ပေါက်ပေါက်ရှာရှာ လာမေးလို့ ပေါက်တတ်ကရ ဖြေသည်

ပေါက်ပေါက်ရှာရှာ လာမေးလို့ ပေါက်တတ်ကရ ဖြေသည်
**************************

"မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့် တာ။ ဒါပေမဲ့ ထင်သလောက်မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်း တွေကြောင့်လဲ???"

အေးဟ ပြောရရင်တော့လား ...
အမေရိကကို နှစ် ၁၀၀ နောက်ဆုတ်ရုံ ဘယ်ရမလဲ လွတ်လပ်ရေး မရခင် ၁၇၈၃ ဂျူလိုင် ၄ရက် နေ့ မတိုင်ခင်ကထဲက သူ့ကုန်ထုတ်စွမ်းအား က အနောက်ဥရောပထက် ပိုနေခဲ့ပီလေ။

သူ့ လူဦးရေ မှာ ၉၀ ရာနှုန်းလောက်က လွတ်လပ် တဲ့ အတွေးအခေါ်ကို ချစ်မြတ်နိုးပီးသား ပဲလေ။ သဘာဝကိုက လွတ်လပ်မှု ကြိုးစားမှု တီထွင် ဆန်းသစ်မှု တော်လှန်မှုတွေနဲ့ တည်ဆောက်ထား ခဲ့တဲ့ ရပ်ဝန်းဖြစ်နေတာကိုး။

ဘရစ်တစ်ရှ်တွေ နယူးအမ်စတာဒမ်ကို သိမ်းပီး နယူးယောက်လို့ ပြောင်းလိုက်ပီးတဲ့ အချိန်လောက် ကစပီး ဘရစ်တစ်ရှ် ကိုလိုနီတွေမှာ ဘာသာရေး၊ လူမှုရေး လွတ်လပ်ခွင့်တွေ ပေးခဲ့တယ်...

ဒါကြောင့် ဖိနှိပ်ခံရသူတွေ အဆင့်ခွဲခံရသူတွေ ဥရောပကနေ လှိမ့်ဆင်းလာခဲ့ကြတယ်။ တခြား နိုင်ငံတွေရဲ့ ကိုလိုနီတွေအားလုံးပေါင်းထက် အဆပေါင်းများစွာ လူဦးရေများခဲ့တယ်။ ဒီလူတွေ အကုန်လုံး လွတ်လပ်မှု တိုးတက်မှုကို လိုလားသူ တွေ ချည်းပဲလေ။ ဒါကြောင့် အမေရိကအုပ်မြစ်က ခိုင်ခဲ့တာပေါ့။ သူတို့သွေးထဲမှာကိုက ဒီကျယ်ပြန့် ကြွယ်ဝလှတဲ့ မြေပြင်ကြီးကို အသုံးချပီး လွတ်လွတ် လပ်လပ်ကြီး တီထွင်ဆန်းသစ် ကြိုးစားချင်တဲ့ ညဉ် က ပါလာပီးသားလေ။

နှစ်၁၀၀ မဟုတ်ဖူး လွတ်လပ်ရေး ရရပီးချင်း အာဏာရှင် တက်လာခဲ့ဦး... ဘယ်လောက်မှ ခံမှာ မဟုတ်ဖူး ဖြုတ်ချခံရမှာပဲ။ အဲဒီအချိန်က ကမ္ဘာ့ အကြီးဆုံး အင်ပါယာကိုတောင် အောင်အောင် မြင်မြင် တော်လှန်ခဲ့သေးတာပဲ... အာဏာရှင် တယောက်လောက်ကတော့ အပျော့ပေါ့။

ပြီးတော့ ဒီစာရဲ့ ပထမအစ မေးခွန်းကို တမျိုး ဖြေပေးချင်ပါတယ်။ ဗမာတွေ ကုသိုလ်တွေ အများ ကြီးလုပ်တာမှန်တယ်... ဘာလို့ မချမ်းသာကြ လဲ ဆိုတော့....

ဒါခုဘဝလေ.... လာမှာပေါ့... နောက်ဘဝကျ အော်စီမှာ ဘီယာစက်ရုံပိုင်ရှင်ဆီ သွားဝင်စားချင် ဝင်စားမယ်.... အမေရိကမှာ ဟာလီပိုင်ရှင်သမီးနဲ့ ညားချင် ညားမယ်... စော်ဒီမှာ ရေနံမြေတွေ အမွေ ရချင်ရ မယ်ပေါ့... ဒါပေမဲ့ ကုသိုလ်လုပ်တဲ့သူ ဗမာပြည် တော့ ပြန်မရောက်လာလောက်ဖူး ထင် တယ်... လာရင်လဲ တေဇမြေး ဖြစ်ချင်ဖြစ်မှာပေါ့... အဲ သူငယ်ချင်းရေ... မင်းဆီ ဝင်စားချင်လာ ဝင်စား မှာနော့... )

နောက်ဆုံးအနေနဲ့ ဗမာပြည်ဘာလို့မချမ်းသာလဲ မေးရင် ဒီတိုင်းပြည်က စီးပွားရေးတိုင်းပြည် မဟုတ် လို့ပါပဲ။

တိုင်းပြည်တွေကို ရှေးခေတ်က အကျမ်းဖျင်း ခွဲသလို ပြောရရင် Trading, Cultured, Industrious and Militaristic ဆိုပီး ရှိပါတယ်။

Trading ဆိုတာက စလုံးတို့ ဟောင်ကောင်တို့ လို နိုင်ငံမျိုးကိုခေါ်တာပါ.... ကုန်သွယ်ရေး အဓိက လုပ်တဲ့ကောင်တွေပါ... သူတို့ကဘာလို့ အဲဒီလိုင်း ဝင်သွားလဲဆိုတော့ ကမ္ဘာ့ကုန်သွယ်ရေး ဘိုးအေ ဘရစ်တိန်ရဲ့တည်ထောင်ပေးခဲ့မှုကြောင့်ပါ.... ကုန်စည်ကူးချင်လို့ သိမ်းခဲ့ တည်ထောင်ခဲ့တဲ့ ကိုလိုနီတွေမို့ပါ။

Cultured ဆိုတာကတော့ ကိုရီးယားလို ပြင်သစ်လို ယဉ်ကျေးမှု အလေးထားတဲ့ နိုင်ငံ တွေပါ... ဘရစ်တိန်အောက်မှာ မရှိခဲ့ပါဖူး... ဘာလို့လဲဆိုတော့ ဘရစ်တွေဟာ ယဉ်ကျေးမှု အနုပညာကို ခံစားဖို့ သိပ်သွေးအေးလွန်းပါတယ်။

ဗမာပြည်က ယဉ်ကျေးမှုထိန်းတဲ့နိုင်ငံပါဆိုပီး ဘုမသိ ဘမသိ အော်ချင်ကြမယ်...

ဒီမှာ.. ခများတို့ ဝတ်ဝတ်နေတဲ့ ရိုးရာဝတ်စုံက ဘယ်နှနှစ်လောက်များကြာပီမို့လဲ.... ရန်ကုန်ယူနီဗာစီတီ ကျောင်းသား ကျောင်းသူတွေ စတိုင်အတိုင်း ဝတ်နေကြတာမဟုတ်ဖူးလား.... ဗမာပြည်သမိုင်းမှာ ယဉ်ကျေးမှုကို ဘယ်နား တကယ် ထိန်းလို့လဲ... ဘုရားတည် ဘုရားပြင်တာ ကိုယ့်လိုဘပြည့်အောင် ဆုတောင်းဖို့ မဟုတ် ဖူးလား။

လွန်ခဲ့တဲ့ နှစ်တရာကျော်လေး ကတင် ကုန်ဆုံးသွား ခဲ့တဲ့ ကုန်းဘောင်ခေတ်ယဉ်ကျေးမှုတွေ ဘယ် ရောက်သွားပီလဲ။ မြေဝိုင်းသဘင် ရှိသေးလား... ဂျပန်ခေတ်က ရုပ်ရှင်သမားတွေ ဖလင်မရှိလို့ လိုက်ကပြတဲ့ ပြဇတ်တွေပဲ ခေတ်စားနေတာမလား။ ဒီတော့ ဒို့ဗမာက Cultured State မဟုတ်ဖူး။

နောက်တခု Industrious State အဲဒါက ဂျာမနီလို တရုတ်လို အမေရိကလိုမျိုး ကုန်ထုတ် လုပ်မှုကို အခြေတည်တဲ့နိုင်ငံတွေပဲ... သူတို့က သူများထုတ်တာကို ကုန်ကူးမဲ့အစား ကိုယ်တိုင် ထုတ်သုံးတယ် ရောင်းတယ်။ အဲဒါတွေကတော့ ရေခံမြေခံကောင်းပီး နည်းကညာ ထွန်းကားတဲ့ နိုင်ငံတွေများတယ်။ စလုံးက နဲနဲတော့ဆိုင်တယ်။ ဟောင်ကောင်ကတော့ လုံးဝ သူများပစ္စည်း ယူ ရောင်းတဲ့ကောင်ပဲ။ ဘရစ်တိန်လဲ တော်တော် ဆိုင်တယ်။

ဒို့ဗမာပြည်လဲ အဲဒီထဲ တော်တော်ပါတယ်။ ကုန်ထုတ်မှု စွမ်းအင် ရှိသင့်သလောက်ရှိတယ်... အစိုးရက အားမပေးတဲ့တိုင် ခေတ်အဆက်ဆက် ထုတ်နိုင်ခဲ့တယ်။ ဒါလဲ အင်္ဂလိပ် ကျေးဇူးမကင်းဖူး။

အဲ နောက်ဆုံးတခုကတော့ Militaristic Nations...

အဲဒါကတော့ စစ်အင်အားကို အားကိုးတဲ့နိုင်ငံ... ဟိုးတုန်းကဆို ရောမတို့ ဂရိတို့ပေါ့... အသိသာဆုံး ကတော့ မွန်ဂိုတွေ တာတာတွေ....

အဲ... ဒို့ဗမာက ဒီဘက်မှာ ဆရာကြီးပဲ... အရှေ့နဲ့ တောင်အာရှမှာ မွန်ဂိုနဲ့ ဂျပန်ပီးရင် ဒို့ကထိပ်ပဲ... ဒါတောင် ဂျပန်က စက်မှုခေတ်နောက်ပိုင်းမှ ဒို့ကို မှီတာပါနော်....

ဒို့က ရှိသမျှလူစု ရသမျှ လက်နက်ကိုင်ခိုင်းပီး ဒေသ တွင်း ပတ်ရမ်းလာတာ အတော်လေးကြာခဲ့ပေါ့။ ဒီတော့ ပြောချင်တာက ဗမာပြည်က ရာစုနှစ်ပေါင်း များစွာ စမွေးဖွားလာကတည်းက စစ်တိုက်တာပဲ ကောင်းကောင်း လုပ်တတ်ခဲ့တာကလား...

ကျနော်တို့ ခု မုန့်ဟင်းခါးထဲ ထည့်စားနေတဲ့ ပဲကပ် ကျော်တောင် ဘုရင့်နောင် ယိုးဒယားသွားသိမ်းမှ အပြန် ပါလာခဲ့တာလေ။

ဒီတော့ ဗမာတွေ ဘာလို့ ခုခေတ် မချမ်းသာလဲ မေးရင် စစ်တိုက်ခွင့် မရတော့လို့ပေါ့...

ဟိုအရင်ကလို ဒေသထဲပတ်ကြမ်းပီး တိုက်ရသမျှ သိမ်း ပြန်လာရင် ကျနော်တို့ ဘယ်မှာ စလုံး သွား အလုပ်လုပ်မလဲ တပ်မနဲ့ သွားလုမှာပေါ့... မဟုတ်လားဗျာ...း)


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်