အိမ်မွန်

ဗုဒ္ဓဘာသာသုံး သီရိဝစ္ဆ အိမ်မွန်သင်္ကေတ
         ဗုဒ္ဓဘာသာယဉ်ကျေးမှု ကြီး Buddhist Civilization တွင် ဗိသုကာနှင့် ပန်း၁၀မျိုးတို့၌ အသုံးပြုသော အရေးပါထင်ရှားသည့် သင်္ကေတ အချို့ ရှိပါသည် ။ယင်းတို့အနက် စင်္ကြာနှင့်သီရိဝစ္ဆသင်္ကေတ၂ခုသည်အရေးကြီးပြီးအသုံးများသော သင်္ကေတ၂ခုဖြစ်ကြပါသည်။
                    မဟာယာနဗုဒ္ဓဘာသာဂိုဏ်းသည်စင်္ကြာကိုပို၍အသုံးပြုကြဟန်ရှိပြီးထေရဝါဒဗုဒ္ဓဘာသာဂိုဏ်းသည် သီရိဝစ္ဆအိမ်မွန်သင်္ကေတကို ပိုမို၍ အသုံးပြုကြဟန်ရှိသည်။
                    ပါဠိဘာသာသီရိဝစ္ဆ၏ အဓိပ္ပါယ်မှာ မြန်မာလို မွန်မြတ်သောအဆောက်အဦဝါမွန်မြတ်သော အိမ် ဟုဖြစ်ပါသည်း။
                     ဗုဒ္ဓဟောကြားခဲ့သောလက္ခဏသုတ်တော်တွင်  ဘုရားရှင် ၏လက္ခဏာတော်ကြီးငယ်အသွယ်သွယ် တို့အကြောင်းဖော်ပြရာ၌ သီရိဝစ္ဆ အကြောင်းပါရှိသည်။ ဘုရားရှင်ခြေတော်ရာ ပါစက်လက္ခဏာ ၁၀၈ကွက်တွင်သီရိဝစ္ဆ သင်္ကေတအမှတ်လက္ခဏာ ပါရှိကြောင်းဟောကြားခဲ့သည်။
                         ထေရဝါဒဂိုဏ်းဗုဒ္ဓဘာသာဝင်တို့သည် ဘုရားပလ္လင်တံကဲ တရားဟောပလ္လင်တံကဲ ဘုရင့်ပလ္လင်တံကဲ များတွင်၎င်း တံခါး မျာူးပြူတင်းပေါက်များ ဘုရားကျောင်းဝင်းအဝင်တံခါးများတွင်၎င်း မြတ်စွာဘုရားခြေတော်ရာ ၁၀၈ကွက် စက်လက္ခဏာပါ သီရိဝစ္ဆအိမ်မွန်ပုံကို အမွန်အမြတ် ပြုလုပ်ပူဇော် လာခြဲ့ကသည်မှာ ရှေးဘီစီခေတ်မှ ယနေ့ခေတ်တိုင်အောင်ဖြစ်သည်။
                ရှေးအိန္ဒိယသားရှေးဘင်္ဂလားသားတို့သည် သရေခေတ္တရာခေတ်နှင့်ပုဂံခေတ်နိုင်ငံနှင့်လူမျိုးကို ဗရမ္မာ ဗမာ ဟု သိရှိခေါ်ဆိုခဲ့ကြသကဲ့သို့ ရှေးတရုတ်တို့ကလည်း ဗြရမ္မာဟု၎င်း ပျူ ဟု၎င်း မြန်မာဟု၎င်း သိရှိခေါ်ဆိုခံရသောပုဂံဗရမ္မာ တို့သည် ထေရဝါဒ ဗုဒ္ဓသာသနာ နှင့် သီရိဝစ္ဆ ယဉ်ကျေးမှုဓလေ့ တိုကို သူတို့၏ဘိုးဘေး သရေခေတ္တရာ ဗရမ္မာတို့ထံကအမွေခံရရှိခဲ့ကြ ကြောင်းခေတ်ပြိုင်အထောက်အထားများအရထင်ရှားပေါ်ပေါက်နေပါသည်။    ခေတ်ပြိုင်အထောက်အထားများအရ  သရေခေတ္တရာဗရမ္မာနိုင်ငံသည် ဘီစီ၆ ရာစုနှင့် ဘီစီ၃ရာစု ဗုဒ္ဓ အသောကခေတ်နှင့် ခေတ်ပြိုင် ထွန်းကား တည်ရှိခဲ့ပြီး ပုဂံနိုင်ငံသည်အေဒီ ၂၂၅ ခုနစ်တွင် ထွန်းကားနေပြီဖြစ်ကြောင်း တရုတ်မှတ်တမ်းအရပေါ်ပေါက်လျက်ရှိပါသည်။ ဒွါရာဝတီနယ်မှရာမည မွန်နိုင်ငံသည် အေဒီ၈ရာစုတွင် မှစတင်ထွန်းကားကြောင်း ထိုင်းနိုင်ငံရှေးသုဌာနမှ ပြင်သစ်ဆရာကြီးစေးဒီးက တွေ့ရှိရသောမွန်အထောက်အထားများအရ ကမ္ဘာသိဖော်ထုတ်ပြောဆိုခဲ့သည်။ အေဒီ၂၂၅ ပုဂံဗရမ္မာတို့သည်ထေရဝါဒဗုဒ္ဓသာသနာကို  မပေါါ်ပေါက်သေးသော ဒွါရဝတိနယ် မွန်နိုင်ငံမှရရှိစရာမရှိပဲ သူတို့ ဘိုးဘွား သရေခေတ္တရာ ဗရမ္မာတို့ထံက အမွေခံရရှိကြောင်းခေတ်ပြိုင်အထောက်အထားများ အထင်အရှား ရှိနေပါသည်။  ကျွန်တော်၏ ရှေ့ ပိုင်းpost များတွင် ယင်းအထောက်အထားအချို့ကို တင်ပြခဲ့ပြီးဖြစ်ပါသည်။ အေဒီ၁၁ရာစု  သထုံမွန်ထံမှ ပုဂံမင်းအနော်ရထာ သည် ထေရဝါဒ ပိဋကတ်၃ပုံရရှိသည်ဟူသည်မှာလည်းသမိုင်းမှန်မဟုတ်ပဲ ဦးကုလားအပါအဝင် ရာဇဝင်ဆရာတို့ပြောသော အမှားသမိုင်း ပုံပြင် များသာဖြစ်ကြောင်းယသ်းပုံပြင်များကို သမိုင်းပညာရှင်များလက်မခံကြောင်း အနော်ရထာမင်းမမွေးခင် အနှစ်တရာကျော် ကတည်းက ပုဂံမင်းစောရဟန်းသည် ပုဂံဒေသ တုရင်တောင်ထက်တွင် ထေရဝါဒ သိမ်ကြီးတဆူတည်ခဲ့သည့်ကျောက်စာအထောက်အထားရှိကြောင်း ပုဂံနိုင်ငံသည် အနော်ရထာမမွေး ခင်ကတည်းကထေရဝါဒဗုဒ္ဓဘာသာနိုင်ငံဖြစ်ကြောင်း ပုဂံဒေသတွင် အနော်ရထာမတိုင်ခင် တည်ခဲ့သည့်  သရေခေတ္တရာ ထေရဝါဒ ဗုဒ္ဓဘာသာလက်ရာ ဗရမ္မာ ဘုရားခေါ်ပျူ ဘုရား ၂၀ကျော် တည်ရှိနေကြောင်း ရှေ့ပိုင်းPostများတွင် ဖော်ပြထားပါသည်။
           ဒွါရာဝတီနယ်မွန်နိုင်ငံ တွင် ထေရဝါဒ ထွန်းကားကြောင်းပိတကဋ်၃ပုံရှိကြောင်းအထောက်အထားမတွေ့ရသေးပါ။ ထိုနည်းတူစွာပင် အနော်ရထာ မတိုင်ခင်မှအနော်ရထာမင်း လက်ထက်အထိ သထုံတွင် ထေရဝါဒပိတကဋ်၃ပုံရှိကြောင်းအထောက်အထားမတွေ့ရသေးပါ။သထုံတွင်တွေ့ရသည့်   အနော်ရထာမင်းင့်ထက်အနည်းငယ်စောသည်ဟု ဆရာကြီးလုစ်အဆိုပြုထားသောတြာပ်ကျောက်စာနှင့် ပဏ္ဌိတ်ကျောက်စာ၂ချပ်အနက်တချပ်သည် မဟာယာန ဗုဒ္ဓဘာသာကျောက်စာဖြစ်ကြောင်း ဆရာကြီးဒေါက်တာထင်အောင်၏ကမ္ဘာသိသုတေသနစာတမ်း ၁၉၆၈ခုနှစ် အမေရိကန်နိုင်ငံကိုလမ်ဘီယာ တက္ကသိုလ် အရှေ့တိုင်းသမိုင်းပညာ ညီလာခံတွင် ဖတ်ကြားခဲ့သော စာတမ်းတွင်  ဖော်ထုတ်တင်ပြထားပါသည်။ခုနှစ်သက္ကရာဇ်နှင့်ရေးထိုးသူအလှူရှင်အမည်မပါသော ယင်းမွန်ကျောက်စာ၂ချပ်ကို မနူဟာမင်းရေးထိုးသည်ဟု ဆရာကြီးလုစ် ကအထောက်အထားမခိုင်လုံပဲ ထင်မြင်ယူဆပြောဆိုရေးသားခဲ့ပြီး  ဦးလူဖေဝင်း ဦးချစ်သိန်း ဦးနိုင်ပန်းလှ အစရှိသောမွန်ဆရာတို့ကလည်း ဆရာလုစ်ပြောသည့်အတိုင်းလက်ခံယူဆရေးသားကြခြင်းမှာ မနူဟာကို မဟာယာန ကျောက်စာကြီးရေးထိုးခဲ့သောမဟာယန ဂိုဏ်းဝင်မင်းဟု လက်ခံ ပြောဆိုရာ ကျနေပါသည် ။ထိုဆရာတို့အနေနှင့် အနော်ရထာမင်းထက်နှစ်အနည်းငယ်စောစွာ သထုံမင်း။င်မနူဟာရေးထိုးသည်ဟု သထုံမဟာယာနဗုဒ္ဓဘာသာ ကျောက်စာကြီး အကြောင်း ပြောဆိုနေကြခြင်းမှာ  မနူဟာမင်းနှင့် သထုံမြို့သည် ထေရဝါဒမြို့မဟုတ်ပဲ မဟာယာနမြို့ ဟု အဓိပ္ပါယ်ထွက်နေစေပါသည်။
                အေဒီ ၇ ရာစုမှ ၁၀ရာစု    ဒွါရာဝတီနယ် ရှေးမြို့ဟောင်းများတွင်လည်း  ထေရဝါဒပိတကဋ်၃ပုံအထောက်အထားနှင့် သီရိဝစ္ဆအထောက်အထားများကိုတွေ့မြင်ရခြင်းမရှိသေးပဲ ဟင်ဒူနှင့် မဟာယာန ကိုးကွယ်မှု တန္တရယာန အရည်းကြီးဂိုဏ်ါ်း ကိုးကွယ်မှုပြုခြဲကြသော အထောက်အထားများအများအပြားကို နိုင်ငံတကာပညာရှင်များတွေ့ရှိ ပြီး ပြတိုက်ကြီးများတွင် ပြသထားပါသည်။
            သရေခေတ္တရာ မြို့ဟောင်းကြီးတွင် ထေရာဝါဒ ပိတကဋ်၃ပုံ ရေး ရွှေပေချပ်များ ကိုခင်ဘစေတီကုန်းဌာပနာတိုက်မှ ၁၉၂၆-၂၇ ခုနှစ်တွင် ရှေးသုဌာနက လေ့လာတူးဖော် တွေ့ရှိခဲ့သကဲ့သို့  ထေရဝါဒ သီရိဝစ္ဆအိမ်မွန်သင်္ကေတ ပြုလုပ်သုံးစွဲခြင်းများကိုလည်း ဘုရားများနှင့် သရေခေတ္တရာ ဗရမ္မာဒင်္ဂါးများပေါ်တွင် ထင်ရှားစွာတွေ့မြင်ရပြီး ပုဂံဒေသပုဂံ  ဗရမ္မာပြည်ကြီးတွင်ထေရဝါဒ ဆိုင်ရာသီရိဝစ္ဆယဉ်ကျေးမှုကြီး အကြီးအကျယ်ဆက်လက်ထွန်းကားနေကြောင်း သရေခေတ္တရာထေရာဝါဒ ဂိုဏ်းဝင် ပြူခေါ် ဗရမ္မာတို့၏အမြွေ ဗရမ္မာဘုရားခေါ် ပြူစေတီလှိုဏ် ဘုရားများ ပုဂံဒေသကြီးတွင် အဆူ၂၀ ကျော်  အနော်ရထာမင်းမမွေးသေးခင်ကာလကတည်းက တည်ထားကိုးကွယ်ပူဇော်ခဲ့ကြကြောင်းများထင်ရှား ခိုင်မာစွာတွေ့မြင်နေရပြီး ဒွါရာဝတီခေတ်ဒွါရာဝတီနယ်မှမွန်စေတီလှိုဏ်ဘုရားများတွင်  ထေရဝါဒပိတကဋ်၃ပုံ အထောက်အထားမတွေ့ရသေးသကဲ့သို့ ထေရဝါဒသီရိဝစ္ဆသုံးစွဲခြင်း အထောက်အထား မတွေ့ရသေးပါ။


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်