သရေခေတ္တရာ



သရေခေတ္တရာမြို့ဟောင်းကြီးအတွင်းက ခင်ဘစေတီ ကုန်း ဌာပနာတိုက်ကို ၁၉၂၆ - ၂၇ တူးဖော် လေ့လာတဲ့ အခါမှာ ပါဠိဘာသာရေး ထေရဝါဒဂိုဏ်း သုံးပိဋကတ်၃ ပုံ  က ကောက်နှုတ်ရေးထိုးတဲ့ ဓမ္မစာတွေ တွေ့ခဲ့ရပါတယ်။ အေဒီ ၄ ရာ စု နဲ့ ၇ ရာစုကြား ရှေးအက္ခရာတွေလို့ ပညာ ရှင်တွေက ခေတ်ပိုင်းပြပါတယ်။

ဗောဗောကြီးစေတီနဲ့ ဘဲဘဲလှိုဏ်ဘုရားတွေမှာ ဗုဒ္ဓခေတ် အသောကခေတ်သုံး ဗြဟ္မီအက္ခရာ အုတ်ခဲစာတွေ အထောက်အထား၊ ဘုရားထောင် ဘုရားဝင်းထဲမှာလည်း ဗြဟ္မီအက္ခရာ အထောက်အထားတွေ တွေ့ရတာကြောင့် သရေခေတ္တရာ ဗရမ္မာ လူမျိုးတွေဟာ ဗုဒ္ဓခေတ်၊ အသောကခေတ်ကတည်းက ထေရဝါဒဂိုဏ်း ပိဋကတ် ရ ရှိပြီး ထေရဝါဒသာသနာ တည်ခဲ့တယ် ဆိုတာ အလွန်ထင် ရှား နေပါတယ်။

သရေခေတ္တရာ ဗရမ္မာနဲ့ ပုဂံ ဗရမ္မာ လူမျိုးရဲ့ ထေရဝါဒ ဗုဒ္ဓ သာသနာသမိုင်း အမှန်နဲ့ ပတ်သက်လို့ ရာဇဝင်တွေဟာ  ပိုးစိုးပက်စက် မှားယွင်းနေတာရယ်၊ ဗရမ္မာ ထေရဝါဒ သာသနာ ပက်ပက်စက်စက်အဖျက်ခံခဲ့ရတယ် ဆိုတာရယ် ကို သမိုင်းပညာနဲ့ လေ့လာစစ်ဆေး တွေ့ရှိနိုင်ပါတယ်။ တွေ့ရှိရပါတယ်။

ရာဇဝင်တွေမှာ အမှန်တွေနဲ့ အမှားတွေရော ထွေးနေပါ တယ်။ ရာဇဝင်ဆရာတွေရဲ့ စိတ်ကူးယဉ်လုပ် ဇာတ်တွေ ဖြည့်ဇာတ်တွေ ရှေ့နောက်မညီတာတွေ လိုရာဆွဲ ရေးတာ တွေ ပါလေ့ရှိပါတယ်။ ဒါကြောင့် အထောက်အထား မပြနိုင် တဲ့ ရာဇဝင်စာတွေကို သမိုင်း ဆရာတွေက အယုံအကြည် မရှိပါဘူး။

ဥပမာ ထပ်ပြောပြရရင် သထုံရာဇဝင် ကြီးမှာ ပထမ သထုံ မြို့တည်နန်းတည်မင်းဟာ တိဿဓမ္မသီဟရာဇာ ခေါ် ဒွတ္တဘာဂဒွတ္တဘောင်မင်းကြီး ဖြစ်ကြောင်း ဖော်ပြထားပြီး ဒွတ္တဘောင်ဆိုရင် မြန်မာပျူမင်း ဖြစ်ပေမယ့် သထုံမင်းကြီး ကို ဒွတ္တဘောင် ပျူမင်းလို့ ပြောရမှာ မပြောပဲ မွန်မင်း လို့ ရေးလိုက်ပါတယ်။၁၆ ရာစု နောက်ပိုင်းရေး ရာဇဝင်ဆရာရဲ့ လက်ချက်ပါ။သမိုင်းမတတ်တဲ့ သူတွေဟာ သထုံ ပျူမင်းနဲ့ သူ့ရဲ့သထုံ  ပျူမြို့ကို  မွန်မင်း မွန်မြို့လို့  မှားယွင်း မှတ်ယူ ကြကုန်တာ ဒီနေ့ အထိပါပဲ။

တရုတ်စပိုင်မှတ်တမ်းအရ  ဗရမ္မာ ခေါ် ပျူနိုင်ငံကြီး တောင်ဘက်ဟာ ပင်လယ်နဲ့ နယ်နိမိတ်ပါ။ မွန်နိုင်ငံ မရှိ သေးပါဘူး။ သထုံ ရာဇဝင်ကြီးမှာ ဂလာက်ဂေး သထုံ ပျူ မင်း ကို မွန်မင်းလို့ အမှားကြီး မှားထားပါတယ်။

ရာဇဝင်မှာ အမေ မိဖုရားက သားလေး နန်းမရမှာစိုးလို့
ဘုရင်ကြီးထံမှာ နန်း ခဏခဏ တောင်းပေးခဲ့လို့ နန်း တောင်းများမင်းတွင်ကြောင်း ပုဂံရာဇဝင်က ဖော်ပြခံရတဲ့ မင်းဆိုတာဟာ ကျောက်စာမှာ နားဋောင်းများမင်းလို့ ဖော် ပြချက်အရ  နန်းတောင်းတာ မဟုတ်ပါဘူး။ နားဋောင်းများ နားကပ်များ မင်းပါ။
ရာဇဝင်တွေထဲမှာ အမှန်တချို့လည်း ပါပါတယ်။
ရာဇဝင်ကပြောတဲ့ မြန်မာနိုင်ငံ တကောင်းခေတ်မှာ  မဇ္စျိမ က သာကီဝင်တွေ ရောက်ရှိလာတယ် ပြောတာဟာ ကျောက်စာအရ ပုဂံခေတ်အထိ မြန်မာနိုင်ငံမှာ သာကီဝင် ရှိနေကြောင်း မှန်ကြောင်းတွေ့ရပါတယ်။ 

ရှင်ဒိသာပါမောက်ဟာ ကူဗလိုင်ခန်မင်းကြီးထံ ငြိမ်းချမ်း ရေး တမန်အဖြစ် သွားရောက်ခဲ့ကြောင်း ငြိမ်းချမ်းရေး ရရှိ ခဲ့ကြောင်း ရာဇဝင်က ဖော်ပြချက်ဟာ ပုဂံကျောက်စာဖော် ပြချက်နဲ့ ကိုက်ညီ မှန်ကန်တာ တွေ့ရပါတယ်။

ရာဇဝင်တွေဟာ အမှန်တွေနဲ့ အမှားတွေရော ထွေးနေပါ တယ်။ ဒါကြောင့် ရာဇဝင်ဆရာစကားကို ရာနှုန်းပြည့် မမှန် တာ စိတ်မချရတာတွေ သမိုင်းပညာက လေ့လာတွေ့ ရှိ ထားပါတယ်။ ဒါကြောင့်သမိုင်းဆရာက သမိုင်းအကြောင်း ပြောရင် ခေတ်ပြိုင်အထောက်အထားတွေနဲ့ စစ်ဆေးပြီး ခေတ်ပြိုင်အထောက်းအထားရှိမှ ယုံကြည်လက်ခံပါတယ်။
သမိုင်းလို့ ပြောပေမယ့် အထောက်အထား မပြနိုင်ရင် ဘယ်သူပြောပြော လက်မခံပါဘူး သမိုင်းအကြောင်းကို အ ထောက် အထားမပါပဲ ပြောတဲ့သူဟာ လူညံ့လို့ ဆရာကြီး ဒေါက်တာသန်းထွန်းက  ဆိုပါတယ်။

ဦးကုလားမဟာရာဇဝင်ကြီးရယ်လို့ ညောင်ရမ်းခေတ် တနင်္ဂနွေမင်းလက်ထက်မှာ ပေါ်လာတဲ့အခါ  တစ်ခေတ် ချင်းကို ဖော်ပြထားတဲ့ ရာဇဝင်တွေဟာ ရာဇဝင်ငယ်လို့ အခေါ်ခံကြရပါတယ်။ ဦးကုလားက တစ်အုပ်ထဲနဲ့ ရာဇဝင် အစုံကို ပေါ့ပါးလျင်မြန်စွာ ဖတ်လို့ရအောင် သမိုင်းစုံဖတ်လို့ ရအောင် စီရင်ပြုစုရေးသားတယ် လို့ဆိုပါတယ်။
ရည်ရွယ်ချက် ကောင်းပါတယ်။ ရည်ရွယ်သလို အနှစ်ချုပ် သမိုင်းစုံ ဖြစ်ခဲ့ပါသလား။ မြန်မာသမိုင်းစုံ ပြောပြနိုင်ဖို့ ဦးကုလားဟာ ရာဇဝင်ကို ဘယ်လိုပြုစုခဲ့ပါသလဲ။

ဦကုလားဟာ မင်းဘူး ၆ ခရိုင်က ဝါဏိဇဂါမနဲ့ ရှင်ပုဏ္ဏ အကြောင်း ၁ ကြောင်း၂ ကြောင်းမျှပဲ ဖော်ပြပြီး သရေခေတ္တရာပြည်ကြီး အကြောင်းကနေ မြန်မာသမိုင်းကို စတင်တယ်။ ရေးသားဖော်ပြပုံ ခန်းနားတင့်တယ်တယ်။ တကယ်တမ်း မြန်မာသမိုင်း အစုံပါပြီလား။

ီဦးကုလားဟာ မြန်မာသမိုင်းကို ရာဇ၀င်နဲ့ပြောဖို့ သူ့ခေတ်နဲ့ သူကြိုးစားခဲ့တယ်။အခုခေတ်စကားနဲ့ပြောရင် အခြေပြ မြန်မာသမိုင်းပြုစုဖို့ ကြိုးစားခဲ့တာပါ။ သမိုင်းပညာ မပေါ်သေးတဲ့ခေတ်မှာ ရာဇ၀င်စာတွေနဲ့ ကြိုးစားထား တာပါ။ သမိုင်းသုတေသနပညာ ရှေးဟောင်းသုတေသန ပညာတွေ မပေါ်ပေါက်သေးတဲ့ ခေတ်မို့လို့ သူအရင်က ရေးခဲ့တဲ့ ရာဇ၀င်တွေက ရေးထားတာတွေဟာ မှားသလား မှန်သလားဆိုတာကို ခေတ်ပြိုင်အထောက် အထားတွေနဲ့ မစစ်ဆေးပြခဲ့နိုင်ပါဘူး။ ယုတ္တိရှိမယ်ထင်ရင် ယူရေးတယ်။
သူ့အနေနဲ့ ယုတ္တိမရှိဘူး ထင်ရင် မယူဘူး။ ထည့်မရေးဘူး။
ခေတ်ပြိုင် အထောက်အထားနဲ့ စစ်ပြတာ မဟုတ်ဘူး။ 
ရာဇဝင်ချင်း စာ စာချင်းပဲ တိုက်ဖတ်ပြီး ကိုယ်ကြိုက်ရာယူ တာ။ ပင်းယခေတ်ရဲ့ ရှေ့ပိုင်း သမိုင်းကိစ္စတွေမှာ ကျောက်စာနဲ့ ခေတ်ပြိုင်မှတ်တမ်းတွေနဲ့ စစ်ပြတာ အရမ်း အားနည်းပါတယ်။

ရာဇ၀င်ဆရာကြိုက်ရင် မှားနေလည်းမသိဘူး။ ရာဇ၀င်ထဲ ထည့်ရေးလိုက်တယ်။ စာဖတ်သူက ရာဇဝင်ထဲရေးထား တော့ ရှေးသမိုင်းလို့ ထင်လိုက် ယုံလိုက်တယ်။ အဲဒီမှာ ၅ ပါးမှောက်တော့တာပဲ။ အမှားကို အမှန်ထင်  ကိုယ်ဖတ် ထားတဲ့ ရာဇဝင်မှ အမှန်။ အဲဒါနဲ့ မတူရင် အမှားဆိုပြီး ရေတွင်းထဲက ဖားသူငယ်လိုပဲ ကွက်ကွက်ကလေးပဲသိ မြင်တတ်ပြီး အများကြီး ပိုကျယ်ပြန့်တဲ့ အမှန်တရားကို မသိမမြင်နိုင် ဖြစ်ကြကုန်ပါလေရော။ သမိုင်းပညာရှင်နဲ့ တွေ့ရင် ကွဲပါလေရော။ နောက်တခါ ဖြစ်ပုံက ရှေးစာထဲမှာ  အထောက်အထားနဲ့ ကိုက်ညီတဲ့ သမိုင်းမှန် အချက်တွေ ပါနေပေမယ့် ရာဇဝင်ဆရာနဲ့ ရာဇ၀င်သမားတွေက မ ကြိုက်ရင် ဖြုတ်ထားပစ်ခဲ့ကြတယ်။ အဲဒီနည်းနဲ့ ရှေးသထုံ ရာဇ၀င်မှာဖော်ပြ ခဲ့တဲ့ သထုံပျူမင်း တိဿဓမ္မသီဟရာဇာ ဒွတ္တဘောင် အမည်ပါ ဒွတ္တဘောင်ကို ၂၀ ရာစု ရာဇ၀င် ဆရာ တချို့နဲ့ သမိုင်းအမည်ခံ ရာဇ၀င်ဆောင်းပါး သမား တွေက ဖြုတ်ချန်ပြီး သထုံပျူမင်းကို မွန်မင်းလို့ ရေးကုန် ကြလို့ သထုံမှာ မွန်ထက် ပျူသမိုင်းစောခဲ့တာ လူမသိ တော့ပဲ သထုံ ပျူသမိုင်း ပျောက်ကွယ်ခဲ့ရပါတယ်။ သထုံ ပျူဒွတ္တဘောင်နဲ့ သထုံ ပျူသမိုင်း ဖျောက်ခံလိုက်ရပါတယ်။

ဦးကုလား မဟာရာဇ၀င် ကြီးထဲမှာတော့ ပျူရဲ့အစ ဟန်လင်း ဗရမ္မာ သမိုင်းကိစ္စကြီး ကျကျန် ပျောက်ဆုံးနေပါ တယ်။ မုံရွေးဇေတ၀န် ဆရာတော်ဘုရားကြီးရဲ့ စေတီယ ကထာ မည်သော ရာဇ၀င်ချုပ်မှာ ဗရမ္မာလူမျိုးရဲ့ ရှေးသမိုင်း အချို့ကို ဖော်ပြထားပါတယ်။ ရှေးပေစာတွေမှာ တွေ့ရတာ တွေ  ပြန်လည်ဖော်ပြတာလို့ သိရပါတယ်။ ခေတ်ပြိုင် အထောက်အထားတွေနဲ့ ပြန်စစ်ဆေးရပါမယ်။ လိုရင်း တိုရှင်း ဖော်ပြပါမယ်။

ရှေးအခါက သုနာပရန္တတိုင်းလို့ ခေါ်တဲ့ အရပ်မှာ ဟန်လင်း ခေါ် ဟံသာဝတီပြည်ကြီးကို ဗြဟ္မာအသံထွက် ဗရမ္မာလူမျိုး တွေ တည်ထောင်နေထိုင်ကြတယ်။ကာလကြာရှည်တဲ့အခါ ဗြဟ္မာလူမျိုး အမည်ကနေ ဗြူ နဲ့ မြန်မာလို့ ထွင်ပြန် တယ်။

ဇမ္ဗူကွန်ချာကျမ်းနဲ့ ဟန်လင်းရာဇ၀င်တို့ ယှဉ်ဖတ်ကြည့်ရင်  ဗြူ ဆိုတာ ပြူကို ဖော်ပြခြင်းပြီးကြောင်း တွေ့မြင်ရပါတယ်။
ပသဂ၀ိသောဓနီကျမ်းမှာ ဗြဟ္မာကနေ ဗြုဟ္မာ-ပြူဟ္မာ-ပြုမ် မှာ- ပြု မှာ- မြန်မာလို့ ရွေ့လျောခေါ်တွင်ကြောင်း။
ကာဗျတ္တစန္ဒိကာကျမ်းမှာ ဗြဟ္မာ-ဗရမ္မာ-ပရမ္မာ-မရမ္မာ-မြန်မာ လို့ ရွေ့လျောခေါ်တွင်ကြောင်း ဖော်ပြကြပါတယ်။

အဲဒီ့ဖော်ပြချက်တွေဟာ သီရိခေတ္တရာ ခင်ဘ ငွေဗောဓိ ကြုတ်စာ ပုဂံခေတ်ဗမာ ကျောက်စာတွေ ဆိုတဲ့ ခေတ်ပြိုင် အထောက်အထားတွေနဲ့ ပြန်တိုက်စစ်ဆေး ကြည့်တဲ့အခါ မှာ ဗြဟ္မာလူမျိုးဟာ ပြူ ခေါ် မြန်မာလူမျိုးဖြစ်ကြောင်း မှန်ကန်တာ တွေ့ရပါတယ်။

ဦးကုလားဟာ သရေခေတ္တရာခေတ်က စဖော်ပြတယ်။
ရာဇဝင်ချုပ်က ဦးကုလားမဖော်ပြဘဲ ကျန်ခဲ့တဲ့    သရေခေတ္တရာခေတ် ရှေ့က ဟန်လင်း အစရှိတဲ့ ရှေးဦးပိုင်း ကာလက ဗရမ္မာ ဗမာသမိုင်းအကြောင်းကို ရှေးခေတ် ပေ ထုပ်တွေမှာ တွေ့မြင်ရတဲ့အတိုင်း ပြန်ဖော်ပြတယ်လို့ မုံရွေး ဇေတ၀န် ဆရာတော်ကြီးက ဆိုပါတယ်။

ရှေးရာဇ၀င်ပေထုပ်တွေက ဖော်ပြချက်တွေ ဖြစ်လို့ ခေတ် ပြိုင် အထောက်အထားတွေနဲ့ ပြန်စစ်ဆေးရမှာ ဖြစ်ပါ တယ်။ ရာဇ၀င်စာကို အရင်ဖော်ပြပါမယ်။ အကြိုသမိုင်း ခေတ်ရဲ့ဓလေ့အတိုင်း သမိုင်း မစ်သ်နဲ့ စတင်ပါတယ်။
စကြာဝတေးမင်းနဲ့ စပါတယ်။
မန်ဓါတုစကြာဝတေးမင်းရဲ့သားကြီး ရတနာ ၀ရမန်ဓါတု မင်းဟာ ဟန်လင်း ဖြစ်ပေါ်လာမယ့် အရပ်ကို ရောက်ရှိ စိုး စံတယ်။ သုနာပရန္တတိုင်းလို့ ခေါ်တွင်တဲ့အရပ် ဖြစ်တယ်။ တောင်ဘက်မှာ တမ္ပဒီပတိုင်း ဖြစ်တယ် ဒီ ၂တိုင်း အရပ်က လူတွေဟာ ကမ္ဘာဦး ဗြဟ္မာနတ်တို့အနွယ်က လာတယ်။  ဗြဟ္မာနတ်တို့ကို ကိုးကွယ်လေ့ ရှိတယ်။ ဒါကြောင့် ဗြဟ္မာ (အသံထွက် ဗ၇မ္မာ) လူမျိုးလို့ ခေါ်တယ်။ ရှည်လျားသော ကာလဗြူလူမျိုး မြန်မာလူမျိုးလို့ တွင်ပြန်တယ်။ 

မန်ဓါတုစကြာဝတေးမင်း မရှိတဲ့နောက် တိုင်းနိုင်ငံ ကွဲပြား ထူထောင်ကြ၍ ဇမ္ဗူဒီပါကျွန်းအပြင်၌ အသီးသီးမင်းပြုကြ သောကာလ မနုဇိန်ဒ သမ္မတမင်းကြီးဟာ  ဟံသာနာဂရ မည်သော ဟံလင်းမြို့ကြီးကိုတက်တယ်။ မင်းပေါင်းထောင်  ချီစိုးစံတယ်။ ယင်းပြည်ပျက်တဲ့အခါ မဟာမြိုင် အရပ်မှာ မဟာရင်္ဂမြို့ကို ဇနာသဘမင်းကြီး တည်ထောင်တယ်။ အ ထောင် မကသော မင်းတို့ စိုးစံတယ်။ ယင်းပြည် ပျက်သော အခါ  ခေါမတိုင်းအရပ်၌ ရာဇဂဟမြို့ကို စက္ကပါလမင်း တည်ထောင်တယ်။ အထောင်မကသော မင်းတို့ စံနေ ကုန်တယ်။
        ယင်းပြည် ပျက်သောအခါ သောင်ထွတ်မည် စ ဂီရီမြို့ကို ဒေ၀ပီယမင်းတည်ထောင်တယ် မင်းဆက် အ ထောင်မက စံနေတယ်။
   ယင်းပြည် ပျက်လျှင်  ကလေးမည်သော ကာလာဂီ၇ိမျြို့ ကို ဂဇာနာထမင်းတည် ထောင်တယ်။  မင်းဆက် ၅၇ာ ကျော်တယ်။
ယင်းပြည် ပျက်လျှင် ကျွန်းတောကြီးအရပ်ဝယ်  မဟာသာ ကမြို့ကျဓမ္မဒေ၀မင်းတည် ထောင်တယ် မင်းဆက် ၇ ရာ ကျော်တယ်။
ယင်းပြည် ပျက်လျှင် အင်ကြင်းပင်အရပ်၌ စန်ဒပုဏ္ဏမြို့ကို  ဇေယျတိသ မင်းတည်ထောင်တယ် မင်းဆက် ၈၀၀ တည် ၏။ 
ယင်းပြည် ပျက်လျှင် တောင်စည်အရပ်၌ ဂီရိဂရ မြို့ကို ဗဟုသာခမင်း တည်ထောင်တယ် မင်းဆက် ၁၃၀၀ စံနေ တယ်။
ယင်းပြည် ပျက် သောအခါ ပတန်ကြီးအရပ်၌ ဇေတ၀ရမြို့ ကို သာတသာဂရဇာတမင်း တည်ထောင်တယ်။ မင်းဆက် ၃ ထောင်ကျော်၏။
ယင်းပြည်ပျက်လျင် တုံငယ်၀၀ယ် ကုမ္မာဝတီမြို့ကို အသ ကုမ္မာမင်း တည်ထောင်တယ် မင်းဆက် ၄ သောင်းတည်တယ်
        ယင်းပြည် ပျက်လျှင် တခေါင်းအရပ်၌ ရဌ၀တီမျြို့ ကို  ခန္တီဒေ၀မင်း တည်ထောင်တယ် မင်းဆက် ၂ သောင်းစံ တယ်
          ယင်းပြည် ပျက်လျှင် အ၀ တည်ရာ အရပ်၌ တမ္ပဒီပရတနာပူရမြို့ကို ပဒုမစန်ဒမင်းတည်တယ် မင်းဆက် ၈၄၀၀၀ တည်၏
ယင်းပြည်ပျက်လျှင် ရွာပုကြီးအရပ်၌ အလ္လကပ္ပမြို့ကို  ခေမာဘယမင်းတည်ထောင်၏။ မင်းဆက် ၇၀၀၀ ကျော် တည်၏။
ယင်းပြည်ပျက်လျှင် လယ်ကိုင်းအရပ်၌  ကောသမ္ဗီမြို့ ကျပု၇န္တပ္ပမင်းတည်၏ မင်းဆက် ၃၇ာစံ၏
        ယင်းပြည် ပျက်လျှင် စကုအရပ်၌ စတ်ဒဂုတ္တမြို့ကို  ဒေ၀မိတ္တ မင်းတည်၏ မင်းဆက် ၅ ရာခန့် စံ၏
          ယင်းပြည်ပျက်လျှင်  စလင်းရပ်၌စန်ဒ လကာင်္၇မျြို ကို အိသိပတ္တမင်းတည်၏ မင်းဆက် ၈၅၀ စံ၏
             ယင်းပြည်ပျက်လျှင် တောင်တွင်းအ၇ပ်၌ သင်္ကသနာဂ၇မြို့ကို  နရာပဌမမင်းသားတည်၏ မင်းဆက်
၁ ထောင်စံ၏
  ယင်းမြို့ပျက်လျှင်  အ၀အ၇ပ်၌  ဧ၇ာဝတီတမ္ပ၀တီမြို့ ကို  သီဟမုက္ခ မင်းတည်၏ မင်းဆက်၁ ထောင် စံ၏
            ယင်းပြည်ပျက်လျှင် ပင်လယ်အရပ်၌ နန်ဒပူရမြို့ကို မဟာသာမမင်း တည်၏ မင်းဆက် ၃၇ာစံ၏
            ယင်းပြည်ပျက်လျှင် မက္ခရာ အ၇ပ်၌ မက္ကဋပူရမြို့ ကို သီဟမင်းတည်၏ မင်းဆက်၁ ထောင်ကျော် စံ၏
     ယင်းပြည်ပျက်လျှင် ဟံလင်းအရပ်၌ ဟံသာပူ၇မြို့ကို သူရိယ၀ံသမင်းတည်၏ မင်းဆက်၁ ထောင်  ကျော်စံ၏
            ယင်းပြည်ပျက်လျှင် တညွှတ်အ၇ပ်၌  မဟိဒရပူရမြို့ကို သီဟရာဇာမင်းတည်၏  မင်းဆက်  ၆ ရာ စံ၏။
     ယင်းပြည် ပျက်လျှင် တကောင်းပြည်ကြီးကို  သင်းတွဲ သမုတ်၍  ဇောတိဒေ၀မင်း တည်၏ မင်း ဆက် ၇ ၇ာ စေ့ သောအခါ ဇမ္ဗူဒီပဓဇမင်း  (၅၈၉--၅၄၉) နန်းတက်၏

အထက်ပါအတိုင်း ရာဇ၀င်ချုပ်တွင် ရှေးပေစာတို့ အရ ပြန် လည် ဖော်ပြကြောင်း မုံရွေးဆရာတော်ကြီး ဖော်ပြသည်။
ရာဇ၀င်ချုပ်တွင် မပါသော အကြောင်းအရာ အချို့ကို ဇမ္ဗူ ကွန်ချာကျမ်းတွင် ဖော်ပြသည်။
ဇမ္ဗူ့ကွန်ချာကျမ်းတွင်
၁ ဟံသာဝတီ ပြူမင်းပေါင်း ၈၀၀
၂ ရတနာပူရ ခေါ် အ၀ ပြူမင်း ၁၉၀
၃ မက္ခ၇ာ ပြူမင်း ၁၆၀ 
၎ ပင်လယ် ပြူမင်း ၉၇
၅ ကောင်းစင် ပြူမင်း၃၀
၆ ၇ွာပု ကြီး ပြူမင်း ၂၆
၇ လယ်ကိုင်း ပြူမင်း ၄၀
၈ တကောင်း မင်း ၇၇
ဟု ဖော်ပြ ပါရှိသည်
           
အထက်တွင်တင်ပြခဲ့သည့်အတိုင်း ဦးကုလား မဟာ ရာဇ၀င်ကြီးသည်မြန်မ သမိုင်းကို သရေတ္တေရာမှသာ စတင် ဖော်ပြသည်။ သရေခေတ္တရာခေတ် ရှေ့ပိုင်းခေတ်များ  အကြောင်းမပါ။ တကောင်းခေတ်အကြောင်း ပြည့်စုံစွာ မပါ။ စတိမျှသာ မစုံမလင် ရေးသည်။ ဦးကုလားတွင် မဖော် ပြခဲ့သော သရေခေတ္တရာခေတ် ရှေ့က ဗ၇မ္မာခေါ် ပြူတို့၏ အကြိုသမိုင်းခေတ်သည် ဟံလင်းခေါ် ဟံသာဝတီပြည်ကြီး နှင့် အခြားသော ဗ၇မ္မာပြူပြည် ကြီးများအကြောင်းကို ရာဇ၀င်ချုပ်နှင့် ဇမ္ဗူ့ကွန်ချာကျမ်းများတွင် ဗရမ္မာပြူပြည် ကြီး ၂၀ ကျော်နှင့် မင်းဆက်၂၀ ကျော်  မင်းထောင်ပေါင်း များစွာကို ရှေးသမိုင်းပေစာများတွင် တွေ့ရှိ ရသည့်အတိုင်း ဖော်ပြကြပါသည်။ သို့သော် ခေတ်ပြိုင် အထောက်အထား မပြနိင်သည့် ရာဇ၀င် ရေးသားဖော်ပြ ချက်များကို  ပြည်တွင်းပြည်ပ သမိုင်းပညာရှင်များက လက်ခံအတည်ပြု  ခြင်းမရှိ၍ အထက်ပါ ဗ၇မ္မာပြူပြည်ကြီး ၂၀ ကျော် အကြောင်း လွန် ခဲ့သော နှစ်ပေါင်း သိန်းဂဏန်းက အကြောင်းတို့ကို  အလုံးစုံ မှန်ပါသည်ဟု အထောက် အထား လက်လွတ် အတည်ပြု၍ မရပါ။ သမိုင်းပညာ မသင်ဘူးသူ မလေ့လာဘူးသူတို့သာ ရာဇ၀င်များတွင် ပါသမျှ မစစ်ဆေးပဲ လက်ခံရဲကြပါသည်။ ငါ့ ဖတ်ဘူးတဲ့ ရာဇ၀င်မှ အမှန်ဟု သတ္တိကောင်းစွာ ငြင်းခုန်ကြပါသည်။ ပုဂံရာဇ၀င်မူကွဲများ သထုံရာဇ၀င်  မူကွဲများအများအပြား ရှိသည့်အနက် ငါဖတ်ဘူးတဲ့ ရာဇ၀င်မှ အမှန်ဟု တယူသန် ငြင်းဝံ့ကြတယ်။ အဲ့ဒါမျိုး ကျွန်တော် မလုပ်ဝံ့ပါဘူး။

ဟံသာနာဂ၇ခေါ် ဟံသာဝတီခေါ်ဟံလင်းကြီးခေါ်ဟံလင်းပြည် ဟံလင်းမြို့ ဟံလင်းဗရမ္မာပြူ အကြောင်းကို ယခုအထိ တွေ့ရှိထားတဲ့ ခေတ်ပြိုင်အထောက်အထား တွေနဲ့ ဖော်ပြပါမယ်။ 
ကာဗွန်သက်တမ်းအရ ဟံလင်းမြို့ကြီးဟာ ဗိသနိုးမြို့ကြီး လိုပဲ ဘီစီ၂ ၇ာစု(လွန်ခဲ့တဲ့ နှစ် ၂၂၀၀)ကမြို့ ဗြဟ္မီ အက္ခ၇ာ အထောက်အထားအရ ဟံလင်းမြို့ဟာ ဘီစီ ၈ ရာနဲ့ ၃ ရာ ကာလအတွင်းကတည်းက ထွန်းကားနေခဲ့တဲ့မြို့ မြို့ရိုး တောင် မြောက်မြို့ရိုးဟာ မြောက်အရပ် ဓူဝံကြယ်ကနေ ၁၀ ဒီဂ၇ီ ခန့်မျှ မတည့်ပဲ တိမ်း စောင်းနေပုံအရ ဘီစီ၂ ၇ာစု ထက်နောက်မကျပဲ ထွန်ကားနေတဲ့မြို့လို့ ဆ၇ာကြီး ဒေါက်တာသန်းထွန်း ဖော်ထုတ်ပြချက်အရ ပေါ်ပေါက်နေ ပါတယ်။
အဲ့ဒီအပြင် ဟံလင်းမြို့ဟောင်း မြရိုးအပြင်ရပ် တောင်ဘက် ခြမ်းဝန်းကျင်က ပြူသချိုင်းဟောင်းနေရာ တခုကို တူးဖော် လေ့လာရာမှာ ကျောက်ချောခေတ် ပြူေ ကြးခေတ်ပြူ သံ ခေတ်ပြူ နိင်ငံခေတ်သချိုင်းတွေ တနေရာတည်းမှာ အတွဲ လိုက် အထပ်လိုက်တွေ့ရှိပြီး  လူအရိုးတချို့ဟာ ကျောက်တည်လက်စ ဆီမီးဖော့ဆဲ အဆင့်  တွေ့ရှိရပါ တယ်။ ကျောက် စတည်ဖို့ အနည်းဆုံးနှစ် ၄၅၀၀ ကနေ နှစ် ၅၀၀၀ ကြာမြင့်ကြောင်း ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင် တွေက ဆိုပါတယ် အခု တွေ့တာက တည်စမကပဲ တ၀က် တပျက် ဆီမီးအဆင့် ဖြစ်ပါတယ်။ ဒီဟံလင်းပြူ အ၇ိုးစုတွေ ကို လောလော ဆယ်မှာ နှစ် ၅၀၀၀လို့ ပညာ၇ှင် တချို့နဲ့ ရှေးသုဋ္ဌာနက ခေတ်ပိုင်းထားပါတယ်။ဟံလင်း ဗ၇မ္မာ ခေါ် ပြူသမိုင်းဟာ သရေ ခေတ္တရာထက် နှစ် ၃၀၀၀ ပိုစော တယ်ဆိုတဲ့ သမိုင်းအချက်အလက် ပေါ်ပေါက်လာပါတယ်။
ဘုရင်မြှောက်စားလို့နာမည်ကြီးခဲ့တဲ့ ဦးကုလား မဟာ ရာဇ၀င်ကြီးဟာ မြန်မာ ထေရ၀ါဒသမိုင်းအမှား ပုဂံဗရမ္မာ ထေရ၀ါဒ ဗုဒ္ဓသာသနာသမိုင်းအမှား မရှိခဲ့တဲ့ ပုဂံသထုံ စစ်ပွဲသမိုင်း အမှားတွေကို ပုဂံခေတ် ကျောက်စာတွေနဲ့ ကွဲလွဲမှားယွင်းစွာ ဖော်ပြခဲ့ပေမယ့် သရေခေတ္တရာ ရှေ့က နှစ် ၃၀၀၀ ခန့် ပိုစောတဲ့ ဟံလင်း ဟံသာဝတီ ဗရမ္မာပြူ သမိုင်းကို တလုံးတပါဒမျှ ဖော်ပြခြင်း မရှိခဲ့ပါဘူး။ ဦးကုလား ရာဇ၀င်မှာ သရေခေတ္တရာခေတ် ပုဂံခေတ်တို့ နဲ့ ပတ်သက် လို့ ကျောက်စာနဲ့ ကိုက်ညီတဲ့ အမှန်သမိုင်း အချက် အချို့ လည်း ပါရှိပေမယ့် ဦးကုလား မဟာရာဇ၀င်ကြီးမှာ ပြူခေါ် ဗရမ္မာ မရမ္မမြန်မာသမိုင်းနဲ့ ပတ်သက်လို့ အပြည့်အစုံ မပါသေးပါဘူး။   ပြူခေါ် ဗ၇မ္မာ ဗမာသမိုင်းနဲ့ ပတ်သက်လို့ ဦးကုလားရာဇ၀င်ကြီးကို အမှားပြင်စရာ တွေနဲ့ ဖြည့်စရာ တွေ ကျန်ရှိနေပါတယ်။ ခေတ်ပြိုင် အထောက်အထား မပြ ပဲ မိမိ မမွေးသေးတဲ့ ခေတ်တွေရဲ့ သမိုင်းကို နောက်ခေတ် တွေမှာမှ ပြန်ရေးခဲ့တဲ့ နောက် ရေးရာဇ၀င်တွေကို သမိုင်း ပညာက အထောက်အထားမပြနိုင်ရင် မယုံပါဘူး။ လက်မခံဘူး။
      


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်