ဘိန္နကရာဇာ

ဘိန္နကရာဇာသာကီယမျိုးဆိုတာ ပုံပြင်ပါတဲ့လား

၁၉၈၀ ခုနှစ်က ဆရာဦးမောင်မောင်တင်နဲ့ အဖွဲ့ဟာ ဘိန္နကမြို့ကို ရှာဖွေဖော် ထုတ် အတည်ပြုပြီးသား ဖြစ် တာမို့ ဒါကို ရှာဖွေရန် မလို။ ယခင်ဆရာများ ကျေးဇူး
ကြောင့် ကျွန်တော်တို့ အရံသင့် ရနိုင်ခဲ့၏။ ဒီစာကို ဆရာကြီး တပ္ပဝတီဦးဝင်းမောင်ရဲ့စာကို ကိုးကားထားပါ တယ်။ လိုရင်းအကျဉ်းမျှလောက်လေး ဖော်ပြပေးပါမယ်။

ဘိန္နကမြို့ဆိုတာ ယခု မန္တလေးတိုင်း ပျော်ဘွယ်မြို့မှ ၁၂ မိုင်အကွာ ရှမ်းရိုးမတောင်ခြေ ကျောက်ချပ် မြောက်မီးကုန်း စတဲ့ ရွာတွေ အစုအပေါင်း ဖြစ်ပါတယ်။

ဘိန္နကမြို့ဟာ ရှေးပျူမြို့ဟောင်းတစ်ခု ဖြစ်ပါတယ်။ ဒီနေထိ တိုင်အောင်ပဲ ပျူ အထောက်အထားတွေ တွေ့ရှိ နေဆဲ နေရာပါ။

ဘိန္နကကနေ မိုင်၂၀ အကွာက ရွာတွေ မှာလည်း ကြေး ခေတ် သံခေတ် အထောက်အထားတွေ တူးဖော်ရရှိ ထား တာတွေ ရှိပါတယ် အဲဒါတွေဟာ ရာဇဝင်တွေက ပြဆိုတဲ့ ရှမ်း တဆယ့်ကိုးခရိုင်ထဲက မြို့ရွာတွေ ဖြစ်ပါတယ်။

မလည်ချောင်ကနေ လာရာလမ်းကြောင်းကတော့ ဧရာဝတီမြစ်ကိုကူးပြီး ရှမ်းရိုးမတောင်ခြေရင်းအတိုင်း တောင် ဘက် ကို သွားရင် အခု ရွှေစာရံဘုရား အနီး မြစ်ငယ်မြစ်ကို ဖြတ်ရင် ရောက်နိုင်ပါတယ်။

သို့သော် သတိထားသင့်သည်ကား ရှေးကာလက မြစ်ငယ် မြစ် ဇော်ဂျီ မြစ်တို့ ရှိချင်မှ ရှိပါလိမ့်မယ်။ ဒါကို ယခု မြေပုံ အတိုင်းတော့ ချမကြည့်စကောင်းပေ။ ကျွန်တော့်မှာ ရှိတဲ့ AD-1 ရာစုတွင် ရေးဆွဲပြီးတဲ့ ဂရိပထဝီဝင်ကျမ်း၌ပင်လျှင်
ထိုအကြောင်း ဖော်ပြချက် မပါပေ။ ၁၅ ရာစု မှ ပေါ်တဲ့ တော်လမီကျမ်းက အလှမ်းဝေးလွန်းတဲ့ ကာလမို့ မတိုက် ကြည့်ြုဖစ်သေးပါ။ အလှမ်းဝေးသည် ဆိုသော်လည်း အထင် မသေးရာ ကောက်ကြောင်းတော့ ရတတ်ပါတယ်။

ဒီလမ်းကြောင်းအတိုင်းလာတယ်လို့  ယူဆစရာ အကြောင်း က ယခု မတ္တရာမြို့သခင်မတောင်ခြေ အိမ်ရှေ့မင်း ထန်းတောအနီးမှာ ကြေးခေတ် အရိုးအိုးတွေ တူးဖော် ရရှိ ခဲ့တာ။

ရှမ်းရိုးမတောင်ခြေ ရေတံခွန်တောင်တဝိုက်မှ ပျူအရိုးအိုး များနဲ့ ဖားစည်ငယ်တစ်လုံး တူးဖော် ရရှိခဲ့ပါတယ်။ ဒီဖားစည်လက်ရာကို ပညာရှင်တွေက BC-3 ကြေးခေတ် လက်ရာလို့ သတ်မှတ်ကြတယ်။

ရွှေစာရံဘုရားအနီး မြစ်ငယ်မြစ်ရိုး တစ်လျောက် ကျောက် ခေတ်နှောင်း ကျောက်ချော ကျောက်လက်နက်တွေ ကျောက်လက်ကောက်တွေ တူးဖော်ရခဲ့ပါတယ်။

ဘဲလင်းမြို့နယ် အရှေ့ဘက် ဘဲပင်ရွာမှာ လူအရိုးစုနဲ့အတူ ကြေးလှံတံကြီးတစ်ချောင်း တူးဖော်ရရှိခဲ့တယ်။

မြစ်သားမြို့နယ် မိုင်းမောပျူမြို့ဟောင်း က အထောက် အထားပေါင်းမြောက်များစွာ။

ဝမ်းတွမ်း စမုံမြစ်ရိုး ရွဲသီးမြို့ဟောင်းမှ အရိုးအိုးများ။

သာစည်မြို့နယ် မင်းလှကန်ရိုး အရှေ့ ဘက် ရွှေဂူကြီး ကုန်းမှ ကြေးခေတ် လက်နက်များ။

ပျော်ဘွယ်မြို့နယ် ထုံးဖို သာရာကြို့ကုန်းစတဲ့ နေရာတွေက ပျူပစ္စည်းနဲ့ ကြေးလက်နက်များ။

ဘိန္နကမြို့ဟောင်းတဝိုက်က ကြေးလက်နက် ငွေဒင်္ဂါး ပျူပုတီးစေ့များ အရိုးအိုးများ။

ပင်လယ်ကရတဲ့ငွေဒင်္ဂါးနဲ့ ဘိန္နကက ရတဲ့ ငွေဒင်္ဂါးတွေက တူပါတယ်။ ဒီဒင်္ဂါးပုံစံလိုမျိုး သရေခေတ္တရာနဲ့ ဟန်လင်းတို့ မှာတောင် မတွေ့ရလိုပါဘူး ထူးခြားတဲ့ ဒင်္ဂါးတွေဖြစ်ပါ တယ်။ တဖက်က သီရိဝစ္ဆာ တဖက်ကဓမ္မစကြာပုံတွေနဲ့ပါ။

လာရာလမ်းကတော့ ထင်ရှားလှပါတယ်။

ဒီမှာ နောက်တခါ ဘိန္နက အုပ်စုဟာ မြင်စိုင်းဘက် ပြောင်း သလား ဆိုတာပါ။ ဒါလည်း ကြည့်ရင် ပင်လယ်အရပ်နဲ့ မြင် စိုင်းဆိုတာ မိုင် ၃၀ ဝန်းကျင်လောက်သာကွာပါတယ်။ ဒီတော့ကာ ဖြစ်နိုင်ချေက ၉၅% လောက် ရှိနေပါတယ်။

ကြေးခေတ်ဦးပိုင်းလောက်ကို ခေတ်ပြိုင် ပြပေးပါလို့တော့ မတောင်းဆိုလောက်ဘူး ထင်ပါတယ်။ တောင်းခဲ့ရင်လည်း ဗုဒ္ဓခေတ်နဲ့ခေတ်ပြိုင်ကို ထောက်ပြပေးပါမယ်။ ဘိန္နကရှေ့ မှာ အဘိရာဇာအစ ပြန်ရေရင် မင်းဆက် ၃၂ ဆက် ကျန် နေ ပါသေးတယ်။ BC-6 ကတော့ အသာလေးရောက် ပါတယ်။

ပြန်ချုပ်ပြောရင် ပထမ တကောင်း မင်းဆက်ဆိုတာ BC-6 ရာစု ဗုဒ္ဓခေတ်နှင့် အပြိုင်သော်လည်းကောင်း BC-4 ကြေး ခေတ်ဦး ကတည်းက အမှန်တကယ် ရှိခဲ့တယ် ပုံပြင်မဟုတ် ပါ ဆိုတာ မြင်သာစေမှာပါ။








0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်