တနင်္သာရီဟူသော

တနင်္သာရီဟူသော ဝေါဟာရ

တနင်္သာရီနဲ့ပက်သက်တဲ့ ဖွင့်ဆိုချက်တွေကို ပညာရှင် တွေက သူတမျိုး ငါတမျိုး ဖွင့်ဆိုထားကြတဲ့ အဆိုတွေကို တွေ့ရပါတယ် တကယ့် ခြေခြေမြစ်မြစ် ရာဇဝင်ကြောင်း ပေါ်တည်မှီပြီး ဖြစ်ပေါ်လာတဲ့  ယူဆချက်တွေကို မတွေ့ရ
ထင်သလို ဆွဲယူကောက်ချက်ဆွဲထားတဲ့ အယူအဆတွေ ကိုသာတွေ့ရပါတယ်

နောက်တစ်ချက် အနေနဲ့ ဒီဆရာတွေဟာ တနင်္သာရီသမိုင်း ရာဇဝင်ကို စပ်စပ်နှံ့နှံ့ လေ့လာထားဟန်လဲ မပေါ်ချေ တနင်္သာရီနဲ့ စပ်လို့ အောက်ပါအချက်တွေကို ယူဆဖော်ပြ ထားတာ တွေ့ပါတယ်

၁။ ဦးမေအောင်က တနင်္သာရီဟူသော ဝေါဟာရသည် ''တနင်းသြီ '' ဟူသော မွန်ဘာသာစကားမှ ရွေ့လျား လာသည်ဟု ဖေါ်ပြခဲ့ပါသည်။

၂။ နောက်အယူအဆတစ်ခုမှာ မွန်တို့သည် မြိတ်ကို တိန်းန် ဟု မြို့အမည်ကို ထိပ်မှခေါ်ဆိုလေ့ရှိသည်။ (ဥပမာ တိန်းန်ဟမစော ဟံသာဝတီမြို့၊ တိန်းန် မုပလိန်န် မော်လမြိုင်မြို့) ဟု မြို့ကို တိန်းန် ဟု ရှေးမှ ခေါ် လေ့ရှိ သည်။
အရင်က ခရင်းသေဟု စတင်ခေါ်ဆို ရာမှ တရင်းသေ၊ ထိုမှ တိန်း သရေ) တနိန်းသရေ တနင်းသာရေ) တနင်္သာရီ ဟု အဆင့် ဆင့် ပြောင်းလဲ ခေါ်ဝေါ်လာခဲ့သည်ဟု ယူဆ ကြ သည်။

တိန်းန်သရေ (မွန်၊ ပါဋ္ဌိ) တိန်းန်မှာ မြို့၊ သရေ=သရီ၊ သြီ=သီရိ= ကျက်သရေဟု မြန်မာပြန်လျှင် ကျက်သရေရှိ သောမြို့ဟု အဓိပ္ပါယ်ရသည်။

၃။ ဦးတင်လှ က ၁၉၆၃ခုနှစ် မြန်မာနိုင်ငံသုတေသန  ဆွေးနွေးပွဲ၌ တင်သွင်းခဲ့သော သူ၏စာတမ်း၌ ''မြန်မာဘာသာ စကားများအတွင်းသို့ ရောက်ရှိနေသော လူမျိုးခြားတို့၏စကားများတွင် မလေး (ပသျူး) လူမျိုးတို့ (ရောင်စုံပန်းများပွင့်ရာမြေ) တာနာဆာရီ၊ တာနားသရိ၊ ထိုမှတစ်ဆင့် တနင်္သာရီကို ခေါ်ဆိုကြောင်း မွန်တို့မှ တစ် ဆင့် ရောက်ရှိသွားသော စကားလုံးများ ဖြစ်နိုင်သည်'' ဟု ဆိုထားပါသည်။

ဒီယူဆချက် ၃ ချက် တွေ့တယ် ဒီနေရာမှာ ပထမတစ်ချက် သတိထားမိတာက တနင်္သာရီဆိုတာကို ယူပြကြရာမှာ ပျူမြန်မာတို့ဌာနေ ဖြစ်ပါလျက်နဲ့ အဘယ်ကြောင့် လူမျိုးခြား များ၏ စကားမှ ဆင်းသက်လာသည်ဟု ယူဆကြရတာလဲ ဆိုတာပါ။ ကြည့်လိုက်တာ မွန်နဲ့ ပသျှူး ဆိုတာ မြင်မှာပါ။

ပထမတစ်ချက် တနင်္သာရီဒေသသည် မွန်တို့ မြန်မာပြည် အောက်ပိုင်းကို မီကလောင်နဲ့ မဲနမ်မြစ်ဝှမ်းကနေ မဝင်လာ မီ ရာစုပေါင်းများစွာ စောပြီး ပယ်လယ်ဆိပ်ကမ်းမြို့အဖြစ် တည်ရှိနေတာကို မြန်မာသမိုင်းတင်မက ကမ္ဘာ့သမိုင်း အတိုင်းတိုင်းက မှတ်တမ်းတွေမှာ တညီတညွှတ်တည်း မှတ်တမ်းအဖုံဖုံနဲ့ ရေးသားဖော်ပြထားတာ အများအပြားမို့ ရေးသားဖော်ပြနေရန်ပင် မလိုအပ်တော့ချေ။ မွန်စကားက ဆင်းသက်လာစရာ အကြာင်းမရှိပေ။

အဘယ်ကြောင့် မွန်တို့ ဘာသာစကားမှ လာသည်ဟု ကောက်ယူ ဖော်ပြကြလေသနည်းဟု စီစစ်ကြည့်ရာ အဆိုပါ ကောက်ချက်များသည် ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးရပြီးကာလ အစောပိုင်းတွေမှာ ပေါ်လာတဲ့ အဆိုတွေဆိုတာ တွေ့ရပါတယ်။ ဒီအဆိုတွေ ပေါ်လာရ တဲ့ အကြောင်းဇစ်မြစ်က တနင်္သာရီဟာ မွန်ပိုင်ဒေသဖြစ် တယ်ဆိုတဲ့ အထောက်အထားမရှိ ခေတ်ပြိုင်လည်း မပြနိုင် ဘဲ ဆိုချင်ရာ ဆိုခဲ့ကြတဲ့ စာတမ်းတွေကို အမှီပြုပြီး ကောက်ချက်ဆွဲယူကြလို့ ဖြစ်တယ်ဆိုတဲ့ အချက်ကို သိရ ပါတယ်

တကယ်တမ်းက သူတို့ခေတ်မှာ ခုခေတ်လောက် အချက်အလက် အထောက်အထား ပြည်ပမှတ်တမ်းတွေ များများစားစား မရခဲ့တာကလည်း အားနည်းချက်ကို
ဖြစ်စေခဲ့သလို လုစ်ရဲ့ အလိမ်အညာဇာတ်လမ်းဟာလည်း ကျယ်ကျယ်ပြန့်ပြန့် အသက်ဝင်စေခဲ့လို့ ဖြစ်ပါတယ် လုစ်ရဲ့
အယူအဆကို သူတို့ ကျော်နိုင်တဲ့အား မရှိခဲ့ပေ။

အထက်ဖော်ပြပါ သုံးချက်မှာ နှစ်ချက်က မွန်စကားက လာတယ်ဆိုတဲ့ ယူဆချက်ဖြစ်ပါတယ်။ ဒီနှစ်ချက်က ယူဆထားတဲ့ ဝေါဟာရ ကွဲပြားနေပါတယ်။ ဒါက ဘာကို
ပြောတာလဲဆိုရင် အမှန်ကိုပြောတာ မဟုတ်။ အထင်သက် သက်မျှသာ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ မွန်ဘာသာ က လာတယ် ဆိုရင် ဝေါဟာရ တစ်ခုတည်းကနေ ဆင်းသက်လာတာ ဖြစ်ရပါမယ်။ မတူတဲ့ စကားနှစ်လုံးက လာတယ်ဆိုတာမျိုးက ပြက်လုံးပါပဲ။ ဒါမျိုး မရှိပါဘူး။

နောက်တစ်ချက် အနေနဲ့ပြောရရင် ကိုလိုနီခေတ်ကအစ မွန်တွေဟာ မွန်ရှေးဟောင်းစာတွေကို နားမလည်ကြတာ
အထင်သားမြင်ရပါတယ် တကယ်နားလည်ရိုးမှန်ရင် ကော့ဂွန်းဂူက စာလေးကြောင်းဟာ အခုဆို အဖြေရှိပြီး သားဖြစ်မှာပါ ။ မဖော်နိုင်သေးတာတဲ့ ကျောက်စာတွေ ကျန်နေပါသေးတယ်။ ရှေးတုန်းက အခေါ်တွေကို ခုခေတ်
ဘာသာစကားနဲ့ လိုတိုင်းလိုက်ပြီး ဆွဲယူပြောတယ် ဆိုတာ က ကလေးကလားဆန်လွန်းတဲ့ လုပ်ရပ်ပါ။ မတူတဲ့ စကား
ကို ဘယ်လို အနက်ဖော်ကြသလဲ စဉ်းစားကြည့်ရင် သိကြ မှာပါ။

နံပါတ် ၃ အချက်ဖြစ်တဲ့ ပသျှူး ဆိုတဲ့ လူမျိုးတွေဟာ မလေးကျွန်းဆွယ် တလျောက်နေထိုင်လာခဲ့တာ ပထမဆုံး
မြန်မာနယ်နိမိတ်ထဲ အခြေချတဲ့နေရာဟာ ကော့သောင်း မြို့ တောင်နောက်နတ်ကွန်းနေရာ ဖြစ်ပါတယ်။ ဒီမှာ ခဏနားပြီး ပြန်သွားတယ်။ ဒီအချိန်မှာ ကော့သောင်း ဆိုတာ ရှိကို မရှိသေးပါဘူး။ တနင်္သာရီက ဟိုး ပဝေသဏီ ကတည်းက ရှိနှင့်ပြီးနေရာ ဖြစ်ပါတယ်။ ဒီအချက်ကလည်း ထင်တာကို ဆွဲပြောထားတာ မြင်သာလှပါတယ်။

ဒီအဆိုပြုချက်တွေဟာ အထင်မျှနဲ့ လိုရာ ဆွဲပြောတာတွေ သာ ဖြစ်တယ်ဆိုတာ မြင်လောက်ပြီ ယူဆပါတယ်။ ချဲ့ကား ရှင်းလင်းနေဖို့ရာ မလိုလောက်ပါဘူး။

တနင်္သာရီ အခေါ် ဘယ်လို ဖြစ်လာသလဲမေးရင် လတ်တလော ကျွန်တော်လည်း တိကျတဲ့ အဖြေ မရသေး လို့ မပြောလိုသေးပါဘူး။ တနင်္သာရီတိုင်းထဲက မြို့အမည် တွေဟာ ထူးတယ်။ ထားဝယ်လို့ဘာကြောင့် ခေါ်တာလဲ ဆိုတာလည်း ဖော်နိုင်ခဲ့ပါပြီ။ မြိတ်လို့ ဘာကြောင့် ခေါ်တာ လဲဆိုတာလည်း ဖော်ထုတ်နိုင်ခဲ့ပါပြီ။ တနင်္သာရီကိုတော့ ကျွန်တော် ရှာဖွေနေဆဲပါ။ များမကြာမီမှာ ဖော်ထုတ်နိုင်ဖို့ အလားအလာလည်း ရှိနေပါပြီ။ အခု မပြောသေးတာက ပြည့်စုံလောက်လုံပြီလို့ ကျွန်တော် မယူဆသေးလို့ မပြော သေးပဲ ထားတာပါ။

တနင်္သာရီတိုင်းဟာ ရာစုနှစ်ဦးပိုင်းမှာ မွန်ပိုင်ဒေသ ဖြစ်ခဲ့ တယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားနဲ့ ပြဆိုနိုင်ရင် တော့ အထက်ပါအဆိုတွေကို ပြန်စဉ်းစားပေးစရာ ရှိပါ တယ်။ ဒါက ရိုးရှင်းပါတယ်။ ဘာအထောက်အထားမှ မရှိရင်တော့ ထည့်မပြောတာပိုသင့်တော်ပါတယ်။ လေထဲ တိုက်အိမ်ဆောက်လို့ မရသလို ခေတ်သမိုင်းပညာက လည်း ထိုသို့ ဆိုသည်ကို လက်မခံလို့ပါ။ အပြစ်တင်ချင် သပဆိုရင်လည်း ခေတ်ပေါ်သမိုင်းပညာကိုသာ အပြစ်တင် ကြပါ လို့သာ ပြောပါရစေ။


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်