အဘိဓမၼာ မူၾကိဳတန္း နိဒါန္း


မြတ်ဗုဒ္ဓ၏ ဒေသနာတော်သည် အနတ္တဒေသနာ ဖြစ်သည်။ “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” ဟူသော သင်္ခါရ ဓမ္မတို့၏ လက္ခဏာရေး သုံးပါးတို့တွင် အနိစ္စ နှင့် ဒုက္ခတရား တို့ကို ဗုဒ္ဓမြတ်စွာ မပေါ်ထွန်း မီ ခေတ်ကာလကပင် ရှေးပညာရှိ သမဏ, ဗြာဟ္မဏတို့ ဖော်ထုတ်နိုင်ခဲ့ကြသည်။ 
 
အနတ္တတရားကိုမူ ဗုဒ္ဓမြတ်စွာဘုရားပွင့်တော်မူမှသာ ဟောကြားနိုင်စွမ်းရှိခဲ့သည် ဟု အဆို ရှိလေ သည်။ ‘အနတ္တ’တရားဟူသည်ကား အလုံးစုံသောတရားတို့သည် မိမိ၊ ငါ၊ သူတစ်ပါးစသဖြင့် ခေါ် ဝေါ် သမုတ်အပ်သော မြဲမြံသည့် အနှစ်သာရတရားမျိုး မဟုတ်။ ငါ့ကိုယ်၊ ငါ့ဟာဟူ၍ အစိုးရသော တရားမျိုး မဟုတ်။ အတ္တ မဟုတ်။ သို့ဖြစ်၍ ထိုတရားတို့အား “ဧတံမမ, ဧသောဟမသ္မိ, ဧသောမေ အတ္တာ” (ငါ့ဟာ, ငါ, ငါ၏ အတ္တ) ဟု စွဲလမ်းသုံးသပ်ခြင်းငှာမထိုက် ဟူ၍ ဟောကြားသော တရား ဖြစ်သည်။

ခန္ဓာ ၅-ပါး၊ ရုပ်နာမ်တရားစုတို့ကား ဉာဏ်ဖြင့် သိနိုင်သော အစစ်အမှန် တရားအစု ဖြစ်သည်။ သို့သော် ပုထုဇဉ်တို့သည် ခန္ဓာ ၅-ပါး၊ ရုပ်နာမ်တရားတို့အား “ငါ့ဟာ, ငါ, ငါ၏ အတ္တ” ဟု “တဏှာ, မာန, ဒိဋ္ဌိ” ဟူသော ပပဉ္စတရား တို့ဖြင့် စွဲလမ်း သုံးသပ် ထင်မှတ်မှားကြသည်။ ထို့ကြောင့် “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” ဟု မမြင်နိုင်။ “နိစ္စ, သုခ, အတ္တ” ဟု ဆန့်ကျင်ဖက် တလွဲဖောက်ပြန်၍ မြင်သည်။ ထို ဝိပ္ပလ္လာသခေါ် ဖောက်ပြန်သော အသိအမြင်တို့သည် ပုထုဇဉ်၏ သန္တာန်တွင် အမြစ်တွယ်နေရကား အမှန်သိမြင်သော အမြင်ပေါ်ရန် ကြီးစွာသော လုံ့လဝီရိယ၊ ပညာ၊ သတိတို့ ဖြင့် အဖန်ဖန် အား ထုတ်ရန် လိုအပ်သည်။ ရုပ်နာမ် သင်္ခါရတရားတို့၏ သဘော အစစ်မှန်အား အမှန်ကို အမှန်အတိုင်း ယထာဘူတ ဉာဏ်ဖြင့် သိမြင်ပါက၊ ထို ရုပ်နာမ်သင်္ခါရတရားတို့အပေါ်၌ တပ်မက်စွဲလမ်းသော စိတ်ကင်းကာ ငြီးငွေ့သော နိဗ္ဗိန္ဒဉာဏ်အမြင် ဖြစ်ပေါ်လာပေမည်။ ရုပ်နာမ်သင်္ခါရတရားတို့အပေါ် ငြီးငွေ့ စွန့်ပယ်လိုသော အမြင်သန်လာပါက ရုပ်နာမ်သင်္ခါရတရားတို့၏ ဆန့်ကျင်ဖက် သဘာ၀ဖြစ် သော ဖြစ်ပျက်ချုပ်ငြိမ်းသော နိဗ္ဗာန်ကိုမြင်သည့် တပ်မက်ခြင်းကင်းသော ဝိရာဂ ခေါ် မဂ်ဉာဏ် ဖြင့် မျက်မှောက် ပြုနိုင်ပေမည်။ ဤသည်ကား ဗုဒ္ဓမြတ်စွာ ၄၅-ဝါ ကာလပတ်လုံး အဖန်တလဲလဲ နည်းပရိယာယ် မျိုးစုံဖြင့် ဟောကြားတော်မူခဲ့သော သုတ္တန် ဒေသနာတော်၏ အချုပ် ဖြစ်သည်။

“ယထာဘူတ၊ နိဗ္ဗိန္ဒ၊ ဝိရာဂ” (မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဝေါဟာရဖြင့်ဆိုပါက ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံး) ဟူ၍ အဆင့်ဆင့် ကြိုးပမ်းအားထုတ်ခြင်းအား ဝိပဿနာတရား ပွား များသည်ဟု ခေါ်သည်။ ဤတွင် ရုပ်နာမ်တရားတို့၏ သဘာဝအမှန်ကို သိမြင်ရန် အားထုတ်ရာ တွင် ရှေးဦးစွာ “ဃန”ခေါ် တစ်ပေါင်းတည်း၊ တစ်သားတည်းဟု ထင်မှတ်ထားသော အထင်မှားကို ပြိုကွဲအောင် ကြိုးပမ်းရသည်။ ယောက်ျား, မိန်းမ, ငါ စသဖြင့် အသွင်အပြင်အားဖြင့် တစ်ပါင်း တည်း သမူဟဃန ထင်မှတ်ခြင်းကို ပယ်ဖြောက်ရန် “ဆံပင်, မွေးညင်း, ခြေသည်း, လက်သည်း...” စသဖြင့်ဖြစ်စေ၊ “ပထဝီ, တေဇော, ဝါယော, အာပေါ” စသဖြင့်ဖြစ်စေ တစ်စစီ ခွဲခြမ်းစိတ်ဖြာ၍ ရှုရသည်။ ဤကားရုပ်, ဤကားနာမ် စသဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ရှုရသည်။ ယခင်နေ့က ငါသည် ယနေ့ငါပင် ဖြစ်သည်စသဖြင့် ကာလအားဖြင့် တစ်သားတည်းမြဲမြံနေသည်ဟု ထင်မှတ်သော သန္တာနဃနကို ကွဲရန် ဤရုပ်, ဤနာမ်တို့သည် ဤနေရာတွင်ဖြစ်၍ ခဏအတွင်းမှာပင် ချုပ်ကြ သည် ဟု ကာလအားဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ရှုရသည်။ “ခံစားခြင်းသည် ဝေဒနာဖြစ်သည်၊ မှတ်သား ခြင်းသည် သညာ ဖြစ်သည်” စသဖြင့် ကိစ္စဃန ကွဲအောင် ရှုရသည်။ “ဤကား အဆင်း, ဤကား အသံ, ဤကား အနံ...” စသဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ယောက်ျား, မိန်းမဟု အာရုံအားဖြင့် ရောထွေးနေ သော အာရမ္မဏဃန ကိုကွဲအောင် ရှုရသည်။ အချုပ်အားဖြင့် ဝိပဿနာ၏ ရှေးဦးအလုပ်မှာ နေ့စဉ် တွေ့မြင်ကြုံတွေ့နေရသော တရားတို့အား တစ်စစီဖြစ်အောင် ခွဲခြမ်းစိတ်ဖြာရသော အလုပ်ဖြစ် သည်။ ဒေသနာတော်တွင် နာကြားသူတို့၏ အလိုအာသယအလိုက် ခန္ဓာ ၅-ပါးအဖြစ်၊ အာယတန ၁၂-ပါး အဖြစ်၊ ဓာတ် ၁၈-ပါး အဖြစ် ခွဲခြမ်းစိတ်ဖြာ၍ ဟောကြားသည်။ အကြောင်းမှာ အတ္တဟု မှတ်ယူထားခြင်း၊ ငါ့ဟာဟု နှစ်သက်တပ်မက်သော စိတ်ဖြင့် မှတ်ယူထားသောတရားတို့သည် အမှန်တကယ်ရှိသော အရှိတရားများ မဟုတ်။ အထင်တရားများသာ ဖြစ်သည်ဟု သဘောပေါက် နားလည်စေရန် ဖြစ်သည်။

ထို့နောက် ထို ခန္ဓာ၊ အာယတန၊ ဓာတ်ဟူသော အမှန်တကယ်ဖြစ်ပျက်နေသောတရားတို့သည် မိမိတို့၏ ပင်ကိုယ်အစွမ်းအားဖြင့် ဖြစ်လာကြသည် မဟုတ်။ တန်ခိုးရှင်၊ ဖန်ဆင်းရှင်တို့ ဖန်ဆင်း လိုက်သည် မဟုတ်။ အကြောင်းတရားတို့ ပေါင်းဆုံ၍ ဖြစ်ပေါ်လာရပြီး၊ ထိုအကြောင်းတရားတို့ ချုပ်ငြိမ်းသောအခါ၊ အကျိုးတရားတို့လည်း ချုပ်ပျက်ရသည် ဟူသော အကြောင်းအကျိုး ဆက် နွယ်မှု ပစ္စယသဘောကို ထင်အောင် ရှုရလေသည်။ ပထမအဆင့်တွင် ခွဲခြမ်းစိတ်ဖြာ၍ ရှုမြင်ခဲ့ သော တရားတို့သည် မည်သို့ အချင်းချင်းအပြန်အလှန် အကြောင်းကျိုးဆက်စပ်၍ နေပုံကို ဤ ဒုတိယအဆင့်တွင် ရှုမြင်ရန်အားထုတ်ရသည်။ စာပေတွင် ပထမအဆင့်အား နာမ်ရုပ်အား ပိုင်းခြား သိသော နာမရူပပရိစ္ဆေဒဉာဏ်၊ ဒုတိယအဆင့်အား အကြောင်းတရားကို သိမ်းဆည်းသော ပစ္စယပရိဂ္ဂဟဉာဏ်ဟု ခေါ်သည်။ ထိုသို့ တစ်စစီ ခွဲခြားစိတ်ဖြာခြင်း နှင့် ထို တရားအစိတ်တို့ မည်သို့ အကြောင်းအကျိုးအားဖြင့် ဖွဲ့စည်းဆက်စပ်ခြင်းတို့ကို သုတ္တန်ဒေသနာတော်တွင် ခန္ဓာ၊ အာယတန၊ ဓာတ်၊ ပဋိစ္စသမုပ္ပါဒ၊ သစ္စာ ဟူ၍ ဖွဲ့၍ ဟောကြားတော်မူသည်။

သုတ္တန်ဒေသနာတော်သည် မျက်စိဖြစ်လျှင်၊ အဘိဓမ္မာဒေသနာတော်သည် အလွန်အားကောင်း သော မှန်ပြောင်းတလက် ဟုဆိုရပေမည်။ သုတ္တန်ဒေသနာတော်တွင် သတ္တဝါတို့၏ အလို အဇ္ဈာသယ စသည်တို့ကို လိုက်၍ တစ်စိတ် တစ်ဒေသအားဖြင့်သာ ဟောကြားရသော်လည်း၊ အဘိဓမ္မာဒေသနာတော်တွင်ကား မည်သည်ကိုမျှမငဲ့ဘဲ ယထာဓမ္မ သဘာ၀ရှိသည့်အတိုင်း နည်းမျိုးအသွယ်သွယ်ဖြင့် ဟောကြားတော်မူထား၏။ ဤသို့ သုတ္တန်ဒေသနာတော်ထက် နက်ရှိုင်း သာလွန်၍ပင် အဘိဓမ္မ (အဘိ – သာလွန်သော+ ဓမ္မ – တရား)ဟု အမည်ရခြင်း ဖြစ်ပေသည်။ အဘိဓမ္မာဒေသနာတော်သည်လည်း သုတ္တန်ဒေသနာတော်ကဲ့သို့ပင် “ခန္ဓာ၊ အာယတန၊ ဓာတ်၊ ပဋိစ္စသမုပ္ပါဒ၊ သစ္စာ” တရားတို့အား “ပုဂ္ဂိုလ်, သတ္တဝါ, သူ, ငါ” မဟုတ်၊ “နိသတ္တ၊ နိဇီ၀၊ အနတ္တ” သက်သက် ဖြစ်ကြောင်း ပေါ်လွင်စေရန် ဟောကြားထားခြင်း ဖြစ်သည်။

အဘိဓမ္မာ ပိဋကတ်တော်တွင် ကျမ်း ၇-ကျမ်းရှိရာ၊ ပထမဆုံးဖြစ်သော ဓမ္မသင်္ဂဏီကျမ်းသည် ဓမ္မတရား အစုစုတို့ကို ခွဲခြမ်းစိတ်ဖြာ၍ ရေတွက်ပြသော ကျမ်းဖြစ်သည်။ အလုံးစုံသော တရားတို့အား “ကုသိုလ်, အကုသိုလ်, အဗျာကတ” စသဖြင့် သဘောတူရာ, တူရာအုပ်စု သုံးအုပ်စု စီ ခွဲ၍၎င်း၊ “ဟိတ်တရားအစု, ဟိတ်မဟုတ်သောတရားအစု” စသဖြင့် နှစ်အုပ်စုစီခွဲ၍၎င်း၊ မာတိကာခေါ် ဇယားချ၍ ပြသည်။ သုံးအုပ်စုဖွဲ့သော ဇယားအား “တိကမာတိကာ”၊ နှစ်အုပ်စု ဖွဲ့သော ဇယားအား “ဒွိကမာတိကာ”ဟုခေါ်သည်။ ထို့နောက် ထိုအုပ်စုတစ်ခုချင်းစီမှ တရားတို့ကို –
“ယသ္မိံ သမယေ ... စိတ္တံ ဥပ္ပန္နံ ဟောတိ ... ။ တသ္မိံ သမယေ ... ဟောတိ။ ... ဟောတိ။ ...”
“အကြင်အခါ၌ (ဤမည်သော) စိတ်သည်ဖြစ်၏။ ထိုအခါ၌ (ဤတရားသည်) ဖြစ်၏။ (ဤတရားသည်) ဖြစ်၏။ ...”

စသဖြင့် ရေတွက်ပြခြင်း ဖြစ်သည်။ ဤသို့အားဖြင့် စိတ်အမျိုးပေါင်း ၁၂၁-မျိုးအား ထိုစိတ်ဖြစ်ခိုက် အတူဖြစ်ကြသော (စေတသိက်)တရားများဖြင့် တွဲ၍ရေတွက်ပြသည်။ ရုပ်တရားတို့အား ရေတွက် ပြ သည်။ အဘိဓမ္မာဝိဘင်း စသော နောက်ကျမ်းများတွင် ထိုတရားတို့အား ပိုင်းခြားဝေဖန်၍၊ အဓိပ္ပါယ်ကိုတိကျအောင် သတ်မှတ်ပေးသည်။ ဤသို့ဖြင့် အမှန်တကယ်ရှိသော ပရမတ္တတရား တို့အား အစိတ်စိတ် ပိုင်းခြားဝေဖန်ကာ အတ္တဟု ထင်မှတ်အပ်သောတရား ရှာမရနိုင်ပုံကို အသေး စိတ် ဟောကြားထားသည်။

“ပုဂ္ဂိုလ်, သတ္တဝါ, သူ, ငါ, အတ္တ” တို့သည် အစစ်မှန်အားဖြင့် မရှိ။ အထင်ပညတ် တရားများသာဖြစ် သည်။ “စိတ်၊ စေတသိက်၊ရုပ်၊ နိဗ္ဗာန်”ဟူသော ပရမတ္ထတရား လေးပါးသည်သာ အစစ်မှန်အားဖြင့် ဉာဏ်တွင် သိရှိနိုင်သော တရားများဖြစ်သည်။ သို့သော်လည်း ထိုပရမတ္ထတရားတို့သည် အနုမြူ ဝါဒ (Atomism) တွင်ကဲ့သို့ သီးခြားစီ မိမိအစွမ်းအားဖြင့် ဖြစ်တည်ကြသော တရားများမဟုတ်။ သိကြား၊ ဗြဟ္မာ၊ တန်ခိုးရှင်များက ဖန်ဆင်းထားခြင်းမျိုးလည်း မဟုတ်။ “စိတ်၊ စေတသိက်၊ ရုပ်” ဟူသော သင်္ခါရတရားတို့သည် အကြောင်းတရားကိုမှီ၍ ဖြစ်ပျက်ကြရသည်။ ယုတ်စွအဆုံး အကြောင်းတရား ဆိုရာ၌ပင် တစ်ခုတည်းသော အကြောင်းကိုသာ မှီ၍ ဖြစ်ပျက်ကြခြင်း မဟုတ်။ တစ်ပါးမကသည့် အကြောင်းတရားများ ညီညွတ်မှသာ ဖြစ်တည်နိုင်ကြလေသည်။ နောက်ဆုံး ခုနှစ် ကျမ်းမြောက် ဖြစ်သော ပဋ္ဌာန်းကျမ်းတွင် ရှေ့ကျမ်းများက အစိတ်စိတ် အမွှာမွှာပြု၍ ခွဲခြား ဝေဖန်ပြထားသော “ခန္ဓာ, အာယတန, ဓာတ်” တရားတို့သည် တစ်ပါးနှင့် တစ်ပါးမည်သို့ ဆက် နွယ် ပတ်သက်၍ ထောက်ပံ့နေကြပုံ အသေးစိတ် စနစ်တကျ ဟောကြားထားပေသည်။ 
 
သုတ္တန်ဒေသနာတော်က ညွှန်ပြပေးသော (၁) ပိုင်းခြားဝေဖန်၍ သိသည့် နာမရူပပရိစ္ဆေဒ အသိ၊ (၂) ထိုတရား အစိတ်တို့ တစ်ပါးနှင့် တစ်ပါး ထောက်ပံ့ကျေးဇူးပြုနေပုံ အကြောင်းတရားကို သိမ်း ဆည်းသည့် ပစ္စယပရိဂ္ဂဟ အသိ တို့ကိုပင်၊ ဓမ္မသင်္ဂဏီအစ ပဋ္ဌာန်းအဆုံး အဘိဓမ္မာဒေသနာတော် က ညွှန်ပြပေးပေသည်။ ခြားနားချက်ကား အဘိဓမ္မာဒေသနာတော်သည် သတ္တဝါတို့၏ အလိုကို လိုက်၍ ဟောခြင်းမျိုး မဟုတ်ဘဲ၊ ဓမ္မသဘောသက်သက်ကို လိုက်ကာ၊ နည်းအမျိုးမျိုးဖြင့် အသေး စိတ် ဟောကြားထားခြင်းပင် ဖြစ်သည်။

ထို့ကြောင့်ပင် ကိုလံဘိုမြို့ရှိ ဝဇီရာရာမကျောင်းတိုက်မှ ဝဇီရဉာဏ မဟာထေရ်က “အဘိဓမ္မာသည် အားကောင်းသော မှန်ပြောင်းတစ်လက်နှင့် တူ၏။ သို့သော် သုတ္တန်ဒေသနာ တော် မှရသော အသိဉာဏ်သည် မြင်ခြင်းအမှုကို ပြီးစေသည့် မျက်စိပင် ဖြစ်လေသည်။ တစ်နည်း အားဖြင့် အဘိဓမ္မာသည် ဆေးပုလင်း တံဆိပ်ပေါ်မှ ဆေးဖော်စပ်ပုံအညွှန်းဖြစ်လျှင်၊ သုတ္တန် ဒေသနာ တော်မှရသော အသိပညာသည် ရောဂါနှင့် လက္ခဏာတို့ကို ပျောက်ကင်းစေနိုင်သော ဆေးနှင့် တူပေမည်။” ဟု မိန့်ကြားခဲ့ခြင်း ဖြစ်သည်။


အဘိဓမ္မာ နှင့် ဓမ္မာ

ပင်လယ်သမုဒ္ဒရာသည် အလွန်ကျယ်ပြောသော သဘောရှိသည်။ အလွန်နက်ရှိုင်းသော သဘော လည်း ရှိသည်။ ထိုပင်လယ်သမုဒ္ဒရာနှင့် နှိုင်းစာလျှင်၊ ဘဝအဆက်ဆက်ကျင်လည်ခဲ့ရသော သံသရာကား အစရှာ၍ မရနိုင်အောင် အလွန်ရှည်လျားလှသည်။ သံသရာဟူသည် ခန္ဓာ၊ အာယတန၊ ဓာတ်ဟူသောတရားတို့ အဆက်မပြတ် တရစပ် ဖြစ်ပျက်နေသော အစဉ်ဟု အဓိပ္ပယ် ဖွင့်သည်။ ထိုသို့ အပြောကျယ်သော သံသရာအား ကူးခတ်လွန်မြောက်နိုင်ရန် အတွက် ခန္ဓာ၊ အာယတန၊ ဓာတ်ဟူသောတရားတို့ကို ဘုရားရှင်က ဝိနည်း၊ သုတ္တန်၊ ဘိဓမ္မာဟူသော ပိဋက သုံးသွယ် နည်းပင်လယ်ကြီးဖြင့် ဟောကြားတော်မူခဲ့သည်။ 
 ဤသို့ဟောကြားတော်မူနိုင်ခြင်းသည်လည်း ဉေယျဓမ္မ ခေါ် သိနိုင်သောတရားမှန်သမျှအား အကြွင်းအကျန် မရှိ ထိုးထွင်း၍ သိတော်မူနိုင်သော သဗ္ဗညုတဉာဏ်တော်၏ ကျယ်ပြောနက်ရှိုင်း မှုကြောင့် ဖြစ်ပေသည်။ ပင်လယ်သမုဒ္ဒရာ, သံသရာ, ပိဋကသုံးပုံ ဒေသနာနည်း အသွယ်သွယ် နှင့် သဗ္ဗညုတဉာဏ်တော်တို့အား ကျယ်ပြော နက်ရှိုင်းသည့် သာဂရ (ပင်လယ်) လေးပါးဟု စာပေ တွင် သတ်မှတ်ထားသည်။

ပိဋကသုံးပုံ ဒေသနာတော်နည်း အသွယ်သွယ်ဟူသော နယသာဂရတွင် အဘိဓမ္မာဒေသနာတော် သည် အခြားသော ဒေသနာတော်တို့ထက် သာလွန်ထူခြားစွာ နက်နဲကျယ်ပြော၏။ ထိုသို့ သာလွန် ထူးခြား (ဓမ္မာတိရေက ဓမ္မာဝိသေသ) ၍ပင်၊ “အဘိဓမ္မာ” ဟူသော အမည်ဆောင်လေ သည်။

အဘိဓမ္မာဒေသနာတော်သည် “ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျကတာဓမ္မာ” အစချီ၍ “ဓမ္မ” တို့ကို အသေးစိတ်နည်း အသွယ်သွယ်ဖြင့် ဟောကြားထားသည်။ ဓမ္မကို “တရား” ဟူသော မြန်မာ ဝေါဟာရဖြင့် ဖလှယ်၍သုံးသည်။ ဓမ္မသည် နေရာ အသုံးအနှုန်းအလိုက် အနက်အဓိပ္ပါယ် အမျိုးမျိုး ဆောင်သည်။ မြတ်စွာဘုရားဟောကြားအပ်သော တရားဒေသနာ (Teaching) ဟုဆိုလိုသည် လည်း ရှိသည်။ သုတ်, ဂါထာ, ဥဒါန်းစသဖြင့် သင်ယူအပ်သော စာပေပရိယတ္တိ (Scripture) ကို ဆိုလိုသည်လည်း ရှိသည်။ ဓမ္မ, အဓမ္မ (တရားခြင်း, မတရားခြင်း) စသည်တွင် ကောင်းသောဂုဏ် (moral quality, righteousness) ဟုအနက်ရသည်။ ဓမ္မစကြာတွင် “ဒိဋ္ဌဓမ္မော ပတ္တဓမ္မော” စသဖြင့် ဟောကြားရာ၌ မြင်အပ်, ဆိုက်ရောက်အပ်သည့် သစ္စာတရား (Truth) ဟူသည့် အဓိပ္ပါယ်ရသည်။ ဉာဏ်ဖြင့်သိအပ်သောတရား (ဉေယျဓမ္မ) ဟူသော အဓိပ္ပါယ်ဆောင်သည်လည်း ရှိ၏။ ပုဂ္ဂိုလ်, သတ္တဝါ မဟုတ်သော သဘောတရား သက်သက်ဟု အဓိပ္ပါယ်ရသည် လည်းရှိသည်။ အဘိဓမ္မာ ဒေသနာတွင်ကား ပုဂ္ဂိုလ်, သတ္တဝါမှ ဆိတ်သုန်းသော သုညတတရား၊ သဘာဝတရားတို့ကို ပဓာနထား၍ ဟောကြားထားသည်။

အဘိဓမ္မာ ကထာဝတ္ထုကျမ်းတွင် “ပုဂ္ဂိုလ်အား မှန်ကန်သောသဘော, မြတ်သောသဘောဖြင့် ရအပ်သလော?” (ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ) ဟု စီစစ်ဝေဖန်၍ ဟောကြား ထားသည်။ ထိုဒေသနာအား မှီး၍ ဉာဏ်ဖြင့် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိအပ်(ရအပ်)သော သဘောတရားတို့ကို “ပရမတ္ထတရား” ဟုခေါ်သည်။ အမှန်တကယ်မရှိ အထင်ဖြင့်သာ ကြံဆ၍ သိရသော “ငါ သူတစ်ပါး ပုဂ္ဂိုလ် သတ္တဝါ” စသည်တို့အား “ပညတ္တိတရား”ဟု ခေါ်သည်။ ပရမတ်တရားတို့သည် (အမှန်ရှိသည့်အတိုင်း) ဉာဏ်ဖြင့်သိရသော တရားဖြစ်၍၊ ပညတ်တရား တို့သည် (အမှန်ရှိသည်မှ သွေဖီ၍) အထင်ဖြင့် သိရသောတရားဖြစ်သည်။ ပညတ်သည် အထင်ဖြင့် ပြီးသောတရား (ပရိကပ္ပသိဒ္ဓ) ဖြစ်၍၊ ပရမတ်သည် မိမိ၏ ပင်ကိုယ်သဘာဝအားဖြင့် ပြီးသော တရား (သဘာဝသိဒ္ဓ) ဖြစ်သည်။

“အတ္တနော သဘာဝံ ဓာရေန္တီတိ ဓမ္မာ” မိမိ၏ သဘောကို မိမိဆောင်သောကြာင့် ဓမ္မာဟု ခေါ်ရ ကြောင်း ဓမ္မသင်္ဂဏီအဖွင့်ကျမ်းဖြစ်သော အဋ္ဌသာလိနီအဋ္ဌကထာတွင် အဓိပ္ပါယ်ဖွင့်ပြသည်။ သဘောတရားဟူသည် သဘာဝဓမ္မကို မြန်မာမှုပြုထားခြင်းဖြစ်သည်။ သဘော နှင့် သဘာဝသည် အနက်အဓိပ္ပါယ်အတူတူပင်ဖြစ်သော်လည်း၊ မြန်မာစာတွင် သွင်ပြင်လက္ခဏာ အမူအရာ တို့ကို သဘောဟု သုံးနှုန်းလေ့ရှိပြီး၊ သဘာဝဟုဆိုလျှင် တောတောင်ရေမြေ မိုးလေဝသစသော လူတို့ ဖန်တီးထားခြင်းမဟုတ်ပဲ အလိုလိုဖြစ်ပေါ်နေသော အရာများ အဖြစ်နားလည်ကြသည်။

ပထမအဓိပ္ပါယ်အရ “ပူခြင်း, အေးခြင်း, သိခြင်း, ခံစားခြင်း” စသဖြင့် အသိစိတ်တွင် သိစေနိုင်မည့် အမူအရာ, အသွင်ပြင်, အမှတ်အသား လက္ခဏာများကိုဆိုသည်။ သဘာဝသည်ပင် လက္ခဏာဖြစ် သည်။ ထို့ကြောင့်ပင် “အတ္တနော လက္ခဏံ ဓာရယန္တီတိ ဓမ္မာ” မိမိ၏ လက္ခဏာကို ဆောင်သော 
ေကြာင့် ဓမ္မာ ဟုခေါ်ကြောင်း သမ္မောဟဝိနောဒနီခေါ် အဘိဓမ္မာဝိဘင်း အဖွင့် အဋ္ဌကထာကျမ်း က ထပ်မံ၍ ဖွင့်ပြပြန်သည်။

ဝေါဟာရတို့သည် ဓာတ် ခေါ် အနက်ဓိပ္ပါယ် ရင်းမြစ်(root) များမှ ဆင်းသက်လာသည်ဟု ယူဆ သည့် အားလျော်စွာ၊ အဋ္ဌကထာခေတ်စာပေတို့တွင် ဓာတ်တို့၏ အနက်ကိုဖော်၍ ဝေါဟာရ တို့၏ အဓိပ္ပါယ်ကို ဖွင့်ဆိုလေ့ ရှိခဲ့ကြသည်။ ဓမ္မာဟူသော ဝေါဟာရအား “√ဓာ = ဆောင်ခြင်း” ဟူသော ဓာတ်နက်သံ ပါအောင် မိမိလက္ခဏာကို ဆောင်၍ ဓမ္မ၊ မိမိ သဘာဝကို ဆောင်၍ ဓမ္မ စသဖြင့် ဖွင့် ဆိုကြလေသည်။ ဤတွင် သဘာ၀၏ နောက်ကွယ်တွင် ထိုသဘာဝကို ဆောင်ထားသော အရာ တစ်ခုခု ရှိနေသယောင်၊ ခက်မာမှုစသော လက္ခဏာတို့နောက်ကွယ်တွင် ထိုခက်မာမှု လက္ခဏာကို ဆောင်ထားသော အရာတစ်ခုခု ရှိနေသယောင် အထင်မှားဖွယ်ရှိသည်။ အနောက် တိုင်း ဒဿန တို့တွင်လည်း ခေတ်အဆက်ဆက် phenomenon ခေါ် သွင်ပြင်လက္ခဏာတို့၏ နောက်ကွယ်တွင် ပကတိ တည်ရှိနေသော အနှစ်သာရတရား (essence) ရှိသည်ဟု ယူဆခဲ့ကြ လေသည်။ အပေါ်ယံ သွင်ပြင်လက္ခဏာတို့သည် ဖြစ်ပေါ်ပြောင်းလွဲနေကြသော်လည်း တည်တန့် ခိုင်မြဲသော အနှစ်သာရ တရားတို့ အပေါ်မှီ၍ ဖြစ်ပေါ်ကြခြင်း ဖြစ်သည်ဟု ယူဆကြသည်။ အဘိဓမ္မာဒေသနာသည် အနတ္တ ဒေသနာ ဖြစ်သည်။ “အသာရဋ္ဌေန အနတ္တာ” ဟူသော စကား အတိုင်း အနှစ်သာရ မရှိခြင်းသည်ပင် အနတ္တသဘောဖြစ်ရာ၊ သဘာ၀နှင့် သဘာဝန္တ ခေါ် သဘာဝကို ဆောင်သော အခံဒြပ် (substance) ဟု နှစ်မျိုး မကွဲပြားပါ။ လက္ခဏ နှင့် လက္ခဏာ ကိုဆောင်သော တရားဟု နှစ်မျိုး မကွဲပါ။ ခက်မာခြင်းဟူသော လက္ခဏာသည်ပင် ပထဝီဟူသော ဓမ္မဖြစ်သည်။ သဘာဝသည်ပင် ဓမ္မဖြစ်သည်။ ထို့ကြောင့် “န စ ဓာရိယမာနသဘာဝါ အညော ဓမ္မော နာမ နတ္ထိ - ဆောင်ထားသော သဘာဝတို့မှတစ်ပါး ဓမ္မဟု အမည်ရခြင်း မရှိ” ဟု မဟာဋီကာ က ဖွင့်ပြသည်။

ဒုတိယ အဓိပ္ပါယ်အရ တောတောင်ရေမြေ မိုးလေဝသစသော လူတို့ ဖန်တီးထားခြင်း မဟုတ်ပဲ အလိုလို ဖြစ်ပေါ်နေသော အရာများအားလည်း သဘာဝဟု ခေါ်သည်။ လူနတ်ဗြဟ္မာတို့က ဖန်တီး ထားခြင်း မဟုတ်။ အတ္တက ဖန်တီးထားခြင်း မဟုတ်။ သဘာဝအလျောက် ဖြစ်ပျက် ပြောင်းလဲနေ ရသော တရားများဟု ဆိုလိုသည်။ 
သဘာ၀ ဟူသော ပါဠိဝေါဟာရအား (သ-မိမိကိုယ်တိုင်၏ + ဘာ၀-ဖြစ်ခြင်း) မိမိကိုယ်တိုင်၏ ဖြစ်ခြင်း၊ မိမိအလိုလို ဖြစ်ခြင်း ဟူသော အနက်အဓိပ္ပါယ် ရသည်။ အနောက်တိုင်းဒဿနတို့မှ thing-in-itself/ being-in-itself ဟူသော အဓိပ္ပါယ် ရသည်။ ဤတွင်လည်း သဘာဝသိပ္ပံပညာ နှင့် အချို့ ဒဿနတို့တွင်ကဲ့သို့ နာမ်တရား၏ အခန်းကဏ္ဍကို ပစ်ပယ်ကာ ရုပ်ဝါဒကို စောင်းပေးသော အစွန်းတရားများနှင့် ကြုံတွေ့နိုင်သည်။ သူ့အလိုအလျောက် ဖြစ်ပျက်နေသည် ဟူသော အဓိစ္စသမုပ္ပန္န အယူမျိုးသို့ ရောက်သွားနိုင်သည်။ အဘိဓမ္မာတွင် နာမ်တရားတို့သည်လည်း သဘာ၀ ဖြစ်သည်။ ရုပ်နာမ်တရားတို့သည် အကြောင်းမဲ့ သက်သက် မိမိအစွမ်းဖြင့် ဖြစ်တည်ကြရ သည်ဟူ၍ မရှိ။ ဓမ္မတစ်ပါးသည် အခြားသောဓမ္မတို့ အပေါ်တွင် အကြောင်းတရားအဖြစ် တည်မှီ၍ ဖြစ်ရသည်။ ထို့ကြောင့်ပင် သဘာဝကို အဓိပ္ပါယ်ကောက် မလွဲစေရန် “ဓာရိယန္တိ ဝါ ပစ္စယေဟိ, ဓာရိယန္တိ ဝါ ယထာသဘာ၀တောတိ ဓမ္မော– အကြောင်းအားဖြင့် ဆောင်တတ်၏, ဤသို့ သဘာဝအားဖြင့် ဆောင်တတ်၍ ဓမ္မ”  ဟု အဋ္ဌသာလိနီတွင် ဆက်၍ ဖွင့်ဆိုထားသည်။

အချုပ်အားဖြင့်ကား ဓမ္မသည် သွင်ပြင်လက္ခဏာကို ဆောင်သောတရား ဖြစ်သည်။ သဘာဝကို ဆောင်သော တရား ဖြစ်သည်။ “√ဓာ-ဆောင်ခြင်း” ဟူသော စကားရင်းမြစ်၏ အနက်သံပါအောင် အဓိပ္ပါယ် ဖွင့်ရသော်လည်း သွင်ပြင်လက္ခဏာ, သဘာဝတရားတို့၏ နောက်ကွယ်၌ ထိုသဘာဝကို ဆောင်ထားသော အခံဒြပ် အနှစ်သာရတရားဟူ၍ မရှိ။ သဘာဝတရားဆိုရသော်လည်း မိမိကိုယ် တိုင် ရပ်တည်နိုင်စွမ်း မရှိ။ အကြောင်းတရားတို့က ဆောင်ထား၍သာ ဓမ္မ ဟုခေါ်ရခြင်း ဖြစ်သည်။ ဓမ္မ၏ အနက်အဓိပ္ပါယ်ကား ကျယ်ပြော နက်ရှိုင်းသည်။ အဘိဓမ္မာဒေသနာက ထိုဓမ္မတို့ကို ကျယ်ပြော နက်ရှိုင်းစွာ နည်းအသွယ်သွယ်ဖြင့် ပိုင်းခြားဝေဖန်၍ ပြသည်။ နယသာဂရခေါ် နည်း ပင်လယ်၏ ကျယ်ပြော နက်ရှိုင်းမှုဖြင့် ဗုဒ္ဓမြတ်စွာ၏ ဉာဏသာဂရခေါ် ဉာဏ်တော်၏ ကျယ်ပြော နက်ရှိုင်းမှုကို မှန်းဆ ကြည်ညိုနိုင်ပေသည်။

စာညွှန်း။
 
(၁) အဋ္ဌသာလိနီ၊ သမ္မောဟဝိနောဒနီ၊ ဓမ္မသင်္ဂဏီ မူလဋီကာ
(၂) မဟာဂန္ဓာရုံဆရာတော်၏ အဋ္ဌသာလိနီဘာသာဋီကာ
(၃) “The Dhamma Theory: Philosophy Conerstone of Abhidhamma” by Prof. Dr. Y. Karunadasa, The Wheel publication No. 412/413.


ကျမ်းကိုး။
 
(၁) ပါဠိတော်ကျမ်းများ၊ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ နှင့် အဋ္ဌသာလိနီ
(၂) Abhidhamma Studies: Buddhist Explorations of Consciousness and Time by Venerable Nyanaponika Thera.
(၃) A Comprehensive Manual of Abhidhamma by Bhikkhu Bodhi.

သကၤႆနဂိုရ္

မြတ်စွာဘုရားသည် တာဝတိံသာ နတ်ပြည်တွင် ဝါတွင်း သုံးလပတ်လုံး အဘိဓမ္မာတရား ဟော ကြား တော်မူ၍ သီတင်းကျွတ် လပြည့် ပဝါရဏာနေ့သို့ ရောက်သော် သိကြားမင်း ဖန်ဆင်း သည့် ရွှေ၊ ပတ္တမြား၊ ငွေတို့ဖြင့် ပြီးသော စောင်းတန်းသုံးသွယ် အနက် အလယ် ပတ္တမြား စောင်း တန်း ဖြင့် နတ်ဗြဟ္မာတို့ ခြံရံကာ သင်္ကဿနဂိုရ်ပြည် တံခါးဝသို့ ဆင်းသက်ခဲ့ကြောင်းကို ဓမ္မပဒ အဋ္ဌကထာ ဒေဝေါရောဟဏဝတ္ထုတွင် အကျယ်တဝင့် ရေးသား ဖော်ပြထားသည်။
 
 မြတ်စွာဘုရားအား ဦးစွာပထမ အရှင်သာရိပုတ္တ၊ ထို့နောက် အရှင်မ ဥပ္ပလဝဏ္ဏထေရီ တို့က ခရီးဦး ကြိုဆိုကြပြီးနောက် အခြားပရိသတ်အပေါင်းတို့က ဖူးမြှော် ကြိုဆိုကြကြောင်း သုတ္တနိပါတ် အဋ္ဌကထာ (အဋ္ဌကဝဂ် သာရိပုတ္တသုတ်အဖွင့်) တွင် ဖော်ပြထား၏။

ဗုဒ္ဓဝင်အဋ္ဌကထာ စသည်တို့၌ 
 
(၁) ဘုရားပွင့်တော်မူရာ ဗောဓိပလ္လင်၊
(၂) ဓမ္မစကြာတရားဦး ဟောတော်မူရာ ဣသိပတန မိဂဒါဝုန်တော၊
(၃) နတ်ပြည်မှ ဆင်းသက်စဉ် ခြေဦးချတော်မူရာ သင်္ကဿမြို့တံခါး၊
(၄) ဇေတဝန်ကျောင်း ဂန္ဓကုဋိရှိ ကုတင် ခြေထောက် လေးချောင်းချရာ၊ ဤလေးနေရာတို့သည် ဘုရားရှင်တိုင်း မစွန့်သော အဝိဇဟိတဋ္ဌာန လေးနေရာ အဖြစ် အထူး ဖော်ပြထားသည်။ မဇ္ဈိမနိကာယ် ပါသရာသိသုတ်အဖွင့် အဋ္ဌကထာ၌ ဤနေရာလေးပါးအား အစလစေတိယ ဋ္ဌာန (မရွှေ့ပြောင်းသော အထိမ်းအမှတ် နေရာ) လေးပါးဟု ဖော်ပြထားသည်။

အရေးပါသည့် ဗုဒ္ဓဝင်နေရာအဖြစ် သတ်မှတ်ကြသည့် အားလျှော်စွာ သင်္ကဿသို့ အသောက မင်းကြီး (204 BCE ဝန်းကျင်) ၊ တရုတ် ရဟန်းတော် ဖာရှန် (Faxian ဖာဟီယန်ဟု အသိများ 404 CE ဝန်းကျင်)၊ ရွှန်ကျန် (Xuanzang 636 CE ဝန်းကျင်) တို့ လာရောက် ဖူးမြော်ခဲ့ကြ ဖူးသည်။ နောင်တွင် အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓသာသနာ တိမ်ကော သွားသောအခါ၊ သင်္ကဿသည်လည်း အခြား ဗုဒ္ဓဝင်နေရာများ နည်းတူ မေ့လျော့ ပျောက်ကွယ် နေခဲ့၏။ ၁၈၄၂-ခုနှစ်သို့ ရောက်မှ ဗြိတိသျှ လူမျိုး ကျောက်စာဝန် Alexander Cunningham က တရုတ် ဘုရားဖူး ရဟန်းတော်များ၏ မှတ်တမ်းများအား အမှီပြုကာ သင်္ကဿမြို့ဟောင်း နေရာအား ပြန်လည် ထုတ်ဖော်နိုင်ခဲ့သည်။
Relief showing the Descent of the Buddha, grey schist, 3rd century AD, Gandhara. © Victoria and Albert Museum, London

သင်္ကဿမြို့တည်နေရာ


တရုတ် ရဟန်းတော် ဖာရှန်၏ မှတ်တမ်းအရ သင်္ကဿမြို့ (Seng-Kia-She) သည် မထုရာမြို့မှ အရှေ့ဖက် ၁၈-ယူဇနာ အကွာတွင် ရှိ၍၊ သင်္ကဿမှ အရှေ့တောင်ဖက် ၇- ယူဇနာတွင် ကဏ္ဏကုဇ္ဇ မြို့ (ယနေ့ခေတ် Kannauj) ရှိသည်။ တရုတ် ရဟန်းတော် ရွှန်ကျန်က သင်္ကဿမြို့အမည်ကို ကပိထ (Kie-Pi-Tha) ဟု ဖော်ပြခဲ့သည်။ ဗုဒ္ဓစာပေများအရ သင်္ကဿမြို့သည် သာဝတ္ထိမှ ယူဇနာ -၃၀ ကွာဝေးပြီး (ဓမ္မပဒ အဋ္ဌကထာ ဒေ၀ရောဟဏဝတ္ထု)၊ သောရေယျမြို့ (ယနေ့ Soron) နှင့် ကဏ္ဏကုဇ္ဇမြို့အကြား ခရီးလမ်းပေါ်တွင် တည်ရှိသည် (ဝိနည်းပါရာဇိကဏ်-၂၃ ။ဝိနည်းစူဠဝါ- ၄၅၁)။ Alexander Cunningham က သင်္ကဿမြို့သည် ယနေ့ခေတ် Farukkhabad မြို့၏ အနောက်ဖက် ၃၇-ကီလိုမီတာ အကွာရှိ သံကိသ-ဝသန္တပုရ (Sankisa-Basantpur) အမည်ရှိသော ရွာလေး (27.338°N  79.271°E) ဖြစ်ကြောင်း သတ်မှတ်ဖော်ထုတ်ခဲ့သည်။ ထိုရွာလေးသည် ကာလီ မြစ်၏ နံဘေးတွင် တည်ရှိ၍ Agra မှ ၁၆၀ ကီလိုမီတာ၊ Kannuj မှ ၈၀-ကီလိုမီတာ၊ Lucknow မှ ၁၈၀-ကီလိုမီတာ ကွာဝေးသည်။


ထင်ရှားသည့် နေရာဌာနများ

တရုတ် ဘုရားဖူး ရဟန်းတော်များ၏ မှတ်တမ်းအရ သင်္ကဿမြို့ရှိ ထင်ရှားခဲ့သော နေရာဌာန များမှာ -
 
(၁) စောင်းတန်း လှေကားရင်းတွင် တည်ထားသော စေတီ နှင့် အသောကမင်း ကျောက်စာတိုင်
(၂) ဘုရားလေးဆူတို့ သီတင်းသုံး နေထိုင် စင်္ကြံလျှောက်ရာ အရပ်တွင် တည်ထားသော စေတီ
(၃) မြတ်စွာဘုရား ရေသပ္ပါယ်ရာ နေရာ ရေချိုးအိမ်
(၄) သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ မြေပြင်သို့လိုက်ပါ ဆင်းသက်ခဲ့သော နေရာတွင် တည်ထားသော စေတီငယ် နှစ်ဆူ
(၅) နတ်ပြည်မှ ဆင်းသက်လာသော မြတ်စွာဘုရားအား အရှင်မ ဥပ္ပလဝဏ္ဏထေရီ ခရီးဦးကြိုပြုခဲ့သော နေရာ၌ တည်ထားသော စေတီ
(၆) မြတ်စွာဘုရား ဆံတော် ခြေသည်း လက်သည်းတော်တို့ကို ပယ်ဖြတ်သည့်နေရာ၌ တည်ထားသည့် စေတီ
(၇) နဂါးနတ်ကွန်းနှင့် နဂါးအိုင် တို့ဖြစ်သည်။
စောင်းတန်း လှေကားရင်းတွင် တည်ထားကိုးကွယ်သော အစလစေတီအား တရုတ်ရဟန်းတော်များက ဤသို့ မှတ်တမ်း တင်ခဲ့ကြသည်။

“… မြတ်စွာဘုရား မြေပြင်သို့ရောက်သည်နှင့် စောင်းတန်း သုံးသွယ်တို့သည် မြေသို့ ငုတ်လျှိုး၍ ကွယ်ရာ၊ လှေကား ခုနှစ်ထစ်သာ မြေပြင်တွင် ပေါ်လေသည်။ နောင်သော် အသောကမင်းသည် စောင်းတန်း၏ အခြေတည်ရာကို သိလိုသဖြင့် တူးဖော်စေရာ ရေအဝါ ထွက်သည့်တိုင် (ငရဲပြည်စပ်ကို ဆိုလို) ရောက်သော်လည်း စောင်းတန်း၏ အခြေကို မတွေ့ရပေ။ အသောကမင်းသည် အလွန်ပင် အံ့ဩ ကြည်ညိုတော်မူသဖြင့် လှေကားခုနှစ်ထစ်ပေါ်တွင် ကျောင်းဆောက်လုပ်ကာ၊ အလယ်စောင်းတန်းထိပ်၌ ဉာဏ်တော် ၁၆-ပေရှိသော ရုပ်ပွားဆင်းတုတော်ကို တည်ထား ကိုးကွယ်၏။ ကျောင်းတော်၏ အနောက်ဖက်တွင်လည်း အတောင် ၃၀-ခန့်မြင့်၍ ထိပ်တွင် ခြင်္သေ့ရုပ်ပါရှိသော ကျောက်စာတိုင်ကို ထူထားလေသည်။ ကျောက်စာတိုင်၏ လေးမျက်နှာတွင် ဖန်သားသဖွယ် ကြည်လင်လှသော ရုပ်ပွားဆင်းတုတော် လေးဆူကို တည်ထား၏။” (Faxian – Records of Buddhistic Kingdom)
Amaravati ရှိ ထုံးကျောက်ပြားတွင် ထွင်းထုထားသော အစလစေတီ ပုံစံတူ © British Museum

“ထိုစောင်းတန်း လှေကား သုံးသွယ်သည် ရှေးရာစုနှစ်များစွာက မူလအတိုင်း ရှိခဲ့သော် လည်း၊ ယခုအခါတွင် မြေသို့ ငုတ်လျိုးပျောက်ကွယ်သွားပြီ ဖြစ်သည်။ ထိုအခါတွင် အနီး အပါးရှိ တိုင်းနိုင်ငံတို့မှ မင်းသားတို့သည် ဝမ်းနည်းတသဖြစ်ကြ၍ ထိုနေရာတွင် အုတ်ကျောက်တို့ဖြင့် ရတနာများစီချယ်ကာ အလားသဏ္ဍာန်တူ စောင်းတန်းသုံးသွယ် ကို ဆောက်လုပ်ခဲ့ကြသည်။ အမြင့်ပေ ၇၀-ရှိ၏။ စောင်းတန်းထိပ်တွင် ကျောင်းဆောင် တစ်ဆောင် ဆောက်လုပ်ကာ၊ ဘေးတဖက်တချက်တွင် သိကြားမင်း၊ ဗြဟ္မာမင်းတို့ ခြံရံ ထားသည့်ဟန် ရုပ်ပွားဆင်းတုတော်အား ကျောက်ဖြင့် ထုလုပ်ကိုးကွယ် ခဲ့ကြ သည်။”

“ကျောင်းတိုက်၏ အပြင်ဖက် အနီးအနားတွင် ပေ ၇၀-မြင့်သော ကျောက်တိုင်တစ်ခုကို အသောကမင်းက တည်ထားခဲ့သည်။ ကျောက်တိုင်မှာ ခရမ်းရောင်ရှိ၍ စိုစွတ်လျှင် အရောင်တောက်ပ၍နေသည်။ ကျောက်တိုင်၏ ထိပ်ဖျားတွင် စောင်းတန်းလှေကား ဖက်သို့ မျက်နှာမူ၍ ထိုင်နေသော ခြင်္သေ့ရုပ် ထုလုပ်ထားသည်။ ကျောက်စာတိုင် ပတ် လည် လေးဖက်လေးတန်တွင် အလွန်အံ့ချီးဖွယ်ကောင်းသော ရုပ်ပုံများထုလုပ်ထား၍ ဖူးမြင်သူတို့၏ ကောင်းဆိုး စရိုက်အလိုက် ထိုရုပ်ပုံများ ပေါ်လေသည်။” (Xuanzang – Records of Western Countries)

ဒဏ္ဍရီဆန်ဆန် အသေးစိတ် အချက်အလက် အချို့ကွဲလွဲနေသော်လည်း ထိုဘုရားဖူး ရဟန်းတော် များ ရောက်ခဲ့စဉ်က အစလစေတီနှင့် ခြင်္သေ့ရုပ်ပါသော အသောက ကျောက်စာတိုင်ရှိကြောင်း သိရသည်။

တရုတ်ရဟန်းတော် ဖာရှန် ရောက်ရှိခဲ့ချိန်တွင် ဘိက္ခု ဘိက္ခုနီသံဃာ တစ်ထောင်ခန့်ရှိကြောင်း အချို့မှာ မဟာယာနဖြစ်ပြီး၊ အချို့မှာ ဟိနယာနဖြစ်ကြောင်း ဖော်ပြထားသည်။ ရဟန်းတော် ရွှန်ကျန်၏ မှတ်တမ်းအရ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း လေးကျောင်းရှိ၍ သံဃာအပါး တစ်ထောင်ခန့် ရှိ၍၊ ဟိနာယာန ဂိုဏ်းခွဲဖြစ်သော သမ္မိတိယဂိုဏ်းဝင် ရဟန်းတော်များ ဖြစ် ကြောင်း၊ နတ်ကွန်း ဆယ်ခုရှိပြီး မဟေသွရ (သီဝနတ်) ကို ကိုးကွယ်ပူဇော်သူများလည်း ရှိကြောင်း သိရသည်။

တရုတ် ရဟန်းတော် နှစ်ပါးလုံးက သင်္ကဿမှ နဂါးအိုင်နှင့် နတ်ကွန်း အကြောင်းကို ဖော်ပြထား ၏။ ရဟန်းတော် ရွှန်ကျန်က အစလစေတီ၏ အရှေ့တောင်ဖက် အရပ်တွင် နဂါးအိုင် ရှိကြောင်း သာမာန်မျှ ဖော်ပြခဲ့၍ ရဟန်းတော် ဖာရှန်က ထိုနဂါးသည် မိုးလေဝသ မှန်ကန်၍ စိုက်ပျိုးရေး ကောင်းမွန်စေရန် စောင့်ရှောက် ပေးနေသောကြောင့် သာသနာ့ဒါယကာ နဂါးမင်းအဖြစ် ဖော်ပြ ထားသည်။ ထို့ကြောင့် ရဟန်းတော်တို့ကပင် နဂါးနတ်ကွန်းကို ဆောက်လုပ်ပေးထား၏။ မိုးလ ရာသီကုန်သော် ထိုနဂါးသည် မြွေအသွင်သို့ ပြောင်းသွားလေ့ရှိ၍ ရဟန်းတော်တို့က ကြေးဖလား တွင် ထည့်ကာ လှည့်လည် အပူဇော်ခံလေ့ရှိကြောင်း ဖော်ပြထားသည်။

ရှေးဟောင်းသုသန ရှာဖွေ တူးဖော်မှု


ဗြိတိသျှလူမျိုး ကျောက်စာဝန် Alexander Cunningham သည် သင်္ကဿမြို့ဟောင်း နေရာအား ၁၈၄၂-ခုနှစ်ကတည်း သတ်မှတ်နိုင်ခဲ့သော်လည်း၊ ၁၈၆၂-ခု နှစ်ကုန်ပိုင်း ရောက်မှ တူးဖော် လေ့လာ နိုင်ခဲ့သည်။ သင်္ကဿမြို့ဟောင်းအဖြစ် အတည်ပြုခဲ့သော သံကိသရွာသည် အနီးဝန်းကျင်ရှိ လယ် ကွင်း မြေပြင်အထက် ၄၁-ပေခန့်မြင့်သော တောင်ကုန်းမြင့်လေးပေါ်တွင် တည်ရှိသည်။ ဒေသခံတို့ က ထိုကုန်းမြင့်လေးအား Kilah (ခံတပ်) ဟုခေါ်သည်။ အရှေ့အနောက် အလျား ပေ-၁၅၀၀ ရှိ၍ အနံမှ ပေ-၁၀၀၀ ကျယ်သည်။ မြောက်ဖက်နှင့် အနောက်ဖက်တွင် ကုန်းသည် မတ်စောက်၍ အခြားဖက်တွင် ပြေ၏။
(from Reports – Indian Archeological Survey, Alexander Cunningham)

ဤ ခံတပ်ဟောင်း၏ အလယ်မှ တောင်ဖက်တည့်တည့် ပေ ၁၆၀၀ အကွာတွင် အုတ်ပုံတစ်ခုရှိ၍ ထိုအုတ်ပုံ၏ အထက်တွင် ဗာသရီ နတ်သမီး (Basari Devi) အတွက် ဆောက်လုပ်ထားသော ခေတ်သစ် လက်ရာ နတ်ကွန်းတစ်ခု ရှိသည်။ နတ်ကွန်းမှ မြောက်ဖက် ပေ ၄၀၀ တွင် ဆင်ရုပ် ထုထားသော ရှေးကျောက်စာတိုင်၏ ထိပ်ပိုင်းကို ရှာဖွေတွေ့ရှိရသည်။ ထို့အပြင် ကျောက်စာတိုင် ၏ အရင်းကို ရှာဖွေ၍ မတွေ့ရသေးပေ။ တရုတ်ဘုရားဖူး ရဟန်းတော်များ၏ မှတ်တမ်းအရ အသောက ကျောက်စာတိုင်၏ ထိပ်ပိုင်းသည် ခြင်္သေ့ရုပ် ဖြစ်ရမည် ဖြစ်သော်လည်း ယခုတွေ့ရှိ ရသော ကျောက်စာတိုင်ထိပ်မှာ ဆင်ရုပ် ဖြစ်နေ၏။ ကျောက်စာတိုင်ထိပ်မှ ဆင်ရုပ်တွင် နှာမောင်း နှင့် အမြီးတို့ မရှိတော့သဖြင့် အကယ်၍ အတောင် ၃၀-အမြင့်တွင် ရှိသော ဆင်ရုပ်အား အောက်မှ မော့ကြည့်လျှင် ခြင်္သေ့ရုပ်အဖြစ် အမှတ် မှားကောင်း မှားနိုင်သည်ဟုသာ Cunningham က မှတ် ချက် ပြုခဲ့သည်။ (မှတ်ချက်။ ဆရာ မောင်အံ့ (မဟာဝိဇ္ဇာဘုံဘေ) ၏ “မြတ်ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂယာ” စာအုပ်တွင် နွားရုပ်အဖြစ် မှားယွင်း ဖော်ပြထားသည်)။
Capital of Asoka Pillar from Reports – Indian Archeological Survey, Alexander Cunningham
ဗာသရီနတ်ကွန်း၏ တောင်ဖက် ပေ ၂၀၀ တွင် စေတီပျက် တခုရှိသည်။ နတ်ကွန်းမှ အရှေ့ဖက် ပေ ၆၀၀ အကွာတွင် အလျား ပေ-၆၀၀ အနံ ပေ-၅၀၀ ရှိ ကုန်းမြင့် တခုရှိသည်။ ဒေသခံတို့က Navi-ka-kot ခေါ်သည်။ ဘုန်းကြီးကျောင်းပျက် တစ်ခု ဖြစ်နိုင်လေသည်။ ထိုမှ အရှေ့မြောက်နှင့် အရှေ့တောင်ဖက်တို့တို့တွင် စေတီပျက် ဖြစ်ဟန်တူသော အဝန်းအဝိုင်းပုံ ကုန်းမို့များ ရှိသည်။ အပြင်မြို့ရိုးဟောင်းသည် ၃-မိုင်ခွဲခန့် ကျယ်၏။ မြို့ရိုးဟောင်းသည် အရှေ့ဖက်၊ အရှေ့တောင်နှင့် အရှေ့မြောက် သုံးနေရာတွင် ပွင့်ပေါက်နေ၍ ဒေသခံတို့က မြို့တံခါးဟု ဆိုကြသည်။ အရှေ့တောင် ဖက် အပေါက်တွင် တံခါးပေါက်ရွာဟု အဓိပ္ပါယ်ရသော Paori-Kheria အမည်ရှိသည့် ရွာတရွာ ရှိ သည်။ ဟိန္ဒူဘာသာစကားဖြင့် Paur ဟု ရေးပါက တံခါးပေါက်ဟု အဓိပ္ပါယ် ရမည်ဖြစ်သော်လည်း Paor ဟု ရေးထားသဖြင့် “လှေကားထစ်” ဟုလည်း အဓိပ္ပါယ် ရနိုင်လေသည်။

ထို့ကြောင့် ယနေ့ ဆင်ရုပ် ကျောက်စာတိုင် တည်ရာနေရာသည် တရုတ်ရဟန်းတော်များ၏ မှတ်တမ်းတွင်ပါသော အသောက ကျောက်စာတိုင်၏ မူလနေရာဖြစ်ပါက ဗာသရီ နတ်ကွန်း တည်ရာ ကုန်းမြင့်သည် အစလစေတီတည်ရာ ဖြစ်မည်ဖြစ်၍၊ ကျောက်စာတိုင် အကျိုး ထိပ်ပိုင်း အား အခြားတနေရာမှ ပြောင်းရွှေ့ထားခြင်း ဖြစ်ပါက Paori-Kheria ရွာနေရာသည် အစလစေတီ တည်ရာ ဖြစ်ပေလိမ့်မည်။ အများစုမှာ ဗာသရီနတ်ကွန်းနေရာအား အစလစေတီတည်ရာ အဖြစ် လည်းကောင်း၊ Navi-ka-kot မှ အရှေ့ဖက် အုတ်ပုံကုန်းမြေ သုံးခုသည် အခြား စေတီသုံးဆူတို့၏ နေရာအဖြစ် လည်းကောင်း လက်ခံယုံကြည် ထားကြလေသည်။

ယနေ့ခေတ်တွင် အခိုင်အမာ သတ်မှတ်နိုင်သော နေရာမှာ နဂါးအိုင်သာ ဖြစ်၍ (တရုတ် ရဟန်း တော် ရွှန်ကျန် ဖော်ပြခဲ့သည့်အတိုင်း) ကျောင်းတော်ရာ အုတ်ပုံများ၏ အရှေ့တောင်ဖက် အရပ်၌ ရှိကြောင်း Cunningham ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဒေသခံတို့က ထိုနဂါးအား ကာရေဝါနတ်နဂါး (Kārewar Nāg Devatā) ဟုခေါ်၍ နဂါးအိုင်အား Kāndaiya Tāl ဟုခေါ်သည်။ ယနေ့ထက်တိုင် နှစ်စဉ် ကဆုန်လပြည့်နေ့ (ဝိသာခနေ့) နှင့် မိုးခေါ်လိုသည့်အခါတိုင်း နဂါးနတ် ကွန်း တွင် နွားနို့ရည်များ သွန်းလောင်း၍ ပူဇော်ပသကြသည်။ ထို နဂါးပူဇော်ပွဲသည် ဟိန္ဒူဘာသာ မှ နာဂပဉ္စမီ (Nāg Panchamī)နှင့် မသက်ဆိုင်ဘဲ၊ သင်္ကဿ ဒေသခံတို့၏ သီးခြား ယုံကြည်ကိုး ကွယ် မှု ဖြစ်လေသည်။

သင်္ကဿနဂိုရ်နှင့် ဘာသာရေးပဋိပက္ခ


တခါက ဘာသာခြား တတ္ထိယဂိုဏ်းဆရာတို့နှင့် ရဟန်းတော်တို့ နေရာပိုင်ဆိုင်မှုအတွက် အငြင်းပွား မှုဖြစ္ရာ၊ ရဟန်းတော်တို့သည် အမှုရှုံး၏။ ထိုအခါတွင် ရဟန်းတော်က “ဤနေရာသည် ဗုဒ္ဓဘာသာ ရဟန်း တော်တို့၏ နေရာအမှန် ဖြစ်ပါက အံ့ဖွယ်ရာ တန်ခိုး ပြပါစေသား” ဟု သစ္စာဆိုကြသော်၊ ကျောက်စာတိုင် ထိပ်မှ ခြင်္သေ့ရုပ်သည် ကျယ်လောင်စွာ ဟိန်းဟောက် သက်သေထူသဖြင့် တတ္ထိဂိုဏ်းဆရာတို့ ကြောက် လန့်ကာ ထွက်ပြေးကြဖူး၏။” (Faxian – Records of Buddhistic Kingdoms)

သင်္ကဿတွင် နေရာပိုင်ဆိုင်မှုနှင့် စပ်လျှင်း၍ ဘာသာရေး ပဋိပက္ခ ဖြစ်လေ့ရှိခဲ့ကြောင်းကို တရုတ် ရဟန်းတော် ဖာရှန်က ဒဏ္ဍာရီဆန်ဆန် မှတ်တမ်း တင်ထား၏။ ယနေ့တိုင်လည်း ဗုဒ္ဓသာသနိက မြေများပေါ်တွင် နတ်ကွန်းများ တည်ရှိနေသဖြင့် မကြာခဏ ဘာသာရေးပြဿနာများ ဖြစ်ပေါ် လေ့ ရှိသည်။ နှစ်စဉ် ပဝါရဏာနေ့တိုင်းတွင် ဗုဒ္ဓဘာသာဝင်တို့က ဓမ္မယတြာ ခေါ် စီတန်းလှည့် လည် ပူဇော်ပွဲကျင်းပလေ့ရှိရာ ၂၀၀၁ - ခုနှစ်က အဓိကရုဏ်းဖြစ် ပွားခဲ့သည်။ ထိုမှစတင်၍ ပဝါရဏာနေ့ စီတန်း လှည့်လည်ပွဲကို ကျင်းပခွင့် မပြုတော့ကြောင်း သိရသည်။
 
စာညွှန်း 
 
The Ancient Geography of India, Alexander Cunningham
Reports – Indian Archeological Survey, Alexander Cunningham
A Record of Buddhistic Kingdoms, Chapter XVII, Fa-Hsien (Faxian)
Si-Yu-Ki: Buddhist Records of the Western World by Huien Tsiang, trans. Samuel Beal
Where the Buddha Walked: A Companion to the Buddhist Places of India, Rana P.B. Singh 
Buddhist Pilgrimage (New Edition 2009), Chan Khoon San
 မြတ်ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂယာ - မောင်အံ့ (မဟာဝိဇ္ဇာ ဘုံဘေ) 
ဖာဟီယန် ခရီးစဉ် - အရှင်ဝိလာသ 
http://articles.timesofindia.indiatimes.com/2001-11-02/india/27238409_1_clashes-three-policemen-buddhists.

အဘယ္သို႔နည္း....မဟာစည္ရယ္....

မဟာသတိပ႒ာန္သုတၱန္ အတြက္ က်မ္းစာအုပ္ အလႈရွင္တဦးေပးလာတ့ဲ "မဟာစည္-မဟာသတိပ႒ာန သုတ္နိႆယ" စာအုပ္ကုိ ရရွိတာ ၂ဝဝ၉ ခုႏွစ္ေလာက္ ကတည္းကလုိ ့မွတ္မိတယ္။ လက္ေဆာင္ရတ့ဲ စာအုပ္က ဆ႒မအၾကိမ္ ပုံႏွိပ္မူျဖစ္ ပါတယ္။ အကုသိုလ္ မွာ ပဥၥမအၾကိမ္ပုံႏွိပ္မူစာအုပ္ရွိႏွင့္ျပီးသား ျဖစ္ပါတယ္။ စာအုပ္ ၂ အုပ္ရွိေတာ့ အသစ္ဖတ္လုိက္ ၊ အေဟာင္း ဖတ္ လုိက္ လုပ္ေနခ့ဲရာက အသစ္ စာအုပ္ တေနရာမွာေတြ ့ရတ့ဲ စာ တစ္ခုေၾကာင့္ အ့ံၾသသင့္သြားရတယ္။ 

အဲဒါကေတာ့………………………

"ဤ သတိပ႒ာန္လမ္းျဖင့္ သႏ ၱတိအမတ္ၾကီးက့ဲသုိ ့ပင္ ေသာကကုိလည္း လြန္ေျမာက္ႏုိင္၏။ ပဋာစာရာေထရီမ က့ဲသုိ ့ပင္ ပရိေဒဝ ကုိလည္း လြန္ေျမာက္ႏုိင္ေပ၏။ ဤအရာ၌ တရားနာစဥ္တြင္ မဂ္ဖုိလ္သုိ ့ေရာက္ေသာသူမ်ားမွာ သတိပ႒ာန္ နည္းျဖင့္ပင္ ကိစၥျပီးသြားသည္ဟု ထင္မွတ္ဖြယ္ ရွိ၍ ထုိသုိ ့ မထင္သင့္ေၾကာင္းကုိ အ႒ကထာ၌ ဤသုိ ့ ရွင္းလင္းျပထားေလျပီ။"

အထူးသတိျပဳသင့္တ့ဲ ဝါက်ဟာ " ဤအရာ၌ တရားနာစဥ္တြင္ မဂ္ဖုိလ္သုိ ့ေရာက္ေသာသူမ်ားမွာ သတိပ႒ာန္ နည္းျဖင့္ပင္ ကိစၥျပီး သြားသည္ဟု ထင္မွတ္ဖြယ္ ရွိ၍ ထုိသုိ ့ မထင္သင့္ေၾကာင္းကုိ အ႒ကထာ၌ ဤသုိ ့ ရွင္းလင္းျပထားေလျပီ။"

တရားနာတ့ဲ တထုိင္အတြင္း မဂ္ဖုိလ္ဉာဏ္၊ ဝိပႆနာဉာဏ္ကုိ ဆုိက္ေရာက္သြားၾကတ့ဲ သူေတာ္စင္ေတြဟာ သတိပ႒ာန္တရား ၄ ပါး ထဲက တပါးပါးကုိ ရႈပြားေနရင္း ေရာက္သြားၾကတာျဖစ္တယ္။ သတိပ႒ာန္တရားကုိ ပြားမ်ား အားထုတ္တ့ဲ လုပ္ငန္းစဥ္ မပါဘဲ ဒီလုိ တရားထူး၊ တရားျမတ္ကုိ မရႏုိင္ မေရာက္ႏုိင္ပါဘူးဆုိတာ အဲသည္ သတိပ႒ာန္သုတ္ အ႒ကထာမွာ ေျပာထားျပီးသားပါ။ 

မဟာစည္ဆရာေတာ္ၾကီးကုိယ္တုိင္လည္း အ႒ကထာထဲက
 
"ကာယေဝဒနာစိတၱဓေမၼသု ကိဥၥိ ဓမၼံ အနာမသိတြာ ဘာဝနာနာမ နတၳိ= ကာယ-ေဝဒနာ-စိတၱ-ဓမၼဟူေသာ သတိပ႒ာန္၏ အာရုံေလးပါးထဲက တပါးပါးကုိမွ် မသုံးသပ္၊ မရႈမွတ္မူ၍ ဝိပႆနာဉာဏ္-မဂ္ဉာဏ္ကုိျဖစ္ေစႏုိင္ေသာ ပညာဘာဝနာ မည္သည္ျဖစ္ ရုံးမရွိေခ်" ဆုိတ့ဲ ေဖာ္ျပခ်က္ကုိ ကုိးကားျပီး ့ဝိပႆနာရႈနည္းက်မ္း၊ သတိပ႒ာန္တရားစတာေတြမွာ အၾကိမ္ၾကိမ္ အဖန္ဖန္ေဟာေတာ္ မူတာ ေလ့လာေတြ ့ရွိရပါတယ္။ ဒီလုိျဖစ္ေနပါလ်က္ အခုေကာက္ႏုတ္ျပတ့ဲ ဝါက်ဟာ မဟာစည္ဆရာေတာ္ ဆုိလုိတ့ဲ အာေဘာ္ မဟုတ္ႏုိင္ဘူးလုိ ့ သံသယျဖစ္လာပါတယ္။

သံသယအေျခခံေတာ့ ပဥၥမအၾကိမ္ပုံႏွိပ္တ့ဲ မဟာစည္သတိပ႒ာန္သုတ္နိႆယစာအုပ္နဲ ့ တုိက္ဆုိင္ဖတ္ၾကည့္တယ္။ ပဥၥမအၾကိမ္ ပုံႏွိပ္မူမွာ ေတြ ့ရတာက……..

"ဤသတိပ႒ာန္လမ္းျဖင့္ သႏ ၱတိအမတ္ၾကီးက့ဲသုိ ့ပင္ ေသာကကုိလည္း လြန္ေျမာက္ႏုိင္၏။ ပဋာစာရာေထရီမက့ဲသုိ ့ပင္ ပရိေဒဝ ကုိလည္း လြန္ေျမာက္ႏုိင္၏။ ဤအရာ၌ တရားနာစဥ္တြင္ မဂ္ဖုိလ္သုိ ့ေရာက္ၾကေသာသူမ်ားမွာ သတိပ႒ာန္နည္းျဖင့္ မရႈရေတာ့ ဘဲ နာၾကားရေသာ တရားကုိ သေဘာက်ရုံ မွ်ျဖင့္ပင္ ကိစၥျပီးသြားသည္ဟု ထင္မွတ္ဖြယ္ရွိ၍ ထုိသုိ ့မထင္သင့္ေၾကာင္းကုိ အ႒ကထာ၌ ဤသုိ ့ ရွင္းလင္းျပထားေလျပီ……." လုိ ့သာ  ျဖစ္ေနတယ္။

ဒီဆန္ ့က်င္ဘက္ ဝါက် ၂ ေၾကာင္းကုိ ဇယားကြက္ ခ်ၾကည့္ေတာ့ အခုလုိေတြ ့ရပါတယ္။

ပဥၥမအၾကိမ္ပုံႏွိပ္မူ၊ စာမ်က္ႏွာ- ၉
ဆ႒မအၾကိမ္ပုံႏွိပ္မူ၊ စာမ်က္ႏွာ- ၈
ဤအရာ၌ တရားနာစဥ္တြင္ မဂ္ဖုိလ္သုိ ့ေရာက္ၾက
ေသာသူမ်ားမွာ သတိပ႒ာန္နည္းျဖင့္မရႈရေတာ့ဘဲ နာၾကားေသာတရားကုိ သေဘာက်ရုံမွ်ျဖင့္ ကိစၥျပီးသြားသည္ဟု ထင္မွတ္ဖြယ္ရွိ၍ ထုိသုိ ့မထင္သင့္ေၾကာင္း
ဤအရာ၌ တရားနာစဥ္တြင္မဂ္ဖုိလ္သုိ ့ေရာက္ေသာ
သူမ်ားမွာ သတိပ႒ာန္နည္းျဖင့္ပင္ကိစၥျပီးသြားသည္
ဟု ထင္မွတ္ဖြယ္ရွိ၍ ထုိသုိ ့မထင္သင့္ေၾကာင္း

ပဥၥမအၾကိမ္ပုံႏွိပ္မူက "တရားနာရုံ၊ တရားသိရုံနဲ ့ကိစၥျပီးတယ္၊ တရားကုိ အကူးတက အားထုတ္ေနစရာ မလုိဘူး"
လုိ ့ အမွားေျပာေနသူေတြရဲ ့ အဓမၼဝါဒကုိ အမွန္တရားဓမၼနဲ ့တုိက္ဖ်က္တယ္။ ဓမၼကုိ  ျပတယ္။ဆ႒မအၾကိမ္ပုံႏွိပ္မူ ကေတာ့ သူတပါးအမွားကုိ  ျပင္ဖုိ ့အသာထား၊ သူကုိယ္တုိင္က အဓမၼဝါဒျဖစ္ေနပါတယ္။

မဟာစည္ဆရာေတာ္ၾကီးရ့ဲ စာေပေတြဟာ သာသနာနယ္၊ စာေပနယ္မွာ အင္မတန္ၾသဇာၾကီးေၾကာင္း၊ ပညာရွင္ေတြ တန္ဘုိး ထားေလးစားေၾကာင္း အထူးေျပာစရာ မလုိပါ။ ၁၉၈ဝ ႏွစ္ေတြေလာက္က ေတြ ့ရတ့ဲ မဟာစည္ စာအုပ္ေတြ ဟာ အျပင္အဆင္၊ သပ္ရပ္ေကာင္းမြန္ခ့ဲပါတယ္။ သုိ ့ေသာ္ ေနာက္ပုိင္းမွာမဟာစည္က်မ္းစာေတြ ထုတ္ေဝမႈမွာ  ျပီးစလြယ္ (ပစၥလကၡတ္) လုပ္လာ တာေတြ ့ရတာ အင္မတန္ ဝမ္းနည္းဖြယ္ေကာင္းပါတယ္။ ဒါေၾကာင့္ သက္ဆုိင္ရာ မဟာစည္အသုိင္းအဝိုင္းတုိ ့က မဟာစည္ ဆရာေတာ္ၾကီးရ့ဲ ဂုဏ္သိကၡာ မထိခုိက္ ရေအာင္ က်မ္းစာေတြကုိ မ်က္ႏွာလႊဲခဲပစ္လုပ္မထားဘဲ ပညာရွင္ အင္အားနဲ  ့ျပန္လည္ စီစစ္သင့္ျပီလုိ ့ တုိက္တြန္းခ်င္ပါတယ္။

မဟာသတိပ႒ာန္သုတ္နိႆယမွာ အခုေျပာခ့ဲတဲ့ အမွားအျပင္ အျခားျပင္ဆင္စရာေတြလည္း အမ်ားအျပား ရွိေနပါတယ္။ အရင့္ အရင္ႏွစ္ေတြက ထုတ္ေဝခ့ဲတ့ဲ ပုံႏွိပ္မူေတြနဲ ့တုိက္ဆုိင္ၾကည့္ရင္ သိသာႏုိင္တာမုိ ့လုိ ့ အက်ယ္တဝင့္ မေျပာေတာ့ပါ။ မဟာစည္ ဆရာေတာ္ၾကီး အမွန္ေရးခ့ဲတာကုိ ငါတုိ ့လက္ထက္ေရာက္မွ အမွားျဖစ္ရင္ ငါတုိ ့ည့ံလုိ ့ပဲ၊ ငါတုိ ့မည့ံေအာင္ ဆရာေတာ္ၾကီးရ့ဲ စာအုပ္ေတြကုိ စီးပြားျဖစ္ထုတ္တာမဟုတ္ဘဲ သာသနာျပဳတ့ဲအေနထုတ္ေဝတာမ်ဳိးျဖစ္ေအာင္ ငါတုိ ့ၾကဳိးစားရမယ္ဆုိတ့ဲ စိတ္ဓာတ္ ရွိဖုိ ့လုိအပ္ပါတယ္။

အနတၱလကၡဏသုတ္ ပါဠိေတာ္ ျမန္မာျပန္ အဂၤလိပ္






အနတၱလကၡဏသုတ္ ပါဠိေတာ္ ျမန္မာျပန္ အဂၤလိပ္ 

ကြ်န္ေတာ္သံုးဘာသာ ပူးတြဲေလ့လာခဲ့စဥ္က ဖန္တီးထားတဲ့ စာအုပ္ေလးပါ 
ပူးတြဲေလ့လာလိုသူမ်ား အတြက္ အဆင္ေျပေစရန္ ေ၀မ််ေပးပါတယ္

Download