ဖားစည်ဟာ ကရင်ဟာဆိုတာ ဟုတ်မှ ဟုတ်ရဲ့လား


****************************
ထားဝယ် ဖားထီးဖားမ မိုးခေါ်ပွဲပြု လုပ်သည့် အခါ မိုးရွာ သွန်းစေရန် တီးရသော ဖားစည် ဆိုတာ ရှိပါတယ် အခုချိန် ထိလည်း ရှေးဟောင်း ဖားစည် က ထားဝယ်မှာ နှစ်လုံးကျန် နေပါသေးတယ် ဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းမှာ သိမ်းဆည်းထားပါတယ်။ ဆရာတော်ကြီး များ၏ မိန့်ကြားချက်အရ ကျောင်းနာမည်တွေ ထည့်ရေး ခွင့် မရလို့ မဖော်ပြနိုင်ပါ လေ့လာလိုလျှင် ကိုယ်တိုင် ဆက်သွယ်လာ နိုင်ပါတယ် ဆရာတော်တွေဆီ လျောက်ပြီး ပို့ပေးပါမယ်
ထားဝယ်ရိုးရာ မိုးခေါ်ပွဲ ဆိုတာ အကြိုသမိုင်းကာလ ဓလေ့ တစ်ခု ဖြစ်ပြီး အနည်းဆုံး နှစ်ပေါင်း ၄၀၀၀ လောက် ရှိပြီ လို့ ပညာရှင်တွေက သတ်မှတ်ကြတယ်။
အခု အချိန်မှာ ဖားစည်လို့ ဆိုလိုက်တာနဲ့ ကရင် တိုင်းရင်း သားတွေ အမြတ်တနိုး တန်ဖိုးထားတဲ့ ပစ္စည်း လို့ သိကြ တယ်။
မိုးခေါ်ပွဲမှာ အသုံးပြု တဲ့ပစ္စည်းတွေကို ခေတ်ကာလ မကောင်းခဲ့စဉ်က သံဃာဂိုဏ်းကြီး နှစ်ခု ခွဲပြီး ထိန်း သိမ်းခဲ့ တယ် လို့လည်း သိတယ်။ ဒီ ဖားစည်တွေ ကို အသေးစိတ် လေ့လာ ကြည့်မိတယ် ထားပါတော့
တွေ့ထားတာ တစ်ခုက စစ်ကိုင်းမှာ ရှိတဲ့ ကောင်းမှု တော် စေတီကြီး ပြုပြင်တဲ့အခါ ဌာပနာ တိုက်ထဲမှာ ဖားစည် တွေ့ ရတယ်။ ပညာရှင်တွေ အနေနဲ့ ကတော့ စဉ်း စားစရာ ပါပဲ။
ထားဝယ်မြို့က မိတ်ဆွေ တစ်ယောက်ကလည်း တနင်္သာရီ မြို့ဟောင်းဘက်က ဖားစည် တစ်လုံးကို ပြခဲ့ဖူးတယ်။
မေတ္တာမြို့မှာ ကျင်းပတဲ့ ကရင်နှစ်သစ် ကူးပွဲမှာ လည်း ဖား စည်ပြ ထားတာတွေ့ခဲ့ရတယ်။
မြေးခံဘော်တိုက်နယ် ထန်းတလုံး ကျေးရွာမှာ ဖားစည် အကျိုးတွေကို တွေ့ခဲ့ဖူးပါတယ်။
မြန်မာလို ဖားစည်ခေါ်ပေမယ့် ကရင်လို က္လို့ (သို့) ကလိုး (သို့) ကလို ဆိုပြီး တွေ့ရတယ်။
အနောက်တိုင်း သုတေသီ အချို့က ကြေးစည် လို့ ခေါ်တာ တွေ့ရတယ်။
စည်မျက် နှာပြင်ပေါ်မှာ ဖားရုပ်လေးတွေပါလို့ ဖားစည် လို့ အများအားဖြင့် သတ်မှတ် ခေါ်ကြ တယ်။
သုတေသနတွေ့ရှိချက်များ အရ ဖားစည်တွေကို မြောက် ဘက် မွန်ဂိုလီးယား ကနေ တောင်ဘက် အရှေ့တောင် အာရှ ကုန်းမကြီးတွေမှာ တွေ့ရပြီး ကမ္ဘောဒီးယားနိုင်ငံ ဟောင်း ဟာ မူလ နေရာ လို့ ဆိုကြပါတယ်။ ထပ် စီစစ်ဆဲ ပါ။
နောက်ပိုင်း သုတေသနတွေအရ ဗီယက်နမ်နိုင်ငံ မြောက် ပိုင်းက ဒွန်ဆွန် ယဉ်ကျေးမှုကို ဖားစည်ရဲ့ မူလနေရာ လို့ သတ်မှတ် ပါတယ်။
အနည်းဆုံး နှစ်ပေါင်း ၆၀၀၀ လောက်ရှိပြီလို့ သတ် မှတ် တယ်။ ဖားစည်တွေရဲ့ လက်ရာ အလိုက် အမျိုး အစား ၄မျိုး-၅ မျိုး ရှိတယ်လို့ သတ်မှတ်ကြ ပါတယ်။
ကရင် ဖားစည်တွေကို တတိယ အမျိုးအစား ဒါမှ မဟုတ် ပဉ္စမ အမျိုးအစား အဖြစ် သတ်မှတ်ကြ တယ်။
ကရင် တိုင်းရင်းသားတွေရဲ့ ယုံကြည် ချက်အရ ဖားစည်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ လောက် ကတည်းက သုံးစွဲလာ တယ် လို့ ဆိုတယ်။
ရှေးဟောင်း တေးကဗျာ ပုံပြင်တွေအရ ကရင်တိုင်း ရင်း သားတွေဟာ မြန်မာနိုင်ငံအတွင်း မဝင်လာမီ ကတည်းက ဖားစည်ကို သွန်း လုပ် သုံးစွဲခဲ့တယ်လို့ တွေ့ရတယ်။
ကရင် တိုင်းရင်းသားတွေရဲ့ ရှေးဟောင်း တေး ကဗျာ တွေ မှာ မဲခေါင်မြစ်ဖျား
တွင် နေခဲ့ဖူးကြောင်း ဖော်ပြထားတယ်။
မဲ ခေါင်မြစ်ဖျားခံရာ ဒေသကို ကရင် ဘာသာ စကားနဲ့ ယူကော်စီး၊ တိုင်းပြည် ကို ယူကော်၊ ပြည်သူများကို ယူဖိုး လို့ ခေါ် တယ်။
ရှေးအကျဆုံး ဖားစည်ကို ခမူ လို့ ခေါ်ပြီး ရှမ်းကရင် များက သွန်းလုပ်ခဲ့တယ်။
ဖားစည်သွန်းလုပ်တတ် သူ တွေဟာ ရေကြည်ရာ မြက်နုရာ ခရီး သွားရင်း “၀” ဒေသကို ရောက်ခဲ့ တယ်။ “၀” ဒေသမှာ ကြေးတွင်း၊ သံတွင်းတွေ ပေါ လို့ ဖားစည် အမြောက်အမြား သွန်းလုပ်ခဲ့တယ်။
တကောင်းမြို့အထိ အရောင်းအဝယ် လုပ်ခဲ့တယ်။ ၀ ဒေသ မှာ ပြုလုပ်တဲ့ ဖားစည်တွေကို
(၁) ကလို့ ယူမူ ဖားစည် – မဲခေါင်မြစ်ဖျားဒေသရှိ အမျိုး သမီးများ ပြုလုပ်သော ဖားစည်
(၂) ကလို့ယူခွားဖားစည် – မဲခေါင် မြစ်ဖျားရှိ အမျိုးသားများ ပြုလုပ်သော ဖားစည်
(၃) ကဝါမူဖားစည် – ၀အမျိုး သမီးများ ပြုလုပ်သော ဖားစည်
(၄) ကဝါခွားဖားစည် – ၀ အမျိုးသားများ ပြုလုပ်သော ဖားစည်
(၅) ရှိုဝေမူဖားစည် – ရှိုအမျိုးသမီးများ ပြုလုပ်သော ဖားစည်
(၆) ရှုဝေခွား ဖားစည်-ရှိုအမျိုးသားများ ပြုလုပ်သော ဖားစည်
(၇) ကလို့ယူ ကော်တယ် ဖားစည်ဆိုပြီး ဆိုတယ်။
အများအားဖြင့် ဖားစည်ကို ၂ မျိုး သတ်မှတ်တယ်။ အေးသော ဖားစည် (မင်္ဂလာဖားစည်)နဲ့
ပူသော ဖားစည် (အမင်္ဂလာ ဖားစည်) ပါ။
အေးသော ဖားစည်။ မင်္ဂလာဖားစည်ကို နှစ်သစ်ကူး ပွဲ၊ ကောက်သစ်စားပွဲ၊ မင်္ဂလာအခမ်း အနား၊ ပျော်ပွဲ ရွှင်ပွဲများ တွင် နေ့ည မပြတ် တီးခတ် ပါတယ်။
ပူသောဖားစည်။ အမင်္ဂလာ ဖားစည်ကို အသုဘ အခမ်း အနား၊ အရိုး ကောက်ပွဲများတွင် နေ့ည မပြတ် တီးခေတ်ပြီး စစ်ချီရာတွင်လည်း အသုံးပြု တယ်။
စစ်ချီရာတွင် အသုံးပြုတဲ့ ဖားစည်ကို သေမင်းတမန် ဖားစည် လို့လည်း ခေါ်ကြပါတယ်။
ဖားစည်ကို သွန်းတဲ့အခါ သတ္ထု (၅)မျိုး ရောစပ်ရ တယ်။ ရွှေ၊ ငွေ၊ ကြေး၊ ခဲနဲ့သွပ်တွေကို လိုအပ်တဲ့ အသံရဖို့ အချိုး ကျ ရောစပ်ပြီး သွန်းလုပ် ပါတယ်။
ကရင်တိုင်းရင်းသားတွေ အသုံးပြုတဲ့ ဖားစည်ဟာ တစ်ဖက် ပိတ်ဖြစ်ပြီး ဖား စည်ရဲ့ မျက်နှာပြင်ပိုင်းကို ရင်ဘတ် လို့ ခေါ် တယ်။
ဒီမျက်နှာပြင်ပိုင်းရဲ့ အလယ် တည့်တည့်မှာ နေမင်း နဲ့ ရောင်စဉ်တန်း တွေ ပါပါတယ်။ ဒီရောင်စဉ်တန်း တွေကို ရုပ်ပုံတွေပါတဲ့ စက်ဝိုင်းတွေ ရှိပါတယ်။ စက်ဝိုင်း ခုနှစ်ခု ကနေ ကိုးခု အထိ ရှိနေတတ်တ ယ်။
စက်ဝိုင်းတွေကြားမှာ လူရုပ်၊ ငါးရုပ်၊ ငှက်ရုပ်၊ ပန်းပွင့် စတဲ့ ရုပ်ပုံတွေ ရှိတယ်။ အနားစောင်းမှာ တော့ လက်ဝဲရစ် ဖားလေး ကောင် ရှိပါတယ်။ အချို့ ဖားရုပ်တွေက တစ် ကောင် သာမက ဖား၂ ကောင် ဒါမှမဟုတ် ၃ကောင် အထိ ဆင့်ထားတယ်။
ဖားစည်ရဲ့ ကိုယ်ထည် ပိုင်းမှာ ချိတ်ဆွဲထားနိုင်ဖို့ နဖား ပေါက် တစ်စုံ တပ်ထားပါတယ်။ ပြီးတော့ ကိုယ်ထည်မှာ အရုပ်များရေးဆွဲထား ပါသေးတယ်။ ဖားစည်ကို အရွယ် အစား အမျိုးမျိုး တွေ့ရှိရပါ တယ်။
အင်္ဂါ လက္ခဏာပြည့်စုံတဲ့ ဖားစည် မှာ
(၁) လက်ဝဲ ရစ် ဖားရုပ်များ ပါရှိခြင်း၊
(၂) ဖားရုပ်သုံး ကောင်ထပ် အမျိုးအစား ဖြစ်ခြင်း ( ဖားသုံး ကောင် ထပ်ရှိပြီး ၄ နေရာအတွင်း ဖြစ်တဲ့ အတွက် ဖား ၁၂ ကောင် ရှိခြင်း)၊
(၃)အထက် နဖားပေါက်နဲ့ တန်းလျက် ကိုယ်ထည် ပေါ်တွင် ဆင် ၃ကောင်- ဆင်ချေးတုံး (သို့ ) ခရုရုပ် ၃တန်းစီ ရှိနေ ခြင်း၊
(၄) နေမင်းရဲ့ ရောင်စဉ်တန်း ၁၂ခု ဖြာထွက်နေခြင်း တို့ဖြစ် တယ်။
မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ တိုင်းရင်းသား ယဉ်ကျေးမှု ရိုးရာ ဓလေ့ ထုံးစံများ ( စာ ၃၁၆ ) တွင် ကရင် လူမျိုးများ တို့သည် ဖားပြုတ်တွင် အောက်ပါ ဝိသေသလက္ခဏာ ထူး များ ရှိတယ်လို့ ယုံကြည်ကြ တယ်။
ဖားပြုတ် ဟာ စကားတည်ပြီးအော်တဲ့ အခါ မိုးရွာ တယ်။ မိမိရဲ့ ဥနဲ့ကလေး တွေကို ပြန်လည် စား သောက်ခြင်း မရှိဘူး။ ဖား ပြုတ် အရေခွံကို စားမိသူတို့က မူးပြီးအော့အန် စေပေမယ့် အလွန်ဆိုးဝါး သော အဆိပ်ကို ပြေစေ တယ်။ ယားနာ၊ ပွေးနာနဲ့ မီးလောင်နာတွေကို ဖားပြုတ် အရေခွံအုပ် ပေးရင် သက်သာ ပျောက် ကင်းတယ်။ ဖားပြုတ်ရဲ့အရေ ခွံဟာ ရွံ့စရာကောင်း ပေမယ့် အမျိုးမျိုးသော ရောဂါ နဲ့ အဆိပ်တွေကို ပျောက်စေတယ်။
ဒီလိုအချက် တွေကြောင့် ကရင် ရှေးလူကြီးတွေ ဟာ ဖားပြုပ် အရေခွံကို အထွတ်အမြတ် ထားပြီး သိမ်းထား တတ်တယ်လို့ ဖော်ပြထားတယ်။
ဖားစည် အကြောင်းပြောရင် မဖြစ် မနေပြောရမယ့် ဇာတ် လမ်း တစ်ပုဒ် ရှိပါတယ်။
ဖူးမော်တော်ဆိုတဲ့ ကရင်ကြီး အကြောင်းပါ။ အချိန် ကာလ ကတော့ အတိအကျ မတွေ့ရဘူး။ ဒီ ဖူးမော်တော် ဆိုတဲ့ ကရင်အဖိုးကြီးမှာ သားသမီး (၇) ယောက် ရှိတယ်။ သော့သိ လို့ခေါ်တဲ့ တောင် အနီးမှာ နေထိုင်ပြီး တောင်ယာ စိုက်ပျိုးတယ်။ သူ့ တောင်ယာကို တော ဝက်နဲ့ တိရစ္ဆာန် တွေ မကြာ ခဏ ဖျက်ဆီးလို့ တောင်ဘက်ကို ပြောင်းရွေ့ နေ ထိုင်ခဲ့တယ်။ ဒီလို ပြောင်းရွေ့ နေထိုင် တဲ့နေရာ အသစ် မှာလည်း တောင်ယာကို မျောက်တွေက ဝင် ရောက် ဖျက် ဆီး ပြန်တယ်။ တောတွင်းရှိ စပါးကျီ က စပါးတွေကို လည်း စားပစ် လိုက်တယ်။ တစ်နေ့ မှာ ဖူးမော်တော် ဟာ တောင် ယာအတွင်းရှိ စပါးကျီ ကို သွား ကြည့် တဲ့ အခါ စပါးတွေ လျော့နေပြီး လူခြေရာတွေလည်း တွေ့တယ်။
ဒါနဲ့ ဘာဖြစ်နေလဲ သိချင်တာနဲ့ ပိုးကောင်ဖြူ တစ်ကောင် ဖမ်းပြီး နှစ်ပိုင်းဖြတ်ကာ နှာခေါင်း အတွင်း ထည့်ပြီး စပါးကျီ အတွင်း သေချင် ယောင် ဆောင် နေလိုက်တယ်။ နေထန်း တဖျား လောက် ရောက်တဲ့အခါ မျောက်တွေ ရောက်လာ တယ်။ ဖူးမော်တော်ရဲ့န
ှာခေါင်းထဲက ပိုးကောင်တွေ ကို တွေ့ပြီး အဖိုးကြီးတော့ ပိုးကိုက်ပြီး သေပြီလို့ ထင် ကာ မျောက် တွေနေထိုင်တဲ့ ကျောက်တောင် ဆီ ကို သယ် ဆောင်သွားတယ်။
ဖူးမော်တော်ကို သယ်သွားပြီး မီး သဂြိုလ်ဖို့ ပြင် ဆင်တယ်။ ဂေါ်ဘောဟော ဖိုး၊ ဂေါ်ကွီးထူး၊ ဂေါ်ကွီးစေး ဖားစည်တွေနဲ့ ကလိုဝါး ခေါ် ဖားစည်ဖြူ ကြီး ကိုပါ ယူလာကြပြီး ဖူးမော် တော်အနီးမှာ ကဗျာ၊ အလင်္ကာတေးတွေ သီဆိုပြီး ငိုကြွေး ကြ တယ်။
ညဘက်ရောက်တဲ့အခါ မျောက်မ တွေက မိမိတို့ရဲ့ လှပပုံနဲ့ အမြီးရှည်ပုံကို ပြိုင်ပြီး ကဗျာစပ်တဲ့အခါ သေချင်ယောင် ဆောင်နေတဲ့ ဖူးမော်တော်ဟာ ဟန် မဆောင်နိုင်တော့ဘဲ ရယ်မိတယ်။ မျောက်တွေက ကြောက်လန့်ပြီး ထွက်ပြေး ကြတယ်။
ဒီနောက် မှာတော့ ဖူးမော်တော်က ထွက်ပြေးသွား တဲ့ မျောက် တွေကို ပြန် ခေါ်ပြီး မျောက်ခေါင်း ဆောင်နဲ့ ဆွေးနွေး တယ်။
ရှေးအစဉ်အလာအတိုင်း သေသူ အနီးတွင် ပြင်ဆင် ထားတဲ့ပစ္စည်းတွေ သေသူနောက်ကို လိုက်ရတယ်။ ဒါ ကြောင့် ဖားစည်(၄)လုံးနဲ့ အခြားပြင်ဆင် ထားတဲ့ ပစ္စည်း တွေဟာ ဖူးမော်တော် နောက်လိုက်ရမယ်လို့ ပြောတယ်။
မျောက် ခေါင်းဆောင်အနေနဲ့ ရှေးအစဉ် အလာကို မလွန်ဆန်ဝံ့လို့ ဖားစည်(၄)လုံးနဲ့ အခြား ပစ္စည်းတွေ ကို ဖူးမော်တော်ကို ပေးလိုက်ရတယ်။ ဒီအချိန် က စပြီး ဖားစည်တွေကို ကရင်တိုင်းရင်း သားတွေက သားစဉ် မြေးဆက် ဘိုး ဘွားတို့ရဲ့ အဖိုးတန် အမွေခံ ပစ္စည်း တစ်ရပ် အဖြစ် ထိန်းသိမ်းခဲ့ တယ်လို့ ဖော်ပြ ထားတယ်။(ဟီးဟီး မျောက်တွေဟာ တဲ့ဗျ ……)
အနှစ်ချုပ် ပြောရရင် ဖားစည်ဆိုတာ ကရင်လူမျိုး တစ်မျိုး တည်း သုံးစွဲခဲ့တာ မဟုတ်ဘဲ မွန်ဂိုလီးယား ကနေ စပြီး အ ရှေ့တောင် အာရှကုန်းမကြီး ရှိ တိုင်းရင်းသားတွေမှာ တွေ့ ရတယ်။ သမိုင်းမတိုင်မီခေတ်က လူတွေရဲ့ ပစ္စည်း ပါလို့ ပြောရမှာပါ ဘယ်သူ့ဟာမှ မဟုတ်ပါဘူး
ဒီယဉ်ကျေးမှုက အနည်းဆုံးနှစ် ၆၀၀၀ (BC 4000) လောက်က စတယ်လို့ ဆိုတယ်။
အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားတွေ အမြတ်တနိုး တန်ဖိုး ထားတဲ့ ဖားစည် ဓလေ့ ဟာ ပျောက်ကွယ်လာခဲ့ပြီ ဖြစ်တယ်။
ရှင်မုတ္ထီးရွာမှာ ကျွဲပွဲလုပ်တဲ့အခါ ဒေသခံ ထားဝယ် သားတွေ က ကျွဲထိန်းအဖြစ် ပါဝင် ဆင်နွဲနေတာ လည်း တွေ့ရတယ်။ ဖားထီးဖားမပွဲ မှာလည်း ဖားစည် ပါတယ်။
ထားဝယ် တိုင်းရင်း သားတွေ ဖားစည် သုံးခဲ့ သလား။ မသုံး ဘူးလား ခုချိန်မှာ ဝေခွဲရ ခက်ပေမယ့် ရှေးဟောင်း ဖားစည် ကြီး နှစ်လုံးကတော့ ရှေးက အတိုင်း ရှိနေဆဲပါပဲ
မိုးခေါ်ပွဲ (သို့) ဖားထီးဖားမပွဲ ကို ထားဝယ်ရိုးရာ အတိုင်း ပြန်လည် ဖော်ထုတ်ပြီး မပြတ် ထိန်းသိမ်း သင့်ပါတယ်
ကရင်နဲ့ ထားဝယ်ဟာ ရာစုနှစ်ပေါင်း များစွာ အတူ တူ နေထိုင်ခဲ့ ကြတာကိုလည်း တွေ့ရပါတယ် တစ်ခု သတိထား မိတာကတော့ အထက် ကရင်နဲ့ ထားဝယ်ကရင် တွေဟာ စကားလည်း မတူ နေထိုင် ပုံ စရိုက်တွေလည်း မတူကြပါ ဘူး ရှင်းရှင်းပြောရင် အချို့ ထားဝယ်ကရင် အဖိုးကြီး တွေ ဆို အထက်ဘက် ကရင်တွေကို လက်မခံချင်တတ်ကြတာ တွေ့ရပါတယ် ထားဝယ်နဲ့ ကရင်ကြားမှာ အငြင်းပွားစရာ အချက်ကတော့ သိပ့်မတွေ့ရပါဘူး အမြဲလိုလို ငြိမ်းချမ်းစွာ
အတူယှဉ်တွဲ နေထိုင်လာခဲ့ကြပါတယ်
ဆရာတော် အရှင် အကုသိုလ် အခုရေးနေတဲ့ ရှေးတရုတ်နဲ့ ကျွန်တော်တို့ပျူ စာတမ်း တစ်နေရာမှာ ပျူနဲ့ ပြော့ ဆိုတဲ့ အခန်းထဲမှာ ကရင် အကြောင်း ပါလာပါလိမ့်မယ် အဲခါ ကျရင် အကျယ် ရှင်းပြပါလိမ့်မယ် ဆာဒေါ်သာ များများ သိပါတယ် ကျွန် တော်က သူမရေးတင်တဲ့ အပိုင်းလောက်ပဲ တောင်းယူပြီး ရေးတာပါ ခဏ စောင့်လိုက်ဦးပေါ့
ထားဝယ်တွေသုံးခဲ့တဲ့ ဖားစည်ကိုပုံနဲ့ ပြပေးလိုက်ပါတယ


2 comments:

  1. ဖားစည်ပုံလေးနဲ့ဆို သိပ်ကောင်းမှာပဲဗျာ

    ReplyDelete
  2. ဖားစည်ပုံလေးနဲ့ဆို သိပ်ကောင်းမှာပဲဗျာ

    ReplyDelete

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်