မြို့ရိုး

ဘီစီခေတ်တုန်းက ဂရိတို့၊ အိန္ဒိယ တို့မှာ မြို့တွေကို အဝိုင်း ပုံတည်ကြသလို  ဗရမ္မာပြူ တွေကလည်း မြို့တွေကို အဝိုင်း ပုံတွေပဲတည် ခဲ့ကြပါတယ်။ လူမျိုးမတူပေမယ့် မြို့ပုံစံတွေ တူနေ ကြပါတယ်။ အေဒီခေတ် ထဲရောက်လာတဲ့ အခါ လေးထောင့်ပုံတွေပြောင်း ဆောက်ကြပါတယ်။ လူမျိုး ကတော့ မပြောင်းပါဘူ။ ကမ္ဘာ့သမိုင်းကို လေ့လာဖူးရင် သိကြပါတယ်။

ပျူ ခေတ်မှာ သွားကို ရွှေသွင်းတယ် ဆိုတာ ပျူသင်္ချိုင်း တိုင်းမှာ မတွေ့ရပါဘူး။ ပျူသင်္ချိုငိး အချို့မှာသာ တွေ့ရပါတယ်။ ပျူဆိုရင် သွားကိုရွှေ သွင်းရမယ်လို့ ပြောရင် မမှန်ပါဘူး။ ဟန်လင်း ပျူသင်္ချိုင်း တချို့ကို ဆိုက် museum လုပ် ပြ ထားပါတယ်။ သွားရောက် လေ့လာ နိုင်ပါတယ်။ အဲဒီသင်္ချိုင်း တွေမှာ ရွှေသွားသွင်းတာ မ တွေ့ရပါဘူး။ ပုဂံခေတ်အထိ အချို့တွေ ရွှေသွား ငွေသွား လုပ်တာ ရှိနေတာ တကောင်းကို တိုက်သိမ်းခဲတဲ့ ကူဗလိုင်ခန်ခေတ်မင်းဆက် ယွန်ရှိ တရုတ်မှတ်တမ်းမှာ မှတ်တမ်းတင်ထားပါတယ်။
တချို့ ဓလေ့တွေက လူမျိုးတူပေ မဲ့ အားလုံးလိုက် မလုပ် ကြဘူး။ မြို့အလိုက် ရွာအလိုက်ပဲ လုပ်ကြတယ်။
ဥပမာ မန္တလေးသူတွေ ရွှေခြေကျင်း ဝတ် ခဲ့တဲ့ခေတ် ရှိခဲ့တယ်။
တနိုင်ငံလုံး လိုက်မဝတ်ခဲ့ကြဘူး။ ရွှေခြေကျင်း လိုက်မဝတ်ကြပေမဲ့ အ ခြားမြန်မာမြို့တွေက မြန်မာအ မျိုးသီမီးတွေဟာ မြန်မာတွေပဲလေ။
ကျောက်ဆည်က မြန်မာတွေ ဆင်က ကကြတယ်။
အခြားမြန်မာမြို့တွေမှာ ဆင်က မရှိ ဘူး။ပုဂံခေတ်မြန် မာတွေဆင်စီးကြတယ်။ ယနေ့ ခေတ် မြန်မာတွေlqndcruiser စီးကြတယ်။ မော်တော်ဆိုင် ကယ်စီးကြတယ်။

သရေခေတ္တရာ ခေတ်ကနေ ကုန်း ဘောင် ခေတ်အထိ မြန်မာယောက်ျား တွေ သျှောင်ထုံးထားတယ်။
ဆေးမင်ကြောင် ဒူးကွင်းကျ ထိုး ကြတယ်။ နားဍောင်းတပ် တယ်။ ပန်းပန်တယ်။
ဒီနေ့ခေတ် မြန်မာယောကျာ်း တွေ ရောင်ထုံးမထား ထိုးကွင်းဒူးကျမထိုး နားဍောင်းမတပ် ပန်းမပန်လို့ လူမျိုး မတူ မြန်မာမဟုတ်ဘူးလို့ ပြောကြမှာလား။

ဓလေ့တစ်ခုကို အားလုံးက လိုက်လုပ်တာ ရှိတယ်။
လူမျိုးတမျိုးလုံးက လိုက်မလုပ်တာ ရှိ တယ်။လူမျိုး မတူပေမဲ့ သူများဓလေ့ကို အတုယူ လိုက်လုပ်တာ ရှိတယ်။ ဒါကြောင့် လူမျိုးတူ မတူကို အခြားသော ခေတ်ပြိုင် အထောက် အထားများနဲ့ပါ သိုင်းဝိုင်းပြီး စစ်ဆေးလေ့လာ ရပါတယ်။

ဗရမ္မာခေါ် ပြူတို့ရဲ့  သရေခေတ္တရာ နဲ့ ပု ဂံခေတ် ဦးပိုင်း  တွေမှာ ဗရမ္မာပြူ တွေဟာရွှေငွေ အေဘိုး တန် ကျောက်  တန် ဘိုးမမြင့် တဲ့ ကျောက်နဲ့ ပုတီးစေ့တွေနဲ့ မြေ မီးဖုတ် ပုတီးစေ့ တွေပြု လုပ် သုံးစွဲကြပါတယ်။
ယနေ့ခေတ်လို တွင်ခုံ လျှပ်စစ်မော်တာ စိန်သွားတပ်စူးတွေ မပေါ်သေးတဲ့ ခေတ်မို့ လက်ကိုင်စူးသွားနဲ့ ပဲဖောက် ခဲ့ကြရ ပါတယ်။
ဒိုးယိုးပေါက် မ ဖောက် ကြပဲ တစ်ဖက် ထိပ် က နေ တဝက်လောက် ဖောက်ပြီး ကျန်တစ်ဖက်ထိပ် ကနေ ကျန်တဝက် ကို ဖောက် ခဲ့ကြပါတယ်။

ပွတ်မှုကြောင့် ကြိုးပေါက်လမ်း ကြောင်း ဟာ တ ဖြည်း ဖြည်း ယိုင်စောင်း သွားပါ တယ်။
လမ်းကြောင်း မကောက် ချင်ပဲ ကောက် သွားပါတယ်။ ရွှေ ငွေ ဖလ် ပုတီးစေ့ တွေ ကတော့ မိုနဲ့ သွန်း တဲ့ အချိန် အတွယ် အ မျိုး အစား ပေါ် မှာ မူတည် ပြီး ဖြောင့် တာ ကောက်တာ ဖြစ်ပါလိမ့်မယ်။

လူမျိုးတူပေမယ့် ခေတ်မတူတဲ့ အခါအ မြို့တည်ပုံတွေ ခြားနားကြပါတယ်။
အရှေ့တိုင်းရော အနောက်တိုင်းရောမှာ  ဘီစီခေတ်ကာလမှာ အဝိုင်းပုံမြို့တွေ တည်ခဲ့ကြပြီး အေဒီခေတ်မှာ လေး ထောင့်ပုံမြို့တွေ တည်ကြပါတယ်။

အာရှမှာရော ဥရောပ မှာရော အ ဝိုင်းကနေ လေး ထောင့် ပုံပြောင်းကုန်ကြပါတယ်။
ဘာကြောင့် တကမ္ဘာ လုံးအဝိုင်းပုံကနေ လေးထောင့်ပုံ ပြောင်းတည် ကြ သလဲဆိုတာ အခုထိ ဘယ်ပညာရှင် ကမှ တိတိပပ ရှင်းမပြ နိုင်သေးပါဘူး။

ပျူဆိုတာဘယ်သူလဲ
သရေခေတ္တတရာ လူမျိုးနဲ့နိုင်ငံကို အိန္ဒိယက ဗြဟ္မာ ဗရမ္မာလို့ သိရှိခေါ်ဆိုခဲ့ပါတယ်။
ရှေးတရုတ်တို့က အဲဒီ့ ဗရမ္မာတွေကို ဗရမ္မာလဲခေါ်ပျူလဲခေါ်ပါတယ်။
သရေခေတ္တရာ ခင်ဘကုန်းဌာပနာတိုက်တွေ့ ငွေဗောဓိကြုတ်ပေါ်မှာ  ပုဗရမိ လို့ရေးထိုးထားပါတယ်။
ပျူဗရမ္မာလို့ အဓိပ္ပါယ်ရှိပါတယ်။

ပုဂံခေတ်ဗမာကျောက်စာတွေမှာ  ဗြဟ္မာ ဗရမ္မာဆိုတဲ့ဝေါဟာရကို  ဗရုမ်မာ ပြုမ်မာ ပရုမ်မာ ပြုမာ ပရုမာ လို့လည်းရေးထိုးခဲ့ကြပါတယ်။

ပုဂံမင်းကြီးကို ပုတသိန်းမင်း လိုရေးထိုး ခဲ့ ပါတယ်။
ဒီအထောက် အထားတွေအရ ဗမာ ဗရမ္မာဆိုတာ ပြူ လူမျိုး၊ အတိုကောက်  ပုလူမျိုးတွေပါ။

ဆရာလုစ် ဒီအထောက်အထားတွေကို ထိန်ချန် ထားခဲ့ပါတယ်။
ကျောက် စာတချ ပ်တည်းမှာ ပုရာဂမ္မ လို့ လည်းထိုးတယ်။
ပုဂံလို့လည်း ထိုးထားတယ်။
ပုဂံဟာ ပြူဂါမ ပုဂါမခေါ် ဗမာဂါမ ဗမာ့မြေပါ။  ပြူ ဟာ ဗမာ ဗရမ္မာ မြန်မာပါ။

ဂျွန်၈ရက်၂၀၁၅  ဆွေးနွေးသူ တဦးရဲ့ အကြံပြု ဆွေးနွေးချက်တချူိ့ကိုပြန်ဖြေကြားဆွေးနွေးတာပါ။
ပျူ မြို့တည်နန်းတည်ပုံနဲ့ မြန်မာ မြို့တည်နန်းတည်ပုံ မတူဘူးလို့စောဒကတက်ပါတယ်။

ဒီလိုပြောဖို့ဆိုရင်  ပျူဆိုတာဘယ်သူလဲ ဆိုတာအရင်ပြန်ကြည့် သင့်ပါတယ်။ ခေတ်ပြိုင် အထောက်အထား တွေနဲ့စစ်ကြည့်ရမှာဖြစ်ပါတယ်။
ဒါကသမိုင်းပညာရဲ့စစ်ဆေးပုံ အလုပ် လုပ်ပုံပါ။
အဆင့်ကျော်လို့မရပါဘူး။
ပျူဆိုဘယ်သူလဲရှေ့ပိုင်း ပို့စ် တွေမှာတင်ပြခဲ့ပြီးပါပြီ။

ဆရာဂီရိနိဆိုတာ Tolmy'S GEOGRAPHY သမိုင်းသုတေသနကျမ်းရေးခဲ့တဲ့အင်္ဂလိပ်လူမျိုး ဗိုလ်မှူးကကြီတဦးပါ။
သူ့ကျမ်းကိုROYAL ASIATIC အသင်းကြီးကပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။
အေဒီ၂ရာစု ဂရိသင်္ဘောကပ္ဖတိန်တော်လမီရဲ့အရှေ့တောင်အာရှ ရေလမ်းမှတ်တမ်းပါ အေဒီ၂ရာစုမြန်မာကမ်းရိုးတန်းနဲ့မလေးကျွန်းဆွယ် ကမ်းရိုးတန်းမှာရှိတဲ့ရှေးဆိပ်းကမ်းမြို့တွေနေရာကိုသုတေသနပြုရေးထားပါတယ်။
အဲ့ဒီကျမ်းထဲမှာမြောင်းမြဆိုတဲ့အမည်ဟာ မောရိယဆိုတဲ့အမည်ကနေရွေလာတဲ့အမည်ဖြစ်မယ်လို့ယူဆချက်ကိုဖော်ပြထားပါတယ်     ဦးလေးဦးကျော်ညွန်။

အနော်ရထာမင်း အေဒီ၁၁ရာစုမတိုင်မီ ဗရမ္မာခေါ်ပျုနိုင်ငံ၊ ပျူယဉ်ကျေးမှုအထောက်အထားများသည် မြန်မာနိုင်ငံအတွင်း တစ်နယ်ပြီးတစ်နယ် ပေါ်ပေါက် တွေ့ရှိရလျက်ရှိသည်။
ယခုခေတ် ပဲခူးတိုင်းအတွင်းရှိ ကောလိယမြို့ဟောင်းတွင် ပျူအုတ်ခဲစာများနှင့် ပျူယဉ်ကျေးမှုလက်ရာ ဗုဒ္ဓရုပ်ပွားဆင်းတုပုံအချို့ကို ၂၀၁၄ခုနှစ်အတွင်းတွေ့ရှိခဲ့သည်။
ကောလိယတွေ့ ဗုဒ္ဓဆင်းတုတော်ပုံနှင့် သရေခေတ္တရာ ခင်ဘငွေဗောဓိကျုတ်မှ ဆင်းတုတော်ပုံ နှိုင်းယှဉ်ပြသထားပါသည်။
ဆင်းတုတော် ပလ္လင်အောက်တွင် ဘုရင်မမကိုဋ် ဆောင်းမထားသောအမျိုးသမီးပုံကို ဘုရင်မပုံဟု အချို့သောသူတို့ လွဲမှားပြောဆိုခြင်း များရှိခဲ့သည်။


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်