ပျူ



မြန်မာတွေဟာ အတိအလင်း ဗုဒ္ဓဘာသာဝင်တွေ  ဖြစ် တယ်။ ပါဠိတောင်ပိုင်း ဗုဒ္ဓဂိုဏ်းမှာ ပါဝင်တယ်။ ကျောက်ထက် အက္ခရာတင် မှတ်တမ်းအစောဆုံးကတော့
ပြည်မြို့တောင်ဘက် ငါးမိုင်အကွာမှာ ရှိတဲ့ မှော်ဇာမှာ တွေ့တယ်။

အမှားတော်ပုံကျမ်း ရာဇဝင်စာအချို့က ဆိုကြတယ်။ ဗုဒ္ဓသာသနာဟာ သထုံကနေ ရတာ ဖြစ်ပါတယ်တဲ့။ ဒီမှာ မေးစရာက မွန်တွေဒေသကို ထေရဝါဒဗုဒ္ဓသာသနာက ဘယ်လို ရောက်လာတာလဲ။ အဆို နှစ်ခုရှိတယ်။ 
၁။ အသောကလွှတ်လို့ သောဏနဲ့ဥတ္တရ ရောက်လာတာ။
၂။ သထုံမနူဟာမှာရှိတယ် သွားယူပါလို့ ရှင်အရဟံက ပြောတာ

အလားတူ နောက်ထပ်စိတ်ဝင်စားစရာ မေးခွန်းနှစ်ခုက
၁။ ဗုဒ္ဓသာသနာကို မဇ္ဈိမဒေသက တိုက်ရိုက်ရတာလား
၂။ သီဟိုဠ်က တဆင့်ရတာလား

မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာနဲ့ပက်သက်တဲ့ ရှေးအကျဆုံး ကျောက်စာကို သထုံဘက်မှာ မတွေ့။ ပြည်က မှော်ဇာမှာ တွေ့တယ်။ ယနေ့အထိ တွေ့ရှိချက်ကို စာရင်းတင်ရင် မော်ဇာအနီး မောင်ကံရွှေပြားစာ ရတယ်။ ဘောဘောကြီး ဘုရားနားမှာ ကျောက်စာအပဲ့နှစ်ခုရတယ်။ မော်ဇာမှာ အုတ်စေတီငယ်တစ်ဆူကို ဖုံးထားတဲ့ ကုန်းပေါ်မှာ ကျောက်စာ တစ်ကြောင်းတွေ့တယ်။

မောင်ကန်ရွှေပြား ၂၀ မှာ ယေဓမ္မာဂါထာကို ရေးထား တယ်။ အဘိဓမ္မာထဲက ကောက်နှုတ်ချက် ၁၉ ပိုဒ် နောက်ဆုံးက တြိရတ္နဘုရားရှိခိုးစာ ဖြစ်ပါတယ်။ ပါဠိနဲ့ ရေးထားတယ်။ လက်ရေးက ရှေးကျတယ်။ AD-5 ကဒံဗ လက်ရေးနဲ့ ဆင်တယ်လို့ ထင်တယ်။

ကျောက်စာအပိုင်းအစမှာပါတဲ့ ကောက်နှုတ်ချက်က အဘိဓမ္မာ ဝိဘင်္ဂက ယူထားတာ ဖြစ်ပါတယ်။ ရွှေပြားစာက တော့ အဘိဓမ္မာနဲ့ ဝိနယပိဋက ကယူထားတာ ဖြစ်ပါတယ်။
ပါဠိစာဖြစ်ပါတယ်။ လက်ရေးက တောင်အိန္ဒိယမှာ ရှေးရှေး ကပဲ အသုံးပြုခဲ့တဲ့  နရ-တေလဂု အမျိုးအစားပါ။

မြန်မာပြည်ကို ထေရဝါဒဗုဒ္ဓဘာသာ ဘယ်လမ်းက ရောက် လာသလဲ ဆိုတော့ မြောက်ဘက်ကပဲ မြန်မာနိုင်ငံကို ဝင် လာတယ် ဆိုတဲ့ အဆိုကို မပယ်ဖျက်နိုင်သေးသမျှ ဒါပဲပေါ့။ သီဟိုဠ်က လာပါတယ်လို့ ရဲရဲ ပြောဝံ့စရာ မရှိပါ။ သီဟိုဠ်နဲ့ နီးစပ်တဲ့ အကြောင်းအချက်တွေ ရှိပေမယ့် မှော်ဇာမှာ တွေ့ ရတဲ့ ပါဠိကောက်နှုတ်ချက်တွေဟာ သီဟိုဠ်နဲ့ ထပ်တူမကျ ပါ။


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်