ဖားစည်

ဖားစည်

ထားဝယ် ဖားထီးဖားမမိုးခေါ်ပွဲပြု လုပ်သည့်အခါ မိုးရွာ သွန်းစေရန် တီးရသောဖားစည် ဆိုတာရှိပါတယ်။ အခု ချိန်ထိလည်း ရှေးဟောင်း ဖားစည်က ထားဝယ်မှာ နှစ်လုံး ကျန်နေပါသေးတယ် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းမှာ သိမ်းဆည်းထားပါတယ်။ ဆရာတော်ကြီးများ ၏ မိန့်ကြားချက်အရ ကျောင်းနံမည်တွေ ထည့်ရေးခွင့် မရ လို့ မဖော်ပြနိုင်ပါ လေ့လာလိုလျှင် ကိုယ်တိုင် ဆက်သွယ် လာနိုင်ပါတယ် ဆရာတော်တွေဆီ လျောက်ပြီး ပို့ပေးပါ မယ်

ထားဝယ်ရိုးရာ မိုးခေါ်ပွဲ ဆိုတာ အကြိုသမိုင်းကာလ ဓလေ့ တစ်ခု ဖြစ်ပြီး အနည်းဆုံး နှစ်ပေါင်း ၄၀၀၀ လောက် ရှိပြီ လို့ ပညာရှင်တွေက သတ်မှတ်ကြတယ်။

အခု အချိန်မှာ ဖားစည်လို့ ဆိုလိုက်တာနဲ့ ကရင် တိုင်းရင်း သားတွေ အမြတ်တနိုး တန်ဖိုးထားတဲ့ ပစ္စည်းလို့ သိကြ တယ်။ 

မိုးခေါ်ပွဲမှာ အသုံးပြု တဲ့ပစ္စည်းတွေကို ခေတ်ကာလ မကောင်းခဲ့စဉ်က သံဃာဂိုဏ်းကြီး နှစ်ခု ခွဲပြီး ထိန်းသိမ်း ခဲ့တယ် လို့လည်း သိတယ်။ ဒီ ဖားစည်တွေကို အသေးစိတ် လေ့လာ ကြည့်မိတယ် ထားပါတော့

တွေ့ထားတာ တစ်ခုက စစ်ကိုင်းမှာရှိတဲ့ ကောင်းမှုတော် စေတီကြီး ပြုပြင်တဲ့အခါ ဌာပနာ တိုက်ထဲမှာ ဖားစည် တွေ့ ရတယ်။ ပညာရှင်တွေ အနေနဲ့ ကတော့ စဉ်း စားစရာ ပါပဲ။
ထားဝယ်မြို့က မိတ်ဆွေ တစ်ယောက်ကလည်း တနင်္သာရီ မြို့ဟောင်းဘက်က ဖားစည်တစ်လုံးကို ပြခဲ့ဖူးတယ်။
မေတ္တာမြို့မှာ ကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲမှာလည်း ဖားစည်ပြ ထားတာ တွေ့ခဲ့ရတယ်။ မြေးခံဘော်တိုက်နယ် ထန်းတလုံးကျေးရွာမှာ ဖားစည်အကျိုးတွေကို တွေ့ခဲ့ဖူးပါ တယ်။

မြန်မာလို ဖားစည်ခေါ်ပေမယ့် ကရင်လို က္လို့ (သို့) ကလိုး (သို့) ကလို ဆိုပြီး တွေ့ရတယ်။ အနောက်တိုင်း သုတေသီ အချို့က ကြေးစည်လို့ ခေါ်တာ တွေ့ရတယ်။ စည် မျက်နှာ ပြင်ပေါ်မှာ ဖားရုပ်လေးတွေပါလို့ ဖားစည်လို့ အများအား ဖြင့် သတ်မှတ် ခေါ်ကြတယ်။

သုတေသနတွေ့ရှိချက်များ အရ ဖားစည်တွေကို မြောက်ဘက် မွန်ဂိုလီးယား ကနေ တောင်ဘက် အရှေ့ တောင်အာရှကုန်းမကြီးတွေမှာ တွေ့ရပြီး ကမ္ဘောဒီးယား နိုင်ငံဟောင်းဟာ မူလ နေရာလို့ ဆိုကြပါတယ်။ နောက်ပိုင်း သုတေသနတွေအရ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းက ဒွန်ဆွန်(တွန်ဆွန်) ယဉ်ကျေးမှုကို ဖားစည်ရဲ့ မူလနေရာ လို့ သတ်မှတ် ပါတယ်။

အနည်းဆုံး နှစ်ပေါင်း ၆၀၀၀ လောက်ရှိပြီလို့ သတ်မှတ် တယ်။ ဖားစည်တွေရဲ့ လက်ရာအလိုက် အမျိုးအစား ၄မျိုး  ၅မျိုး ရှိတယ်လို့ သတ်မှတ်ကြပါတယ်။

ကရင်ဖားစည်တွေကို တတိယအမျိုးအစား ဒါမှမဟုတ် ပဉ္စမအမျိုးအစားအဖြစ် သတ်မှတ်ကြတယ်။ ကရင် တိုင်းရင်းသားတွေရဲ့ ယုံကြည်ချက်အရ ဖားစည်ကို လွန်ခဲ့ တဲ့ နှစ်ပေါင်း ၃၀၀၀ လောက် ကတည်းက သုံးစွဲလာတယ် လို့ ဆိုတယ်။

ရှေးဟောင်း တေးကဗျာ ပုံပြင်တွေအရ ကရင် တိုင်းရင်းသားတွေဟာ မြန်မာနိုင်ငံအတွင်း မဝင်လာမီ ကတည်းက ဖားစည်ကို သွန်း လုပ် သုံးစွဲခဲ့တယ်လို့ တွေ့ရ ပါတယ်။ ကရင် တိုင်းရင်းသားတွေရဲ့ ရှေးဟောင်းတေး ကဗျာတွေမှာ မဲခေါင်မြစ်ဖျားတွင် နေခဲ့ဖူးကြောင်း ဖော်ပြ ထားတယ်။ မဲခေါင်မြစ်ဖျားခံရာ ဒေသကို ကရင်ဘာသာ စကားနဲ့ ယူကော်စီး၊ တိုင်းပြည်ကို ယူကော်၊ ပြည်သူများ ကို ယူဖိုး လို့ခေါ်ပါတယ်။

ရှေးအကျဆုံး ဖားစည်ကို ခမူ လို့ ခေါ်ပြီး ရှမ်းကရင်များက သွန်းလုပ်ခဲ့တယ်လို့ ဆိုကြပါတယ်။ ဖားစည်သွန်းလုပ်တတ် သူတွေဟာ ရေကြည်ရာ မြက်နုရာခရီး သွားရင်း “၀” ဒေသကို ရောက်ခဲ့ တယ်။ “၀” ဒေသမှာ ကြေးတွင်း၊ သံတွင်းတွေပေါလို့ ဖားစည် အမြောက်အမြား သွန်းလုပ်ခဲ့ တယ်။တကောင်းမြို့အထိ အရောင်းအဝယ် လုပ်ခဲ့တယ်။

ဝ ဒေသမှာ ပြုလုပ်တဲ့ ဖားစည်တွေကို

(၁) ကလို့ ယူမူ ဖားစည် – မဲခေါင်မြစ်ဖျားဒေသရှိ အမျိုးသမီးများ ပြုလုပ်သော ဖားစည်
(၂) ကလို့ယူခွားဖားစည် – မဲခေါင် မြစ်ဖျားရှိ အမျိုးသားများ ပြုလုပ်သော ဖားစည်
(၃) ကဝါမူဖားစည် – ၀အမျိုး သမီးများ ပြုလုပ်သော ဖားစည်
(၄) ကဝါခွားဖားစည် – ၀ အမျိုးသားများ ပြုလုပ်သော ဖားစည်
(၅) ရှိုဝေမူဖားစည် – ရှိုအမျိုးသမီးများ ပြုလုပ်သော ဖားစည်
(၆) ရှုဝေခွား ဖားစည်-ရှိုအမျိုးသားများ ပြုလုပ်သော ဖားစည်
(၇) ကလို့ယူ ကော်တယ် ဖားစည်ဆိုပြီး ဆိုတယ်။

အများအားဖြင့် ဖားစည်ကို ၂ မျိုး သတ်မှတ်တယ်။ အေးသော ဖားစည် (မင်္ဂလာဖားစည်)နဲ့
ပူသော ဖားစည် (အမင်္ဂလာ ဖားစည်) ပါ။

အေးသော ဖားစည်။ မင်္ဂလာဖားစည်ကို နှစ်သစ်ကူး ပွဲ၊ ကောက်သစ်စားပွဲ၊ မင်္ဂလာအခမ်း အနား၊ ပျော်ပွဲ ရွှင်ပွဲ များတွင် နေ့ညမပြတ် တီးခတ်ပါတယ်။

ပူသောဖားစည်။ အမင်္ဂလာ ဖားစည်ကို အသုဘ အခမ်း အနား၊ အရိုး ကောက်ပွဲများတွင် နေ့ည မပြတ် တီးခေတ်ပြီး စစ်ချီရာတွင်လည်း အသုံးပြု တယ်။

စစ်ချီရာတွင် အသုံးပြုတဲ့ဖားစည်ကို သေမင်းတမန် ဖားစည် လို့လည်း ခေါ်ကြပါတယ်။

ဖားစည်ကို သွန်းတဲ့အခါ သတ္ထု (၅)မျိုး ရောစပ်ရ တယ်။ ရွှေ၊ ငွေ၊ ကြေး၊ ခဲနဲ့သွပ်တွေကို လိုအပ်တဲ့ အသံရဖို့ အချိုးကျ ရောစပ်ပြီး သွန်းလုပ်ပါတယ်။

ကရင်တိုင်းရင်းသားတွေ အသုံးပြုတဲ့ ဖားစည်ဟာ တစ်ဖက်ပိတ်ဖြစ်ပြီး ဖား စည်ရဲ့ မျက်နှာပြင်ပိုင်းကို ရင်ဘတ် လို့ ခေါ်တယ်။

ဒီမျက်နှာပြင်ပိုင်းရဲ့ အလယ် တည့်တည့်မှာ နေမင်း နဲ့ ရောင်စဉ်တန်း တွေ ပါပါတယ်။ ဒီရောင်စဉ်တန်း တွေကို ရုပ်ပုံတွေပါတဲ့ စက်ဝိုင်းတွေ ရှိပါတယ်။ စက်ဝိုင်း ခုနှစ်ခု ကနေ ကိုးခု အထိ ရှိနေတတ်တ ယ်။

စက်ဝိုင်းတွေကြားမှာ လူရုပ်၊ ငါးရုပ်၊ ငှက်ရုပ်၊ ပန်းပွင့် စတဲ့ ရုပ်ပုံတွေ ရှိတယ်။ အနားစောင်းမှာ တော့ လက်ဝဲရစ် ဖား လေးကောင် ရှိပါတယ်။ အချို့ ဖားရုပ်တွေက တစ်ကောင် သာမက ဖား၂ ကောင် ဒါမှမဟုတ် ၃ကောင် အထိ ဆင့် ထားတယ်။ ဖားစည်ရဲ့ ကိုယ်ထည်ပိုင်းမှာ ချိတ်ဆွဲထားနိုင် ဖို့ နဖားပေါက်တစ်စုံ တပ်ထားပါတယ်။ ပြီးတော့ ကိုယ် ထည်မှာ အရုပ်များရေးဆွဲထား ပါသေး တယ်။ ဖားစည်ကို အရွယ်အစားအမျိုးမျိုး တွေ့ရှိရပါတယ်။

အင်္ဂါ လက္ခဏာပြည့်စုံတဲ့ ဖားစည် မှာ

(၁) လက်ဝဲ ရစ် ဖားရုပ်များ ပါရှိခြင်း၊
(၂) ဖားရုပ်သုံး ကောင်ထပ် အမျိုးအစား ဖြစ်ခြင်း ( ဖားသုံးကောင် ထပ်ရှိပြီး ၄ နေရာအတွင်း ဖြစ်တဲ့ အတွက် ဖား ၁၂ ကောင် ရှိခြင်း)၊
(၃)အထက် နဖားပေါက်နဲ့ တန်းလျက် ကိုယ်ထည် ပေါ်တွင် ဆင် ၃ကောင်- ဆင်ချေးတုံး (သို့ ) ခရုရုပ် ၃တန်းစီ ရှိနေခြင်း၊
(၄) နေမင်းရဲ့ ရောင်စဉ်တန်း ၁၂ခု ဖြာထွက်နေခြင်း တို့ ဖြစ်တယ်။

မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ တိုင်းရင်းသား ယဉ်ကျေးမှုရိုးရာ ဓလေ့ ထုံးစံများ ( စာ ၃၁၆ ) တွင် ကရင် လူမျိုးများတို့သည် ဖားပြုတ်တွင် အောက်ပါ ဝိသေသလက္ခဏာထူးများ ရှိတယ်လို့ ယုံကြည်ကြ တယ်။
ဖားပြုတ် ဟာ စကားတည်ပြီးအော်တဲ့ အခါ မိုးရွာ တယ်။ မိမိရဲ့ ဥနဲ့ကလေး တွေကို ပြန်လည် စား သောက်ခြင်း မရှိဘူး။

ဖား ပြုတ် အရေခွံကို စားမိသူတို့က မူးပြီးအော့အန် စေပေမယ့် အလွန်ဆိုးဝါး သော အဆိပ်ကို ပြေစေ တယ်။ ယားနာ၊ ပွေးနာနဲ့ မီးလောင်နာတွေကို ဖားပြုတ် အရေခွံအုပ်ပေးရင် သက်သာ ပျောက် ကင်းတယ်။ ဖားပြုတ်ရဲ့အရေ ခွံဟာ ရွံ့စရာကောင်း ပေမယ့် အမျိုးမျိုးသော ရောဂါ နဲ့ အဆိပ်တွေကို ပျောက်စေတယ်။

ဒီလိုအချက် တွေကြောင့် ကရင် ရှေးလူကြီးတွေ ဟာ ဖားပြုပ် အရေခွံကို အထွတ်အမြတ် ထားပြီး သိမ်းထားတတ်တယ်လို့ ဖော်ပြထားတယ်။

ဖားစည် အကြောင်းပြောရင် မဖြစ် မနေပြောရမယ့် ဇာတ်လမ်း တစ်ပုဒ် ရှိပါတယ်။

ဖူးမော်တော်ဆိုတဲ့ ကရင်ကြီး အကြောင်းပါ။ အချိန် ကာလကတော့ အတိအကျ မတွေ့ရဘူး။ ဒီ ဖူးမော်တော် ဆိုတဲ့ ကရင်အဖိုးကြီးမှာ သားသမီး (၇) ယောက် ရှိတယ်။ သော့သိ လို့ခေါ်တဲ့ တောင် အနီးမှာ နေထိုင်ပြီး တောင်ယာ စိုက်ပျိုးတယ်။ သူ့ တောင်ယာကို တော ဝက်နဲ့ တိရစ္ဆာန်တွေ မကြာ ခဏ ဖျက်ဆီးလို့ တောင်ဘက်ကို ပြောင်းရွေ့ နေ ထိုင်ခဲ့တယ်။ ဒီလို ပြောင်းရွေ့ နေထိုင် တဲ့နေရာ အသစ်မှာလည်း တောင်ယာကို မျောက်တွေက ဝင် ရောက် ဖျက်ဆီး ပြန်တယ်။ တောတွင်းရှိ စပါးကျီ က စပါးတွေကို လည်း စားပစ် လိုက်တယ်။ တစ်နေ့ မှာ ဖူးမော်တော် ဟာ တောင်ယာအတွင်းရှိ စပါးကျီ ကို သွား ကြည့် တဲ့ အခါ စပါးတွေ လျော့နေပြီး လူခြေရာတွေလည်း တွေ့တယ်။

ဒါနဲ့ ဘာဖြစ်နေလဲ သိချင်တာနဲ့ ပိုးကောင်ဖြူ တစ်ကောင်ဖမ်းပြီး နှစ်ပိုင်းဖြတ်ကာ နှာခေါင်း အတွင်း ထည့်ပြီး စပါးကျီ အတွင်း သေချင် ယောင် ဆောင် နေလိုက်တယ်။ နေထန်းတဖျား လောက် ရောက်တဲ့အခါ မျောက်တွေ ရောက်လာတယ်။ ဖူးမော်တော်ရဲ့နှာခေါင်းထဲက ပိုးကောင်တွေ ကို တွေ့ပြီး အဖိုးကြီးတော့ ပိုးကိုက်ပြီး သေပြီလို့ ထင် ကာ မျောက် တွေနေထိုင်တဲ့ ကျောက်တောင် ဆီ ကို သယ်ဆောင်သွားတယ်။

ဖူးမော်တော်ကို သယ်သွားပြီး မီး သဂြိုလ်ဖို့ ပြင် ဆင်တယ်။ ဂေါ်ဘောဟော ဖိုး၊ ဂေါ်ကွီးထူး၊ ဂေါ်ကွီးစေး ဖားစည်တွေနဲ့ ကလိုဝါး ခေါ် ဖားစည်ဖြူ ကြီး ကိုပါ ယူလာကြပြီး ဖူးမော်တော်အနီးမှာ ကဗျာ၊ အလင်္ကာတေးတွေ သီဆိုပြီး ငိုကြွေးကြ တယ်။

ညဘက်ရောက်တဲ့အခါ မျောက်မ တွေက မိမိတို့ရဲ့ လှပပုံနဲ့ အမြီးရှည်ပုံကို ပြိုင်ပြီး ကဗျာစပ်တဲ့အခါ သေချင်ယောင်ဆောင်နေတဲ့ ဖူးမော်တော်ဟာ ဟန် မဆောင်နိုင်တော့ဘဲ ရယ်မိတယ်။ မျောက်တွေက ကြောက်လန့်ပြီး ထွက်ပြေး ကြတယ်။

ဒီနောက် မှာတော့ ဖူးမော်တော်က ထွက်ပြေးသွား တဲ့ မျောက် တွေကို ပြန် ခေါ်ပြီး မျောက်ခေါင်း ဆောင်နဲ့ ဆွေးနွေး တယ်။

ရှေးအစဉ်အလာအတိုင်း သေသူ အနီးတွင် ပြင်ဆင် ထားတဲ့ပစ္စည်းတွေ သေသူနောက်ကို လိုက်ရတယ်။ ဒါ ကြောင့် ဖားစည်(၄)လုံးနဲ့ အခြားပြင်ဆင် ထားတဲ့ ပစ္စည်းတွေဟာ ဖူးမော်တော် နောက်လိုက်ရမယ်လို့ ပြောတယ်။

မျောက် ခေါင်းဆောင်အနေနဲ့ ရှေးအစဉ် အလာကို မလွန်ဆန်ဝံ့လို့ ဖားစည်(၄)လုံးနဲ့ အခြား ပစ္စည်းတွေ ကို ဖူးမော်တော်ကို ပေးလိုက်ရတယ်။ ဒီအချိန် က စပြီး ဖားစည်တွေကို ကရင်တိုင်းရင်း သားတွေက သားစဉ်မြေးဆက် ဘိုး ဘွားတို့ရဲ့ အဖိုးတန် အမွေခံ ပစ္စည်း တစ်ရပ်အဖြစ် ထိန်းသိမ်းခဲ့ တယ်လို့ ဖော်ပြ ထားတယ်။(ဟီးဟီး မျောက်တွေဟာတဲ့ဗျ)

အနှစ်ချုပ် ပြောရရင် ဖားစည်ဆိုတာ ကရင်လူမျိုး တစ်မျိုးတည်း သုံးစွဲခဲ့တာ မဟုတ်ဘဲ မွန်ဂိုလီးယား ကနေ စပြီး အ ရှေ့တောင် အာရှကုန်းမကြီး ရှိ တိုင်းရင်းသားတွေမှာ တွေ့ရတယ်။

ဒီယဉ်ကျေးမှုက အနည်းဆုံးနှစ် ၆၀၀၀ (BC 4000) လောက်က စတယ်လို့ ဆိုတယ်။

အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားတွေ အမြတ်တနိုး တန်ဖိုး ထားတဲ့ ဖားစည် ဓလေ့ဟာ ပျောက်ကွယ်လာခဲ့ပြီ ဖြစ်တယ်။

ရှင်မုတ္ထီးရွာမှာ ကျွဲပွဲလုပ်တဲ့အခါ ဒေသခံ ထားဝယ် သားတွေက ကျွဲထိန်းအဖြစ် ပါဝင် ဆင်နွဲနေတာ လည်း တွေ့ရတယ်။ ဖားထီးဖားမ ပွဲ မှာလည်း ဖားစည် ပါတယ်။

ထားဝယ် တိုင်းရင်း သားတွေ ဖားစည် သုံးခဲ့ သလား။ မသုံးဘူးလား ခုချိန်မှာ ဝေခွဲရ ခက်ပေမယ့် ရှေးဟောင်း ဖားစည်ကြီး နှစ်လုံးကတော့ ရှေးက အတိုင်း ရှိနေဆဲပါပဲ

မိုးခေါ်ပွဲ (သို့) ဖားထီးဖားမပွဲ ကို ထားဝယ်ရိုးရာ အတိုင်း ပြန်လည် ဖော်ထုတ်ပြီး မပြတ် ထိန်းသိမ်း သင့်ပါတယ်

ကရင်နဲ့ ထားဝယ်ဟာ ရာစုနှစ်ပေါင်း များစွာ အတူ တူ နေထိုင်ခဲ့ ကြတာကိုလည်း တွေ့ရပါတယ် တစ်ခု သတိထားမိတာကတော့ အထက် ကရင်နဲ့
ထားဝယ်ကရင်တွေဟာ စကားလည်း မတူ နေထိုင် ပုံ စရိုက်တွေလည်း မတူကြပါဘူး ရှင်းရှင်းပြောရင် အချို့ ထားဝယ်ကရင် အဖိုးကြီး တွေဆို အထက် ဘက် ကရင်တွေကို လက်မခံချင်တတ်ကြတာ တွေ့ရပါတယ်

စကောကရင်တွေက သူတို့ကိုယ် သူတို့ ပွာကညော လို့ ခေါ်တယ်။ မြန်မာ ဘာသာပြန်ရင် လူလို့ အဓိပ္ပါယ် ရတယ်။ ဒီတိုင်းရင်းသားတွေကို
ထားဝယ် အရှေ့ တနင်္သာရီ ရိုးမ တစ်လျှောက်လုံး ကနေ မြောက်ဘက် ရှမ်းပြည် အထိ၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးရိုးမမှာလည်း တွေ့ရတယ်။

ကရင်လူမျိုးတွေကို အဓိကအားဖြင့် စကောနဲ့ ပိုး ဆိုပြီး (၂)မျိုး တွေ့တယ်။ တနင်္သာရီတိုင်း ဒေသ ကြီး အတွင်း ခရစ်ယာန်ဘာသာဝင် ကရင် တိုင်း ရင်းသား တွေကို စကောလို့ သတ်မှတ်ပြီး ဗုဒ္ဓ ဘာသာဝင် ကရင်တိုင်းရင်း သားတွေကို ပိုးလို့ သတ်မှတ်တာ တွေ့ရတယ်။ လွယ်လွယ်ပါပဲ

ဒီနေ့ ကရင်ပြည်နယ်လို့ လူသိများ တဲ့ ပြည်နယ်ကို တစ်ခါတုန်းက ကော်သူးလေး ပြည်နယ်လို့ ခေါ် တယ်။ ၁၉၂၁ ခုနှစ် သန်းခေါင်စာရင်းအရ စဝှော် (စကော)၊ ရှို(ပိုး)၊ ဘွဲ၊ ပဒေါင်၊ ကရင်နီ၊ ဇယိမ်းဆိုပြီး ဖော်ပြတယ်။ နေထိုင်ရာ ဒေသအလိုက် တောင်ပိုင်း ကရင်နဲ့ မြောက်ပိုင်း ကရင်ဆိုပြီးလည်း ခေါ်တယ်။

၁၉၃၁ ခုနှစ် မြန်မာပြည် လူဦးရေ သန်းခေါင် စာရင်း အစီရင်ခံစာ စာရင်းချုပ်တွင် ကရင်လူမျိုး ၁၇မျိုးလို့ တွေ့ရတယ်။ (၁) စကော (၂) ပိုး (၃) ဝေဝေါ (၄) မိုးနဲဘွား (၅) ဘွဲ့ (၆) ဘရက် (၇) ကရင်ဖြူ (၈) ပကူး (၉) မိုးပွား (၁၀) တောင်သူ (၁၁) ပဒေါင်း (၁၂) ရင်းဘော် (၁၃) ဂဲကိုး (၁၄) ကရင်နီ (၁၅) ဇယိန် (၁၆)တလိုင်း ကလဆီ (၁၇) လူမျိုး သီးခြား ဖော်မပြထားသော ကရင် ဖြစ်တယ်။

၁၉၆၅ ခုနှစ် ၁၈ ကြိမ်မြောက် ပြည် ထောင်စုနေ့ တွင် တင်သွင်းသော တိုင်း ရင်းသား ကရင်လူမျိုး များအကြောင်း စာတမ်းတွင် (၁) စကောကရင် (၂) ပိုးကရင် (၃) ပကူးကရင် (၄) ဘွဲကရင် (၅) မော်နေပွား (၆) သလွယ်ပွား (၇) ကယ်ခို (၈) ကယ်ဘား (၉) ပလချီး (၁၀) မိုပွာ (၁၁) ကရင်ဖြူ လို့ ဆိုတယ်။

နောက်ဆုံး သတ်မှတ်ထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးတွင် ကရင်အစု ၁၁မျိုးလို့ ဖော် ပြတယ်။ (၁) ကရင် (၂) ကရင်ဖြူ (၃) အလေကြီး (ကလေချီ) (၄) မွန်ကရင် (၅) စကော (ကရင်) (၆) တလှေပွာ (၇) ပကူး (၈) တွဲ (၉) မောနေပွား (၁၀) ဖိုးပွာ (၁၁) ပိုး(ကရင်) တို့ ဖြစ်ပါတယ်။

ကရင်တိုင်းရင်းသားတွေ မြန်မာနိုင်ငံရောက်ရှိပုံကို ပညာ ရှင်တွေ အမျိုးမျိုးသတ်မှတ်တာလည်း တွေ့ရပါတယ်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကရင်နှစ်သစ်ကူးနေ့တွေ မှာ ပြသတဲ့ ပြခန်းတွေ၊ ဖြန့်ဝေတဲ့ လက်ကမ်း စာစောင် တွေအရ အရှေ့အလယ်ပိုင်းဒေသက ပြောင်းရွှေ့လာတယ် လို့ တွေ့ရတယ်။

အမျိုးသားစာပေဆုရ စာရေး ဆရာကြီး မောင် စင်ကြယ်ရဲ့ ကရင် ဘ၀ဓလေ့ စာအုပ်အရ ကရင် လူမျိုး တွေဟာ ဗာဗုလုန် ( အရှေ့အလယ်ပိုင်း ဒေသ) ကနေ ဘီစီ (၂၂၃၄)ခုနှစ် ကနေ ထွက်ခဲ့ တယ်။
ဘီစီ (၂၁၉၇) မှာ မွန်ကိုလီယန်ကို ရောက် တယ်။ ဘီစီ (၂၀၁၃)မှာ အရှေ့ တာကစ္စတန်ကို ရောက် တယ်။
ဘီစီ (၁၈၆၄) မှာ တိဘက်ကို ရောက် တယ်။
ဘီစီ (၁၃၈၅) မှာ ယူနန်ပြည်ကို ရောက် တယ်။

ကရင်လူမျိုး ပထမ အသုတ်ဟာ
ဘီစီ (၁၁၂၅) မှာ မြန်မာပြည် ရောက် တယ်။ ဒုတိယ အသုတ်က ဘီစီ (၇၃၉)မှာ မြန်မာပြည် ရောက်တယ် ။

ဒီနေ့ ကရင်သက္ကရာဇ်က ကရင်လူမျိုး ဒုတိယ အသုတ် မြန်မာပြည်ထဲ စတင် ရောက်ရှိ ချိန်ကစပြီး ရေတွက်ခဲ့တယ်လို့ တွေ့ရ တယ်။

ဆရာကြီး မန်းလင်းမြတ်ကျော် ရေးသားတင်ပြတဲ့ ကရင့်ဘ၀ ရေစီးကြောင်း စာတမ်းတွင် ဦးထွန်းရီ ပြုစုတဲ့ ပါဒနိုင်ငံတော် သမိုင်းအရ လွန်ခဲ့သော နှစ် ပေါင်း ၁၀၀၀၀ခန့်ကပင် မြန်မာနိုင်ငံ အတွင်း ကရီ လူမျိုးများ နေထိုင်ကြောင်း ဆိုတယ်။

ဧရာဝတီ၊ စစ်တောင်းနှင့် သံလွင် မြစ်ဆုံရာဒေသ များတွင် အုပ်စုဖွဲ့ နေထိုင်ခဲ့ပြီး မြို့ပြထူထောင်ခဲ့ တယ်။ ဒီ နိုင်ငံတော်ကို ကရဏ္ဏက တိုင်းလို့ ခေါ် တယ်။ ယိုးဒယား (ဆူခိုထိုင်း)သမိုင်း ကလည်း ကရီ လူမျိုး ဆိုတာ ကရင်ဖြစ် ကြောင်း ဆိုတယ်။

အချို့ကလည်း ပျူလို့ ပြော ကြတယ် ရှေးကျောက် စာ ရေးနည်း အရ ပယောလည်း ဖြစ်နိုင် တယ်။ ပိုး ကရင်တွေကလည်း သူတို့ ကိုယ် သူတို့ ” ဖ္လ ”  လို့ ခေါ်တယ်။ အဓိပ္ပာယ်က လူလို့ရတယ်။

ပိုးကရင် တွေက မွန်ကို ပယဝ်၊ မြန်မာကို ပယံ ခေါ် တယ်။ ပြီးတော့ ပအို့၊ ပလောင်၊ ပဒေါင်းဆိုပြီး လူမျိုးတွေကို ခွဲခြားခေါ်ကြောင်း၊ တိဘက်ဘာသာ စကားမှာလည်း လူ အမည်တွေရဲ့ ရှေ့မှာ ” ပ”  ကို သုံးတယ်။ ဒါကြောင့် အချို့က  ပျူ။ ပယူ ဆိုတာ ပိုးကရင် စကား ဖြစ်မယ် လို့ ဆိုတယ်။

ပျူကျောက်စာတွေကို လေ့လာတဲ့အခါ သဒ္ဒါစည်း မျဉ်းအရ ပျူဘာသာဟာ ပိုးကရင် ဘာသာနဲ့ အနီး စပ်ဆုံး တူတယ် လို့လည်းဆိုကြတာ တွေ့မိပါတယ် အခုလောလောဆယ် ကတော့ မြန်မာသဒ္ဒါလို့ အတည်ပြုထားပါတယ်

ပြည်မြို့မှော်ဇာ ရှေးဟောင်း သုတေသန ပြတိုက်ရှိ သူရိယ ဝိကြမမင်းအရိုးအိုးလို့ သတ်မှတ်ထားတဲ့ ကျောက် အရိုးအိုး ကြီးရဲ့ ပျူျောက်စာမှာ ဗံးတိပဖ္လောက္နိ လို့ ရေးသားထား တာကို သမိုင်း ဆရာ မစ်ကီ ကတော့ ကရင် ရဟန်း (၇)ပါး လို့ ဘာသာပြန်ပါတယ်။ မှန်တယ် မှားတယ် မပြောလို ဒီစာကို ရေးထားတဲ့ ပျူဘာသာအရဆိုရရင် ဒီဘာသာ ပြန် က ချော်နေတယ်

ကျန်စစ်သားမင်းကြီးရဲ့ နန်းတည် ကျောက် စာ ပါ တိရ်စူ ဟာ ပညာရှင်များ တွေးတော ဖော်ထုတ် ထားသလို ပျူလို့ မဆိုနိုင်သေးဘူး လို့လည်း ဆို တယ်။

ပုဂံသား တို့ ခေါ်ဝေါ်ခဲ့တဲ့ တိရ်စူဟာ မွန်ဘာသာ စကားဖြစ်ပြီး မွန်လိုဖတ်ပါက တောင်(ရ်)စူ ဖြစ် တယ်။ မြန်မာလို ဖတ်တဲ့အခါ တောင်သူ ဖြစ်ပါ တယ်။ ဒီနေ့ တောင်သူ လူမျိုးဆိုတာ ကရင်အမျိုး နွယ် တစ်ခု ဖြစ်တယ်။
ပုဂံခေတ်မှာ တောင်သူကြီး မင်း ဆိုတာ ရှိတယ်။ ဒီမင်းက တောင်သူလူမျိုးမင်း ဖြစ်နိုင်တယ်လို့ ဆရာ မစ်ကီ က ပြောတယ်။ ဆရာ မစ်ကီ အယူအဆ ပေါ့ လေ။

ပျူတွေက ကိုယ်ကိုကိုယ် ကောကလို့ရေး ကြောင်း ဆိုပါတယ်။ သရေခတ္တရာ သမိုင်းမှာ စကောလူ မျိုး စစ်တပ် ချီတက်လာပြီဆိုတဲ့ ကောလဟာလ
ကြောင့် ပြည်ပျက် ကြောင်း ဆိုတယ်။ ဒီ စကော ဆိုတာ ပုဂံခေတ် ကျောက်စာတွေမှာ တွေ့ရတတ် တဲ့ စကြော ဖြစ်တယ်။

ပျူတွေနဲ့ အတူနေ တဲ့ ကရင်တွေ ဖြစ်တယ်လို့ ဆို တယ်။ ပုဂံ ကျောက်စာတွေမှာ စကြောသံဗျင်၊ စကြော ကျွန် ဆိုတာတွေ တွေ့ရတယ်။

မြန်မာဆိုရှယ်လစ်လမ်းစဉ် ပါတီ၊ ပါတီစည်းလုံးရေး ဗဟိုကော်မတီဌာန ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်း သား ယဉ်ကျေးမှု ရိုးရာ ဓလေ့ထုံးစံများ (ကရင်)စာအုပ်တွင် စကြော-နံ၊ ရှေးက ရှိခဲ့ဖူးသော မြန်မာတိုင်းရင်းသား လူ မျိုးတမျိုး ဟူ၍ တက္ကသိုလ် မြန်မာ အဘိဓာန်မှာ အဓိပ္ပာယ် ဖွင့်ဆိုကြောင်း၊ ဧရာဝတီ မြစ်အနောက်ဘက် မင်းဘူးနယ် ခြောက် ခရိုင်တွင် အေဒီ ၈ ရာစုကပင် ဝင်ရောက်နေထိုင်ခဲ့ ပြီး ဆည်မြောင်းနဲ့ လယ်ယာစိုက်ပျိုးသူများလို့ ယူဆနိုင် ကြောင်း တွေ့ရပါတယ်။

ဒါ့အပြင် ပုဂံအရှေ့တောင်ဘီရွာ ရွှေကွန်ချာဘုရား အရှေ့မြောက် တံတိုင်း အတွင်းရှိ လေးမျက်နှာ ကျောက်စာ အနောက်မျက်နှာဘက်တွင် ကရင်တန် မီ ပြောက်၊ ပုဂံ အရှေ့မြောက်တန်ဆောင်း ဘုရား မုတ်ဂူအတွင်း ကျောက်စာ ကျောက်စာကြောင်းရေ ၁၅တွင် – စကုကျွန်၊ စကြဝ်ကာ။ ငဝံဖ္လည်သင်ငိ ငတိစန်သာငစွာ၁၊ သာငချက်ရာ ၁၊ ငစွာငိငကြင်၁၊ သျှင်အဂ္ဂသမာဓိစပ် ဆိုသော သုဝဏ္ဏသျှံ သူဌေးခန်းပျို့ ပုဒ်ရေ ၆ သာဝတ္ထိပြည် ဘွဲ့တွင်.. ကုန်သည် တအုပ်၊ လယ်လုပ် မရော၊ စကြောမပြွမ်း၊ ဂျွမ်းနှင့် တောင်သူ၊ လူကားတရိုး.. စတာတွေ ဖော် ပြထားတယ်။

ဒီအဆိုတွေကို စုစည်းကြည့်ရင် ကရင်ဆိုတာ ခရစ် နှစ် မတိုင်ခင်ကတည်းက နေခဲ့တယ်လို့ ဆိုနိုင် တယ်။ အဓိက ပျူတွေ ကောင်းစားစဉ် အချိန် ကတည်းက အတူနေထိုင်ခဲ့တယ်လို့ ဆိုနိုင်တယ်။

ဒီနေ့ ကရင်ပြည်နည်အတွင်း ကော့ဂွန်းဂူ၊ ဆန္ဒန်ဂူ တွေမှာ ရှေးလက်ရာ အမြောက်အများ တည်ရှိ နေသလို ဘားအံဒေသမှာလည်း လက်ရေးစင်းပါ အုတ်ချပ်တွေ တွေ့ရကြောင်း သိရတယ်။

ကရင်တို့ရဲ့ ဓလေ့ တစ်ခုဖြစ်တဲ့ အရိုးကောက်ပွဲဟာ ပျူ ဓလေ့နဲ့ အတော် တူတယ်။ ဒဏ္ဍာရီတွေ၊ အလင်္ကာတွေ၊ စကားထာတွေ၊ ကိုးကွယ် ယုံကြည် မှုတွေ များစွာရှိသလို ထင်ရှားလှတဲ့ ဒုံးအက လည်း ရှိ တူရိယာပစ္စည်းတွေ ရှိတယ်။ နတ်ကိုးကွယ်မှု တွေ၊ ဗုဒ္ဓဘာသာ ဝင်များရှိသလို ခရစ်ယာန် ဘာ သာ ဝင်များလည်း ရှိတယ်။ လဲကယ် ဘာသာ ဆို တာ လည်းရှိတယ်။ ဖားစည်နဲ့ ကျွဲချို ကတော့ ကရင်တိုင်းရင်းသားတွေရဲ့ အထင်ကရ ပစ္စည်းတွေ ဖြစ်လာတယ်။

ဆရာ Mickey Heart ရဲ့ အဆိုအရ ကရင် ရဟန်းတွေက ပျူခေတ်ကတည်း ရှိတယ်လို့ ဆို တယ်။ အခုထက်တိုင် နတ်ကိုးကွယ်မှုတွေ၊ ဗုဒ္ဓ ဘာသာဝင်တွေ ရှိဆဲ ဖြစ်တယ်။ ကရင် တိုင်းရင်း သားတချို့ (အထူးသဖြင့် စကောကရင် လူမျိုးတွေ) ခရစ်ယာန်ဘာသာ ကူးပြောင်းမှုကို မြန်မာဆိုရှယ် လစ် လမ်းစဉ် ပါတီ စာအုပ်မှာ အခုလို တွေ့ရ တယ်။

ပထမဆုံး ခရစ်ယာန် ဘာသာဝင် အဖြစ် ကူးပြောင်း ခဲ့သူမှာ ဦးသာဖြူ ဖြစ်တယ်။ စဝှော်(စကော) ကရင် အမျိုးသားဖြစ်ပြီး အမေရိကန် နှစ်ခြင်း သာသနာပြု အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဂျပ်ဆင်ရဲ့ တပည့် ဖြစ်တယ်။ ဦးသာဖြူကို ၁၈၂၈ ခုနှစ် မေလ ၁၆ ရက် နေ့တွင် ထားဝယ်မြို့ မှာ နှစ်ခြင်း မင်္ဂလာ ခံယူ တယ်။ သာသနာပြု ဂျော့ဒိုနာဘုတ်မင်း အဖွဲ့နဲ့ လိုက်ပါပြီး ထားဝယ်ဒေသမှာ ဟောပြောခဲ့တယ်။ ၁၈၂၈ ခုနှစ် ဒီဇင်ဘာလအတွင်း စောကွာလာနဲ့ အပေါင်းပါ ၁၀ ဦးဟာ ထားဝယ်မှာပဲ နှစ်ခြင်းမင်္ဂလာ ခံယူခဲ့တယ်။

ဘာလို့ ဒီအကြောင်းတွေ ပြောနေရ လဲဆိုရင် တနင်္သာရီတိုင်း ဒေသကြီး အတွင်း လူဦးရေအရ ကရင်တိုင်းရင်းသား တွေက ဒုတိယ လူဦးရေ အများဆုံး ဖြစ်တယ်။ တိုင်းရင်းသား အချင်းချင်း စည်းလုံး ညီညွတ်စေချင်ရင် တိုင်းရင်းသား လူမျိုး တိုင်းရဲ့ ယဉ်ကျေးမှု ထုံးတမ်း ဓလေ့ တွေကို လေ့ လာဖို့ လိုတယ်။

ဒါမှ တစ်ဦးကို တစ်ဦး အပြန်အလှန် လေးစားပြီး အတူ ယှဉ်တွဲ နေနိုင်မှာပါ။ နိုင်ငံရေးအရ နယ်နမိတ် သတ်မှတ် လိုက်တဲ့အခါ လူမျိုးစုတွေ ဖြစ်တဲ့ ကရင်၊ မွန်တွေဟာ နှစ်ဖွဲ့ ခွဲသွားတယ်။  မြန်မာကရင်-မြန်မာမွန် ရှိသလို၊ ထိုင်းကရင်-ထိုင်းမွန်တွေ ဖြစ် သွားတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး စတာတွေ ကြောင့် တစ်ယောက် အကြောင်း တစ် ယောက် မသိနိုင်တော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဆွေမျိုး အရင်းတွေ ဆိုတာ မသိကြတော့ဘူး။ နောက်တော့တော့ သမိုင်းကွင်း ဆက်ပြတ် သွားပါ တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်ကစပြီး ထားဝယ် အရှေ့ဘက် ဒေသရှိ ကရင်တိုင်းရင်းသား တွေဟာ ခရစ်ယာန်ဘာသာ ကို ကူးပြောင်းသက် ဝင်ယုံကြည်ခဲ့ပေမယ့် ဘန်း ချောင်းက ခြေတော်ရာ၊ ကလက်ကြီးက ခိုပလော (စေတီပြင်)၊ ကမိတ်ရွာက စေတီ ဟောင်းတွေ၊ ပုံပြင်တွေ၊ ဒဏ္ဍာရီတွေရှိပါ တယ်။ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံတမ်းတွေ အများ ကြီး ရှိတယ်။

ပွာကညော-ဖ္လုံ-ပအို့-တောင်သူ ဆိုတဲ့  ရှေးနှစ်ပေါင်းများစွာ ကတည်းက ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ခဲ့တဲ့ ကရင် တိုင်းရင်းသားတွေ အကြောင်း လေ့လာကြည့်တယ်။ ပအို့းဝ်တွေအကြောင်း အများကြီးပြောခဲ့ဖူးတယ် ဘယ်လို ဖြစ်ဖြစ် အတူနေတိုင်းရင်းသားတို့ ငြိမ်းချမ်းနေရင် ကျေနပ် ပျော်ရွှင်စရာကြီးပါပဲ။


ဖားစည်

ဆရာကြီးရွှေဝယ်ဧရဲ ထားဝယ် ရာဇဝင်သမိုင်း စာအုပ်ကို ၁၉၇၄ခု အောက်တိုဘာလမှာ ပထမအကြိမ် ထုတ်ဝေပါ တယ်။ ၂၀၀၅ ခုနှစ် ဩဂုတ်လမှာ ဒုတိယအကြိမ် ထပ်မံ ထုတ်ဝေပါတယ်။ ဆရာကြီးဟာ ထားဝယ်နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေကိုလည်း မဂ္ဂဇင်းတွေမှာ ရေးသားခဲ့တဲ့ အတွက် ထားဝယ်အတွက်ဂုဏ်ယူစရာ ဖြစ်ပါတယ်။

ဆရာကြီးရဲ့ ဒုတိယအကြိမ်ထုတ် ထားဝယ်ရာဇဝင် သမိုင်း စာအုပ် စာမျက်နှာ ၁၀၅မှာ ထားဝယ်ဖားထီးဖားမ မိုးခေါ်ပွဲ ပြု လုပ်သည့်အခါ မိုးရွာသွန်းစေရန် တီးရသော ဖားစည်ပုံ ဆိုပြီး ဓာတ်ပုံနဲ့တကွ ဖားစည်ကို ဖော်ပြထားပါတယ်။

ထားဝယ်ရိုးရာ မိုးခေါ်ပွဲဆိုတာ အကြိုသမိုင်းကာလ ဓလေ့တစ်ခု ဖြစ်ပြီး အနည်းဆုံး နှစ်ပေါင်း ၄၀၀၀ လောက် ရှိပြီလို့ သတ်မှတ်ကြတယ်။

ပြီးတော့ ဖားစည် ဆိုရင် ကရင်တိုင်းရင်းသားတွေ အမြတ်တနိုး တန်ဖိုးထားတဲ့ ပစ္စည်းလို့ သိကြတယ်။ ဒါနဲ့ မိုးခေါ်ပွဲ ဖားထီး ဖားမပွဲနဲ့ ပတ်သက်ပြီး လိုက် စုံစမ်းကြည့် ဖား စည် ၂ လုံး တွေ့ရပါတယ်။

ဗုဒ္ဓဘာ သာ ဘုန်းတော်ကြီးကျောင်း ၂ကျောင်းမှာ သိမ်းဆည်းထားပါတယ်။ (ဆရာတော်ကြီး များ၏ မိန့်ကြားချက်အရ) ကျောင်းနံမည်တွေ ရေးလို့ မရ ပါ ခွင့်မပြုပါ

မိုးခေါ်ပွဲမှာ အသုံးပြု တဲ့ပစ္စည်းတွေကို ခေတ်ကာလ မကောင်း ခဲ့စဉ်က သံဃာဂိုဏ်းကြီးနှစ်ခု ခွဲပြီးထိန်း သိမ်းခဲ့တယ်လို့လည်း သိရပါတယ်။ ဒီ ဖားစည်တွေ ကို အသေးစိတ်လေ့လာ လိုပေမယ့် အခွင့် မရခဲ့ ပါဘူး။

နောက်တွေ့ရှိချက် တစ်ခုက စစ်ကိုင်းမှာရှိတဲ့ ကောင်းမှုတော် စေတီကြီး ပြုပြင်တဲ့အခါ ဌာပနာ တိုက်ထဲမှာ ဖားစည် တွေ့ရတယ်။ ပညာရှင်တွေ အနေနဲ့ စဉ်းစားစရာ ဖြစ်ပါတယ်။

ထားဝယ်မြို့ က မိတ်ဆွေ တစ်ယောက်ကလည်း တနင်္သာရီမြို့ဟောင်းဘက်က ဖားစည် တစ်လုံးကို ပြခဲ့ဖူးပါတယ်။

မေတ္တာမြို့မှာ ကျင်းပတဲ့ ကရင်နှစ်သစ် ကူးပွဲမှာ လည်း ဖားစည်ပြ ထားတာတွေ့ခဲ့ရတယ်။

မြေးခံဘော် တိုက်နယ် ထန်းတလုံး ကျေးရွာမှာ ဖားစည် အကျိုးတွေကို တွေ့ခဲ့ဖူးပါတယ်။

မြန်မာလို ဖားစည်ခေါ်ပေမယ့် ကရင်လို က္လို့ (သို့) ကလိုး(သို့) ကလို ဆိုပြီး တွေ့ရတယ်။

အနောက်တိုင်း သုတေသီ အချို့က ကြေးစည်လို့ ခေါ်ကြောင်း တွေ့ရတယ်။

စည်မျက် နှာပြင်ပေါ်မှာ ဖားရုပ်လေးတွေပါလို့ ဖားစည် လို့ အများအားဖြင့် သတ်မှတ် ခေါ်ကြ တယ်။

သုတေသနတွေအရ ဖားစည်တွေကို မြောက်ဘက် မွန်ဂိုလီးယား ကနေ တောင်ဘက် အရှေ့တောင် အာရှကုန်းမကြီးတွေမှာ တွေ့ရပြီး ကမ္ဘောဒီးယား နိုင်ငံဟောင်းဟာ မူလ နေရာလို့ ဆိုတယ်။

နောက်ပိုင်း သုတေသနတွေအရ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းက ဒွန်ဆွန်ယဉ် ကျေးမှုကို ဖားစည်ရဲ့ မူလနေရာလို့ သတ်မှတ် ပါတယ်။

အနည်းဆုံးနှစ်ပေါင်း ၆၀၀၀ လောက်ရှိပြီလို့ သတ် မှတ်တယ်။ ဖားစည်တွေရဲ့ လက်ရာ အလိုက် အမျိုး အစား ၄မျိုး-၅မျိုး စလို့ သတ်မှတ် ပါတယ်။

ကရင်ဖားစည်တွေကို တတိယ အမျိုးအစား ဒါမှ မဟုတ် ပဉ္စမ အမျိုးအစား အဖြစ် သတ်မှတ်ကြ တယ်။

ကရင်တိုင်းရင်းသားတွေရဲ့ ယုံကြည် ချက်အရ ဖားစည်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ လောက် ကတည်းက သုံးစွဲလာ တယ်လို့ ဆိုတယ်။ ရှေးဟောင်း တေးကဗျာ ပုံပြင်တွေအရ ကရင်တိုင်း ရင်းသားတွေဟာ မြန်မာနိုင်ငံအတွင်း မဝင်လာမီ ကတည်းက ဖားစည်ကို သွန်း လုပ် သုံးစွဲခဲ့တယ်လို့ တွေ့ရတယ်။

ကရင် တိုင်းရင်းသားတွေရဲ့ ရှေးဟောင်း တေး ကဗျာ တွေမှာ မဲခေါင်မြစ်ဖျားတွင် နေခဲ့ဖူးကြောင်း ဖော်ပြထားတယ်။

မဲ ခေါင်မြစ်ဖျားခံရာ ဒေသကို ကရင် ဘာသာ စကားနဲ့ ယူကော်စီး၊ တိုင်းပြည် ကို ယူကော်၊ ပြည် သူများကို ယူဖိုးလို့ခေါ် တယ်။

ရှေးအကျဆုံး ဖားစည်ကို ခမူ လို့ ခေါ်ပြီး ရှမ်းကရင် များက သွန်းလုပ် ခဲ့တယ်။

ဖားစည်သွန်းလုပ်တတ် သူ တွေဟာ ရေကြည်ရာ မြက်နုရာခရီး သွားရင်း “၀” ဒေသကို ရောက်ခဲ့ တယ်။ “၀” ဒေသမှာ ကြေးတွင်း၊ သံတွင်းတွေ ပေါ လို့ ဖားစည် အမြောက်အမြား သွန်းလုပ်ခဲ့တယ်။

တကောင်းမြို့အထိ အရောင်းအဝယ် လုပ်ခဲ့တယ်။ ၀ ဒေသမှာ ပြုလုပ်တဲ့ ဖားစည်တွေကို

(၁) ကလို့ ယူမူ ဖားစည် – မဲခေါင်မြစ်ဖျားဒေသရှိ အမျိုးသမီးများ ပြုလုပ်သော ဖားစည်
(၂) ကလို့ယူခွားဖားစည် – မဲခေါင် မြစ်ဖျားရှိ အမျိုးသားများ ပြုလုပ်သော ဖားစည်
(၃) ကဝါမူဖားစည် – ၀အမျိုး သမီးများ ပြုလုပ်သော ဖားစည်
(၄) ကဝါခွားဖားစည် – ၀ အမျိုးသားများ ပြုလုပ်သော ဖားစည်
(၅) ရှိုဝေမူဖားစည် – ရှိုအမျိုးသမီးများ ပြုလုပ်သော ဖားစည်
(၆) ရှုဝေခွား ဖားစည်-ရှိုအမျိုးသားများ ပြုလုပ်သော ဖားစည်
(၇) ကလို့ယူ ကော်တယ် ဖားစည်ဆိုပြီး ဆိုတယ်။

အများအားဖြင့် ဖားစည်ကို ၂ မျိုး သတ်မှတ်တယ်။ အေးသော ဖားစည် (မင်္ဂလာဖားစည်)နဲ့ ပူသော ဖားစည် (အမင်္ဂလာ ဖားစည်)ပါ။

အေးသော ဖားစည်။ မင်္ဂလာဖားစည်ကို နှစ်သစ်ကူး ပွဲ၊ ကောက်သစ်စားပွဲ၊ မင်္ဂလာအခမ်း အနား၊ ပျော်ပွဲ ရွှင်ပွဲများတွင် နေ့ညမ ပြတ်တီးခတ် ပါတယ်။

ပူသောဖားစည်။ အမင်္ဂလာ ဖားစည်ကို အသုဘ အခမ်း အနား၊ အရိုး ကောက်ပွဲများတွင် နေ့ည မပြတ်တီးခေတ် ပြီး ချီရာတွင်လည်း အသုံးပြု တယ်။

စစ်ချီရာတွင် အသုံးပြုတဲ့ဖားစည်ကို သေမင်းတမန် ဖားစည် လို့လည်းခေါ် တယ်။

ဖားစည်ကို သွန်းတဲ့အခါ သတ္ထု (၅)မျိုး ရောစပ်ရ တယ်။ ရွှေ၊ ငွေ၊ ကြေး၊ ခဲနဲ့သွပ်တွေကို လိုအပ်တဲ့ အသံရဖို့ အချိုးကျ ရောစပ်ပြီး သွန်းလုပ်ပါတယ်။

ကရင်တိုင်းရင်းသားတွေ အသုံးပြုတဲ့ ဖားစည်ဟာ တစ်ဖက်ပိတ်ဖြစ်ပြီး ဖား စည်ရဲ့ မျက်နှာပြင်ပိုင်းကို ရင်ဘတ် လို့ ခေါ်တယ်။ ဒီမျက်နှာပြင်ပိုင်းရဲ့ အလယ် တည့်တည့်မှာ နေမင်းနဲ့ ရောင်စဉ်တန်း တွေပါတယ်။ ဒီရောင်စဉ်တန်းတွေကို ရုပ်ပုံတွေပါတဲ့ စက်ဝိုင်းတွေ ရှိပါတယ်။ စက်ဝိုင်းခုနှစ်ခုကနေ ကိုးခု အထိ ရှိတတ်တယ်။ စက်ဝိုင်းတွေကြားမှာ လူရုပ်၊ ငါးရုပ်၊ ငှက်ရုပ်၊ ပန်းပွင့်စတဲ့ ရုပ်ပုံတွေရှိတယ်။ အနားစောင်းမှာတော့ လက်ဝဲရစ်ဖားလေး ကောင် ရှိပါတယ်။ အချို့ ဖားရုပ်တွေက တစ်ကောင် သာမက ဖား၂ကောင် ဒါမှမဟုတ် ၃ကောင်အထိ ဆင့်ထားတယ်။

ဖားစည်ရဲ့ ကိုယ်ထည် ပိုင်းမှာ ချိတ်ဆွဲထားနိုင်ဖို့ နဖားပေါက် တစ်စုံ တပ်ထားပါတယ်။ ပြီးတော့ ကိုယ်ထည်မှာ အရုပ်များရေးဆွဲထား ပါသေးတယ်။ ဖားစည်ကို အရွယ်အစား အမျိုးမျိုး တွေ့ရှိရပါ တယ်။

အင်္ဂါ လက္ခဏာပြည့်စုံတဲ့ ဖားစည် မှာ

(၁) လက်ဝဲ ရစ် ဖားရုပ်များ ပါရှိခြင်း၊
(၂) ဖားရုပ်သုံး ကောင်ထပ် အမျိုးအစား ဖြစ်ခြင်း ( ဖားသုံးကောင် ထပ်ရှိပြီး ၄ နေရာအတွင် ဖြစ်တဲ့အတွက် ဖား ၁၂ ကောင် ရှိခြင်း)၊
(၃)အထက် နဖားပေါက်နဲ့ တန်းလျက် ကိုယ်ထည် ပေါ်တွင် ဆင် ၃ကောင်- ဆင်ချေးတုံး (သို့ ) ခရုရုပ် ၃တန်းစီရှိနေခြင်း၊
(၄) နေမင်းရဲ့ ရောင်စဉ်တန်း ၁၂ခု ဖြာထွက်နေခြင်း တို့ ဖြစ်တယ်။

မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ တိုင်းရင်းသား ယဉ်ကျေးမှုရိုးရာ ဓလေ့ ထုံးစံများ ( စာ ၃၁၆ ) တွင် ကရင် လူမျိုးများတို့သည် ဖားပြုတ်တွင် အောက်ပါ ဝိသေသလက္ခဏာထူးများ ရှိတယ်လို့ ယုံကြည်ကြ တယ်။
ဖားပြုတ် ဟာ စကားတည်ပြီးအော်တဲ့ အခါ မိုးရွာ တယ်။ မိမိရဲ့ ဥနဲ့ကလေး တွေကို ပြန်လည် စား သောက်ခြင်း မရှိဘူး။ ဖား ပြုတ် အရေခွံကို စားမိ သူတို့က မူးပြီး အော့အန်စေပေမယ့် အလွန်ဆိုးဝါး သော အဆိပ်ကို ပြေစေတယ်။ ယားနာ၊ ပွေးနာနဲ့ မီးလောင်နာတွေကို ဖားပြုတ် အရေခွံအုပ်ပေးရင် သက်သာ ပျောက် ကင်းတယ်။ ဖားပြုတ်ရဲ့အရေ ခွံဟာ ရွံ့စရာကောင်းပေမယ့် အမျိုးမျိုးသော ရောဂါ နဲ့ အဆိပ်တွေကို ပျောက်စေ တယ်။ ဒီလိုအချက် တွေကြောင့် ကရင် ရှေ့ လူကြီးတွေဟာ ဖားပြုပ် အရေခွံကို အထွတ်အမြတ်ထားပြီး သိမ်းထားတတ် တယ်လို့ ဖော်ပြထားတယ်။

ဖားစည် အကြောင်းပြောရင် မဖြစ် မနေပြောရမယ့် ဇာတ်လမ်းတစ်ပုဒ် ရှိတယ်။ ဖူးမော်တော်ဆိုတဲ့ ကရင်ကြီး အကြောင်းပါ။ အချိန်ကာလကတော့ အတိအကျ မတွေ့ရဘူး။ ဒီဖူးမော်တော် ဆိုတဲ့ ကရင်အဖိုးကြီးမှာ သားသမီး (၇)ယောက် ရှိတယ်။ သော့သိ လို့ခေါ်တဲ့ တောင်အနီးမှာ နေထိုင်ပြီး တောင်ယာ စိုကိပျိုးတယ်။ သူ့တောင်ယာကို တော ဝက်နဲ့ တိရစ္ဆာန်တွေ မကြာခဏ ဖျက် ဆီးလို့ တောင်ဘက်ကို ပြောင်းရွေ့ နေထိုင်ခဲ့တယ်။ ဒီလို ပြောင်းရွေ့ နေထိုင် တဲ့နေရာ အသစ်မှာလည်း တောင်ယာကို မျောက်တွေက ဝင်ရောက် ဖျက်ဆီး ပြန်တယ်။ တောတွင်းရှိ စပါးကျီက စပါးတွေကို လည်း စားပစ် လိုက်တယ်။တစ်နေ့မှာ ဖူးမော်တော် ဟာ တောင်ယာအတွင်းရှိ စပါးကျီကို သွား ကြည့် တဲ့ အခါ စပါးတွေ လျော့နေပြီး လူခြေရာတွလည်း တွေ့တယ်။ ဒါနဲ့ ဘာဖြစ်နေလဲ သိချင်တာနဲ့ ပိုးကောင်ဖြူ တစ်ကောင်ဖမ်းပြီး နှစ်ပိုင်းဖြတ်ကာ နှာခေါင်းအတွင်း ထည့်ပြီး စပါးကျီ အတွင်း သေချင် ယောင်ဆောင် နေ လိုက်တယ်။ နေထန်းတဖျား လောက် ရောက် တဲ့အခါ မျောက်တွေ ရောက်လာ တယ်။ ဖူးမော်တော်ရဲ့နှာခေါင်းထဲက ပိုးကောင်တွေ ကို တွေ့ပြီး အဖိုးကြီးတော့ ပိုးကိုက်ပြီး သေပြီလို့ ထင်ကာ မျောက် တွေနေထိုင်တဲ့ ကျောက်တောင် ဆီကို သယ်ဆောင်သွားတယ်။ဖူးမော်တော်ကို သယ်သွားပြီး မီး သဂြိုလ်ဖို့ ပြင်ဆင်တယ်။ ဂေါ်ဘောဟော ဖိုး၊ ဂေါ်ကွီးထူး၊ ဂေါ်ကွီးစေး ဖားစည် တွေနဲ့ ကလိုဝါးခေါ် ဖားစည်ဖြူကြီးကိုပါ ယူလာကြပြီး ဖူးမော်တော်အနီးမှာ ကဗျာ၊ အလင်္ကာတေးတွေ သီဆိုပြီး ငိုကြွေးကြ တယ်။ ညဘက်ရောက်တဲ့အခါ မျောက်မ တွေက မိမိတို့ရဲ့ လှပပုံနဲ့ အမြီးရှည်ပုံကို ပြိုင်ပြီး ကဗျာစပ်တဲ့အခါ သေချင် ယောင်ဆောင်နေတဲ့ ဖူးမော်တော်ဟာ ဟန်မဆောင်နိုင်တော့ဘဲ ရယ်မိတယ်။ မျောက်တွေ က ကြောက်လန့်ပြီး ထွက်ပြေး ကြတယ်။ ဒီနောက် မှာတော့ ဖူးမော်တော်က ထွက်ပြေးသွားတဲ့ မျောက် တွေကို ပြန် ခေါ်ပြီး မျောက်ခေါင်းဆောင်နဲ့ ဆွေးနွေး တယ်။

ရှေးအစဉ်အလာအတိုင်း သေသူ အနီးတွင် ပြင်ဆင် ထားတဲ့ပစ္စည်းတွေ သေသူနောက်ကို လိုက်ရတယ်။ ဒါ ကြောင့် ဖားစည်(၄)လုံးနဲ့ အခြားပြင်ဆင် ထားတဲ့ ပစ္စည်းတွေဟာ ဖူးမော်တော် နောက်လိုက်ရမယ်လို့ ပြောတယ်။ မျောက် ခေါင်းဆောင်အနေနဲ့ ရှေးအစဉ် အလာကို မလွန်ဆံဝံ့လို့ ဖားစည်(၄)လုံးနဲ့ အခြား ပစ္စည်းတွေကို ဖူးမော် တော်ကို ပေးလိုက်ရတယ်။ ဒီအချိန် ကစပြီး ဖားစည်တွေကို ကရင်တိုင်းရင်း သားတွေက သားစဉ်မြေးဆက် ဘိုး ဘွားတို့ရဲ့ အဖိုးတန် အမွေခံပစ္စည်း တစ်ရပ်အဖြစ် ထိန်းသိမ်းခဲ့ တယ်လို့ ဖော်ပြထားတယ်။

အနှစ်ချုပ်ပြောရရင် ဖားစည်ဆိုတာ ကရင်လူမျိုး တစ်မျိုး တည်း သုံးစွဲခဲ့တာမဟုတ်ဘဲ မွန်ဂိုလီးယားကနေ စပြီး အ ရှေ့တောင် အာရှကုန်းမကြီး ရှိ တိုင်းရင်းသားတွေ မှာ တွေ့ရတယ်။

ဒီယဉ် ကျေးမှုက အနည်းဆုံးနှစ် ၆၀၀၀ (ဘီစီ ၄၀၀၀) လောက်က စတယ်လို့ ဆိုတယ်။ အကြောင်းကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားတွေ အမြတ်တနိုး ထား တဲ့ ဖားစည်ဓလေ့ဟာ ပျောက်ကွယ်လာပြီ ဖြစ်တယ်။

ရှင်မုတ္ထီးရွာမှာ ကျွဲပွဲလုပ်တဲ့အခါ ဒေသခံထားဝယ်သား တွေက ကရင်လိုဝတ်ပြီး ကျွဲထိန်းအဖြစ် ပါဝင်ဆင်နွဲနေတာ လည်း တွေ့ရတယ်။ ဖားထီးဖားမပွဲမှာလည်း ဖားစည်ပါ တယ်။

ထားဝယ်တိုင်းရင်းသားတွေ ဖားစည်သုံးခဲ့သလား။ ဒါမှမဟုတ် ကရင်တိုင်းရင်းသားတွေနဲ့ နှစ်ပေါင်းထောင်ချီ အတူ ယှဉ်တွဲနေထိုင်ရင်း ယဉ်ကျေးမှုတွေရောထွေး နေတာလား။

ကျွန်တော်အနေနဲ့က မိုးခေါ်ပွဲ (သို့) ဖားထီးဖားမပွဲ ကို ထားဝယ်ရိုးရာ အတိုင်း ပြန်လည်ဖော်ထုတ် ချင် မိပါတယ်



0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်