သမိုင်းပညာဆိုတာ

သမိုင်းပညာဆိုတာ

သမိုင်းသမား၊ သမိုင်းပညာရှင်တွေ က ရာဇဝင်ဆရာတွေ  ရေးခဲ့ကြတဲ့ ရာဇဝင် စာတွေကို မယုံကြည်ဘူး။ 
သမိုင်းဘာသာ အထူးပြုယူခဲ့တဲ့ သမိုင်း ဘွဲ့ရသူတွေဆို သိတယ်။ နိုင်ငံတကာ  တက္ကသိုလ်သုံး သမိုင်း ပညာဟာ ရာဇဝင် တွေရဲ့ အမှားတွေ ကိုမြင် လို့ရာဇဝင် တွေကို မယုံကြည်ဘူး။ လူ့သမိုင်း အမှန်ကို သိရဖို့ ရာဇဝင်တွေကို မသုံးဘူး။

ရာဇဝင်ဆရာ ဘယ်လိုပြောပြော အထောက်အထား မရှိရင် လက်မခံဘူး။ ဘာကြောင်လဲ ဆိုရင်တော့ ရာဇဝင်တွေ ထဲမှာ ခေတ်ပြိုင် ကျောက်စာ ခေတ်ပြိုင် မှတ်တမ်းတွေနဲ့ မကိုက်ညီတဲ့ အမှား တွေ တွေ့တွေ့ နေရလို့ပါ။ အဲဒီ အမှားမျိုးကို သမိုင်းပညာက လုပ်ဇာတ်လို့ ခေါ်တယ်။

ရာဇဝင်ထဲက လုပ်ဇာတ်ဆို တာ သမိုင်း အတုကို ခေါ်တာ ပါ။ ဥပမာပြောရရင်  မြန်မာရာဇဝင်၊ မွန်ရာဇဝင်၊ ပုဂံရာဇဝင်၊ သထုံရာဇဝင်တွေထဲမှာ အနော်ရထာ လက်ထက် သထုံကို  တိုက်ခိုက် အောင်နိုင်ပြီး၊ သထုံက ထေရဝါဒ ပိဋကတ် သုံးပုံရမှ မြန်မာပြည်မ ပုဂံနဲ့ အညာ တခွင်မှာ ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားတယ်။ အဲဒီ အရင်တုန်းက ထေရဝါဒ ဗုဒ္ဓဘာသာ မရှိဘူး။
မဟာယာန  မဟာယဉ် ဂိုဏ်းပဲရှိတယ် ဆိုတဲ့ ရာဇဝင်စာ ဟာ  ခေတ်ပြိုင် အထောက် အထားဖြစ်တဲ့ ပုဂံခေတ် ရှေးဗမာ ကျောက်စာ သရေခေတ္တရာက ကျောက်စာတွေ၊ ခင်ဘရွှေပေချပ်တွေ  ကဖော်ပြထားတဲ့ ပါဠိသုံး ထရဝါဒ အထောက်အထား ထင်ရှားရှိနေတာတွေ နဲ့ ကွဲလွဲမှားယွင်း နေတယ်။

အထက် တင်ပြပါ ရာဇဝင် စာတွေဟာ တယောက်ယောက်  စတင် တီထွင်ထုတ် လုပ်လိုက်တဲ့ သမိုင်းအတု လုပ်ဇာတ် ဖြစ် နေတာ စစ်ဆေးတွေ့ရှိရတယ်။

ပုဂံခေတ် မူလထိုး ဗမာကျောက် စာ တ ချပ်မှာ အနော်ရထာ မမွေးသေးခင် အ နှစ်တရာကျော် လောက်က ပုဂံမင်း စောရဟန်း လက်ထက်က တုရင်တောင် ထက်မှာ ထေရဝါဒဗုဒ္ဓဘာသာ သိမ်တစ် ဆောင် တည်ထားခဲ့တာ ပြို ပျက်သွားလို့ ပုဂံမင်း ဥဇနာကို လျှောက်တင်တဲ့အခါ ဥဇနာ မင်းကြီးက ဗိသုကာ အဖွဲ့လွှတ် ပြီး ပြန်ပြု ပြင် တည်ပေး ခဲ့တာကို ကျောက်စာ ထိုးမှတ်၊ မှတ်တမ်းတင် ခဲ့ပါတယ်။

ဆရာကြီးဒေါက်တာသန်းထွန်းက   --
``ဒီကျောက် စာတချပ်တည်းနဲ့ပင် အနော် ရထာ သထုံကို မသိမ်းခင်က ပုဂံနဲ့ပြည်မ မှာ ထေရဝါဒ ဗုဒ္ဓဘာသာ မရှိဆို တဲ့  ရာဇဝင်အမှားကို ရှင်းပြီး ဖြစ်တယ်   ´´ လို့ သမိုင်း ဆောင်းပါးတပုဒ်မှာ လွန်ခဲ့တဲ့ နှစ်  နှစ်ဆယ်ကျော်  ကတည်းက ရေးခဲ့ ရှင်းခဲ့ ပါတယ်။

ဆရာကြီးလုစ်လည်း ဒီကျောက်စာ ကို ဖျောက်မရတဲ့ ငြင်း မရတဲ့ အထောက် အထားဖြစ်လို့ စောရဟန်းမင်းလက် ထက် ပုဂံမှာ   အနော်ရထာမင်း မတိုင်ခင် ကတည်းက   ထေ ရဝါဒဗုဒ္ဓ သာသနာ ထွန်းကားနေ ပါပြီလို့   သူ့စာတမ်း တစ် စောင်မှာ  အထက်ပါကျောက်စာကို ကျမ်းကိုးပေးပြီး တော့ ရေးထား ခဲ့ပါတယ်။

ဒါကို ကြည့်ရင် ရာဇဝင် တွေမှာ အလွန် ကြီးမားတဲ့ အမှားတွေ ပါနေတယ်။
ဗမာ ထေရဝါဒ ဗုဒ္ဓသာသနာ သမိုင်းကို လုပ်ဇာတ်ထိုးပြီး ဖျက်ဆီးခဲ့တဲ့သူ ရှိနေခဲ့ တယ်ဆိုတာ သမိုင်းလူလိမ် သမိုင်း ရာဇဝတ်မှု ကျုးလွန်ခဲ့တဲ့သူ ရှေးခေတ်ကတည်းက ရှိနေ တယ်  ဆိုတာ တွေ့ရပါတယ်။

သရေခေတ္တရာမှာ ထေရဝါဒ ပိဋကတ် ၃ပုံ ရှိနေတယ် ဆိုတာ အနော်ရထာ မမွေးခင် ကတည်းက  ဗရမ္မာတို့ရဲ့ သရေခေတ္တရာမှာ  ပါဠိဂိုဏ်း ထေရဝါဒ ပိဋကတ် ၃ပုံ ရှိနေ တာ အလွန်ထင်ရှား ပေါ်ပေါက် နေပါတယ်။

ရာဇဝင်ဆရာနဲ့ ရာဇဝင်စကားကို မျက်စေ့မှိတ်ယုံလို့ မရဘူး။ ဒါကြောင့် သမိုင်းပညာက  ရာဇဝင်စကား  ရာဇဝင် စာတွေကို ခေတ်ပြိုင် အထောက် အထားမရှိရင် မယုံဘူး။ လက်မခံဘူး။

၁၅ရာစုနောက်ပိုင်းကနေစမှားလာကြပုံရှိပါတယ်အမှန်မှတ်တမ်းတွေဟာပြည်တွင်းစစ်ပွဲကာလတွေမှာ တော်တော် ပျက်စီးကြကုန်တယ် ရှေးပေထုပ်မှတ်တမ်းတွေ စဆောင်းလို့ရသမျှနဲ့ မကြိုက်တာတွေဖြုတ်  ဝါဒဖြန့်တာ တချို့ထည့် လုပ်ဇာတ်တွေရေးထည့်နဲ့  ဗမာ ရာဇဝင် မွန်ရာဇဝင် ရခိုင် ရာဇဝင်တွေမှာ အမှန်နဲ့ အမှားတွေ ရောထွေးကြကုန်တယ် သမိုင်းအမှန်ကိုသိချင်ရင် သမိုင်းသုတေသန ရှေဟောင်းသတေသနလုပ်ငန်းတွေ လုပ်ရပါတယ် သုတေသနတွေက ဖော်ထုတ်ပေးတဲ့ ခေတ်ုပြိုင်အထောက်အထားတွေခေတ်ပြိုင်ကျောက်စာတွေကို လေ့လာရင် အမှန်သမိုင်းတွေကို ပြန်သိလာရပါတယ်

ရာဇဝင်ဆရာနဲ့သမိုင်းဆရာ သမိုင်း ပညာရှင် အလွန် ကွဲပြားခြားနားပါတယ်။ ရာဇဝင်ဆရာတွေဟာ ရှေးခေတ် က ပေစာတွေ ပရပိုတ်စာတွေ  ထဲမှာပါတဲ့ အမှားတွေကို မှားမှန်း မသိကြရှာပဲ ယူငင်သုံးစွဲ ဖော်ပြကြတဲ့ အတွက်  ခေတ် ပြိုင် အထောက် အထားတွေနဲ့ တိုက်ဆိုင် စစ်ဆေး ရမှန်း မသိတဲ့အတွက် ရာဇဝင် တွေထဲမှာ  အမှားတွေပါ ပါဝင်နေပါ တယ်။

သမိုင်း ပညာက ရာဇဝင်ဆရာနဲ့ သူတို့ ရေးတဲ့ ရာဇဝင်စာ တွေကို မယုံလို့  ပေါ် ပေါ်က် လာတာပါ။ ရာဇဝင် ဆရာနဲ့ ရာဇဝင် စာတွေကို ယုံ လို့ရမယ်ဆိုရင် သမိုင်းပညာ ပေါ်လာမှာ မဟုတ်ပါဘူး။

ရာဇဝင်တွေထဲမှာ အမှားတွေ  လုပ် ဇာတ်ခေါ် သမိုင်း အတုတွေ၊ လိုရာဆွဲ ရေးတာတွေ  မိမိသမိုင်းဟာ သူများ ထက် နောက်ကျ တာကို စောတယ်လို့ ထင်အောင်  လုပ်ကြံ ရေးသားထားတွေ၊ သမိုင်း မသ် myth  မဟုတ်တဲ့  စိတ်ကူး ယဉ်ပုံပြင်တွေကို လံကြုတ်လုပ်ပြီး ရေးထည့် ထားတာတွေကို ဝါဒဖြန့်  မမှန် မကန် ရေးထားတာတွေ၊ သူတပါးကို မတရား ချိုးနှိမ့် ကဲ့ရဲ့ ရေးထားတာတွေကို သမိုင်း ပညာက စစ်ဆေး တွေ့ရှိပါတယ်။

ဒါကြောင့် ရာဇဝင် တွေကို သမိုင်းပညာ က မယုံဘူး။
ရာဇဝင်ကပြော ထားတာတွေကို ခေတ် ပြိုင် အထောက် အထားတွေနဲ့ ပြန်စစ် တယ်။ ရာဇဝင်က ပြောထားတာနဲ့ ခေတ် ပြိုင် အထောက် အထားတွေ၊  ခေတ်ပြိုင် ကျောက်စာတွေ ကိုက်ညီမှန်ကန် မှသာ  ခေတ်ပြိုင် သက်သေ ရှိမှသာ ရာဇဝင်စကား မှန်ကန်ကြောင်း သမိုင်းပညာက လက်ခံတယ်။

အထောက် အထား မရှိပဲ လက်ခံရင် အ အ ဖြစ်သွားမယ်။
သူများညာတာ ကိုယ်မစစ်ဆေးလို့ ကိုယ်ညံ့လို့  အညာ ခံရမယ်။ ရာဇဝင်ကို အထောက်အထားနဲ့ စစ်ဆေး ရကောင်း မှန်း မသိလို့  ကိုယ့်ကိုယ် ကို ၂၁ ရာစု လူသားကွလို့  ဘဝင်မြင့် ကြွေးကြော်ရင်း  သူများ အညာ ခံထားရ တဲ့   လူအတွေ  အများကြီးပဲ။

သူတို့ကိုယ် သူတို့ အညာ ခံရတာ မသိပဲ ဟုတ် လှပြီ တတ်လှပြီ ထင်တလုံးနဲ့ ဘဝင် မြင့်နေရင်း နဲ့ပဲ  နိုင်ငံတကာ သမိုင်းပညာက အသိ အမှတ်မပြုပဲ အပယ် ခံရတာကို  မသိကြရှာဘူး။

ကရုဏာသက်စရာ  သမိုင်းပညာနဲ့ ပတ် သက်ရင် သနားစရာ သတ္တဝါတွေ ဖြစ် နေကြတယ်။
ပြီးတော့ ခေတ်ပြိုင် အထောက်အထား ရှိတဲ့  သူ များသမို င်းကို မနာလိုဖြစ်နေ ကြရှာရဲ့။

ဒါ ကြောင့် ဆ ရာကြီး ဒေါက်တာ သန်းထွန်းက သမိုင်းပညာ သင်တာ မအ  အောင်လို့ လို့  ဆိုမိန့်ခဲ့တာ   မြန်မာ နိုင်ငံမှာ သမိုင်းပညာ မသင်ဘူးလို့၊ သမိုင်းပညာ  မလေ့လာကြလို့၊ သမိုင်းတို့ နိုင်ငံရေးတို့နဲ့ ပတ်သက်ပြီး  အ  နေတဲ့ သူတွေနဲ့  နှပ်ချ ခံ ထားရသူတွေ  အများ ကြီးပဲ။
အမိမြန်မာနိုင်ငံ အတွက် အများကြီး ရင်လေး မိပါတယ်။

အမှန်ကို မသိ မတတ် အ နေသူတွေ၊ မှိုင်းသွင်းခံရလို့  မှိုင်းသွင်း ခံရမှန်း  မသိသူတွေနဲ့  ဒီမိုကရေစီ  နိုင်ငံကြီး ဘယ်လို ထူထောင်ကြမှာလဲ။ ပြည် တွင်းစစ်ကို ဘယ်လို ရပ်စဲအောင် လုပ်ကြမှာလဲ။

ဆရာကြီး ဒေါက်တာသန်းထွန်းက သမိုင်းကို ခေတ် ပြိုင် အထောက်အထား မပါပဲပြောကြတဲ့ သူတွေနဲ့ ပတ်သက်ပြီး ဒီလို ချီးကျူးထောပနာ ပြုပါတယ်။

သမိုင်း အကြောင်း ပြောရင် အထောက် အထားနဲ့ ပြောရ တယ်။ သမိုင်း အကြောင်း အထောက် အထားမပါပဲ ပြောတဲ့သူဟာ  လူညံ့။ ဟိန္ဒူ မုန့် တမျိုးရှိ တယ်။ ဂျုံ နဲ့ လုပ် ပြီး သ ကြား ရည်စိမ် ထားတယ်  လ ဋူ တဲ့ ''
ဆရာကြီး ဆုံးမခဲ့တာပါ။

ဆရာကြီး ဒေါက်တာသန်းထွန်း သွန်သင် ခဲ့ပါတယ်။
ရာဇဝင်ဆရာတွေ  သမိုင်းပညာ အခြေခံ မျှ မလေ့လာပဲ သမိုင်း ဆောင်းပါး သမိုင်း စာအုပ် ရေးကြတဲ့သူတွေ  နဲ့ပတ်သက်လို့

''သူ များ ပြောတိုင်း ငါမယုံဘူးကွ။ ငါတို့သမိုင်း သမားတွေ ဟာ ပြောတိုင်း မ ယုံရဘူး။ ဘယ်လောက်ပဲ ခမ်းခမ်းနားနား ထည်ထည်ဝါဝါ စကား ပဲဖြစ် ဖြစ် သက် သေ အထောက် အထားမရှိရင်  အလကားပဲ။"

       ကျမ်း ကိုး
(ဦးဝင်းမောင်  ကျွန်တော် ပြောချင်သမျှ ကျွန်တော့် ဆရာသန်းထွန်း အကြောင်း သန်းထွန်း ၈၀ ပြည့်စာအုပ်)

ဆရာကြီး ဒေါက်တာသန်းထွန်းဟာ  သမိုင်းမေဂျာ သမိုင်းဘာသာအ ထူးပြုယူတဲ့ တပည့် ကျောင်းသား ကျောင်းသူတွေကို ဒီလိုလည်း သွန်သင်ဆုံးမလေ့ ရှိပါ တယ်။

အထောက် အထား ရှိမှပြောတယ်။ အထောက် အထား မရှိရင် မပြောဘူး။ အထောက် အထားရှိရင်  ဘယ်သူ ကြိုက်ကြိုက် မကြိုက်ကြိုက် ဂရုမစိုက် ပြောမှာပဲ။
အထောက် အထားတွေ့ပါလျက်  အများ ကြိုက်မှာ  မဟုတ်ဘူး ဆိုပြီး ထိန်ချန် မထားဘူး။ သမိုင်း သမားဟာ  အထောက်အထား ပေါ်မှာ သစ္စာ ရှိရတယ်  ''

   ကျမ်းကိုး   ဝင်းမောင်
ကျွန် တော် ပြောချ င်သမျှ ကျွန်တော့် ဆရာသန်းထွန်း အကြောင်း သန်းထွန်း ၈၀ပြည့် အ ထိမ်း အ မှတ် စာ အုပ်
နှာ ၂၉၀

အမှန်သမိုင်းနဲ့ ပတ်သက်ပြီး ဆရာကြီး ဒေါက်တာ သန်းထွန်းက သွန်သင် ခဲ့ပါတယ်။
အယူအဆဟာ မှန်ကန်တယ်လို့ သက်သေပြနိုင်မှ လက်ခံ နိုင်တဲ့အဆင့် ရောက်တယ်။

သန်း ထွန်း ၈၀ ပြည့်  စာ စု
နှာ ၁၂၈  ကျမ်း ကိုး

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်