တည်နေရာ

တည်နေရာ
        ပုသိမ်မုန်ရွာကားလမ်းမကြီးပေါ်ရှိတောင်ဆင်းရွာ နှင့်ရခိုင် ရိုးမကြား  တောင်ဆင်းရွာမှ၃မိုင်ခန့်အကွာ အနည်ကျနုံးမြေကုန်းကြီးကို  ဂဝံတံတိုင်းပတ်၍တည်ဆောက်ထားသည်။
လေးထောင့်ပုံမဟုတ်။

ဘီစီခေတ်တွင်တည်ဆောက်လေ့ရှိသော အဝိုင်းပုံ အမျိုးအစား။ယင်းကုန်းကြီးမှဖြာထွက်နေသောတောင်စွယ်တောင်နှာမောင်းတို့ကိုပါဂဝံတံတိုင်းများပတ်ထားသည်။

ယင်းပျူမြို့ဟောင်းကုန်းကြီးအတွင်းတနေရာတွင်နွေရာသီတိုင်အောင်ရေထွက်သောညောင်တံခါးစမ်းချောင်းရှိသည်။ ယခုအခါ တောပြုတ်၍ နွေတွင် ရေထွက်နည်းသွားသည်။မြို့ဟောင်းကုန်းကြီးပတ်ချာလည်တွင်  ရေထွက်စမ်း ၂၀ခန့် ရှိသည်။

      တောင်ဆင်းရွာမှ ပုသိမ်မုန်ရွာကားလမ်းအတိုင်းမြောက်ဘက်၅မိုင်ခန့်တွင်  ကွင်းကောက်မြို့ရှိသည်။တောင်ဆင်းရွာမှတောင်ဘက်လှမ်းလှမ်းမိုင်၂၀ကျော်ခန့်တွင် ငါးသိုင်းချောင်းမြ်ု့တည်ရှိသည်။

သရေခေတ္တရာ  ဗရမ္မာခေါ် ပျူမြို့ဟောင်း  ကြီး ကတူးဖော်ကုန်း  အသစ်တခုတွင်လည်း အဆောက်အဦဆောက်လုပ်ရာတွင်ဂဝံအသုံးပြုတည်ဆောက် ခဲ့ ကြောင်း တွေ့ရှိထားသည်ဟု သတင်းကြားသိရပြီး သွားရောက်ကြည့်ရှုလေ့လာရန်ရှိပါသည်။

ကွင်းဆင်းလေ့လာခြင်း
         အင်္ဂပူတောကြီးတန်းပျူမြို့ဟောင်းကြီး၏သမိုင်းနှင့်ယဉ်ကျေးမှုလေ့လာဖော်ထုတ်နိုင်ရန်  ၂၀၀၉ခုနှစ်မှ၂၀၁၆ခုနှစ်  ၈နှစ်ခန့်အတွင်းမြို့ဟောင်းကြီးနှငိ့ မြို့ဟောင်း၏အရပ်၎မျက်နှာ စတုရန်းမိုင်၂၀ ပတ်လည်ဒေသအတွင်း   ရှိ ကျေးရွာများ တောတောင်များအတွင်းရှိရှေးဟောင်းစေတီများသို့ကွင်းဆ င်းသုတေသနခရီး ၁၁ကြိမ်ကျော်  ကျွန်တော် ကိုယ်တိုင် သွားရောက်သုတေသနပြုခဲ့သည်  ။

ခရီး ၁ကြိမ်လျှင်  ၂ရက်မှ ၈ရက်  ကြာ ကွင်းဆင်းသုတေသန ပြုသည်။။ဗရမ္မာခေါ်ပျူ အက္ခရာအုတ်ခဲစာများ  လက် ရေးစင်းပျူအုတ်ပိုင်းများ စပါးခွံပျူအုတ်များ ပန်းလိုင်းပျူအုတ်များ ပျူရေတွင်းများ ပျူစေတီများပျူအုတ်ကုန်းဟောင်းများ ပျူအုတ်ရေကန် ပျူနားဋောင်း   ပျူဗုဒ္ဓရုပ်ပွါးများ  ပျူခေတ်အုတ်လှေကားကြီးများကပျူဆေးတံများ ပျူသတ္တုသွန်းမင်းယောကျာ်းရုပ်တု ပျူခေတ်ကျောက်ဆစ်နတ်ရုပ်တုများအစရှိသော ဗရမ္မာခေါ် ပျူယဉ်ကျေးမှုပစ္စည်းအများအပြားတွေ့ရှိမှတ်တမ်းတင်ထားပါသည်။
ပျူအရိုးအိုးများ တွေ့ရှိ ခဲ့သောဒေသခံ ရွာ သားများလည်းရှိပါသည်။

ရှေးဟောင်းဇုံအဖြစ်ထိန်းသိမ်းစောင့်ရှောက်မှု
    ၂၀၁၃ ခုနှစ်တွင်  ဆိုင်ရာဋ္ဌာနမှ လက်ထောက်ညွှန်မှူးနှင့်အဖွဲ့ ယင်း မြို့ဟောင်းကုန်း ကြပ်ပြင်တောရဆရာတော် ဦးပညာသီရိနှင့်တွေ့ဆုံပြီး  ယင်းမြို့ဟောင်း ကြီးကို ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းဒေသတခုအဖြစ် ထိန်းသိမ်းစောင့်ရှောက်ပြီဖြစ်ကြောင်းအသိပေးေ ပြာကြားခဲ့ကြောင်း ဆရာတော်ထံမှပြန်လည်ကြားသိရပါသည်။

သရေခေတ္တရာ ဗရမ္မာနိုင်ငံနှင့်ပုဂံ ဗရမ္မာနိုင်ငံအကျယ်အဝန်း
         သရေခေတ္တရာလူမျိုးနှင့်နိုင်ငံ , ပုဂံလူမျိုးနှင့်နိုင်ငံတို့ကို  ရှေးအိန္ဒိယသား ဘင်္ဂလားသားတို့က ဗရမ္မာဟု၎င်း ရှေးတရုတိတို့က လည်းဗရမ္မာ ဗမာဟု၎င်း သိရှိခေါ်ဆိုမှတ်တမ်းတင်ခဲ့ကြသည်။

ရှေးတရုတ်တို့ကဗရမ္မာလူမျိုးသည်ပျူလူမျိုးဖြစ်ကြောင်းကိုပါစုံစမ်းသိရှိမှတ်တမ်းတင်ခဲ့ကြသည်။
       ဘီစီ၂ရာစုမှအေဒီဒီ၁၀ရာစုအထိ တရုတ်နန်းတော်သည် ဗရမ္မခေါ်ပျူနိုင်ငံသည် မြောက်ဘက်တွင်ယူနန်နှင့်နယ်ချင်းစပ်ပြီးတောင်ဘက်တွင်ပင်လယ်အထိကျယ်ဝန်းကြောင်းစုံစမ်းထောက်လှမ်းသိရှိမှတ်တမ်းတင်ခဲ့သည်။

ယင်းကာလဘီစီ၂ရာစုမှအေဒီ၁၀ရာစုအထိ ပျူခေါ်ဗရမ္မာနိုင်ငံ  သရေခေတ္တရာလည်းခေါ် ပုဂံနိုင်ငံလည်းခေါ်သောထိုနိုင်ငံတောင်ဘက်တွင် ပင်လယ်သာရှိပြီးမွန်နိုင်ငံမရှိ။ ယင်းဗရမ္မာဗမာခေါ်ပျူနိုင်ငံ၏အရှေ့ဘက်တွင် ဒွါရာဝတီခေါ်နိုင်ငံရှိပြီးအေဒီ၉ရာစု ဒွါရာဝတိနိုင်ငံသည် ဗရမ္မခေါ်ပျူနိုင်ငံ၏လက်အောက်ခံနိုင်ငံဖြစ်ကြောင်း  အေဒီ၉ရာစုဗရမ္မာခေါ်ပျူနိုင်ငံရောက်တရုတ်သံအဖွဲ့က စုံစမ်းသိရှိမှတ်တမ်းတင်ခဲ့ကြောင်း ဆရာကြီးG.H.Luce  ကိုယ်တိုင် တရုတ်မှတ်တမ်းများကိုဖတ်ရှုစစ်ဆေးပြီးဖော်ပြခဲ့သည်။

     ယင်းအပြင် ဗရမ္မာ မြန်မာ ပျူခေါ် ပုဂံနိုင်ငံ၏တောင်ဘက်တွင် နိုင်ငံအသစ်ဖြစ်သော တလိုင်းနိုင်ငံသည် အေဒီ၁၂၈၉ခုနှစ်တွင် ပေါ်ပေါက်ခဲ့ကြောင်း တရုတ်အရာရှိကြီးတဦးကိုယ်တိုင် ထိုနိုင်ငံသို့ရောက်ရှိခဲ့ကြောင်း တရုတ်နန်းတော်မှတ်တမ်းအရG.H.Luceဖော်ပြခဲ့သည်။

တလိုင်းနိုင်ငံဟူသည်မှာ ကျွန်တော့်အာဘော်မဟုတ်ပါ။တရုတ်မှတ်တမ်းတွင်ပါရှိသည့်အတိုင်းဆရာကြီးG.H.Luce ကတလိုင်းနိုင်ငံဟု ရေးသားဖော်ပြခြင်းကိုသမိုင်းသုတေသနစာတမ်းရေးသားခြင်းဆိုင်ရာစည်းကမ်းသတ်မှတ်ချက်အရ ကျမ်းကိုးပြုသူတို့ပြင်ဆင်ခွင့်မရှိ၍Luceရေးခဲ့သည့်အတိုင်းဖော်ပြပေးရခြင်းဖြစ်ပါသည်။

မွန်တို့မခေါ်စေလိုသောတလိုင်းအမည်ကို ကျွန်တော်သုံးစွဲံလိုစိတ်မရှိပါ။ အလွန်အားနာပါသည်။
တရုတ်နန်းတော်မှစုံစမ်းထောက်လှမ်းမှုအရ ဗရမ္မာဗမာခေါ် ပျူနိုင်ငံခေါ်ပုဂံနိုင်ငံတောင်ဘက်တွင် အေဒီ၁၂၈၈ခုအထိ မွန်နိုင်ငံမရှိသေးပါ။

သရေခေတ္တရာအတိတျာမင်းကျောက်အိုးစာအထောက်အထားအရလည်းသရေခေတ္တရာနိုင်ငံသည် ဒလ ပါဒ ပဲကူးတကလ(တိုက်ကုလား)  တကွာပါ(ယခုမလေးရှားနိုင်ငံအတွင်း)နှင့်ပသျူးတိုင်းအထိကျယ်ဝန်းကြောင်းထင်ရှားပေါ်ပေါက်လျက်ရှိပြီးသရေခေတ္တရာနိုင်ငံတောင်ဘက်တွင် မွန်နိုင်ငံမရှိသေးကြောင်းလည်းထင်ရှားပေါ်ပေါက်လျက်ရှိပါသည်။
အမှန်သမိုင်းကိုသိချင်လျှင်  အမှားများ လုပ်ဇာတ်များရောပြွမ်းနေသော ရာဇဝင်ကိုလိုက်၍မရပါ။

ရာဇဝင်စွဲလန်းစိတ်မျိုးဖြင့် သမိုင်းအကြောင်းဝင်ပြောဒ
၍မရပါ။အမှန်သမိုင်းအကြောင်းပြောချင်လျှင် ခေတ်ပြိုင်အထောက်အထားများဖြင့်ပြောရမညိဖြစ်ကြောင်း ခေတိပြ်ုငိအထောက်အထားမကါပဲသမိုင်းအကြောင်းပြောသူသည် လူညံ့ ဠဋူဖြစ်ကြောင်းဆရာကြီးဒေါက်တာသန်းထွန်း သွန်သင်ခဲ့ပါသည်။ သမိုင်းပညာသမိုင်းသုတေသနပညာနှင့် ခေတ်ပြိုင်အထောက်အထားများကိုသာ လေ့လာကြည့်ရှုရမည်ဖြစ်ပါသည်။ 

       အမှားများ လုပ်ဇာတ်များရောထွေးပါရှိနေသော ရာဇဝင်တို့ကို အမှန်သမိုင်း  အတွက် ယုံကြည်၍မရကြောင်းသမိုင်းပညာက စစ်ဆေးတွေ့ရှိသဖြင့် ရာဇဝင်ကိုမယုံကြည် နိုင်၍သမိုင်းပညာပေါ်ပေါက်အသုံးပြုကြခြင်းဖြစ်ပါသည်။

အထက်၌တင်ပြခဲ့သော တရုတ်မှတ်တမ်းများနှင့် သရေခေ တ္တရာအတိတျာမင်းကျောက်အိုးစာအထောက်အထားများအရ  ဗရမ္မဗမာ ခေါ်ပျူနိုင်ငံတောင်ဘက်တွင်  အေဒီ၁၂ရာစုတဝက်ကျိုးသည် အ    ထိ  မွန်နိုင်ငံ မရှိသေးပါ။
          ယခုအထိလည်းမြန်မာနိုင်ငံတောင်ပိုင်းကမ်းရိုးတန်းဒေသတလျှောက်တွင် အေဒီ၁၁ရာစူု ပုဂံအနော်ရထာမင်းမတိုင်ခင်မွန်နိုင်ငံမွန်ယဉ်ကျေးမှုအထောက်အထားများကိုတွေ့မြင်ရခြင်းမရှိပဲ ပျူခေါ်သရေခေတ္တရာဗရမ္မာမြို့ပြယဉ်ကျေးမှု အထောက်အထားများ ဖြစ်သောဗရမ္မာပျူ  ဗုဒ္ဓရုပ်ပွါးများ ဗရမ္မာပျူအက္ခရာအုတ်ခဲစာများဗရမ္မာပျူအက္ခရာစဥ့်စာများဗရမ္မပျူပုတီးစေ့များဆေးတံများ ဗရမ္မပျူစေတီဟောင်းများနှင့်အုတ်ကုန်းပျက်များ ဗရမ္မာပျူအရိုးအိုးများကိုအမြောက်အများတွေ့မြင်နေရပေသည်။

ဦးနိုင်ပန်းလှ ဦးစံဝင်း နိုင်ဘီ ထော မွန်ဇြာတို့၏စာအုပ်များတွင် ဖော်    ပြရေးသားထားကြေ   သာ အယက်သမ ဝင်ကတွင်တူးဖော်တွေ့ရှိသော အုတ်ခွက်ဘုရားပါ အေဒီ၆ရာစုမွန်အက္ခရာမွန်စာဟုဆိုသောအက္ခရာတို့မှာ အေဒီ၆ရာစု ၈ရာစု အက္ခရာမျိုါ်များမဟုတ်ကြပဲ အေဒီ၁၁ရာစုအက္ခရာများသာဖြစိကြောင်းစစ်ဆေးတွေ့မြင်ရပါသည်။

အေဒီ၆ရာစု 'ကနှင့်အ'  အက္ခရာတို့မှာခြေတံရှည်များထညိ့သွင်းရေးသားသောအက္ခရာပုံစံများဖြစ်ပြီး  အေဒိ၁၁စု 'ကနှင့် အ'  တို့မှာယနေ့ခေတိရေးသားသကဲ့သို့  ခြေတံရှည်လုံးဝမပါရှိသော''က နှငိ့ အ ''  ပုံစံများဖြစ်ကြ၍  အေဒီ၆ရာစုစာလော  အေဒီ၁၁ရာစုစာလော
ခွဲခြားရ လွယ်ကူလှပါသည်။

        အေဒီ၁၁ရာစု အက္ခရာများကို အေဒီ၆ရာစု ၇ရာစု အက္ခရာများဟု ဦးနိုင်ပန်းလှ  ဦးစံဝင်း နိုင်ဘီထောမွန်ဇြာတို့ အက္ခရာ မကျွမ်းကျင်ပဲ မှားယွင်းရေးသားပြောဆိုမှုများ ကြောင့် အယက်သမ ဝင်းကသထုံမြို့ဟောင်း ဒေသ တွင် ရှေးသုဌာနက  တူးဖော်တွေ့ရှိခဲ့သော အေဒီ၁၁ ရာစု မွန်စာပါ အုတ်ခွက်ဘုရား၂ဆူကို အေဒီ ၆ရာစု ၇ ရာစု မွန်အုတ်ခွက်ဘုရားများဟု၎င်း  အေဒီ၆ -၇  စု မွန်ယဉ်ကျေးမှု အထောက်အထားဟု၎င်း  မွန်လူမျိုးများ အပါအဝင်  မြန်မာနိုင်ငံပြည်သူများ  အသိမှားအမှတ်မှား စရာများဖြစ်ကြကုန်ပါသည်။


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်