တန်လိုင်းမျိုး အရည်းကြီးမျိုးဟု ဆိုကြလေသောအခါ


****************************
သံချိုလေးချိုး အစပျိုးလို့
တလိုင်းသုံးရပ် မွန်တိုင်းမြတ်ကို
လှည့်ပတ်ကာဖြင့် စုတုပြုပြီ
တန်လိုင်းလေးရပ် လူမျိုးထပ်တို့
သိအပ်စေကြောင်း သီကာကုံးသည်
အရည်ကြီးမျိုး တလိုင်းမျိုးတို့
မုန်းမာန်ဆပွား ရင်တွင်းသားအား
စွန့်ကာချေဖျက် ကျေစေလိုကြောင်း
ရည်ရွယ်ရိုးဖြင့် ချစ်မုန်းမဖက်
မေတ္တာသက်နှင့် လက်တွဲညီမျှ
စုပေါင်းညှိထား ထိုစွမ်းအားဖြင့်
သာသနာကျိုး နိုင်ငံ့ကျိုးကို
ထွန်းလင်းစေသော် လင်းစေသော်
ကဗျာ့ပါရဂူဖြစ်တော်မူသော မာန်လည်ဆရာတော် ဘုရားကြီး ရေးသော
“ပဒုမောဝါဒ-သံချိုလေးချိုးများ”
(၁)သူ မတို့လေမှ၊ သူတို့လျှင် တကယ်မြည်တဲ့၊ မြို့ရွှေလည် ရွှေစည်ကြီးပါဘဲ၊ တီးသမျှ ဖိမ့်ဖိမ့်တုန်။
သူမာလျှင်-မာစိန် ချောင်း သာပ၊ သူပျောင်းလျှင် အရေဖြစ်နိုင်ငဲ့၊ မယုံလျှင် မအေနှင့် စစ် လှည့်တော့၊ စနစ်ကို ကုန်မလင်းသော်လဲ၊ အပြစ်ဆို ဂုဏ်သ တင်း ကိုလ၊ လေညှင်းရာ သင်းကာပျံ့၊ ပန်းရနံ့ပုံ။
ဓာတ် မသိဟာ မို့၊ ဟတ္ထိ-ယုန်ငယ်ထင်ထင့်၊ ဟိုအောက်ခွင် ငစင်ရိုင်းငယ်နှင့်၊ ငသိုင်းတွေ အညာဆန်တို့ကို၊ တခါပြန် ဆန်မရွေ့ရအောင်၊ တံငါလန် ရွှေလည်ကွေ့တွင်ဖြင့်၊ ဘေးတွေ့ စိမ့်တက်တက်ကုန်၊ မစုန်ရသည့်တိုင်း။
ရိုးသိသိ၊ ငါးပိ-ငါးချဉ် သိပ်ပါလို့၊ ထောင်း ကြိတ်ချေ ကြေအောင် ညက်စေမှ၊ နောင်ဆက်ကာ အရေစစ် သည့်ပြင်၊ ခွေးဖင် ချေးပင် ဖြစ်ရမယ်၊ ငါးညစ် တလိုင်း။ … ။
(၂)မာန်မလုပ်ချင်ဘု၊ မာန်လုပ်လျှင် လွယ်သည်သာပ၊ ငယ်မည် မှာ န-ငယ် သတ်ရုံပဲ၊ နေရပ်ကွယ် မာန်ရွှေလည်နှင့်၊ မာန်နှစ် မည် မာန်စုံကွန့်၊ ဖူးအညွှန့် ခေါင်ကတင်။
သို့ကတဲ၊ လုပ်ဘဲ သမ္ပ ဇဉ်နှင့်၊ မာန်မယှဉ် ဥာဏ်ယဉ်အုပ်ပါလို့၊ ထိန်းချုပ်ကာ မာန်ကို ကင်းစေရ၊ ယင်းခုခေတ်တွင်။
တကယ်ဆို တကယ်လားပါတဲ့၊ အကျယ်ဆို ကျယ်မပွားပါဘု၊ မြတ်ဖျားရယ် စိန္တေယျာမှ၊ လူ ပြိတ္တာ ပူရာဏ တို့ကို၊ ယူမိစ္ဆာ သကာကျအောင် လို့၊ မီးရေပြ တန်ခိုးဆင်၊ အရိုးပင်လာကျမ်း။
ထို့တူသာ၊ ဆိုင်ဝံ့သူ ဆိုင်လာ တော့၊ ပြိုင်လာလျှင် ကြာမနှေးစေ နှင့်၊ ရှုံးသူဟာ နှမပေးပါလို့၊ လိုသေးလျှင် ကိုယ်တိုင်ယူမပ၊ နိုင် တဲ့သူ ယောက်ဖကြီးပါပဲ၊ ဇက် ပေါ်မှာ ဒေါက်ခွစီးတဲ့ပြင်၊ ရီးစုတ် ကြတမ်း။ … ။
(၃)ပဒုမ၊ တုပကာ နင်မယောင်နှင့်၊ ဆင်ပြောင်ကို ခြင်ကောင် ၀ါးသော်လဲ၊ ယားရုံမျှသာ။
ဥာဏ်အသက်ကိုလဲ၊ စံဖက်သော် သင် မလျော်ဘု၊ သင့်မယ် တော် ရှင်ဇလာနှင့် ၊ ခင်ဆရာ အိမ်ထောင် ကျ လျှင်၊ ပဒုဆို မောင်ရွှေမ မှာ၊ သား ငယ်မျှသာ။
ပညာကို ယှဉ် ကာချင့်ရလျှင်၊ အခွင့်ငယ် အရာနှင့်၊ ယောဇနာ သမ္ဗန်မျိုးကိုလ၊ နည်းရိုးပင် ဘာမကျခင်က၊ မင်းရန်စ ငါ့ကိုရှာ၊ ငါဘာပြု ဖြုန်မ တုန်း။
နှစ်ဖက်ကန်း၊ မျက်ခမ်း နေကိုပြိုင်သို့၊ ခွင် လုံးယိုင် မင်းစာ မှားပြီ မို့၊ အများလူ ပါယ်မကျစေနှင့်၊ သာအယာ ခွင့်ပြေ ကြ အောင်ပ၊ ငါဆရာ မင့်ဘေဘကိုကွယ် ….. ဦးချလှဲ့အုန်း။ … ။
ဒီ သံချိုလေးချိုးနဲ့ ပက်သက်လို့ မန်လည်ဆရာတော် အကြောင်း မဲ့ စပ်ခဲ့တာတော့ မဟုတ်ဘူး နောက်ခံအကြောင်းလေးတွေ ရှိ တယ် နောက်မှ ပြန်ပြောပေးမယ် စာကြမ်းကြမ်းနဲ့ ချီထားတယ် နော်
ပထမဆုံး တန်လိုင်းဆိုတာ ဘာလဲ ဆိုတဲ့ ယူဆချက်တွေ လိပ် ပတ် လည်အောင် တင်ပေးမယ်
မြန်မာပြည်ကဟာတင်ရမလား ကမ္ဘောဒီးယားကဟာ တင်ရ မလား အိန္ဒိယကဟာ တင်ရမလား တရုတ်ကဟာ တင်ရ မလား ဆို တွေးပြီး မဲချနှိုက်တာ ဘာကျတယ် ထင်သလဲ ကျလဲ ကျတတ်တယ် ရေငံပိုင် ဦးရှင်ကြီးတဲ့ အဲဒါမဲကျတယ် ဒီတော့ အဲကပဲ စလိုက် ရအောင်
ရေငံတရိုး ပိုင်စိုးပါတဲ့ နတ်မျိုးသခင် နတ်ဦးရှင်ကြီး ခင်ဗျာတဲ့
သူတောင်းစားက နတ်ပါးဝတယ် သိကြားမင်းတောင် နေရာ ဖယ်ပေးရမလိုလို နတ်မျိုးသခင်တဲ့ သူများခေါ်ကျွေးမှ စားရတာ ကို အဲထဲပါတယ် လေ တလိုင်းသုံးရပ် အောက်ခရိုင် တဝိုက် ကျောက်တိုင်စိုက်ပါတဲ့ နတ်မျိုးသခင် ဆိုပဲ ဘယ်နား သွားစိုက် ထားမှန်း တော့မသိဘူး ဟို ရှေးသုက အိုးခြမ်းကွဲတွေ အုတ်ကျိုး တွေ ရှာနေသူတွေ ခေါ်ရှာခိုင်းရမယ် ဆီမီးလေးတိုင် ပန်းလေးခိုင်နဲ့ မြိုင်မြိုင်စိုက်ထူ ဆိုလားပဲ ငယ်ငယ်ကဆို အဲနေ ရာ အရောက်မခံဘူး လု ဆို ဝိုင်းလုကြတာ အဲကောင် စားရလား မစားရလား မသိဘူး ခ်ခ်


တန်လိုင်းမျိုး အရည်းကြီးမျိုးဟု ဆိုကြလေသောအခါ (၂)
******************************
တႝဟ္နသဂြံထိင္ဒက္မင္မြဲအခိုက္ကႝာသုေတသနတုဲ မအေရ၀္မံႝဳကုဪအဓိပၸါယ္ပေရံပေရံညံင္ရၜ “တလာင်၊ တလိုင်း” တံဂှ် အဲဆက်ရပ်စပ်အာအတိုင်မူလိက်တြေံဂှ်ရ။ ဒႝဲာမလိက် “တလာင်၊ တလိုင်း”ဂှ် စၞတ်သမ္တီလ၀်အတိုင်ဂကူမန်တံတီလ၀်ဂှ်ညိ။
ပႛဲဝင်ဍုင်သြေင်ဝွံလေ၀် ၀င်ဗၞာတံစောန်ပြံက်လုပ်မံင်တဲု အရာလုဪဒှ်သၝု၊ အရာလုဪဒှ်စောင်ဂှ် ကပှ်ရဲုကေတ်ရ။ လိက်ဝင်ဝွံ အ္စာဝင် J.S. Furnivall, I.C.S. ဗှ်လ၀် ပႛဲကောံဓရီုဇေႝာ်လေၞင်သႝာံ က၀်လိက်လ္ဂုင် (တက္ကသဪုလ္ဂုင်) ပႛဲ ၁၉၁၅ သႝာံ၊ ဂိတုဂ်ာန္ၫူ၀ါရှ ၂၉ တုဲ ေကႅင္ဓမံက္ထ႟းလ၀္ ပႛဲဂ်ဳဪနၜသုေတသနမန္ဗၞာ (Vol.IV.V Pt.I (1-11, Pt.II (49-57), Pt.III (129-139), Pt.IV (139-151) ရောင်သဂွံတီကေတ်တဲု သတ္ဒတ္အဲပၱဳိန္ထ႟းလ၀္ပႛဲဗႜံက္၀ြံ အဲကလိဂွံနူကုဪအ္စာထ၀်သောန် (အ္စာထွန်းသိန်း)ရ။ သွက်ရဲပမံင်သုတေသနဂမႜိုင်ဂှ် ဖျေံစိုတ်တဲု ရပ်စပ်အာနဒဒှ်သတ်ဒတ်ဂမႜိုင်မာန်ရောင်ဂှ် ဘိက္လၞိင္ဏာရ။ ဒုင္စသိုင္ပၚပဲါဆာဲဇၜညာဏ္အိုတ္ညိအၜ။
The chronicle of Syriam whick I give here, together with a translation and a few notes, was originally discovered by me in a monastery in Syriam. This copy was defective, but another copy almost complete was found a mong the palm leaf mss. In the Bernard Free Library. I have compared it with Phayre’s History, with the Buch des Ragawan translated into German from the Talaing by Professor Schmidt, and published by the University of Vienna, 1906, and also with the sketch of Talaing History given in Lloyde=’s Gazetteer of the Rangoon District, of which I know but one copy _ that in the District Library of the former District of Hanthawaddy. This book might well be re-printed by Government. It gives much information about the administration in the early days which can not elsewhere be obtained. For the earlier legends the Mun Yazawin, compiled by U Naw, a co-adjutor of Phayre in the preparation of his history, has been consulted, while some of the notes are taken from bazaar chronicles of Pegu and Toungoo and from thamaings and play books.
To the Hon U Bah Too, U Tun Nyein and Mr. Duroiselle I am indebted for assistance given both in the translation and notes, and in particular to four elders of Syriam whose names I have unfortunately mislaid.
It must be admitted that some of the matter is uninteresting . But several of the legends are worth reading and several points of detail regarding Burmese administration deserve permanent record. Perhaps the chief claim of the work to perusal is that it is the only translation into English of any local Burmese chronicle which has been published as a whole during recent years. It is believed that there are many similar chronicles, and if these were translated and collected before they are lost considerable light would probable be thrown on many obscure passages of Burmese history.
သံလျှင်ရာဇ၀င်။
နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။
ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော၊ သုံးလုထွဋ် မြတ် စွာဘုရားသည်၊ ဗောဓိပလ္လင်ကို အောင်မြင်တော်မူ၍၊ ၇-၀ါ မြောက်တော်မူသောအခါ၌၊ မယ်တော်ဖြစ်ခဲ့ဘူးသော မိနတ်သား အား၊ မွေးကျေးဇူးကိုဆပ်အံ့သောငှါ၊ တာဝတိင်္သာနတ်ပြည်၌၊ ၀ါတွင်းသုံးလပတ်လုံး တရားဟောတော်မူပြီးလျှင်၊ အနောက် မြောက်ထောင့်သို့မျက်နှာရှေးရှုကြွတော်မူသည်တွင်၊ ဟံသာ ကုမ်းအရှေ့သို့ရောက်သည်ကာလ၊ ဟင်္သာဖိုမ၊ ကောင်းကင်သို့ ပြန်၍၊ အတောင်နှစ်ဘက်ရှက်လျှက်ပူဇော်သည်ကို၊ ဘုရားသခင် မြင်တော်မူ၍ ပြုံးတော်မူသည်။ စွယ်တော်ရောင် ထွန်းတောက် သည်ကို၊ အရှင်အာနန္ဒာမြင်၍၊ ဘုန်းတော်ကြီးသော တရားမင်း ဘုရား၊ အဘယ်အကြောင်းကြောင့်၊ ပြုံးတော်မူသနည်းဟု လျှောက်ရာတွင်၊ ချစ်သားအာနန္ဒာ၊ ထိုဟင်္သာဖိုမပြန်ဝဲသော အရပ်၌ ငါပရိနိဗ္ဗာန် ယူတော်မူသည်နောက်၊ အနှစ် ၁၃၆-နှစ် ရှိသောအခါ၊ ဟံသာပြည်ကြီး ဖြစ်လတ္တံ့ဟူ၍ သုံးလုအထွဋ် ဘုရား သခင်ဗျာဒိတ်ပေးတော်မူသည်။
ထိုသို့ ဘုရားသခင်ဗျာဒိတ်ပေးတော်မူသည်အတိုင်း။ ၁၃၆-နှစ် ရောက်လျှင်၊ တက္ဈန်းနေပြည် ကုလားတို့သည်၊ သဘောင်္-၇-စင်း နှင့် မြို့ရွာရှာမည် လာလတ်သည်တွင်။ ဟံသာကုမ်း အရပ် ကိုတွေ့၍၊ လှည့်ပတ်ကြည့်ရှုပြီးလျှင်။ သင့်တင့်လျှောက်ပတ် သည်ကို မြင်လျှင်။ အစွဲအမှတ် ဖြစ်စိမ့်သောငှာ။ လုံးပတ်ငါးထွာ အလျားခုနစ်တောင် ရှိသော သံတိုင်စိုက်ထားခဲ့ပြီး၍။ ယင်းတို့ အရှင်ရှိရာ မြို့ရွာသို့ ပြန်သွားလေသည်နှင့်။ တလိုင်းတို့လည်း ဗျာဒိဟသိုက်စာ ရှိသည်အတိုင်း၊ ဟံသာကုမ်းသို့မြို့တည် မည် သွား၍ ကြည့်လတ်သည်တွင်။ ကုလားတို့က စိုက်မှတ်သော သံတိုင်ကို တွေ့မြင်လေသောကြောင့် တလိုင်းတို့သည်၊ ဥပါယ် တမျဉ် အကြံနှင့်သံတိုင်ကို နှုတ်၍ ရွှေလင်းပန်း၇ချပ်၊ တစဉ် ၉ခု မြှုပ်ထားပြီးလျှင် သံတိုင်ကိုစိုက်မြဲ စိုက်လေသည်နှင့် ကုလားတို့ လည်း၊ မြို့တည်မည်ဟူ၍ သဘောင်္အများနှင့်လာသည်။ တလိုင်း တို့လည်းမြို့တည်မည်၊ ဟံသာကုမ်းအရပ်သို့လာရောက်ကြ၍။ ငါတည်ရသင့် သူတည်ရသင့် ငြင်းဆိုရသည်တွင်။ ကုလားတို့ က ငါတို့မှတ်သည့် သက်သေ သံတိုင်ရှိပါလျှက်၊ အဘယ် ကြောင့် မင်းတို့မြို့တည်ရမည်လော ဆို၏။ တလိုင်းတို့ က လည်း ငါတို့သာ တစဉ် ၉ ခု၊ ရွှေလင်ပန်း ၇ ချပ်နှင့် မှတ်ရင်း မှတ်ဦး ဖြစ်သည်။ မင်းတို့မှတ်သည့် သံတိုင်မှာ ငါတို့နောက်မှ မှတ်ထားသည့် သံတိုင်သာဖြစ်သည် ဆိုသည်တွင်။ မည်သူ လျှင်မှတ်ဦးဖြစ်မည်ကို တူး၍ ကြည့်ကြသော်။ သံတိုင်အောက် တွင် ရွှေလင်ပန်း ၇ ချပ်၊ တစဉ် ၉ ခုကိုတွေ့မြင်သောကြောင့်။ ကုလားတို့က မငြင်းမဆိုနိုင်၍၊ ချင်းတို့မြို့ရွာသို့ ပြန်သွားလေ သည်။
ဘုရားရှင် ဗျာဒိတ်ပေးသည်အတိုင်း။ နှစ်သက္ကရာဇ်ရောက်၍ တလိုင်းတို့က မြို့တည်မည်ပြုရာတွင်။ ဘုရားရှင် ဗျာဒိတ် ပေး တော်မူသည့်မြို့ဖြစ်သောကြောင့်။ သိကြားမင်းကိုယ်တိုင် စောင် မစီရင်သည်။ သက္ကရာဇ် ၅၁၄ခု-တပို့တွဲလပြည့်ကျော် ၁ ရက် ၂လာနေ့ ဟံသာကုမ်းတွင်မြို့တည်ပြီးမှ။ ပဲကူးဟံသာအမည် သမုတ်၍။ သမလ၊၀ိမလညီနောင်နှစ်ပါးတို့အား ပေးအပ်တော်မူ သည်။
နောင်တော် သမလမင်းပြုသည်။ နောင်တော်မရှိလျှင် ညီတော် ၀ိမလမင်းပြုသည်။ ၀ိမလမရှိနောက်အသားမင်း ၃-မရှိနောက် အရိန္ဒ၊အရိန္ဒမင်း၎၊ ၎င်းနောက်မဟိင်္သာရာဇာမင်း၅၊ ၎င်းနောက် နဂနွောမင်း ၆၊၎င်းနောက်မိဂါဒိပ္ပမင်း ၇၊ ၎င်းနောက်ဂစ္ဆမိယမင်း ၈၊ ၎င်းနောက်မဏုလမင်း ၉၊ ၎င်းနောက်သတ္တရကန္နမင်း ၁၀၊ ၎င်းနောက် မနုရာဇာမင်း ၁၁၊မိဂါဒိပ္ပမင်း ၁၂၊ ၎င်းနောက် သိင်္ခလမန္ဒမင်း ၁၃၊၎င်းနောက်ဥပရာဇောမင်း ၁၄၊၎င်းနောက် ပုဏ္ဏာရိကမင်း ၁၅၊၎င်းနောက်တိဿမင်း ၁၆၊ ပဌမပရိစ္ဆေဒ မင်းပေါင်း ၁၇ ဆက်ရှိသည်။နောက်ဟံသာပဲကူးမြို့ ၁၃ နှစ် တော ဖြစ်လေသည်။
နှစ်ရှည်လများရှိမူဒုတိယပရိစ္ဆေဒပကအဘယကာမဏိအမတ်၊ ဟံသာဝတီမြို့ကိုပြုစုသည်နှင့်များမကြာအဘယမာမဏိလည်း။ ပုကံမင်းကိုချားပုံကံ၍၊ဟံသာဝတီတွင်မင်းပြုသည်။ ၎င်းနောက် ကလျာမင်းပြုသည်၊၎င်းနောက်တရားပျားမင်းပြုသည်လက်ထက်တွင်။ မုတ္တမမှာဝါရိရုမင်းပြုသည်ကာလ၊ ပုကံမြို့က ဟံသာဝတီ သို့ တရပျားကို တိုက်မည် ဗိုလ်ပါအများချီလာ၍ တရပျားက ၀ါရိရိမင်းသို့လက်ဆောင်ပဏ္ဏာအများနှင့်စစ်ကူပါမည်အကြောင်းစေသည်တွင်။ ၀ါရိရုမင်းလည်း စစ်သည်ဗိုလ်ပါအများနှင့်ချီလာ၍ ဟံသာဝတီကကူညီတိုက်လေ၏။ ပုကံစစ်သည်တို့လည်း မရပ်မခံနိုင် ဆုတ်သွားလေသည်
အပိုင်း (၃) ဆက်ရန်

တန်လိုင်းမျိုး အရည်းကြီးမျိုးဟု ခေါ်ကြလေသောအခါ (၃)
********************************
ဝါရိရုမင်းလည်း အမှုပြီး၍မုတ္တမသို့ ပြန်မည်တွင်။ တရပျားက ၀ါရိရုမင်း ကျေးဇူးသည် က္ဈန်ုပ်တွင်ကြီးပေသည်။ ကျေးဇူးကို ဆပ်လိုသည်လင့်နှင့်ပါဆို၍ ရပ်ဆိုင်းနေသည်နှင့် စစ်သည်တို့ လည်း အမှတ်မဲ့ တောအုံလှည့်ပတ်နေသည်အခိုက်။ ၀ါရိရုမင်း တွင် လူနည်းကြောင်းကိုကြားသိ၍။ တရပျားကိုယ်နှင့် စစ်သည် ဗိုလ်ပါအများ မြို့တွင်းကတိုက်မည်ချီလာကြောင်းကို၊ ၀ါရိရုမင်း သိမြင်လျှင်။ ငါသည်သူ့ချမ်းသာကိုရှာပါလျှက် ငါ့ကိုအကျိုးနည်း အောင်ကျေးဇူးမဲ့ ရန်မူလာသည်မှာ။ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာ သစိုး၊ ကမ္ဘာစောင့်နတ်မြတ်အပေါင်းမှတ်ပါကုံတိုင်ပြီးမှ။ ၀သုနြေ္ဒ နတ်လည်း သက်သေခံပါဆို၍ ရွှေဖလားနှင့် ရေသွန်းပြီးလျှင် ဆင်ပေါ်သို့တက်၍ တပ်တွင်ရှိသည့်ရဲမက်စစ်သည်တို့ကို သိမ်း ရုံးပြီးလျှင် စီးချင်းတိုက်လေ၏။ တိုက်ကြသည် ကာလ ၀ါရိရုမင်း ဆင်ခြေဘုန်းလှံရှည်ကိုင်တို့က တရပျားမင်းကို ထိုးမိသော ကြောင့်။ ဆင်ပေါ်ကကျလေ၍ သေလေ၏။ ၀ါရိရုမင်းလည်း ဟံသာဝတီကို အောင်မြင်ပြီးလျှင်။ နေရင်းမုတ္တမမြို့သို့ ပြန်သွား လေသည်နှင့် ဟံသာဝတီပဲကူးမြို့လည်း။ မုတ္တမကျေး ဖြစ်လေ ၏။မုတ္တမမှာ ၀ါရိရုမင်းမရှိသည်နောက် စုံလင်မင်းပြုသည်။ ၎င်း နောက် စောအိုမင်းပြုသည်။ ၎င်းနောက် ဇောစိတ်မင်း။ ၎င်း နောက် ဇိတ်ပန်းမင်းပြုသည်။ ၎င်းနောက် ဗျညားရန္တမင်းပြု သည်။ ၎င်းနောက် အကံကောင်းမင်းပြုသည်။ ၎င်းနောက် ဗညားအဲလော။ ၎င်းနောက် ဗညားဦး မင်းပြုသည်။ ထိုမုတ္တမမြို့ တွင်မင်းရှစ်ဆက်ပြုသည်အခိုက်။ ပဲကူးဟံသာမှာ နှစ်ဆယ် သုံး နှစ် နှင့်နှစ်လခြောက်ရက် မင်းဆက်ပြတ်၍ နေသည်။
ဗညားဦးလက်ထက်တွင်မှ ခြောက်နျစ်စံပြီး၍။ မုတ္တမမြို့မင်း ဆက် ကုန်သောကြောင့်။ သက္ကရာဇ် ၇၁၆ခုတွင်။ ဗျညားဦး ဟံသာပဲကူးသို့ လာ၍ မင်းပြုပြန်သည်။ ဗျညားမရှိနောက် ရာဇာ ဓိရာဇ် မင်းပြုသည်။ ၎င်းနောက် ဗျညားဓမ္မရာဇာမင်း၊ ၎င်းနောက် ဗျညားရန်ခိုက်မင်း၊ ၎င်းနောက် ဗျညားဘရှူး၊ ၎င်းနောက် ဗျညား ကျမ်းတော၊ ၎င်းနောက် ဗျညားထော်၊ ၎င်းနောက် ဓမ္မစေတီမင်း၊ ၎င်းနောက် ဗျညားရန်မင်း၊ ၎င်းနောက် တကာရွပ္ပိမင်း၊ ၎င်း နောက် တပင်ရွှေထီးမင်းပြုသည်။ ၎င်းနောက် သ္မိံထောရာဇာ တတိယ ပရိစ္ဆေဒမင်းပေါင်း ၁၂ ဆက် မင်းပြုသည်အနက်။
သ္မိံထောရာဇာလက်ထက် ကေတုမတီတောင်ငူပြည်ကြီးက ဆင် ဖြူများရှင် မင်းတရားကြီး ဘုရားသွေးသောက်တော် ၂၈ ယောက် နှင့်တကွ။ စစ်သည်ဗိုလ်ပါ အလုံးအရင်းများနှင့် ချီလာ သည်။ ပန်းကျော်ချောင်းတွင် သ္မိံထောရာဇာကို တွေ့လျှင် တိုက် ၍ အောင်မြင်တော်မူသည်။ ဟံသာပဲကူးသို့ ရောက်တော်မူမှ ဆင်ဖြူများရှင် မင်းတရားကြီးဘုရား ဟံသာပဲကူးအနောက် မြင်း သီလာကုမ်းအရပ်တွင် သက္ကရာဇ် ၉၂၇ခု နတ်တော်လဆန်း ၄ ရက် ၅နေ့ မြို့ပြအိုးတံခါးမှစ၍။ ၁၂ဌာဏကို တချန်တခါတည်း တည်လုပ်တော်မူသည်။ သက္ကရာဇ် ၉၂၈ခုနှစ်မှ ပြီးသည်။ မြို့ တံခါးပေါင်း ၂၀၊ တံဇောင်းပြအိုးပေါင်း ၁၀၀၉၊ လမ်းမတဆယ်၊ လမ်းငယ်အများရံလျှက် ရေမြောင်းသွယ်၍ တူးလုပ်စေသည်။ ကျုံးကား အတာ ၂၀၊ ဇောက်ကား အတောင် ၂၀၊ မြို့တံခါး ၅၀ မှာလည်း လုပ်သည်။ မြို့ရွာအမည်းအတိုင်း သမုတ်တော်မူ သည်။ တံခါးအမည်ကား။ အရှေ့မြောက်ထောင့် ပြည်တံခါး။ ၎င်းကသည် အင်းဝတံခါး။ ၎င်းကသည် တောင်ငူတံခါး။ ၎င်းက သည် စလင်းတံခါး။ ၎င်းကသည် ဒလတံခါး။ အရှေ့တောင် ထောင့် ဇင်းမယ်တံခါး။ ၎င်းကသည် အုံးပေါင်တံခါး။ ၎င်းက သည် မိုးညှင်းတံခါး။ ၎င်းကသည် မိုးကောင်းတံတား(တံခါး?)။ ၎င်းကသည် ဒါးဝယ်တံခါး။ အနောက်တောင်ထောင့် ကလေး တံခါး။ ၎င်းကသည် မိုးနဲတံခါး။ ၎င်းကသည် ညောင်ရွှေတံခါး။ ၎င်းကသည် သာရာဝတီတံခါး။ ၎င်းကသည် သိန်နီတံခါး။ အနောက်မြောက်ထောင့် ယိုးဒရားတံခါး။ ၎င်းကသည် တနသာင်္ရီ တံခါး။ ၎င်းကသည် မုတ္တမတံခါး။ ၎င်းကသည် ပုကံ တံခါး။ ၎င်းကသည် ပုသိမ်တံခါး။ တံခါးပေါင်း ၅၀ လုပ်ရသည်။ မြို့ရွာပြင် ကျန်သည့် ပခန်ကြီးမြို့သားတို့ကို မြို့ရိုးတလျှောက် ထမ်းပင်လမ်းဆုံ လမ်းခွများကို အုံးပင်စိုက်ရသည်။
ဟံသာဝတီနယ်ရှစ်ရပ် သတ်မှတ်သည်ကား အရှေ့ကို ယွန်းစလင်းဝင်မြို့၊ အရှေ့တောင်ကို ဒီချောင်းဝတဘက် မုတ္တမမြေနှင့်ကျောခိုင်း၊ တောင်ကို ၀င်လေးချောင်းတဘက် သံလျှင်မြေနှင့်ကျောခိုင်း၊ အနောက်ကို ဘကိုးချောင်းတဘက်ကို လက်ထုံးပြု၍ ရွှေဒဂုံဘုရားရှင်မြေစပ်၊ အနောက်ကို ပအိုင်မြေထိ ကတ္တုတင်ချောင်းအနောက်မြောက်ထောင့်ကို အောက်မြေကုန်း သာရာဝတီနှင့်ကျောခိုင်း၊ မြောက်ကို ရဲနွဲ့ချောင်းထိ တောင်ငူမြေ နှင့်ကျောခိုင်း၊ အရှေ့မြောက်ကို သံဆိတ်ကျောက်မှော်။
သည်နယ် ရှစ်ဆယ် သတ်မှတ်အတွင်းတွင်။ မြို့ရန် ၃၂မြို့ အမည်ကား။ မင်းရဲလှမြို့၊ နဲရည္စညမြို့၊ ထန်းတောမြို့၊ တီတွတ် မြို့၊ ဇောင်းတွံမြို့၊ ကောလံယမြို့၊ တလနွံမြို့၊ ဘိုင်းတာမြို့၊ လဲပြောသလွန်မြို့၊ တုန်းခန်းရဲနွဲ့မြို့၊ ကြောက်မော်မြို့၊ ဒုစရာဇ် မြို့၊ စစ်တောင်းမြို့၊ ဘန်းမြို့၊ အဿမြို့၊ နည်ဆုမြို့၊ ယွန်းစ လင်းမြို့၊ ၀င်ပြိုင်းမြို့၊ ဒင်းမဲမြို့၊ တကာရွတ်ပိမြို့၊ ကောခုမြို့၊ ဇရွဲအုံးမြို့၊ မော်လုံမြို့၊ လကွန်းဗျည်းမြို့၊ အခရိန်မြို့၊ ဖောင်းနင်း မြို့၊ မော်ဘီမြို့၊ စကုမြို့၊ လောကောမြို့၊ လိုင်မြို့ဟူ၍ ၃၂မြို့ အမည် သမုတ် ခေါ်ဝေါ်သည်။
မင်းတရားကြီးနှင့်သစ္စာတော်သောက်ဘက်သွေးသောက်တော်ကြီးရင်ကား။ မကော်ရွာစားနန္ဒသူရိယခံခနို၊ ဂုဏ္ဏသီရိဇေ ရနော် ရထာခံ ပုသိန်မြို့စားငရဲဆွေ၊ ဇေယမဟာကြီးခံ မြောက်တောင် မင်း သရဇေရခံ ခဘုံစား။ မြေပဲစား။ ခတီး။ စလင်းစား။ ကျော် ထင် ဘွဲ့ခံငထွေးဖြူ။ တရကျော်ခံ ရွှေထိုင်၊ ငအောင်နိုင် အမည် မရခင် သေ။ ဇင်ရိုင်စားပေါ်မြို့ကြီးစား ငအုန်းကြွယ်။ ကွန်းဘုံ စား ငထွေစစ်။ ကြောက်ရစ်စားငပေါက်သစ်။ စစ်တောင်းစား အသ၀တ်ဘွဲ့ခံ ငသံကြယ်။ ဘ၀ရှင်မင်းတရားကြီး အမည်တော် ငရဲထွတ်။ ပျံချီကြီးခံငသိဒ္ဓတ်။ ကန္နီစားဇေယဘယခံငသူတော်။ ပခန်းစားသင်ခယာခံငသော်တ။ ၀ဲဓားရာဇသင်ချံခံငထွေးညို။ ကြက်သာရွာစားငဘယံ။ မုတ္တမစားသီရိဇေယကျော်ထင် ခံသုက္ခ ၀တီစား၊ ငနှောင်း။ နော်ရထာကြီးခံငပြည်ဝ။ စစ်ကိုင်းစား သရေ စည်သူခံပေါက်လှသက်ရှည်ကျော်ထင်ကြီးခံငစံသူ။ မင်းရဲသိန်ခ သူခံ ပစ်ပနာစားငထွေးကြိုင်။ သွေးသောက်တော်ကြီး ၇အပေါင်း ၂၈တို့နှင့်။
အရပ်ရပ်မကျိုးနွံသမျှမြို့ရွာများကို သိမ်းရုံးလုပ်ကြံတော်မူ၏။ နေပြည်တော်ဟံသာဝတီမြို့ရောက်လျှင် အရပ်ရပ်အစို့ အငန်းဖွဲ့ တော်မူသည်။ သက္ကရာဇ် ၉၄၃ ခု တဆောင်မုန်းလပြည့်ကျော် ၆ရက် ၄နေ့၊ ဆင်ဖြူများရှင်မင်းတရားကြီးဘုရား နတ်ပြည်စံ တော်မူသည်။ ၎င်းသက္ကရာဇ်တွင် သားတော်မဟာဥပရာဇာ ငါး ဆူဒါယကာ ရွှေထီးရွှေနန်းကို စိုးအုပ်တော်မူသည်။ ၎င်း သားတော်ကြီးအကြီးကိုလည်း။ မဟာဥပရာဇာအမည်ကို သနား တော်မူသည်။ တောင်ငူမှာလည်း ကိုးသိမ်းသခင် ဘုရင်မင်းခေါင် မရှိနောက် သားတော်မင်းကျော်ထင်ရွှေန်စံမင်းကို တောင်ငူမြို့ ကို သနားတော်မူသည်။ ၎င်းသားတော် နတ်ရှင်နောင်ကိုလည်း တောင်ငူမဟာဥပရာဇာကို သနားတော်မူသည်။
၉၄၉ခု ယိုးဒယားဗြနရာဇ်ချားနား၍။ သားတော်မဟာဥပရာဇာ သားတော်ပြည်ဘုရင် သတိုးဓမ္မရာဇာ ယောက်ဖတော် နတ်ရှင်နောင်တို့ကို ဆင်လုံးမြင်ရင်များနှင့်ချီ၍ လုပ်ကြံစေသည်။ အင်းတောင်အရပ်ရောက်လျှင်။ စစ်အင်္ဂါကျင်းပ၍ နေသည် အခိုက်။ ယိုးဒယားဗြနရာဇ်က စိန်ပြောင်းနှင့်လွှတ်၏။ ဆင်ဦး ကင်းပေါ်တွင် သားတော်ဥပရာဇာ အနိစ္စရောက်သည်။ မဟာ ဥပရာဇာမရှိနောက် အင်းဝမင်းရဲကျောင်စွာကို ဟံသာဝတီသို့ ခေါ်၍၊ မဟာဥပရာဇာကို သနားတော်မူသည်။
နောက်တလိုင်းအမတ်၊ လင်ဇင်းအမတ်တို့ကို မယုံမကြည်တော် မူ၍။ လူအများတထောင်ခန့် ကွပ်မြက်တော်မူသည်။ ကျန်သည့် တလိုင်းထွန်းလင်ဇင်းတို့လည်း။ ဇင်းမယ်၊ တောင်ငူ၊ ညောင်ရမ်း၊ ယိုးဒယားတို့သို့။ အသီးသီးပြေးဝင်သည်နှင့် တောင်ငူမြို့၊ ပြည်မြို့၊ လင်ဇင်း၊ မုတ္တမ ခမည်းတော်နိုင်ငံတော် မြို့ရွာများ လည်း အသီသီးချားနား ပုန်ကန်လေသည်နှင့်။ ဟံသာဝတီမြို့ ကိုလည်း တောင်ငူရခိုင် ၂ မြို့ဝန်၏လုပ်ကြံသည်။ ငါးဆူ ဒါယ ကာ သားတော်ပြည်ဘုရင် တောင်ငူသို့ဝင်၍ ခမည်းတော်ကို ချားနားလေသည်။ ဟံသာဝတီပြည်ကြီးလည်း များမကြာ ပျက် စီး၍ စွယ်တော် သပိတ်တော်မှစ၍ ငါးဆူဒါယကာကိုနှင့်တကွ။ တောင်ငူသို့ ချီရောက်ကြလေသည်။ တောင်ငူသို့ ရောက်လျှင် နတ်ရှင်နောင်မယ်တော်နှင့်။ နတ်ရှင်နောင်တို့ ရေတဲနန်းတော် တွင် လုပ်ကြံ၍ ငါးဆူဒါယကာ အနိစ္စရောက်သည်။
သက္ကရာဇ် ၉၆၀ ပြည့်တွင် ညောင်ရန်းမြို့စား။ မင်ရဲနန္ဒမတ်သည် တောင်ငူဘထွေးတော်။ ဘထွေးတော်ခြားနား၍ အားမဲ့အားကိုး ဆရာတော်ကို တိုင်ပင်၍ စောနာပူရမြို့ကို သက္ကရာဇ် ၉၆၅ခု တီထွဋ်ပြုစုတော်မူသည်။ ၉၆၄ခု သီပေါညောင်ရွှေမိုး နဲသိန္နီမြို့ ရွာများကို လုပ်ကြံတော်မူ၍ အပြန်ရွှေသာလျောင်းဘုရားရှင်သို့ ရောက်တော်မူမှ နတ်ပြည်စံတော်မူသည်။
အပိုင်း(၄) ဆက်ရန်
တန်လိုင်းမျိုး အရည်းကြီးမျိုးဟု ခေါ်ကြလေသောအခါ(၄)
*******************************
ဒီအပိုင်းမှာ ကရင်တို့တောင်ယာ တစ်ခေါက် အလည်ရောက် ကြ တာပေါ့
(Grandfather Longlegs by Ian Morrison, page 16, the Red Karen (So called from their red tunis) the Korenbyus or striped Karens, and the Taungthus of the southern Shan States, The Padaung, … are a small Karen Tribe.)တဖန် အခြားသော ကရင်အမည်များလည်း ရှိပါသေးသည်။ မြောင် (မျို)၊ ယောင်၊ လားဟူ (မူဆိုး)၊ အခါ (ကော်)၊ နှင့် လီစူး (လီရှော) ဟူ၍လည်း ခေါ်ကြပေသေးသည်။(People of the Golden Triangle by Paul and Elaine Lewis, published in Great Britain by Thames and Hudson Ltd. 1984, page 7, column 1, Karen, Hmong, Mien (Yao)Lahu, Akha, and Lisu (page 7, line 13, column 1)Even so, the members of each tribe have an ethnic – consciosness which leads them to recognize one another as belonging to the same ethnic group.)တဖန် မွန်လူမျိုးသည်လည်း မိခင်အနွယ်ဝင်ဟု နာမည်ကျော် သမိုင်းသုတေသီ သီအိုဒိုစတင်း က ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။(Pwo Karen by James W. Hamilton, published in 1976, by West Publishing Co. “Foreward” page VII, 34th line. The other major branch, the Pwo – Baker’s Peguan (i.e., Mon) Karen many of whom, as Buddhists, … )ဤ ဖော်ပြမှုသည် ကျွန်ုပ်အနေဖြင့် မငြင်းလိုပေ။ အဘယ်ကြောင့်ဆိုသော် မွန်သည် မိုဟူသော စကောကရင်အခေါ် မိုးဟူသော ပိုးကရင်အခေါ်နှင့် အလွန်တူပြီး အဓိပ္ပါယ်မှာ အမေ မိခင် ဖြစ်ပါသည်။ ၎င်းပြင် မွန်လူမျိုးသည် စကောကရင်၊ ပိုးကရင်တို့နှင့် အတူနေထိုင်ကြသည်ကို သမိုင်းတလျှောက် တွေ့ရသည်။ တလိုင်း (Talaing) ဟူသော အမည်မှာ အိန္ဒိယ တောင်ပိုင်း၊ ယခု မဒရပ်စ်နယ် အနောက်ရှိ ရှေးအခေါ် တလင်္ဂန နယ်မှ လာသော အိန္ဒိယ တောင်ပိုင်းသားများကို ခေါ်သော အမည် ဖြစ်သည်။ မွန်လူမျိုး အမည် မဟုတ်ပါ။ထို့ပြင် မြန်မာနိုင်ငံမှ ရှမ်းလူမျိုးများနှင့် ထိုင်းနိုင်ငံမှ ထိုင်းလူမျိုးများက ကရင်လူမျိုးများကို ယန်း (Yang) ဟု ခေါ်ကြသည်။ ယန်းလျှံ (ကရင်နီ)၊ ယန်းဖုတ် (ကရင်ဖြူ)၊ ယန်းလိုင်း (ကရင်ကြား) စသဖြင့် ၀တ်စားဆင်ယင်သော အ၀တ်အစားများအပေါ် မူတည်ပြီး အမည်အမျိုးမျိုး ခေါ်တွင်ကြပါသည်။ အမှန်အားဖြင့် လူမျိုးတမျိုးကို လေ့လာပါက ၎င်းမျိုးနွယ်ကြီး (Race) နှင့် ၎င်းမျိုးနွယ်ကြီးမှ ရေမြေ တောတောင် လျှိုမြောင်များ ခွဲခြားထားမှုကြောင့် ပေါ်ပေါက်လာသော မျိုးနွယ်ခွဲ (Clans) များကို ခွဲခြား လေ့လာပါက ပို၍ ပေါ်လွင်မည် ဖြစ်ပါသည်။ကရင်မျိုးနွယ် အကြောင်းကို အသားဝါအနွယ် မွန်ဂိုလွိုက် (Mongoloid) အကြောင်းနှင့် ဆက်စပ်၍ အောက်ပါအတိုင်း လေ့လာနိုင်ပေသည်။ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်း
(တလိုင်းကရင်ဆိုသည်မှာ တလိုင်းလူမျိုးများနှင့် ပိုမိုနီးကပ်စွာ နေထိုင်သော ကရင်လူမျိုးများကို ခေါ်ခြင်းဖြစ်သည်။
တဖန် မွန်လူမျိုးသည်လည်း မိခင်အနွယ်ဝင်ဟု နာမည်ကျော် သမိုင်းသုတေသီ သီအိုဒိုစတင်း က ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။(Pwo Karen by James W. Hamilton, published in 1976, by West Publishing Co. “Foreward” page VII, 34th line. The other major branch, the Pwo – Baker’s Peguan (i.e., Mon) Karen many of whom, as Buddhists, … ) အဘယ်ကြောင့်ဆိုသော် မွန်သည် မိုဟူသော စကောကရင် အခေါ် မိုးဟူသော ပိုးကရင်အခေါ်နှင့် အလွန်တူပြီး အဓိပ္ပါယ်မှာ အမေ မိခင် ဖြစ်ပါသည်။ ၎င်းပြင် မွန်လူမျိုးသည် စကောကရင်၊ ပိုးကရင်တို့နှင့် အတူနေထိုင်ကြသည်ကို သမိုင်းတလျှောက် တွေ့ ရသည်။ တလိုင်း (Talaing) ဟူသော အမည်မှာ အိန္ဒိယ တောင်ပိုင်း၊ ယခု မဒရပ်စ်နယ် အနောက်ရှိ ရှေးအခေါ် တလင်္ဂန နယ်မှ လာသော အိန္ဒိယ တောင်ပိုင်းသားများကို ခေါ်သော အ မည် ဖြစ်သည်။ မွန်လူမျိုး အမည် မဟုတ်ပါ။ ) ကရင်ရာဇဝင် စစ်တမ်းမှ
အပိုင်း (၅) ဆက်ရန်

တန်လိုင်းမျိုး အရည်းကြီးမျိုးဟု ခေါ်ကြလေသော အခါ (၅)
********************************
ရှမ်းပြည်နယ်အမှားတော်ပုံတွင် တလိုင်း၊ကရင်၊တောင်သူ၊ရခိုင်၊ချင်း၊ကချင်၊အစရှိသည့်နယ်ပယ်လူမျိုးများကိုဟုရေးသားဖော်ပြထား
လောကီကျမ်းလာ တလိုင်း
နံသင့်လူမျိုး ၁၀၁-ပါး ။
ဗေဒင်ကျမ်းလာ နေ့နံနှင့် လူမျိုးယူပုံဖြစ်၏။
(၁) တနင်္ဂနွေနံ-ယွန်း၊ (၂) တနင်းလာနံ-ရှမ်း၊ (၃) အင်္ဂါနံ- မွန်, တလိုင်း၊ (၄) ဗုဒ္ဓဟူးနံ-ကတူး၊ (၅) ကြာသပတေးနံ-မြန်မာ၊ (၆) သောကြာနံ-သက်၊ (၇) စနေနံ-ကုလား၊ (၈) ရာဟုနံ-တရုပ်လူမျိုး။
မှတ်လိုသူများ ကျက်မှတ်နိုင်စေခြင်းငှာ အပြည့်ဖော်ပြပေးလိုက်ပါ သည်
အတုလဆရာတော်ခင်ကြီးဖျော်၏အင်္ဂ၀ိဇ္ဇာကျမ်းရင်းလင်္ကာ - ၄၀
(၁) အင်္ဂ၀ိဇ္ဇာ နည်းကျယ်စွာကို၊သေချာမှတ်စွဲ ကောက်ယူခွဲ
သော်….
(၂) အိုင်ထဲမြရွှေငွေ ၊ ကြံပါလူ့အသွေ ၊ ဆင်ရန်သူနဲ့ဝေး ၊လေသဲကျွန်းဆောင်မြူးပျော်ကြူးဧလှည့်နိုင် သာလှိုင်ဆင်ကြလန်း ၊နန်းအောင်ရွှေမြို့သာ ။
(၃) လိုရာဂြိုဟ်ရင်းကပ် ၊ဓာတ်မှန်ကိုထုတ် ၊ မိတ်လည်းအုပ် ၊ဓာတ်ထုတ်မိတ်ကိုစီး၊မိတ်ကြီးဓာတ်ကိုမံ။
(၄ငါးတန်မဆွ၊တိုင်မူလနှင့်၊သိရသက်သေ၊ထင်လေနိမိတ်၊ဟိတ် ၊လက္ခဏာ၊စဉ်ကာထားမှ။
(၅) သူရဇ္ဇနှင့် သောကြ ထက်အောက် ၊ခယားဇောက် ၊ကောက်ဘိဆပွတ်ကြံ မှတ်ရန်နည်းတ၀။
(၆) သူရဇ္ဖက စ၍စဉ်စီ ရှစ်ခါညီ ရှစ်လီဂြိုဟ်ပေါင်းပြ ရာသီ ဆယ့်နှစ်ဝ သင်္ချာယူ၍ဆ။
(၇) အောင်လံတေဇ၊သကျမှီအုံး ၊နန္ဒိသေနထုံး။
(၈) ၀ိကလျာ၊၀ိဇ္ဖာနေယျ၊အညမည၊ခါနိစ္စ၊ ထိကြဓာတ်ပစ္စည်း။
(၉) အညမညံ ၊မဆက်ဆံ၊ပိတ္တံဝိဧက။
(၁၀) သူ့ကိုနိုင်လို ဆကိုခို လိုရာဆေးဖေါ်သုံး။
(၁၁) ထန်းအုန်းဂျုတ်ဇီး၊ ၀ါမုံသီး၊ ဆေးကြီးသန္နိဌာ၊နိုင်ရာဓာတ်နှင့်သတ်။
(၁၂) တောင်သူအမှတ် လုပ်ရပ်ကိန်းချူ ၊ဓာတ်တူ နံတူ ၊ဆေးကိုယူ။
(၁၃) ကက်ကင်းသေရှင်သူ၊ ထက်အောက်ပြန် လှန်ကူ၊နံတူ သတ်ကအသေရ။
(၁၄) နံလွဲကြမူ အရှင်ယူ ဟောသူမှီခိုရုံ။
(၁၅) ဂဠုန်ပုန်းခိုက်၊ပုတ်သင်မိုက်၊ကိုက်လေ ၂ ပါးသေ။
(၁၆) ခြင်္သေံ့ဟောက်ဟန် ဆင်ဝှေ့ပြန် ရုပ်နာမ်နှစ်ပါး ကံကတ္တားခြား၍ ထက်အောက်သာ။
(၁၇) ကတ္တားရှိရာ ကံမလာနှင့် နာမ်မှာထက်ပေ ရုပ်လယ်နေ၊မဇ္စျေကံဟုမှတ် ကတ္တားအောက်ဂြိုဟ် မြဲမှတ်ဆို။
(၁၈) မိတ်လိုပြန်ရာ ၊ဥသာစိန်ပန်း၊ ဒန်းလှကိုရှာ ။
(၁၉) ခိုက်ရန်မှာကား ဓမ္မသောက အင်းဝရာဇာ မယှဉ်ရာတည်း။
(၂၀) ဓာတ်လာသဘော အန္တောဂဗ္ဘေ စရေ၀ံသေ။
(၂၁) ဦးဝေစံကူး ၊ ရေဗူးတောသူ၊ ရန်မူလည်းဆို၊ ဦးညိုခေမာ၊ သုတဝေရီ၊ရန်မှီမြဲရှောင်။
(၂၂) အောင်ပကုလား၊ ဆွေသားနောင်ရင်း၊ မိတ်သွင်းပြီးခါ၊ ဆောင်သင့်ရာ၏။
(၂၃) ဆောင်ရာသင့်လျှင်၊သံယောဇဉ်ကိုမယှဉ်စေရာ။
(၂၄) မီးမှာကားမြေ၊ ရေနှင့်လေ၊ မိတ်ဆွေမစပ်၊ပိဋိကတ်။
(၂၅)မီးဓာတ်နှင့်လေ၊မြေနှင့်ရေ၊မိတ်ဆွေတော်ကြ၊သဟာယ။
(၂၆) လမ်းပြစဉ်သာ၊ရှောင်ကြဉ်ခွာ၊ဝေးစွာသူရဇ္ဇ။
(၂၇) သစ်ဆိမ့်ပန်းရ၊သူရဇ္ဇ၊နေထကောင်းကြွယ်ရန်။
(၂၈) ဝေးသူပင်ပြန်ရ၊နီးလွယ်အောင်ကြံဆ။
(၂၉) မင်းကုသကိုဆောင်မှကောင်းလင့်ရာ၊စေတိယကိုရှောင်မှ ကြောင်းသင့်စွာ။
(၃၀) အောက်မှာနင်းကြမ်း၊ထက်ဆောင်ပန်း၊ တခန်းယူမှီးကြ။
(၃၁) က-င ငါးမှာ၊စန္ဒြာ၊သီလာမြေဓာတ်ဖို၊ရှမ်းအငန်ဟုဆို။
(၃၃) စ-ည ဘောမ ၊ပဉ္စာစ၊လေမြေဓာတ်ဖိုရ၊တလိုင်း အခါးပ။
(၃၄) ဋ-န သောရီ ၊ဤဆယ်လီ၊မီးတောက်ဓာတ်မ၊ ကုလား အချဉ်ရ။
(၃၅) ယ-ရ နှစ်ခု၊ရာဟုလေမုန်တိုင်း၊အရိုင်းဓာတ်မ၊ ယိုးဒယား အဖန်ရ။
(၃၆) လ-၀ နှစ်ဦး ၊ဗုဒ္ဓဟူးဓာတ်ဖို၊ရေသီတာဟုဆို၊မျိုးကိုကတူး၊ ရောနှောပူး။
(၃၇) သုံးဦး သ- ဟ- ဠ၊သောကြာရေငန်ပ၊ဓာတ်မ သက်က သည်း ကြိုက်လည်းချိုသာ။
(၃၈) အ-အာ သရ ရှစ်ဌာန၊သူရဇ္ဇ နေ့စွဲ၊ မီးခဲဓာတ်ဖို၊ ဂျွန်းအစပ်ဟုဆို။
(၃၉) ဟောလိုကြပြန်၊ ဆေးပေးရန်၊လုပ်ရပ်အကြံ၊သိဒ္ဓိနှံ၊ စစ်ထိုး ခိုက်ရန်၊ရှုံးနိုင်တန်၊ယတြာရုပ်နာမ် ကျိန်းခြေပြန်၊အင်းမူစီမံ၊ ဂြိုဟ်လင့်ကြံ၍၊ဂဏန်းမှန်ပြ၊ကောက်ယူဆလော့။
(၄၀) အညမညံ စိတ်ဝေဖန် ၀ိဇ္ဇာမယံ ဇော်ဂျီပျံ ရသေ့ရှင်မွန် လောကီဈာန် ခေမာအမတံ ပြည်နိဗ္ဗာန် ရောက်လိမ့်ဧကန် မဂ်အလွန်ဖိုလ်မွန်ရလွယ်ကြိုး တိုး၍သာကြံကြစေလေကုန်။ ။ မှတ်ချက် ... ကျမ်းရင်းလင်္ကာအမှတ် ( ၂ ) ၏ "နန်းအောင်ရွှေမြို့သာ" မှာ အာစရိယ၀ါဒမူအရ "နန်းအောင်ရွှေမြို့စံ" ဖြစ်၏။ ပညာရှင်တို့နှစ်သက်ရာယူလေ ...

အပိုင်း (၆ ) ဆက်ရန်
တန်လိုင်းမျိုး အရည်းကြီးမျိုးဟု ဆိုကြလေသောအခါ

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်