တိမ်းပါး ကွယ် ပျောက်လျက် ရှိနေပြီ ဖြစ်သည်မှာ ဝမ်းနည်းဖွယ် ကောင်း လှပါသည်။

အသုံးမရှိသဖြင့် ကွယ်ပျောက်သွားသော ဝေါဟာရ စကား များကို ပေါရာဏဟု ခေါ်ပါသည်။ ထားဝယ်စကားသည် မြန်မာနိုင်ငံသုံးဘာသာစကား ဖြစ်သော ရှေးခေတ်မှ အသုံး အနှုန်းများကို အများစုအနေဖြင့် သုံးစွဲပြောဆိုသည့် စကား များဖြစ်ရာ ဤသို့ တစစ ကွယ်ပျောက်လာခြင်းမှာ များစွာ နစ်နာစရာပင် ဖြစ်ပါသည်။ အဘယ်သို့ နစ်နာသနည်း ဟူမူ
ဘာသာဗေဒ သဘောအရ ဆိုပါမူ ထားဝယ် ဗမာ ရခိုင် ယော စသော မြန်မာအုပ်စုဝင်တို့၏ စကားများသည် မူလ ပျူစကား ပျူဘာသာ၏ ဒေသိယျစကားများသာ ဖြစ်ရာ
ထားဝယ်စကားမှ ရှေးအသုံး ဝေါဟာရတစ်လုံး ပျောက် ကွယ်ခဲ့ပါလျှင် ကျန်သည့် မြန်မာအုပ်စုဝင် အားလုံးတို့၏ ဘာသာစကား ဝေါဟာရများ ပျောက်ကွယ်သည် မည်ပါ သည်။ ထားဝယ်စကား ရခိုင်စကား ဗမာစကား ယော စကား စသဖြင့် မည်သည့်စကားမှ ရှေးအသုံး ဝေါဟာရ တစ်လုံး ပျောက်ကွယ်သေဆုံးခြင်းသည် မြန်မာအုပ်စုဝင် အားလုံးတို့၏ ဘာသာစကားအသုံး ဆုံးရှုံးခြင်းပင် ဖြစ်ပါ သည်။ လူမျိုးအမည်သညာအခေါ် မတူသော်ငြားလည်း မူလပင်မသည် အတူတူပင် ဖြစ်လေသည်။ မူလပင်မအား ဖြင့် ပျူခေါ် ဗမာ ခေါ် မြန်မာ ဟူသည် ယနေ့ မြန်မာ ဗမာ ကို သီးခြားခေါ်ဝေါ်သည် မဟုတ်ပေ။ ထိုအုပ်စုဝင် အားလုံး ကို စုပေါင်းခေါ်ဆိုသော အမည် ဖြစ်ပါသည်။ သို့သော် ရှေး ကာလများမှ ပျူဗမာမြန်မာ ဟူသည့်အခေါ်နှင့် ယနေ့ ဗမာ မြန်မာ အခေါ်တူသည် ဆိုရုံမျှဖြင့် ယနေ့ ဗမာမြန်မာတို့ သည် ပင်ရင်းမူလပျူဗမာမြန်မာများသာ ဖြစ်သည်ဟူ၍ ယူရန် မသင့်ပေ။ ယနေ့မြန်မာဗမာသည် ကျန်သည့် ပျူ မြန်မာအုပ်စုဝင် အားလုံးတို့၏ မိဘ မဟုတ်ပေ။ ညီနောင် များသာ ဖြစ်သည်ကို သတိချပ်သင့်ပါသည်။ ယနေ့ မြန်မာ စာမြန်မာစကားသည်သာ ပင်ရင်းမူလစကား ဖြစ်သည်ဟု တရားသေဝါဒ အမြင်မျိုးဖြင့် ကျန်အုပ်စုဝင်တို့ အပေါ် မလွှမ်းမိုးစေသင့်ပေ။ မြန်မာအုပ်စုဝင်များ ဖြစ်သည့် ရှေး ကတည်းက ကျမ်းဂန်စာစကားတို့တွင် မကွဲမလွဲ အစဉ် တစိုက် အတူတူ ဖော်ပြလာကြသော လူမျိုးများမှာ "ဗမာ ထားဝယ် ရခိုင် ယော" ဟူသော ဤလေးမျိုးတို့သည် ညီနောင်များသာ ဖြစ်သကဲ့သို့ ဘယ်သူက မူလပင်မ ပျူမြန်မာ ဗမာများ ဖြစ်သည်ကို တိတိကျကျ မည်သူမှ လည်း ပြောနိုင်ဖွယ်ရာ မရှိပေ။ ထိုလူမျိုးစု လေးစုတို့သည်
ပျူမြန်မာချည်းသာ ဖြစ်ကြ၍ အကုန် အတူတူချည်းသာ ဖြစ်ပါသည်။

အတူတူချင်း ငါကမှ မူလပင်မ ဖြစ်သည်ဟူ လူမျိုးစု တစ်စုမှ ထ၍ ဖောက်လေသာ် သွေးကွဲ၍ ဓါးဆွဲလာနိုင်သော အခြေ အနေသို့သာ ဦးတည်လာမည် ဖြစ်ကြောင်း အားလုံး အသိ ပင် ဖြစ်ပါသည်။ ထားဝယ်များတွင် ထိုသို့ စိတ်ထား မရှိ သော်ငြားလည်း ဖြစ်လာနိုင်စရာ အကြောင်း ရှိသည့်ကို ရှေးရှုတွေးမြင်ပြီး မဖြစ်မီက ကြိုကာကွယ်ခြင်းသည်သာ သင့်၏။ ထိုအရေးအရာများသည် တခဏအတွင်း ချက်ချင်း အမြင် ပြောင်းသွားနိုင်သော အကြောင်းအရာများ ဖြစ်ပါ သည်။ စာပေသဘောအားဖြင့် ဆိုပါလျှင် ပျူမြန်မာ ဟူ သည့်အုပ်စုဝင် အားလုံးသည် အတူတူပင်ဖြစ်ပေရာ ယခင် ကာလများက ဆရာများ ဆုံးဖြတ်သကဲ့သို့ ယနေ့မြန်မာ သည်သာ မူလမြန်မာဖြစ်သည်။ ကျန်သည့် အုပ်စုဝင်များ မှာ ဒေသန္တရစကား ဖြစ်သည်ဟု ယနေ့မြန်မာကို မူလ ထား၍ ဆုံးဖြတ်ကြပါလျှင် အလားအလာကောင်းများ မရှိ နိုင်ပေ။ စာပေဖြင့် မည်သို့ပင် ရှင်းလင်းစေကာမူ လူ သည် သာ ပဓါန ဖြစ်လေရာ လူ၏စိတ်တွင် အုပ်စုဝင် အားလုံး တို့သည် တန်းတူသာ ဖြစ်သည် ဟူသော အတွေးအမြင် ကိန်းအောင်း ရှင်သန်နေစေရန်အတွက် ရွယ်ရည်၍ ယခင် ကာလမှ ဖြတ်ထုံးများကို ပြန်လည်တည်းဖြတ် ပြန်ဆင်သင့် လှပါသည်။ ယနေ့ မြန်မာသည် မူလ ပျူမြန်မာ ဖြစ်သည်ဟု မိန်းထားပါမည် ဆိုပါလျှင် ကျန်သည့် အုပ်စုဝင်တွေက ဘာ တွေလဲဟူ၍ မေးခွန်းကတဆင့် အတွေးအမြင်သည်လည်း အဆိုးဘက်သို့ ဦးတည်သွားမည်သာ ဖြစ်ပါသည်။

မြန်မာ အုပ်စုဝင် တို့သည် အပြန်အလှန် အမှီသဟဲ ပြုပြီး သူ ငါ ဟု ခွဲခြား၍မရဘဲ သူ့စကား ငါ့စကားတို့ဖြင့် ပင်ရင်း မူလပျူမြန်မာ ဘာသာစကားကို ထိန်းသိမ်းနေကြခြင်းသာ ဖြစ်ပါသည်။ ဘာသာစကားအလိုအရ ဆိုကြပါမူ ယနေ့ မြန်မာစကားသည် ပင်ရင်းမူလပျူမြန်မာဘာသာစကား စစ်စစ် မဟုတ်တော့ပေ။ ပင်ရင်းမှ ကြည့်ပါလျှင် ယနေ့ မြန်မာစကားသည် အသံဝဲဘာသာစကား အဖြစ် ပြောင်း နေပြီး ဖြစ်သည်ကိုလည်း သတိထားရပါမည်။ ကျွန်တော်၏ ဆိုလိုရင်းမှာ ညီနောင်ချင်း သွေးစည်းစေလိုခြင်း ညီညွှတ် စွာဖြင့် အပြန်အလှန် ထိန်းကျောင်းစေလိုရင်း သူကမှ မူလ ပင်မ ဖြစ်သည်ဆိုသော အတွေးရိုင်းများ မရှိစေလိုခြင်း စသော ကောင်းစေလိုသောဆုံမှတ်ဆီ ဦးတည်စေလိုခြင်း ဖြစ်ပါသည်။

ဘာသာဗေဒရှုထောင့်မှ ကြည့်၍ ပြောကြစတမ်းဟေ့ ဆိုပါ လျှင် ကျန်အုပ်စုဝင်များမှလည်း ယနေ့ မြန်မာဗမာကို ထောက်ပြနိုင်စရာ အမြောက်အမြား ရှိနေသည်။ ဥပမာ အားဖြင့် ယနေ့ မြန်မာစာတွင်( -ွ) အသုံး မည်သို့ ဖြစ်လာ သည်။ ရှေးမြန်မာစာတွင် မည်သည့် ဝေါဟာရကို သုံး သည်။ ကျန်အုပ်စုဝင်တို့၏ စကားသံများမှ အသုံးကို မြန်မာ စာတွင် အဘယ်အကြောင်းကြောင့် ဖြုတ်ထားသည် ယူ ထားသည် ပယ်သင့်သည် သုံးသင့်သည် စသဖြင့် ရှေး ကျောက်စာများလာ ဝေါဟာရအသုံးများကို ယူသင့်သည် ဟု ရှေးဆရာများ ဆုံးဖြတ်ကြသည်ကို ယူလိုက်ကြသည်။ ထိုစကားရပ် ဝေါဟာရသည် ယနေ့မြန်မာစာ ဖြစ်လာ သည်။ ပယ်သင့်သည်ဟူသော အသုံးကို ဖယ်လိုက်ကြ သည်။ ထိုဝေါဟာရ အသုံး ကွယ်ပျောက်သွားသည်။ မကွယ်သော်လည်း ရေးထုံးမမှန်ဟူသောသဘော အနိမ့် သဘောသို့ ရောက်သွားရသည်။ ထိုသို့နည်းဖြင့် ယနေ့ မြန်မာစာထောင်၍ တက်လာကာ ထိပ်ရောက်သွားခြင်း ဖြစ်သည်။ ပေါက်လွတ်ပဲစား ပြောဆိုခြင်း မဟုတ်ပေ။ ရှေး ဆရာများ၏ ဝေါဟာရသတ်ပုံအသုံး ခွင့်ပြုသည် မပြုသည် တို့ကို စနစ်တကျ လေ့လာထားပြီးမှ ဆိုခြင်း ဖြစ်ပါသည်။ မင်းပြောသလိုမဟုတ်ဘူး ဘယ်ဟာတွေလည်း ပြန်စီစစ် ပြပါ ဆိုလျှင်လည်း ကျွန်တော့်အနေဖြင့် စီစစ်ပြနိုင်၍ ဤသို့ ဆိုခြင်း ဖြစ်ပါသည်။ ဤသို့ဆိုသဖြင့် မောက်မာထောင်လွှား သည်ဟု မထင်မှတ်စေလိုပါ။ ဆိုလိုရင်းကား ထောက်ပြ စရာ အကွက်အကွင်းများ ရှိကြသည်သာ ဖြစ်ကြောင်း ပြဆို လိုရင်း ဖြစ်ပါသည်။ အားသာချက် အားနက်ချက်တို့ ကိုယ် စီ ရှိကြသည်ကို ပြလိုရင်း ဖြစ်ပါသည်။

ဤသို့ တဖက်နှင့်တဖက် အမြင်စောင်း၍ တိုက်ခိုက် လို ဟန်သဘော တမင်တကာ မတိုက်ခိုက်ကြသော်လည်း
စိတ်အတွင်းတွင် ဘဝင်မကျ ဖြစ်နေခြင်းသဘော စသော အတွေးအမြင်များကို မြန်မာအုပ်စုဝင်တို့တွင် မည်သည့် လူမျိုးစုတို့တွင်မှ မရှိနေစေလိုပေ။ ထိုသို့ အတွေးအမြင်များ ရှိလာစေရန်လည်း မပြုမူသင့်ပေ။ အနှုတ်ရ အရှုံးပြမည့် အတွေးအမြင်များသာ ဖြစ်၍ ဆင်ခြင်သင့်လှသည်ဟု အကြံပြုတင်ပြလိုပါသည်။ ရခိုင်ကလည်း ရခိုင်အလျောက် ထားဝယ်ကလည်း ထားဝယ်အလျောက် ဗမာကလည်း ဗမာအလျောက် ထိုသို့ အပြန်အလှန် ထောက်ထည့်နေကြ မည် ဆိုပါလျှင် အဘယ်မှာ ကောင်းကျိုး ရနိုင်ပါမည်နည်း။

ဗမာ ထားဝယ် ရခိုင်တို့သည် အတူတူပင် ဖြစ်ပြီး မူလ ပျူ မြန်မာများသာ ဖြစ်သည်။ ရခိုင်ကလည်း ဗမာနှင့် တူမှန်း သိသိဖြင့် မတူဟု ဇွတ်ငြင်းသည်။ ထားဝယ်ကလည်း မတူ ဟု ငြင်းချက်ထုတ်လျှက် ခေါင်းမာသူများ ရှိလာသည်။ ထားဝယ် ဗမာ ရခိုင် တို့သည် အတူတူပင် ဖြစ်သည်ဟု ဆိုခြင်းကို ထားဝယ်အချို့က နှစ်သက်မည် မဟုတ်သလို
ရခိုင် အချို့ကလည်း ကြိုက်ကြမည် မဟုတ်ပေ။ ဤသည် ကို သိပြီး ဖြစ်ပါသည်။ သို့သော်လည်း ယခု စာကို ရေးသား နေခြင်းသည် လူမျိုးစွဲမပါ။ နာကျည်းခံစားချက်မပါ။ အမျိုးသားကောင်းစားရေး အကျိုးစီးပွားအတွက် မပါ။ မည်သူကြိုက်နှစ်သက်ကြပါစေရန် ရည်ရွယ်ရေးသားခြင်း လည်း မဟုတ်။ ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ ကျွန်တော့်အနေဖြင့် ပညာရပ်စံကိုသာ စွဲကိုင်၍ ပညာရပ် လာ အယူအကောက် သဘောသွားအတိုင်းသာ ရပ်တည် ၍ ရေးသားခြင်းသာ ဖြစ်သည်။ ထိုကြောင့် ဒေါက်တာ သန်းထွန်းစကား ငှား၍ ဆိုရချေမူ "ဤစာအုပ် ဖတ်ကောင်း မည်ဟု အာမမခံပါ" ဟူ၍သာ ဆိုပါမည်။ ကျွန်တော့်အနေ ဖြင့် ပညာရှင်များ လက်သင့်မခံနိုင်သော ပညာရှင်ကြား တန်းမဝင်သော အများကြိုက်တတ်သည့် စာများ ရေးသား နေခြင်း မဟုတ်ပါ။ သုတေသနနည်းဖြင့် တန်းဝင်စံမှီသော
စာပေမျိုး ဖြစ်စေရန်သာ အားထုတ်ကြိုးပမ်းပါသည်။ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ကျွန်တော့်ကိုယ် ကျွန်တော် ရိုးသားပါမည်။ အများအကြိုက်ကိုလိုက်၍ ရေးကာ ကျွန်တော်ကိုယ်တိုင်ပင် မကြိုက်သော စာမျိုးကို လူထုထံ မချပြဝံ့ပေ။ ရေးကားရေး၏ အကျိုးမရှိ ဟူသော လူပိန်းကြိုက် ပုံတန်းက ဟီးဟီးဟာဟား ပေါပေါပဲပဲ စာပေ အမျိုးအစားလည်း မဟုတ်သဖြင့် ကျွန်တော့်သိက္ခာကို ကျွန်တော် ထိန်းသိမ်းသောအားဖြင့် ပညာရပ်ဆိုင်ရာ စာကို တန်းဝင်သောစာတမ်း ဖြစ်စေရန် ရနိုင်သမျှ ကြိုးစားခြင်း ဖြစ်သည်။

ဤနေရာတွင် ကျွန်တော် တချက်ပြောစရာ ပေါ်လာသဖြင့်
ထည့်ပြောပါဦးမည်။ ကျွန်တော်နှင့် တိုက်ရိုက်ပက်သက်နေ သော ထားဝယ်တို့ကိုသာ ပြောပါမည်။ အချို့သော ပညာရှင်အဆင့် ထားဝယ်ဆရာအချို့တို့သည် ထားဝယ် နှင့် ဗမာမတူ ဟူ၍ ပြောဆို ရေးသားနေကြသည်ကို တွေ့ မြင် ကြားသိနေရပါသည်။ ထားဝယ်နှင့် ဗမာမတူ ဟူသော အဆိုကို ပင်တိုင်ထား၍ စာတမ်းတစ်စောင် စာအုပ် တစ်အုပ်တွင် မည်သို့ မည်ပုံကြောင့် မတူရခြင်း အကြောင်း များကို ငါ့စကားနွားရ မရေးသားဘဲ သုတေသနနည်းဖြင့် အထောက်အထား အကိုးအကား ခိုင်ခိုင်လုံလုံဖြင့် ရေး သားစေလိုပါသည်။ ရေးသားဖော်ပြကြပါရန်လည်း တိုက် တွန်းလိုပါတယ်။ ထိုစာတမ်း စာအုပ်တကယ် ပေါ်ထွက် လာစေရန်လည်း မျှော်လင့်နေပါသည်။ အကြောင်းမှာ ကျွန်တော်အနေဖြင့် ထိုသို့ပြောဆို၍ မဖြေရှင်းနိုင်သေး သော ကိစ္စဖြစ်သည်ကတစ်ကြောင်း ကျွန်တော့် လူမျိုး အကြောင်းကို ထဲထဲဝင်ဝင် သိလိုသည်က တစ်ကြောင်း တို့ ကြောင့် တိုက်တွန်းနှိုးဆော်ရခြင်း ဖြစ်ပါသည်။ ထိုသို့ အမှန် တကယ် မတူကြောင်းကို နိုင်ငံတော်အဆင့် စာတမ်း တင်သွင်း၍ ဖတ်ကြားနိုင်ပါမည်ဆိုလျှင် ထိုသူမှာ တကယ် လူတော် လူမော် လူချွန် ဖြစ်လာမည့်သူဖြစ်သဖြင့် မပေါ် ထွက်လာမှီ ကတည်းက တင်ကြိုကာ ဦးညွှန် အလေးပြု ထားလိုက်ပါသည်။ ဟိုဟိုဒီဒီ လျောက်ရေးပြီး သုတေသန ထုံးနှင့်လည်းမညီ ဘောင်ဝင်သော စကားလည်း မဟုတ်မူ ဘဲ ပြောဆိုရေးသား ဖတ်ကြားလျှင်တော့ဖြင့် တသက်စာ အတွက် ဒေါက်တာသန်းထွန်း၏ စကားနည်းကား "ငလဋူ"
ဘွဲ့ကြီး ရသွားမှာပဲ ဖြစ်ပါတယ်။

ကျွန်တော့်အနေဖြင့်မူ ထားဝယ်နှင့် မြန်မာသည် အတူတူ ပင် ဖြစ်သည်ဟူ၍သာ အမြဲဆိုပါမည်။ မတူရခြင်း အကြောင်းကို ကျွန်တော်ဖြေရှင်းရန် မစွမ်းပါ။ စွမ်းနိုင်သူ များကို စောင့်မျှော်လျက် အစဉ်အားပေးလျှက် ရှိနေပါမည်။
သမိုင်းပညာတွင် လိုချင်သောအဖြေကို ကိုင်၍ ရေးသား၍ မရပေ။ ဥပမာ သုဝဏ္ဏဘူမိသည် သထုံဖြစ်သည် ဟူသော အဆိုတွင် မူလကပင် အဆိုရှင်၏ စိတ်ထဲတွင် သထုံဖြစ်ရ မည်ဟု ယုံကြည်စိတ်အခံ ရှိနေပါလျှင် သုဝဏ္ဏဘူမ္မိသည် သထုံကို ဆိုလိုသည်ဖြစ်ကြောင်း အတင်းအဓမ္မ မရမက ကြံဖန် ပြောဆိုလာမည်သာ ဖြစ်သည်။ သာဓကအားဖြင့် မွန်သမိုင်းဆရာ ဦးစံဝင်းကိုသာ ကြည့်ပါ။ သူ၏ သုဝဏ္ဏ ဘူမိစာအုပ်တွင် အတင်းအဓမ္မ သက်သေပြထားသည်ကို တွေ့ရပါလိမ့်မည်။ မူလကပင် မရှိသော ဘာကို ဆိုလိုမှန်း မသိသော အရာတစ်ခုကို အတင်း ရှာကြံစဖော်ပြထားလေ သည်။ သို့သော် ထိုစာအုပ်သည် အမျိုးသားစာပေဆုရ စာအုပ် ဖြစ်လာသည်။ ထိုစာအုပ်ကို ကြည့်၍ အမျိုးသား စာပေဆုဟူသည် အမျိုးသားအကျိုးစီးပွားအတွက် ရေး သားသော စာပေကိုပေးသောဆု ဖြစ်သည်ဟု အနက်ဖွင့် ပေးရမလိုလို ဖြစ်သွားသည်။ အမှားဗရပွနှင့် စာအုပ်က စာပေဆု ရသည် ဆိုသော် မအံ့သြဘဲ မနေနိုင်ပေ။ ဤကား မြန်မာနိုင်ငံ အမျိုးသားစာပေဆုပေးသော အဖွဲ့အစည်း၏
စံနှင့် သက်ဆိုင်မည် ထင်ပါသည်။ ဘယ်အချက်ကို အမှန် အတည်ပြု၍ ဆုပေးသည်ကိုကား စဉ်းစားမရ။ သိလည်း မသိတော့ပေ။

အချုပ်အားဖြင့် ဆိုရပါမူ ထားဝယ် ဗမာ ရခိုင်သည် အတူတူ ပင်ဖြစ်ကြောင်း။ ဗမာသည် ထားဝယ် ရခိုင်တို့၏ မိဘ မဟုတ် ညီအစ်ကိုသာ ဖြစ်ကြောင်း။ ထားဝယ် ဗမာ ရခိုင် တို့သည် တန်းတူညီမျှ ရှိသောသူများပင် ဖြစ်ပါကြောင်း။
ရှေးဟောင်းစကားများကို အပြန်အလှန် ထိမ်းသိမ်းပေးသင့် ပါကြောင်း ပြောလိုတာပဲ ဖြစ်ပါတယ်။













0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်