အလယ်အလပ်

အလယ်အလပ်

ဒီကနေ့ မနက်မိုးလင်း ဖေ့စ်ဘုတ်မှာ သတင်းလေးတွေ ဖတ်မိရင်း ဆောင်းပါးလေးတစ်ခုဖတ်မိသည် ။ Hotnews ဂျာနယ်မှာပါတဲ့ ရွှေကူမေနှင်းရဲ့ အလယ်ကလူဆောင်းပါးလေးပင်ဖြစ်သည်။ ဆောင်းပါးရေးသူ ဟာ အောက်လူ အမြင် ကနေပြီးတော့ အလယ်ကလူ တွေ သတ်လို့ အောက်လူတွေ နစ်နာနေရကြောင်းကို
ဆိုလိုဟန်ရှိသည် ။ အထက်အောက်အဆင့်ဆင့် ကွပ်ကဲကြရသည့် အုပ်ချုပ်ရေးမဏ္ဍိုင် ၏ ယန္တရားများကိုထင်ဟက်ပြသထားသည် ။ မှန်လည်း မှန်ပါသည် ။ သို့သော် ဆောင်းပါးကိုဖတ်အပြီး ပြောချင်တာလေးတွေ စိတ်ထဲပေါ်လာလို့ ဒီအကြောင်းရာလေးကိုရေးလိုက်ရပါသည်။

မြန်မာမိသားစုတွေမှာ သုံးကြတဲ့ စကားတစ်ခုရှိသည် " အလယ်အလပ်" တဲ့ ။ သားကြီးသမီးကြီးကိုတော့ အကြီးဆုံးမို့ဆိုပြီး ချစ်ကြသည် ၊ အဦးလေးမို့ အဖေအမေတွေကရူးကြသည် ။အဖိုးအဖွားတွေ ရူး ကြသည် ။ အငယ်ဆုံး နို့စို့ နို့ညှာလေးတွေ ကျတော့ အထွေးလေးမို့ ဆိုပြီး တစ်မိသားစုလုံးကအရေးပေးကြသည် ။ အလိုလိုက်ကြသည် ။ သားသမီးချင်း အတူတူ ချစ်ကြသည်ဆိုသည့်တိုင်  နွေးထွေးမှုတွေ ၊ အရေးပေးမှုတွေ  လစ်လပ်နေတတ်တာသည်  "အလတ်" များပင်ဖြစ်နေတတ်သည် ။

DSA မှာတုန်းကတော့ ပထမနှစ် ၊ ဒုတိယနှစ် ၊ တတိယနှစ်ဆိုပြီး အပါတ်စဉ် (၃) ခုအတူနေကြတယ် ။ Second year ဖြစ်တဲ့ အလယ် ကလူ ကို Problems of DSA (ဒီအက်စ်အေ ရဲ့ ပြဿနာကောင်များ) လို့ ခေါ်ကြတယ် ။ ဘာလို့ လဲဆိုတော့ ကျောင်းကနေတိုက်ရိုက်ပဲဖြစ်ဖြစ် ၊ နောက်ဆုံးနှစ်သမား တာဝန်ကျများကပဲဖြစ်ဖြစ် ပေးလာတဲ့ တာဝန်တွေ အမိန့်တွေကို အောက်မှာရှိတဲ့ ပထမနှစ်များနဲ့ အတူ တွဲကူအကောင်ထည်ဖော်ကြရသူများမှ ဒုတိယနှစ်သမားများဖြစ်သည် ။ ရည်မှန်းချက်မအောင်မြင်သည့်အခါ  အပေါ်က Pressure လာသည် ။ အပေါ်က ခိုင်းသမျှ အလုပ်တွေ က အောက်က ပထမနှစ်များလိုက်လုပ်နိုင်စွမ်း နဲ့ မတန်တဆ ဖြစ်လာတဲ့အခါ အငယ်များရဲ့ Resistance ကလည်းလာသည် ။  ငြိုငြင်မှု ၊ အမြင်ကတ်မှု များလည်းခံရသည် ။  အဲဒါကြောင့်ပဲ အမြဲလိုလို ပြသနာတက်နေတတ်ပါသည် ။ ဒါသည်လည်း အလယ်ကလူများပင်ဖြစ်သည်။

အရာဝထ္ထု နှစ်ခု ဆက်စပ်သောနေရာမှာပဲဖြစ်ဖြစ် ၊ နယ်ပယ်နှစ်ခုဆက်စပ် နေသောနေရာမှာပဲဖြစ်ဖြစ် အဲဒီ နှစ်ခု ကို ထိစပ် ပေးထားတဲ့ Buffer Zone ဟာ ပြသနာအဖြစ်အများဆုံးနေရာများဖြစ်သည် ။ ခိုင်ခန့် မှု အားအနည်းဆုံးနေရာလည်းဖြစ်သည် ။ တစ်ဖက်နယ်ရယ် တောင်းခံ အားနဲ့ တစ်ဖက်နယ်ရဲ့ ပေး နိုင်စွမ်း မမျှတ လာတဲ့ အခါ ကြားခံ နေရာများ မှာပင် အများဆုံး ပြဿနာတတ်ကြသည် ။  သို့ သော် အဲဒီ ပြသနာများသည်ပင်လျှင် အရည်ချင်း ရှိသော လူတစ်ယောက်ဖြစ်ဖို့ အတွက် အရည်ချင်းစစ်လက်မှတ်များဖြစ်နေပြန်သေးသည် ။ အတွေးခေါ် အယူအဆ ကွာဟ နေတဲ့ အလွှာ ၂ ခု မှာပဲဖြစ်ဖြစ် ၊ ထိပ်တိုက်ရင်ဆိုင်နေတဲ့ အစည်း ၂ ခု မှာပဲဖြစ်ဖြစ် ပြေလည်တဲ့ ဆက်ဆံရေးတွေ ရရှိဖို့ ဆိုတာ အလယ်လူ ရှိမှ သာလျှင်ဖြစ်ပါတယ် ။ ထိပ်တိုက်ရင်ဆိုင်နေတဲ့ အမေရိကန် နဲ့ ဆိုဗီယက်ပြည်ထောင်စုတို့ရဲ့ တတိယကမ္ဘာစစ်ဖြစ်လာမဲ့ အခြေနေကနေ
ပြေလည်ဖို့ စွမ်းဆောင်ပေးနိုင်ခဲ့တာဟာ ကြားခံလူဦးသန့်ဖြစ်ပါသည် ။ အမေရိကန် က ဦးဆောင်ပြီး ရပ်တန့်ရအောင်မပြောသလို ၊ ဆိုဗီယက်ကလည်း ရှေ့ထွက်ပြီး လက်ဆက်ရအောင်လို့ မပြောခဲ့ပါဘူး ။ ကြားခံအလယ် လူ ဖြစ်တဲ့ ဦးသန့်ကြောင့်သာ စေ့စပ် နိုင်ခဲ့တာပါ ။ ကွာဟ နေတဲ့ နယ်ပယ် နှစ်ခုဟာ ကြားခံအလယ်လူတွေ စေ့စပ်ပေးမှု နဲ့ သာအဆင်ပြေနိုင်ပါတယ် ။

အခု မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဝန်ထမ်းတွေ အပေါ် အမြင်စောင်းမှုများဟာလည်း ဒီအခြေနေတွေနဲ့ မကွာခြားပါ ။  Commander နဲ့ရော Followers တွေနဲ့ပါ အဆင်ပြေအောင်စွမ်းဆောင် နိုင်မှသာလျှင် staff ကောင်းတစ်ယောက်ဖြစ်ပါတယ် ။  အုပ်ချုပ်သူ အစိုးရ နယ် ပယ်နဲ့ ပြည်သူလူထု နယ်ပယ် ၂ ခုစလုံးမှာ ပြေပြေလည်လည်
ထမ်းရွက်နိုင်မှာ သာလျှင် အရည်ချင်းရှိသော ဝန်ထမ်းကောင်းတွေဖြစ်လာကြမှာပါ ။ ထို့ အတူ ပြည်သူလူထု နဲ့ အုပ်ချုပ်ရေးအဖွဲ့ စည်းများ အနေနဲ့လည်း Resistance နဲ့ Pressure ကြားမှာ ပျာများနေကြရ တဲ့  " အလယ်အလပ် " ကောင် ဝန်ထမ်းများဘဝကို စာနာတတ်ဖို့လိုပါတယ် ။


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်