ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာနဲ့ ပက်သက်ပြီး မြန်မာနိုင်ငံမှာ တွေ့ရတဲ့ ရှေး အကျဆုံး ကျောက်စာကို မော်ဇာဆိုတဲ့ ရှေးပြည်မြို့မှာ တွေ့တယ် ဘာကြောင့် သထုံဘက်မှာ မတွေ့ရတာလဲ မေးစရာ ရှိတယ်။ မောင်ကန်ရွှေပြားစာ တွေ့တယ်။ ဘောဘောကြီးဘုရားအနားမှာ ကျောက်စာအပဲ့ နှစ်ခုရ တယ်။ မော်ဇာမှာ အုတ်စေတီငယ်ကို ဖုံးထားတဲ့ ကုန်းပေါ် မှာ ကျောက်စာ တစ်ကြောင်းတွေ့တယ်။ မောင်ကန်ရွှေပြားစာပါ အဘိဓမ္မာထဲက ကောက်နုတ်ချက် ၁၉ ပိုဒ် နောက်ဆုံး အပိုဒ်က တြိရတ္နဘုရား ရှိခိုးစာ ဖြစ်တယ်။ 

ရွှေပြားစာမှာ အသုံးပြုတဲ့ ဘာသာစကားက ပါဠိဘာသာ ဖြစ်ပေမယ့် လက်ရေးက တောင်အိန္ဒမှာ ရှေးရှေးကပဲ သုံးခဲ့တဲ့ နရ-တေလေဂု အမျိုးအစား ဖြစ်ပါတယ်။ ဒါကို ထောက်ထားပြီး ထေရဝါဒဟာ ပုဂံမတိုင်မီ ကာလများစွာ ကတည်းက ရောက်နေတယ် ဆိုရတယ်။

ဂျာဗားမှာဆိုရင် ဂြီဝိဇယမှာ မဟာယာနဗုဒ္ဓကို ကိုးကွယ်တဲ့ မင်းဆက် အုပ်စိုးဖူးတယ်။ ဒါပေမယ့် အဲချိန်မှာ ဗြဟ္မဏ အယူဝါဒကလည်း ပိန်မသာလိမ်မသာပါပဲ။ စပ္ပါ ကမ္ဘောဇ တို့မှာ အစဉ်အဆက် ကိုးကွယ်သူများက  ဗြဟ္မာဏဝါဒ။

အမှန်က ရှေးဟောင်းမွန်ကျောက်စာတွေမှာ ဟိန္ဒူဓလေ့ ဟိန္ဒူယုံကြည်မှုတွေ ရောပြွမ်းနေတာကို တွေ့နေရတယ်။
သက္ကတကို ဝေါဟာရ အသုံးများတယ်။ (ဥပမာ သွာရ် ဓရ်မ ဆိုတာတွေရှိတယ်) ရှင်ဘုရင်တွေရဲ့ဘွဲ့တွေကို ကြည့်ရင်
ဗြဟ္မာမနာမည်နဲ့တွဲပြီး သက္ကတ ဗုဒ္ဓအယူဝါဒ နာမည်တွေ ပါဝင်နေတာကို သတိထားမိကြပါလိမ့်မယ်။

အထူးသဖြင့် ရှေးမွန်မှတ်တမ်းတွေမှာ သက္ကတက ဆင်းသက်လာတဲ့ ဝေါဟာရတွေ တွေ့မယ်။ ဗြဟ္မာဏ ဆိုတဲ့ ဝေါဟာရကို ထပ်တလဲလဲ တွေ့မယ်။ နတ်ပူဇော် ပသရင် ဗြာဟ္မာဏ သဘောထားနဲ့ အလေ့အကျင့် ပါလာတာကို တွေ့မယ်။ မကြာခဏ ပူဇော်လေ့ရှိတဲ့ နတ်မင်းက နာရာယဏဝိဗဏု လို့ ဖော်ထုတ်လို့ ရတဲ့ နတ်မင်းကြီး ဖြစ်နေပါတယ်။

ပုဂံသရပါတခါးအနားမှာ တွေ့ရတဲ့ တလိုင်းကျောက်စာ အမှတ် ၉ မှာ ဒီလိုတွေ့တယ်။

ဗြာဟ္မာဏ နက္ခတ်ဗေဒဆရာတွေက ရေသယ်ပြီး…
ဘေးတိုင်ကြီးတွေကို ဆေးကြောတယ်။ (ယ) တိုင် (အတ) တိုင်… ဆိုတာတွေ ဖြစ်ပါတယ်။ အစုစု တစ်ဆယ့်ခုနှစ် နေရာမှာ တင့်တယ်အောင် အလှဆင်တဲ့ အနေနဲ့ ငှက်ပျော ပင် စိုက်တယ် အပင်ငယ်တွေဖြစ်တယ်။ ကြံပင် စိုက်တယ်။ ရေအိုးတွေလည်း ချထားတယ်။ ရွှေအိုး ငွေအိုးတွေကို သုံးပါတယ်။ ခရုသင်းမှာလည်း ရေထည့်ထားတယ်။ စပါးကို အခွံချွတ်ပြီး ဖွတ်ပြီး ပြာပြီး စင်ကြယ်အောင် လုပ်ထား တယ်။ ဒုမ္ဗာ(နေဇာ)မြက်ကို ခင်းတယ်။ ဖျာခင်းတယ်။ စင် သီးခြားနဲ့ ပူဇော်ပသရတယ်။ ဖယောင်းတိုင်တွေလည်း ထွန်းညှိရတယ်။ အခုလို အစီအစဉ်ကို ကျကျနန ခင်းကျင်း ပြီးတော့ နာရာယဏကို ပင့်ပါတယ်။ အခါပေး ဗြာဟ္မာဏ တွေက နာရာယဏကို ပူဇော်ကြပါတယ်။

ဒီမှာ သတိပြုစရာက ဗြာဟ္မာဏတို့ ပူဇော်ပွဲမှာပါမြဲဖြစ်တဲ့ ငှက်ပျောနဲ့ နေဇာမြက်ကို အသုံးပြုတာ တွေ့ရတယ်။


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်