ဘုရားကြီးသို့ကြွခဲ့သော သီဟိုဠ်က မြတ်စွယ်တော်

ဘုရားကြီးသို့ကြွခဲ့သော သီဟိုဠ်က မြတ်စွယ်တော် ***************************


ညတုန်းကပေါ့ အရှင်အကုသိုလ်က မိန့်ကြားတဲ့ သုတလေးတစ်ခု ကြားနာရတာ ကြည်နူးစရာ ဖြစ်ရ
နဝင်ပီယံ ရှိလေစွ

မှတ်သား သိထားလောက်စရာမို့လည်း သုတပွား စေခြင်းငှာ တဆင့်ပြန်ကြား ရေးသား ဝေငှလိုက် သည် တိုင်းဓါးဝယ် အကြေသားတို့ မှတ်သားစုစည်း
ကြစေသော်ဝ်……

၁၉၄၉ ခုနှစ်က အကြောင်းလေးတစ်ခု မိန့်ကြား တာပါ လွတ်လပ်ရေးရပြီးစ မြန်မာပြည်မှာ တိုင်းရေး ပြည်ရာ ရှုပ်ထွေးနေချိန် ဝန်ကြီးချုပ် ဦးနုပေါ့ ကမကထ လုပ် အကျိုးဆောင်လို့ သီဟိုဠ်က
စွယ်တော်နဲ့ ရဟန္တာဓါတ်တော်တွေ ကောင်းကင် ခရီး လေယာဉ်စီးပြီး ကြွမြန်းလာသည့် နေ့ထူး နေ့မြတ် ပေါ့ဗျာ

ထားဝယ်လောက်တင် ကြွတာ မဟုတ်ပါဘူး မြန်မာ တပြည်လုံး မြို့ကြီးတွေ အတော်များများကို ကြွ သွား ခဲ့တာပါ အစိုးရက ကောင်းမှုပေါ့လေ သူတို့ စီစဉ် ပေးတာကိုး

သီဟိုဠ်ကနေ ကြွလာတာ ပထမဆုံး ထားဝယ်ကို
ကြွပါတယ် ထားဝယ်လေဆိပ်မှာနားတော့ လေယာဉ်ကွင်းမှာ ခရိုင်ဝန် ဖြစ်တဲ့ မစ္စတာ အိပ်ခ်ျ
(အိပ်ခ်ျ ကယ်လီ) က ခေါင်းပေါင်းနဲ့ မြန်မာရိုးရာ ဝတ်စုံ ဝတ်ဆင်ပြီး ပထမဆုံး လေယာဉ်ပေါ်ကနေ ပင့်ဆောင်ပါတယ် သူကမှ တဆင့် ရဲဝန်ကြီး ဦးစိုးမြ
စသဖြင့် တစ်ဦးစီ လက်ဆင့်ကမ်းပြီး ပင့်ဆောင်ကြ
တယ် (အိပ်ခ်ျ က မြန်မာမဟုတ်သလို ဗုဒ္ဓဘာသာ လည်း မဟုတ်ပါ ခရစ်ယာန်ဘာသာဝင်ပါ)

လေဆိပ်ကနေ ကားနဲ့ကြွ လာပြီး လောကမာရဇိန် ဘုရားကြီးဝင်းအတွင်းမှာ စံတော်မူပါတယ် အဲဒီမှာ ရာဇဝတ်ရဲဝန်ကလေး ဦးစူး(ဦးသန်းဆွေ၏ အဖေ) သီဟိုဠ်မှာ ပညာသင် ကြားလာခဲ့သူ ဖြစ်လေတော့
သီဟိုဠ်ဘာသာစကားကို ကောင်းစွာတတ်ပါတယ်
သူကပဲ အစစ အရရာ တာဝန်ယူဆောင်ရွက်ပေးခဲ့
ပါတယ်

စွယ်တော်မြတ်နဲ့အတူ နိုင်ငံတော် အစိုးရကိုယ်စား အရာရှိကြီးများ သီဟိုဠ်မှ စွယ်တော်ထိန်း အမတ် များ ဘုန်းတော်ကြီးများ သီဟိုဠ် ကချေသည်များ
လိုက်ပါလာပါတယ် လေဆိပ်မှာ သွားကြိုကြသူများ
ထဲမှာ ထားဝယ်ကူးသန်းရောင်းရေး ဦးထွန်းမြတ် ပညာဝန် ဦးစိန်ခို သင်္ကန်းပရိက္ခရာဆိုင်ရှင် ဦးသော်
ဗဟိုရ်စည် ဦးဘိုးအေး စသူတို့မှာ ထင်ရှားတဲ့သူ တွေပေါ့

စွယ်တော်ကို မကန်းလေးကောင်ကသော ကား ဖောင် ပေါ်မှာ အထက်ဆင့် ခြင်္သေ့လေးကောင်နဲ့
ကြာကလာပ်ခံထားသော ဘုံသုံးဆင့် ပြာသာဒ် မှာ
တည်ကာ ထီးဖြူလေးလက်မိုးလို့ မြို့တွင်းကို လှည့် လည် အပူဇော်ခံပါတယ် ဓါတ်တော်တွေကိုလည်း တင့်တယ်စွာ ဆင်ယင်ပြီး စွယ်တော်နည်းတူ အပူဇော်ခံပါတယ်

သီဟိုဠ်ကလိုက်ပါလာတဲ့ ကချေသည်များ ထားဝယ် က ကချေသည်များဖြင့် အတီးအမှုတ် အကများနဲ့
လှည့်လည်ခဲ့ပါတယ် ကချေသည်များ အားလုံး
(သီဟိုဠ်-ထားဝယ်)ကို ဘုရားကြီးဝင်းနဲ့ ကပ်လျက်
ရှိတဲ့ မရမ်းပင်ကျောင်းမှာ နေရာချထားပေးပါတယ်

သီဟိုဠ်ဘုန်းတော်ကြီးတွေနဲ့ ထားဝယ်ဆရာတော်
တွေကတော့ ပါဠိဘာသာနဲ့ ပြောဆို ဆွေးနွေးကြပြီး
ဘုရားကြီးဝင်းအတွင်း ပွဲလမ်းသဘင်များနဲ့ ဧည့်ခံ ထားပါတယ် အစည်ကားဆုံးလို့ ဆိုရလောက်တဲ့ ပွဲ
ဖြစ်ခဲ့ပါတယ်

ဦးနု ဖြန့်ဝေကုသိုလ်ပြုတဲ့ သီဟိုဠ်က ဗောဓိညောင် မျိုး တစ်ပင်ပါလာရာ ဘုရားကြီးဝင်းအတွင်း အရှေ့ ဘက်မှာ အခမ်းအနားနဲ့ စိုက်ပျိုးခဲ့ပါတယ် အခု မဟာဓမ္မာရုံကြီး ခေါင်းရင်းဘက်ရှိ ဗောဓိညောင်ပင်
ပေါ့ ဘုရားကြီးဝင်းတွင်းမှာ ဗောဓိညောင်ပင် နှစ်ပင် ရှိပါတယ် တောင်ဘက်က အပင်ကို ပြောတာပါ
မြောက်ဘက်က အပင်ကတော့ ဗုဒ္ဓဂယာက ဗောဓိ
ညောင်စေ့ကို ယူပြီး စိုက်ထားတဲ့အပင်ပါ တောင် ဘက်အပင်က သက်တမ်း ပိုရင့်ပါတယ်

အဲဒီအချိန်က ဘုရားကြီးမှာ ဂေါပကအဖွဲ့ရယ်လို့
ပီပီပြင်ပြင် မရှိသေးပေ ကလျာဏမန္တ သုသမ အသင်း ခေါင်းဆောင် ဦးစောဖေ ဦးဆောင်ပြီး မြို့မိ
မြို့ဖလူကြီးများက ပွဲလမ်းသပင်များ အခမ်းအနား
များကို ဆောင်ရွက်ပေးခဲ့ပါတယ် ထားဝယ်မှာ သုံးရက် အပူဇော်ခံပါတယ်

နောက် မြတ်စွယ်တော်များ ကောင်းကင်ခရီးဖြင့်
ပြန်ကြွသွားပါတယ်

မသိသေးတဲ့သူများ သိထားရန် အကျဉ်းမျှသာ


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်