ဦးသန်းထွန်းသို့ တမ်းချင်းတစ်စောင်




သမိုင်းဆိုတာ
မအအောင်သင်တာလို့
ဆရာကြီးပြောခဲ့တယ်နော် ....

ဆရာကသမိုင်းကိုမြတ်နိုးလို့
ကိုယ့်လူမျိုးဆိုတဲ့စိတ်ကြောင့်
ဟုတ်နိုးနိုးဆိုတာတွေတောင်ပယ်
တကယ့်အစစ်တွေပဲ
အနှစ်ထုတ်ပေးခဲ့တယ် .....

အမှန်တရားမြတ်နိုးတက်တဲ့
ကျွန်တော်တို့လူမျိုးတွေ က
right is might ပါလို့ကြွေးကြော်
သမိုင်းမော်ကွန်းတွေလည်း
အထင်ရှားရှိခဲ့ တယ် .....

တွေးမိတိုင်းရင်နာရတယ်
ဝင်လာတဲ့ဧည့်မစစ်တွေရဲ့
တည့်ပစ်တဲ့ ဒုက္ခ
အဝဝ အကြီးကြီးတွေကို
ရင်ဝ နဲ့ စည်းခံနေကြရတာ
သွေးရင်း အိမ်ရှင်တွေပါ ......

ဝေသာလီ ၊ မြောက်ဦး
လျှောက်ဖူးချင်စရာ သမိုင်းမွေတွေ ၊
စန္ဒဂုတ္တရလို
အလက်ဇဒ္ဒါးဘုရင်က
သမက်ဖမ်းချင်ရတဲ့ ရခိုင်ဘုရင်တွေ
ကမ္ဘာမှာ အထင်ရှားရှိပါလျှက်ကယ်နဲ့
မျိုးမစစ်တွေက .... သွေးပိုပြစ်တယ်ဆိုတာကို
ခွေးကိုက်သထက်နာတယ် ......

သမိုင်းရှိ ၊ သမိုင်းသိ
ခေါင်းဆောင်တွေ အရိပ်မိုးရုံနဲ့
ကျွန်တော်မျိုးသေဝံ့ကြောင်းပါ ဆိုတဲ့  
လူငယ်တွေအတွက်
might တွေပျောက်နေကြရတာ
ကျွန်တော်တို့ လူမျိုး ရဲ့သွေးတွေမှာ
Right ဆိုတာ မရှိခဲ့လို့လား .....

မအဖို့ သင်ခဲ့ရတဲ့ မြန်မာ့သမိုင်းတွေမှာ
အကွဲအပြဲဆိုတဲ့
အရာတွေသာများလေတော့
သမိုင်းမအခဲ့တဲ့
ကျွန်တော်တို့ လို လူပါးပေါက်စလေးတွေ
ရင်ဘတ်မှာသာ ပုလင်းကွဲတွေ
အခါခါ ရှနေကြ ရတယ်  ဆရာ......။


(ရုပ်ဆိုး)

ဦးသန်းထွန်းသို့ တမ်းချင်းတစ်စောင်

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်