ဒီမိုကရေစီသဘောဆောင်တဲ့ စနစ်ကို မြော်မြင်ခဲ့သူ ယောအတွင်း ဝန်ဦးဖိုးလှိုင်အကြောင်း

ဒီတစ်ပတ်မှာတော့ ဆရာချစ် နိုင်(စိတ်ပညာ)က ယောအတွင်း ဝန်ဦးဖိုးလှိုင်ကို နမူနာထားကာ ပညာရှိဝန်ကြီးတစ်ဦးရဲ့ နိုင်ငံနဲ့ချီ တဲ့ ပြဿနာများဖြေရှင်းခဲ့ပုံကို နမူ နာနှစ်ခုနဲ့ ပြောပြပေးလာပါတယ်။
ဆရာကတော့ ယောအတွင်း ဝန် ဦးဖိုးလှိုင်ရဲ့အကြောင်းနှစ်ချက် လောက်ပြောပြချင်ပါတယ်။ ဦးဖိုး လှိုင်က မင်းတုန်းမင်းကြီးရဲ့ ငယ် ကျွန်ပေါ့။ သစ္စာရှိတပည့်လည်းဖြစ် တယ်။ သူကမှန်တာတွေ ပြော လွန်းလို့ မင်းတုန်းမင်းက တစ်ခါ တလေမှာ စိတ်ငြိုငြင်ပြီး ရာထူးချ တယ်။ တစ်ခါတလေမှာ ထောင်ချ တဲ့အထိဖြစ်တယ်။ တစ်ခါမှာ မင်း တုန်းမင်းက စိတ်ဆိုးပြီး လှံနဲ့ရွယ် တာပေါ့။ ပြီးတော့ ဒီလှံကိုသိလား တဲ့။ သိပါတယ်ဘုရား။ အရှင် ဘုရားရဲ့ ခမည်းတော်က ကျွန်တော် ရဲ့ဖခင်ကို နန်းတော်ထဲမှာပဲ ဒီလှံ နဲ့ထိုးသတ်ခဲ့တာပါဘုရားလို့ဖြေ တယ်။ မင်းရော ဒီလှံချက်မိချင်လား ဆိုတော့ ရင်ဘတ်ကိုကော့ပြီး ထိုး တော်မူပါဘုရား ဆိုပြီးပေးတယ်။
အဲ့ဒီလိုသတ္တိရှိတဲ့ ဦးဖိုးလှိုင်။ သူရေးတဲ့ ရာဇဓမ္မသင်္ဂဟကျမ်းကို သိကြမှာပေါ့။ အဲ့ဒီရာဇဓမ္မသင်္ဂဟ ကျမ်းဆိုတာ အမှန်တော့လွန်ခဲ့ တဲ့ နှစ်တစ်ရာ့ခြောက်ဆယ်လောက် က ဒီမိုကရေစီရဲ့ရှေ့ပြေးစာအုပ်ပဲ။ ဘုရင်ကနေ အခွန်တွေကို ကိုယ် ကြိုက်သလိုမခွဲဘဲနဲ့ အခုခေတ်လို လွှတ်တော်ကို တိုင်ပင်ပြီးတော့ အခွန်တိုးလိုက်ပါ၊ လျှော့လိုက်ပါ စသည်ဖြင့် ပြောပြီးတော့မှ တိုင် ပင်ပြီးတော့မှ သုံးရ မယ်ဆိုတော့ အဲ့ဒီကျမ်းကို ဘုရင်သီပေါမင်းဆီ တင်တဲ့အခါမှာ သီပေါမင်းက နည်း နည်းပါးပါး ဖတ်ပြီးတော့ မကြိုက် ဘူးပေါ့။
စုဖုရားလတ်က ဖတ်တော့ စိတ်ဆိုးပြီးတော့ အဲ့ဒီကျမ်းကို လွှင့်ပစ်လိုက်တယ်တဲ့ မကြိုက်ဘူး ပေါ့။ ဒီကျမ်းကို ဦးကောင်းက အကြံပေး လို့ရေးတာပါ။ ဦးလှိုင်နဲ့ ဦးကောင်းက ဝန်ကြီး နှစ်ပါးဖြစ်ပြီး ဦးကောင်းတိုက်တွန်းလို့ ဦးဖိုးလှိုင် က ဒီကျမ်းကိုရေးတယ်။ အဲ့ဒါနဲ့ မြန်မာနိုင်ငံ ရဲ့ ရာဇဝင်မှာ ဒီမိုက ရေစီကမပေါ်ထွန်းဘဲနဲ့ ဘုရင်စနစ်ပဲ ဆက်လက်ရှင်သန်ခဲ့တာပေါ့။ ဒါ အင်္ဂလိပ်ကနေသိမ်းပိုက်ပြီး သီပေါ မင်းနန်းစံနှ စ် ၇နှစ်မှာ ဦးကောင်းနဲ့ ဦးဖိုးလှိုင်က ဒီမိုကရေစီစနစ်ကို ပြောင်းလဲဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့တာပေါ့။
ဒီမိုကရေစီ လှုပ်ရှားမှုကို ခုခေတ်ကလူတွေ သူတို့ပထမဆုံးလို့ ထင်နေတယ် မဟုတ်ပါဘူး။ ဒီမိုကရေစီ သဘော ဆောင်တဲ့စနစ် ကို မြော်မြင်ခဲ့တာ တော့ ယောအတွင်းဝန်ဦးဖိုးလှိုင် ပါပဲ။
အင်္ဂလိပ်လက်အောက်မြန်မာ ပြည်ကို သိမ်းထားတော့ အထက် မြန်မာပြည်ကို ဆက်မသိမ်းပိုက် အောင် မဟာမိတ်ဆက်ဆံရေး ထူ ထောင်တဲ့အခါ မင်းတုန်းမင်းက ၂၆ နှစ်လုံးလုံး အင်္ဂလိပ်-မြန်မာ ဆက်ဆံရေး အဆင်ပြေအောင် ထူ ထောင်နိုင်တယ်။
အထက်မြန်မာ ပြည်ကို မသိမ်းပိုက်အောင်တားဆီး နိုင်ခဲ့တယ်။ ဒီမှာအင်္ဂလိပ်က မြန် မာရဲ့ စကျင်တောင်ကိုလိုချင်တယ်။ စကျင်ေ တာင်ကို ကျောက်တူးပြီး တော့ ကုန်ချောလုပ်ချင်တယ်ပေါ့။ သံအမတ်တွေကနေ ဘုရင်ကို လျှောက်ထားတဲ့အခါမှာ ဘုရင်က ပေး မယ်ဆိုပြီး နှုတ်မိန့်ပေးလိုက် တာပေါ့။ ပြန်စဉ်းစားလိုက်တဲ့အ ခါမှာ စကျင်တောင်ဆိုတာ မန္တ လေးနဲ့လည်းနီးတယ်။ ဒီမှာအင်္ဂ လိပ်တွေ လာထုတ်လို့ သူတို့ တပ် တွေက လုံခြုံရေးအတွက်လာချရင် နေပြည်တော် အန္တရာယ်ရှိတယ်။ ဒီတော့ မိဖုရားကို တိုင်ပင်လိုက် တဲ့အခါမှာ မောင်လှိုင်နဲ့ခေါ်ပြီး တိုင်ပင်လိုက်ပါလို့ပြောတယ်။ ဒီ တော့ ဦးဖိုးလှိုင်ကိုခေါ်ပြီး အဆင် ပြေအောင် ငြင်းလိုက်ပါဆိုတော့ ဦးဖိုးလှိုင်ခေါင်းေ ဆာင်ပြီး အင်္ဂ လိပ်အဖွဲ့နဲ့တွေ့တယ်။ အင်္ဂလိပ်က စကျင်တောင်ကိုပေးပါ။ အဖိုးအခ ဘယ်လောက်ပေးရမလဲ ဆိုတော့ လက်ပံတောင်းေ တာင်လိုပေါ့။ ဦးဖိုးလှိုင်က တစ်မိုင်ပတ်လည်လို ချင်လား၊ နှစ်မိုင်ပတ်လည် လိုချင် လားရပါတယ်။ ဘုရင်ကလည်း ခွင့်ပြုဖို့ ပြောထားေ တာ့ ခွင့်ပြုပေး ပါမယ်ဆိုတော့ အင်္ဂလိပ်က တန် ရာတန်ကြေး ဘယ်လောက်ပေးရ မလဲဆိုတော့ တန်ရာတန်ကြေးမလို ပါဘူး။ မေတ္တာလက်ဆောင်ပေး မယ် သို့သော် ဦးဖိုးလှိုင်က ပြော တယ်။ အပြန်အလှန်အားဖြင့် ကျွန်တော်တို့က စကျင်တောင်ကို ပေးမယ်။ အင်္ဂလိပ်ကလည်း တစ် ခုပြန်ပေးပါဆိုတော့ အင်္ဂလိပ်က လည်းပြောပါ၊ ဘာပေးရမလဲဆို တော့ ဒဂုံမြို့မှာရှိတဲ့ သင်္ဂုတ္တရ ကုန်းကို တစ်မိုင်ပတ်လည်လောက် ပြန်ပေးပါဆိုတော့ ငှားတာလည်း မဟုတ် အလကားပေးတာ။ စကျင် တောင်ကို လေးမိုင်ပတ်လည်လို ချင်လား။ ငါးမိုင်ပတ်လည်လိုချင် လားပေးမယ် ရွှေတိဂုံဘုရားရှိတဲ့ သင်္ဂုတ္တရကုန်းကို တစ်မိုင်ပတ်လည် ပေးရမယ်ဆိုတော့ မပေးနိုင်ဘူး။
ဒဂုံမြို့က အင်္ဂလိပ်ရုံးဆိုက်တဲ့မြို့ ပေါ့။ ဒဂုံရဲ့ အချက်အချာတောင် ကုန်း၊ စစ်ရေးအရဆိုရင် ရွှေတိဂုံ ဘုရားရှိတဲ့ သင်္ဂုတ္တရကုန်းဖြစ်ေ န တော့မပေးနိုင်ဘူး။ ဒီတော့ကျွန်တော် တို့ ပြန်တိုင်ပင်ပါဦးမယ်ဆိုပြီး ပျက်သွားတာပေါ့။ ငြင်းပယ်တာမ ဟုတ်ဘဲနဲ့ အလိမ္မာနဲ့ ဦးဖိုးလှိုင် က ပြောခဲ့တယ်။ ပညာရှိများဟာ မငြင်း ပယ်ဘဲနဲ့ ပညာတန်ခိုးနဲ့ ကိုယ့်အ လိုကျဖြစ်အောင် လုပ်နိုင်ခဲ့တယ်။
နောက်တစ်ခုရှိသေးတယ်။မြန်မာတို့ဟာ ပင်လယ်ဆိပ်ကမ်း အောက်ပြည်အောက်ရွာနဲ့ ပင် လယ်ထွက်ပေါက် မရှိတဲ့အခါကျ တော့ တောင်တရုတ်ပင်လယ်ကို ပင်လယ်ထွက်ပေါက် ဖြစ်လုပ်ချင် တာပေါ့။ အခုတော့ အာဆီယံ လမ်းမကြီးဆိုပြီး လုပ်နေပြီ။ ဒီလိုပဲ မန္တလေးနဲ့ ဟနွိုင်းနဲ့ ဟိုချီမင်းမြို့နဲ့ ကား၊ ရထားလမ်းဖောက်ဖို့က လည်း မြန်မာက ပြင်သစ်နဲ့ ကြိုး စားတာပေါ့။ ပြင်သစ်ကလည်း အင်္ဂလိပ်နဲ့ မတည့်ဘူး အားပြိုင် နေတာဆိုတော့ အင်္ဂလိပ် မသိ အောင် မြန်မာနဲ့ လမ်းဖောက်ဖို့ လုပ်တဲ့အခါကျတော့ မြန်မာရဲ့ မျက်နှာ သာရတယ်။ တစ်နေ့ကျ တော့ ပြင်သစ်သံတွေက မင်းတုန်း မင်းနဲ့တွေ့ပြီးလျှောက်တယ်။ မိုး ကုတ်ကကျောက်ကို သူတို့ကိုတူး ခွင့်ပေးပါ ဆိုတော့ ဒီအတွက်ဘုရင် အမိန့်ရှိသလောက် ပေးပါမယ်ဆို တော့ ဘုရင်ကခွင့်ပြုပေးမှာပေါ့လို့ ဆက်ဆံရေးကောင်းအောင် မင်း တုန်း မင်းက ပြောလိုက်မိတယ်။ ပြီးမှ ပြန်စဉ်းစားပြီး မိဖုရားကြီး ကိုပြောတဲ့အခါကျတော့ ဆင်ဖြူ မရှင်က မောင်ဖိုးလှိုင်ကိုပဲခေါ်ပြီး တိုင်ပင် လိုက်တာပေါ့ ဆိုတော့၊ ဦးဖိုးလှိုင်က အရှင်ဘုရား ပျက်စေ ချင်တယ်ဆိုရင် ပျက်အောင်လုပ် ပေးပါ့မယ်။ ဒီအတွက် နန်းစဉ် ပတ္တမြား ငမောက်ကို ခဏငှားလို့ ဆိုတယ်။ နောက်တစ်နေ့ ပြင်သစ် သံအမတ်တွေနဲ့ ဆုံကြတဲ့အခါကျ တော့ နန်းစဉ်ပတ္တမြားကို ဂွမ်းပုံ ပေါ် မှာတင်ပြီးတော့ ကတ္တီပါတွေနဲ့ အုပ်ပြီးတော့ စကားပြောကြတာ ပေါ့။ ပြင်သစ်က မိုးကုတ်ကျောက် တွင်းကို တူးချင်တယ်။
ဒီအတွက် ဘယ်လောက် ပေးရမလဲဆိုတော့ ဘုရင်ကိုယ်တော်တိုင်က ခွင့်ပြုပြီး သားဖြစ်တဲ့အတွက် ကျုပ်ကလည်း ပြင်ဆင်ထားပါတယ်။ သို့သော် ငွေဘယ်လောက် ပေးမယ်စဉ်းစား ထားပါသလဲဆိုတော့ ယောမင်း ကြီး ဦးဖိုးလှိုင် အမိန့်ရှိသလောက် ပေးပါ့မယ်ဆိုတော့ အတိအကျ ပေးပါမယ်ဆိုတော့ ကောင်းပြီ၊ ဒီပတ္တမြားတစ်လုံးကို ကြည့်ပါဆိုပြီး ကတ္တီပါ သုံးထပ်ကို လှပ်ပြလိုက် တဲ့အခါကျတော့ ငမောက်ပတ္တမြား ရဲ့ အောက်မှာရှိတဲ့ဂွမ်းပုံကြီးတစ် ခုလုံး သွေးလိုပဲ နီရဲနေတာကိုတွေ့ရ တယ်။ ငမောက်ပတ္တမြားအကြီး ကြီးရဲ့အရောင်ေ တွက သွေးတွေ ဆိုသလို နီရဲနေတော့ ပြင်သစ် ကိုယ်စားလှယ်တွေလည်း အားလုံး ဆိုသလို အံ့အားသင့်ပြီးတော့ ကမ္ဘာပေါ်မှာတစ်ခါမှ မမြင်ဖူးပါ ဘူးတဲ့။ တိုင်းပြည်တစ်ပြည် မဆို ထားနဲ့ ဆယ်ပြည်လောက်တန် ပါတယ်ဆိုတော့ ဒီမှာဦးဖိုးလှိုင်က သံမှူးတို့ ဒီပတ္တမြားတစ် လုံး တောင်မှ တန်ဖိုးမဖြတ်နိုင်လို့ ရှိရင် မြေအောက်မှာ ပတ္တမြားပေါင်းများ စွာရှိတဲ့ မိုးကုတ်ကို တန်ဖိုး ဘယ် လောက် ပေးမှရနိုင်ပါ့မ လဲဆိုတော့ ဒီမှာ ဒီကိစ္စလည်းကိုလည်း ဖျက် လိုက်နိုင်တယ်။ ပညာရှိရဲ့ ဖြေရှင်း နည်းပေါ့။ ယောအတွင်းဝန်ဦးဖိုး လှိုင်ဟာ သူရဲ့ အဖိုးတန်လှတဲ့ပညာ နဲ့ ဖြေရှင်းခဲ့တဲ့ နမူနာနှစ်ပုဒ်ကို စာ ဖတ်သူများ သိနိုင်ဖို့ ဖော်ပြ ပေး လိုက်ပါတယ်။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်