ရာဇဝင်


ရာဇဝင်များတွင် ခေတ်ပြိုင်ကျောက်စာများနှင့် ကိုက်ညီ မှန်ကန်သောအချက် အချို့ကို တွေ့မြင်ရသည်။ သို့သော် ရာဇဝင်များတွင် ခေတ်ပြိုင်ကျောက်စာ ခေတ်ပြိုင်မှတ်တမ်း များနဲ့ မကိုက်ညီပဲ တက်တက်စင် ကွဲလွဲ မှားယွင်းနေသည် တို့ကိုလည်း စစ်ဆေး တွေ့ရှိရပါတယ်။

သမိုင်းပညာဆိုတာက ရာဇဝင်ဆရာပြောတိုင်း မယုံပါ။ ခေတ်ပြိုင်အထောက်အထား မပြနိုင်လျှင် ရာဇဝင်ဆရာ တို့၏ ရာဇဝင်စကားများကို မယုံ။ ပြောတိုင်းယုံလျှင် လူအ ဖြစ်ကာ ရာဇဝင်ဆရာအချို့၏ အညာခံရမည် မှိုင်းသွင်းခံ ရပမယ်။ လုပ်ဇာတ် ပုံပြင်များကို အမှန်သမိုင်းဟု အသိမှား လက်ခံမိမည်။

ရာဇဝင်ဆရာနှင့် သူ့လက်ရာ ရာဇဝင်စာတို့ကို မယုံသော ကြောင့် သမိုင်းပညာဆိုတာ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါ တယ်။ ရာဇဝင်စာတို့ကို သမိုင်းပညာက ကြီးစွာ သံသယ ထားပါတယ်။ သမိုင်းပညာသည် ခေတ်ပြိုင်မှတ်တမ်း ခေတ် ပြိုင်အထောက်အထား တို့ကိုသာ ယုံကြည်လက်ခံ သည်။ ခေတ်ပြိုင်မှတ်တမ်း ခေတ်ပြိုင်ကျောက်စာ ဆိုတာက ဥပမာ သရေခေတ္တရာခေတ်က အကြောင်းများကို သရေခေတ္တရာခေတ်ကလူများ ရေးသားခြင်း ပုဂံခေတ် အကြောင်းကို ပုဂံခေတ်ကလူများ ရေးသားခြင်းများ ဖြစ် ပါတယ်။ ရာဇဝင်စာများတွင် အေဒီ ၁၆ ရာစု ရှေ့ပိုင်းခေတ် များနှင့် ပတ်သက်ပြီး ခေတ်ပြိုင်ရာဇဝင်စာများ ယနေ့တိုင် ပြန်လည် မတွေ့ရှိရသေးပဲ ၁၆ရာစု နောက်ပိုင်းမှ ရာဇဝင် ဆရာအချို့၏ လက်ရာစာများကိုသာ တွေမြင်ရပါသည်။ ထိုပုဂ္ဂိုလ်တို့သည် သူတို့ မမွေးသေးသော လွန်ခဲ့သော နှစ် ၄ရာ နှစ် ၁ထောင် နှစ်၂ထောင်မှ အကြောင်းများကို ခေတ်ပြိုင်ကျောက်စာ ခေတ်ပြိုင်မှတ်တမ်းများ ညီ မညီ  သုတေသနမပြု မစစ်ဆေးပဲ မိမိနှစ်သက်ရာကြိုက်ရာ စာများကို မှန်မမှန် မစစ်ဆေးပဲ ယူသုံးထည့်သွင်းကြ သည့် အပြင် လုပ်ဇာတ် ပုံပြင်များပါ ထည့်သွင်းလာတတ် ကြပါ သည်။ ယင်းနည်းအားဖြင့် သမိုင်းအမှန်သည် ငုပ်ပျောက် သွားကာ လုပ်ဇာတ်ပုံပြင်များက မမှန်မကန် နေရာယူလာ ကြပါသည်။ ယနေ့ခေတ် မြင်တွေ့ဖတ်ရှုနေ ရသော ဦးကုလားရာဇဝငိ ပုဂံရာဇဝင် သထုံရာဇဝင် မှန်နန်းရာဇဝင် တို့သည် ၁၆ ရာစု နောက်ရေးစာများ ဖြစ်ကြပြီး သမိုင်းနှင့်  ပတ်သက်၍ ကြီးမားလှသော အမှားကြီးများ ပါဝင်နေကြ သည်။ ကြီးစွာသတိထာပြီး ဖတ်မှတ်တိုက်ဆိုင် စီစစ်ရပါတယ်


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်