သင်ပုန်းကြီး

သင်ပုန်းကြီး (မြန်မာ)

သင်ပုံကြီးမှသင်ပုန်းကြီးသို့ပြောင်းသလော မြန်မာစာသင်ပုံသင်နည်း အခြေခံကျမ်း၊ သရနှင့်ဗျည်းတို့ကို စည်းကမ်းတကျရေးသားပုံ၊ သတ်ဖတ်ပုံမှ အစလိုသေးမရှိပြည့်စုံလုံလောက်စွာပြုစုထားသည်။ သင်ပုန်း ကြီးအကျဉ်းသုံးမျိုးအကျယ်သုံးဆယ်ရှိသည်။ သင်ပုန်းကြီးကို လေ့လာလျှင်မြန်မာစာလုံးပေါင်းတို့၏ အရေးအဖတ်အသံထွက် စည်းကမ်းစံနစ်ရှိပုံကိုသိနိုင်ပေမည်။

သင်ပုန်းကြီး (မြန်မာ)

သင်ပုန်းကြီးမှာ မြန်မာစာပေကိုသင်ကြား လေ့လာတတ် မြောက်စေရန်ရှေးဦးအစ အခြေခံသင်ကြားရသောကျမ်းငယ်ဖြစ်သည်။ ယင်းကျမ်းငယ်၌ သရနှင့် ဗျည်းတို့ကိုရေးသားပုံ၊ ရွတ်ဖတ်ပုံ၊ သံနေသံထားမှစ၍သင်ပုံသင်နည်းကိုပြဆိုထားသည်။ အမည်မှာလည်း ထိုသို့သင်ပုံသင်နည်းကို ပြဆိုထားသောကျမ်းဖြစ်သောကြောင့်သင်ပုံကြီး ဖြစ်ဟန်တူသည်။ နောင်လာ နောက်သားတို့ပုံ၌ သေးသေးတင်ကို နသတ် ပြောင်းလဲကာဝိသဇ္ဇနီနှစ်လုံးပေါက်၍ရေးသားကြသောကြောင့် သင်ပုန်းကြီးဖြစ်လာဟန်တူသည်။ တစ်နည်း၊ရှေးအထက်ကျော်ကာရီက ဘုန်းကြီးကျောင်း တို့၌ သင်ပုန်းကြီးကိုသင်ကြားသောအခါ အလျားသုံးပေ၊ အနံတစ်ပေခြောက်လက်မခန့်ရှိ မျက်နှာနှစ်ဖက်တွင် ချောနေအောင်ပွတ်တိုက်၍ကြက်ဆူ၊ ကသစ်စသည့်ပွသော မီးသွေးထမင်းရည်တို့ဖြင့်ချေထားသော သစ်သားသင်ပုန်းကြီးတွင် ရေး၍သင်ကြား ရသောကြောင့်သင်ပုံကြီးမှသင်ပုန်းကြီး ဖြစ်လာဟန်တူသည်။

ထိုသင်ပုန်းကြီးကျမ်းငယ်ကို သက္ကရာဇ် ၅၉၆ ခုတွင်နန်းတက်သောကျစွာမင်းလက်ထက် ဒိသာပါမောက္ခ ဘွဲ့တံဆိပ်တော်ရဆရာတော် ဦးကျည်ပွေ့သည် ကျစွာမင်း တောင်းပန်အပ်သည်ဖြစ်၍ ရေးသားစီရင်သည်။ ပုဗ္ဗဂန္ထဟုခေါ်၏။ ဆရာတော်ဦးကျည်ပွေ့သည်ပင်ယင်းသင်ပုန်းကြီး၏ အဖွင့် ဖြစ်သော ပုဗ္ဗဂန္ထဋီကာခေါ်သင်ပုန်းကြီးဋီကာကိုလည်း သရေခေတ္တရာပြည်မြို့နေ ရှင်ဝရဓမ္မတောင်းပန် အပ်သည်ဖြစ်၍ရေးသားစီရင်ခဲ့သည်။ ဆရာတော်ဦးကျည်ပွေ့သည်ကျစွာမင်းလက်ထက်၌ အသက် ၆ဝကျော်မှ စာသင်၍အံ့ဩလောက် အောင်တတ်သည်ဟု ကျော်ကြားသော ဆရာတော်တစ်ပါး ဖြစ်သည်။ တစ်နေ့သော်ဦးကျည်ပွေ့သည် တံပူပစ် ချရာတွင်း၌ တံပူများပြည့်နေသည်ကိုမြင်လေသော် 'ဤတံပူတွင်း၌ တံပူတို့သည် တစ်နေ့တချောင်း ကျရောက်ရာမှတွင်းပြည့်သည်။ ငါသည်လည်းတစ်နေ့လျှင် စာတစ်ကြောင်းမျှ သင်အံလေ့ကျက်သော် ကျမ်းတတ်ပုဂ္ဂိုလ်ဖြစ်ရာ၏' ဟုဆင်ခြင်မိ၍ အသက် ၆ဝ ကျော်မှစာသင်ရန်အတွက် ဘုရင့်ထံဝင်၍ ကန့်ကူဆံ အလှူခံရာ၊ ဘုရင်က 'ကျည်ပွေ့အတက်ပေါက်မှစာတတ်တော့မည်ပ'ဟု လျှောက်ထား လိုက်သည်။ နောက်စာသင်၍တတ်သောအခါ ကျည်ပွေ့ကို သစ်ခက်သစ်ညွန့်စည်း၍ဘုရင့်ထံဝင်လေရာ ဘုရင်က ဆရာတော်များ အားမေးမြန်းစစ်ဆေးစေသည်တွင် အမှန်ပင် စာတတ်ကြောင်းသိရသဖြင့် လွန်စွာကြည်ညို၍ ဒိသာပါမောက္ခဟူသောဘွဲ့တံဆိပ်နာမံ ဆက်ကပ်ပြီးလျှင် ကိုးကွယ်လေသည်။ ထိုအခါမှစ၍ ဆရာတော် ဦးကျည်ပွေ့သည် ယနေ့တိုင်ကျော်ကြားလျက်ရှိသည်။

ထိုသင်ပုန်းကြီးကားသရသက်သက်၊ ဗျည်းသက်သက်၊ ဗျည်း ဗျည်းခြင်း၊ ဗျည်းနှင့် သရ တွဲစပ်ပုံအက္ခရာ စုံလင်သဖြင့်မြန်မာဘာသာစကားအတွက်လည်းကောင်း၊ မြန်မာစာပေအတွက်လည်းကောင်း လိုလေသေး မရှိ၊ ပြည့်စုံလုံလောက်သည်။ ရေးသားပုံအစီအစဉ်လည်း အလွန်ကောင်းသည်။ ပုဂံခေတ်မှစ၍ယခု ခေတ်တိုင်အောင်သင် ကြားလာကြသည်။ ထိုသို့သင်ကြားရာ၌လည်း ရှေးခေတ်အခါက ဘုရင်မင်းမှစ၍ တိုင်းသူပြည်သားတို့သည်ဘုန်းကြီး ကျောင်း၌ ပညာသင်ကြားကြရသည်။ ဘုန်းကြီးများမှာလည်း ဗုဒ္ဓဝါဒီခေါင်းဆောင်များဖြစ်၍ မိမိ တို့ကျောင်းသို့ ပညာသင် ကြားရန် ရောက်လာသောတပည့်တို့အား သင်ပုန်းကြီး မသင်မီရှေးဦးစွာ 'နမောဗုဒ္ဓါယ သိဒ္ဓံ'ဟူသော ဘုရားရှိခိုးကိုကျမ်းဦးအစ ပဏာမအဖြစ်ဖြင့်သင်ကြားပေးလေ့ ရှိကြသည်။ အဓိပါယ်ကား' ဘုရားအားရှိခိုးခြင်းကိစ္စပြီးမြောက်ပါစေသတည်း'ဖြစ်သည်။ နောက်မှ အ၊အာစသောသရနှင့် က၊ ခစသောဗျည်း တို့ကိုလည်းကောင်း၊ က၊ ကာ စသောကမချသင်ပုန်းကြီး စသည်တို့ကိုလည်းကောင်း အစဉ် အတိုင်း သင်ကြားပေးလေ့ရှိ ကြသည်။

သင်ပုန်းကြီးသည်လည်း (၁)က-ကမချသင်ပုန်းကြီး၊ (၂)ကက်သင်ပုန်းကြီး၊ (၃)ကိတ်သင် ပုန်းကြီး၊ဟူ၍ အကျဉ်းအားဖြင့်သုံးမျိုးဖြစ်၏။ ထိုသုံးမျိုးတို့တွင် က-ကမချသင်ပုန်းကြီးသည်လည်း (၁)ကသင်ပုန်းကြီး၊ (၂)ကျသင်ပုန်းကြီး၊ (၃)ကြသင်ပုန်းကြီး၊ (၄)ငှသင်ပုန်းကြီး၊ (၅)မျှသင်ပုန်းကြီး၊ (၆)ငြှသင်ပုန်းကြီး၊ (ရ)ကွသင် ပုန်းကြီး၊ (၈)ကျွသင်ပုန်းကြီး၊ (၉)ကြွသင်ပုန်းကြီး၊ (၁ဝ)ငွှသင်ပုန်းကြီးဟူ၍အကျယ် အားဖြင့်ဆယ် မျိုးဖြစ်၏။ ကက်သင်ပုန်းကြီးသည်လည်း (၁)ကက်သင်ပုန်းကြီး၊ (၂)ကျက်သင်ပုန်းကြီး၊ (၃)ကြက် သင်ပုန်းကြီး၊ (၄)ငှက်သင်ပုန်းကြီး၊ (၅)မျှက်သင်ပုန်းကြီး၊ (၆)ငြှက်သင်ပုန်း ကြီး၊ (ရ)ကွက်သင်ပုန်းကြီး၊(၈)ကျွက်သင်ပုန်းကြီး၊ (၉)ကြွက်သင်ပုန်းကြီး၊ (၁ဝ)ငွှက်သင်ပုန်းကြီးဟူ၍ အကျယ်အားဖြင့် ဆယ်မျိုး ဖြစ်၏။ ကိတ်သင်ပုန်းကြီးသည်လည်း (၁)ကိတ်သင်ပုန်းကြီး၊ (၂)ကျိတ်သင်ပုန်းကြီး၊ (၃)ငှိတ်သင် ပုန်းကြီး၊ (၅)ငြှိတ်သင်ပုန်း ကြီး၊ (၆)မျှိတ်သင်ပုန်းကြီး၊ (ရ)ကွိတ်သင်ပုန်းကြီး၊ (၈)ကျွိတ်သင်ပုန်းကြီး၊ (၉)ကြွိတ်သင်ပုန်းကြီး၊ (၁ဝ)ငွှိတ်သင်ပုန်းကြီးဟူ၍အကျယ်အားဖြင့်ဆယ်မျိုးဖြစ်၏။ ဤသို့အားဖြင့် အလုံးစုံပေါင်းလျှင်သင်ပုန်းကြီးမျိုး သုံးဆယ်ဖြစ်၏။ ထိုသင်ပုန်းကြီးမျိုး ၃ဝကိုသင်ကြားရာ၌လည်း 'နမောဗုဒ္ဓါယသိဒ္ဓံ'ဟူသောဘုရားရှိခိုး ကိုရှေး ဦးစွာသင်ရသည်။ နောက်သရရှစ်လုံး၊ နောက်ဗျည်း ၃၃လုံး၊ နောက်ကမချ၊ နောက်ကက်၊ နောက် ကိတ်၊အစဉ်အတိုင်းသင်ကြားရသည်။ သင်ကြားသောအခါသရဗျည်းအက္ခရာတို့ကိုရေး၍ ဆိုရိုးအတိုင်း ဆိုကာနှုတ်တက်အာဂုံရရှိအောင်သင်ကြားရသည်။

အ•အာ•ဣ•ဤ•ဥ•ဦ•ဧ•ဩ ဤသရရှစ်လုံးကား ပါဠိဘာသာအတွက်ဖြစ်သည်။ က•ခ•ဂ•ဃ•င။ စ•ဆ•ဈ•ဇ•ဉာ။ ဋ•ဌ•ဓ•ဎ•ဏ။ တ•ထ•ဒ•ဓ•န။ ပ•ဖ•ဗ•ဘ•မ။ ယ•ရ လ•ဝ•သ•ဟ•ဠ•အံ။ ဤဗျည်းသုံးဆယ့်သုံးလုံးကား ပါဠိမြန်မာနှစ်ဘာသာ အတွက်ဖြစ်သည်။ ယင်းသရနှင့်ဗျည်း တို့ကိုအက္ခရာခေါ်သည်။

ဗျည်းသုံးဆဲ့သုံးလုံးဆိုရိုး။ ။က•ကြီး၊ ခ•ခွေး၊ ဂ•ငယ်၊ ဃ•ကြီး၊ င၊ စ•လုံး၊ဆ•လိမ်၊ ဇ•ကွဲ၊ ဈ•မြင်ဆွဲ၊ ဉာ၊ ဋ•သံလျှင်းချိတ်၊ ဌ•ဝမ်းဘဲ၊ ဓ•ရင်ကောက်၊ ဎ•ရေမှုတ်၊ ဏ• ကြီး၊ တ•ဝမ်းပူ၊ ထ•ဆင်ထူး၊ ဒ•ထွေး၊ ဓ•အောက်ချိုက်၊ န•ငယ်၊ ပ•စောက်၊ ဖ•အုပ်ထုပ်၊ ဗ•ထက် ချိုက်၊ဘ•ကုန်း၊ မ၊ ယ၊ ရ၊ လ၊ ဝ၊ သ၊ ဟ၊ ဠ၊ အံ။

ကမချသင်ပုန်းကြီး။ ။ကမချသင်ပုန်း ကြီးဆယ်မျိုးတို့တွင် က•ကျ•ကြ•ငှ•မျှ•ငြှ သင်ပုန်းကြီး ခြောက်မျိုးတို့၌ •အ•အာ•အိ•အီး•အု•အေး•အဲး•အော့•အော်•အံး•အား ဟူ၍ အကျဉ်း သရ ၁၂လုံးဖြစ်သည်။ ထို၁၂လုံးတို့ကိုဝိသဇ္ဇနီပေါက်သုံးလုံးဖြင့်အသံကိုခွဲသော အခါ• အ•အာ•အိ•အီ•အီ့•အီး၊ အု•အူ•အူ့•အူး။ အေ•အေ့•အေး၊ အဲ•အဲ့•အဲး၊ အော•အော့•အော်၊ အံ•အံ့•အံး၊ အားဟူ၍အကျယ်သရ ၂၃လုံးဖြစ်လာသည်။

ဗျည်း ၃၃လုံးနှင့်တွဲသောအခါ အကျဉ်းသရ ၁၂ လုံးနှင့်တွဲ၍ရေးထားသော်လည်း ဆိုရိုးပြု သောအခါအကျယ်သရ ၂၃လုံးဖြစ်လာသည်။ (အသံ၂၃မျိုးဖြစ်လာသည်ဟုဆိုလိုသည်။)

ကဗျည်းနှင့်သရတွဲပုံ။ ။က•ကာ•ကီ•ကီး၊ ကု•ကူး၊ ကေး•ကဲး•ကော့•ကံး•ကား။ (ဤ၌ကီး• ကူး•ကေး•ကဲး•ကံး•တို့မှာ ဝိသဇ္ဇနီအောက်မြစ်တစ်လုံးရှေးဆည်းနှစ်လုံးစီဖြစ်၍ သုံးလုံးစီ ဖြစ်ရမည်။ သို့သော်လည်းသင်ပုန်းကြီး စာအုပ်၌နှစ်လုံးစီသာဖြစ်နေသဖြင့် ချုံး၍ရေးသားထား ဟန်တူ သည်။ နောက်သင်ပုန်းကြီးတို့၌လည်း အသံသုံးမျိုးခွဲဝေရာ၌နည်းတူမှတ်ပါ။)

ဆိုရိုး။ ။ကကြီးရေက၊ ကကြီးရေးချကာ၊ ကကြီးရေလုံးကြီးတင်ကိ၊ ကကြီးရေး လုံးကြီးတင်ဆံခပ်ကီ၊ အောက်ကမြစ်ကီ့၊ ကကြီးရေးနှစ်ချောင်းငင်ကူ၊ အောက်ကမြစ်ကူ့၊ ရှေ့က နှစ်လုံးပေါက်ကူး၊သေ0xdk;ကကြီးရေးကေ၊ အောက်ကမြစ်ကေ့၊ ရှေ့ကနှစ်လုံးပေါက်ကေး၊ ကကြီးရေး နောက်ပစ်ကဲ၊အောက်ကမြစ်ကဲ့၊ ရှေ့ကနှစ်လုံးပေါက်ကဲး၊ သေ0xdk;ကကြီးရေးချကော၊ အောက်က မြစ်ကော့၊ သေ0xdk; ကကြီးရေးချရှေ့ထိုးကော်၊ ကကြီးရေးသေးသေးတင်ကံ၊ အောက်ကမြစ်ကံ့၊ ရှေ့က နှစ်လုံးပေါက်ကံး၊ ကကြီးရေးချဝိသဇ္ဇနီနှစ်လုံးပေါက်ကား၊ (ဝိသဇ္ဇနီပေါက်ရာ၌ ဝတ်ဆံပေါက်ဟူ၍လည်းကောင်း၊ ဝစ္စပေါက်ဟူ၍လည်းကောင်း၊ ဝိသဇ်ပေါက်ဟူ၍လည်းကောင်းဆိုရိုးပြုကြသေးသည်။) ဤဝသဇ္ဇနီကားပါဠိလို ဗိန္ဒု၊နိဂ္ဂဟဖြစ်၏။ မြန်မာလိုကား သေးသေးတင်၊ အလုံးကလေး၊ အပေါက်ကလေး၊ အစက်ကလေးဖြစ်၏။ ဆိုရိုးအသုံးပြုရာ၌ အက္ခရာ၏ အထက်ကပေါက်လျှင် (ထားလျှင်)သေးသေးတင်၊ အောက်ကပေါက်လျှင်အောက်မြစ်၊ နောက်ကပေါက်လျှင် ရှေ့ဆည်း ဟုခေါ် သည်။ နောက်ကပေါက်ပါလျှက် ရှေ့ဆည်းဟုခေါ်ခြင်းကား ခရီးသွားရာ၌ရောက်ပြီးသည်ကို နောက်၊ မရောက်သေးသည်ကို ရှေ့ခေါ်ဝေါ်သကဲ့သို့ မဂ္ဂဂ္ဂမနည်းဖြင့်ခေါ်ဝေါ်ခြင်းဖြစ်သည်။

ခဗျည်း၊ ဂဗျည်းစသည်တို့ကိုနည်းတူတွဲ၊ နည်းတူဆိုရိုးပြု၊ အထူးအားဖြင့် အ•ကား သရ သက်သက်နေသောအခါ (အ•အာ)စသည်ဖြစ်၍ ဗျည်းနှင့်တွဲသောအခါပျောက်ကွယ်သွားသည်။ ဤက သင်ပုန်း ကြီး ၌အသံပေါင်း ရ၅၉ဖြစ်သည်။

ကျသင်ပုန်းကြီး။ ။ကဗျည်း၊ ခဗျည်းစသည်တို့ကိုသရနှင့်တွဲသောအခါ (ယ•ျ) ဗျည်းကိုထည့်သွင်းတွဲရသည်။ တွဲပုံ။ ။ကျ၊ ကျာ၊ ကျိ၊ ကျီး၊ ကျု၊ ကျူး၊ ကျေး၊ ကျဲး၊ ကျော့၊ ကျော်၊ ကျံး၊ ကျား။

ဆိုရိုး။ ။ကကြီးယပင့်ရေးကျ၊ ကကြီးယပင့်ရေးချကျာ၊ ကကြီးယပင့်ရေးလုံးကြီး တင်ကျိ၊ ကကြီးယပင့်ရေးလုံးကြီးတင်ကျိ၊ ကကြီးယပင့်ရေးလုံး ကြီးတင်ဆံခပ်ကျီ၊ အောက်ကမြစ်ကျီ့၊ ရှေ့ကနှစ်လုံးပေါက်ကျီး၊ ကကြီးယပင့်ရေးတချောင်းငင်ကျု၊ ကကြီးယပင့် ရေးနှစ်ချောင်းငင်ကျူ၊ အောက်ကမြစ်ကျူ့၊ ရှေ့ကနှစ်လုံးပေါက်ကျူး၊ သေ0xdk;ကကြီးယပင့်ရေးကျေ၊ အောက်ကမြစ်ကျေ့၊ ရှေ့ကနှစ်လုံးပေါက်ကျေး၊ ကကြီး ယပင့်ရေးနောက်ပစ်ကျဲ၊ အောက်ကမြစ်ကျဲ့၊ ရှေ့ကနှစ်လုံး ပေါက် ကျဲး၊ သေ0xdk;ကကြီးယပင့်ရေးချကျော၊ အောက်ကမြစ်ကျော့၊ သေ0xdk;ကကြီးယပင့်ရေးချရှေ့ထိုး ကျော် ၊ကကြီး ယပင့်ရေးသေးသေးတင်ကျံ၊ အောက်ကမြစ်ကျံ့၊ ရှေ့ကနှစ်လုံးပေါက်ကျံး၊ ကကြီးယ ပင့်ရေးချဝသဇ္ဇနီနှစ်လုံးပေါက်ကျား။ (ယခုခေတ်ဆိုရိုးဖြစ်သည်။) ရှေးခေတ်ဆိုရိုးစကား၊ ကကြီးရေက၊ ယပင့်ကျ၊ ကကြီး ရေးချကာ၊ ယပင့်ကျာစသည့်ဖြင့် ခွဲ၍ ဆိုရသည်။

ခ်၊ ဂ်၊ ဃ်၊ ပ်၊ ဖ်၊ ဗ်၊ ဘ်၊ မ်၊ လ် တို့ကိုလည်းနည်းတူတွဲ၊ နည်းတူဆိုရိုးပြု။ အထူးအားဖြင့် သင်ပုန်းကြီးစာအုပ်၌ဃျကိုဖြုတ်ထားသည်။ မဖြုတ်သင့်။ ရှေးဆရာတို့နည်းအတိုင်းထား သင့်သည်။ (အသံပေါင်း ၂၃ဝ)

ကြသင်ပုန်းကြီး။ ။ က•ခစသည်ကိုသရနှင့်တွဲသောအခါ( ရ•ြ ) ဗျည်းကိုထည့်သွင်း၍တွဲရသည်။ တွဲပုံ။ ။ကြ၊ ကြာ၊ ကြိ၊ ကြီး၊ ကြူ၊ ကြူး၊ ကြေး၊ ကြဲး၊ ကြော့ ၊ကြော် ၊ကြံး၊ ကြား။ ဆိုရိုး။ ။ကကြီးရရစ်ရေးကြ၊ ကကြီးရရစ်ရေးချကြာ၊ စသည်ပြု။

ရှေးဆိုရိုး။ ။ကကြီးရေက၊ ရရစ်ကြ၊ ကကြီးရေးချကာ၊ ရရစ်ကြာ၊စသည်ဖြစ်၏။ ခြ၊ ဂြ၊ ဃြ၊ ငြ၊ ပြ၊ ဖြ၊ ဗြ၊ ဘြ၊ မြတို့ကိုလည်းနည်းတူတွဲ၊ နည်းတူဆိုရိုးပြု။ ဤ၌လည်း ဃြကိုထည့်ပါ။ (အသံပေါင်း ၂၃ဝ)။

ငှ သင်ပုန်းကြီး။ ။၍•ဉာ စသည်တို့ကိုသရနှင့်တွဲသောအခါ(ဟ•ှ)ဗျည်းကိုထည့်သွင်း၍ တွဲရသည်။

တွဲပုံ။ ။ငှ၊ ငှာ၊ ငှိ ၊ငှီး၊ ငှု၊ ငှူး၊ ငှေး၊ ငှဲး၊ ငှော့၊ ငှော်၊ ငှံး၊ ငှား။

ဆိုရိုး။ ။ငဟထိုးရေးငှ၊ ငဟထိုးရေးချငှာ၊စသည်ပြု။ ရှေးဆိုရိုး။ ။ငရေးင၊ ဟထိုးငှ၊ ငရေးချငါ၊ ဟထိုးငှာစသည်ဖြစ်၏။ ညှ၊ ဏှ၊ နှ၊ မှ၊ ယှ၊ ရှ၊ လှ၊ ဝှ၊ ဠှ တို့ကိုလည်းနည်းတူတွဲ၊ နည်းတူဆိုရိုးပြု။ ဤ၌လည်း (ဠှ) ထည့်ပါ။ (အသံပေါင်း ၂၃ဝ)။

မျှ သင်ပုန်းကြီး။ ။မ•လတို့ကိုသရနှင့်တွဲသောအခါ(ယ•ျ•ဟ•ှ) ဗျည်းတို့ကို ထည့်၍တွဲရသည်။

တွဲပုံ။ ။မွ်၊ မွ်ာ၊ မွ်ိ၊ မွ်ိး၊ မ်ႈ၊ မ်ႉး၊ မျှေး၊ မျှဲ၊ မျှော့၊ မျှော်၊ မျှံး၊ မျှား။

ဆိုရိုး။ ။မယပင့်ဟထိုးရေးမျှ၊ မယပင့်ဟထိုးရေးချမျှာစသည်ပြု။

ရှေးဆိုရိုး။ ။မရေးမ၊ ယပင့်မျ၊ ဟထိုးမျှ၊ မရေးချမာ၊ ယပင့်မျာ၊ ဟထိုးမျှာ စသည် ဖြစ်၏။ လကိုလည်းနည်းတူတွဲ၊ နည်းတူဆိုရိုးပြု၊ (အသံပေါင်း၄၆)။ ငြှ သင်ပုန်းကြီး။ ။ င•မတို့တွင်သရနှင့်တွဲသောအခါ(ရ•ြ •ဟ•ှ) ဗျည်းတို့ကို ထည့် သွင်း၍ တွဲရသည်။

တွဲပုံ။ ။ငြှ၊ ငြှာ၊ ငြှိ၊ ငြှီ၊ ငြှု၊ ငြှူ၊ ငြှေး၊ ငြှဲး၊ ငြှော့၊ ငြှော်၊ ငြှံး၊ ငြှား။

ဆိုရိုး။ ။ငရရစ်ဟထိုးရေးငြှ၊ ငရရစ်ဟထိုးရေးချငြှာ၊ စသည်ပြု။

ရှေးဆိုရိုး။ ။ငရေးင၊ ရရစ်ငြ၊ ဟထိုးငြှ၊ ငရေးချငါ၊ ရရစ်ငြာ၊ ဟထိုးငြှာစသည်ဖြစ်၏။ မ•ကိုလည်းနည်းတူတွဲ၊ နည်းတူဆိုရိုးပြု။ (အသံပေါင်း ၄၆)။

ကွ သင်ပုန်းကြီး။ ။ကွ၊ ကျွ၊ ကြွ၊ ငွှသင်ပုန်းကြီးလေးမျိုးတို့၌ အ၊ အာ၊ အိ၊ အီး၊ အေး၊ အဲး၊ အံး၊ အား၊ဟူ၍အကျဉ်းသရရှစ်လုံးဖြစ်သည်။ ယင်းကို ဝသဇ္ဇနီပေါက်သုံးလုံးဖြင့် အသံကိုခွဲဝေသောအခါ အ၊ အာ၊ အိ၊ အီ၊ အီ့၊ အီး၊ အေ၊ အေ့၊ အေး၊ အဲ၊ အဲ့၊ အဲ့း၊ အံ၊ အံ့ ၊အံး၊ အား ဟူ၍အကျယ်သရ ၁၆လုံးဖြစ်လာသည်။ ဝ•ဗျည်းကိုချန်လှပ်၍ဗျည်း ၃၂လုံးနှင့်တွဲသောအခါ အကျဉ်းသရရှစ်လုံးနှင့်တွဲ၍ ရေးထား သော်လည်းဆိုရိုးပြုသောအခါအကျယ်သရ ၁၆လုံးဖြစ်လာသည်။ က•ခစသည်တို့ကိုသရနှင့်တွဲသောအခါ ဗျည်းကိုထည့်၍တွဲရသည်။

တွဲပုံ။ ။ကွ၊ ကွာ၊ ကွိ၊ ကွီး၊ ကွေး၊ ကွဲး၊ ကွံး၊ ကွား။

ဆိုရိုး။ ။ကကြီးဝဆွဲရေးကွ၊ ကကြီးဝဆွဲရေးချကွာစသည်ပြု။

ရှေးဆိုရိုး။ ။ကကြီးရေက၊ ဝဆွဲကွ၊ ကကြီးရေးချကာ၊ ဝဆွဲကွာ၊ စသည်ဖြစ်၏။ ခ•ဂစသည်ကိုလည်းနည်းတူတွဲ၊ နည်းတူဆိုရိုးပြု။ (အသံပေါင်း ၅၁၂) ဘ ။က•ခစသည်တို့ကိုသရနှင့်တွဲသောအခါ(ယ•ျ•ဝ) ဗျည်းတို့ကိုထည့် သွင်း၍တွဲရသည်။

တွဲပုံ။ ။ကျွ၊ ကျွာ၊ ကျွိ၊ ကျွီး၊ ကျွေး၊ ကျွဲး၊ ကျွံး၊ ကျွား။

ဆိုရိုး။ ။ကကြီးယပင့်ဝဆွဲကျွ၊ ကကြီးယပင့်ဝဆွဲရေးချကျွာစသည်ပြု။

ရှေးဆိုရိုး။ ။ကကြီးရေးက၊ ယပင့်ကျ၊ ဝဆွဲကျွ၊ ကကြီးရေးချကာ၊ ယပင့်ကျာ၊ ဝဆွဲကျွာ စသည်ဖြစ်၏။ ချွ၊ ဂျွ၊ ဃျွ၊ ပျွ၊ ဖျွ၊ ဗျွ၊ ဘျွ၊ မျွ၊ လျွ၊ စသည်တို့ကိုလည်း နည်းတူတွဲ၊ နည်းတူဆိုရိုးပြု။ (အသံပေါင်း ၁၆ဝ)။

ကြွ သင်ပုန်းကြီး။ ။က•ခစသည်တို့ကိုသရနှင့်တွဲသောအခါ (ရ•ြ •ဝ)ဗျည်းတို့ကိုထည့် သွင်း၍တွဲရသည်။

တွဲပုံ။ ။ကြွ၊ ကြွာ၊ ကြွိ၊ ကြွီး၊ ကြွေး၊ ကြွဲး၊ ကြွံး၊ ကြွား။

ဆိုရိုး။ ။ကကြီးရရစ်ဝဆွဲရေးကြွ၊ ကကြီးရရစ်ဝဆွဲရေးချကြွာ၊ စသည်ပြု။

ရှေးဆိုရိုး။ ။ကကြီးရေးက၊ ရရစ်ကြ၊ ဝဆွဲကြွ၊ ကကြီးရေးချကာ၊ ရရစ်ကြာ၊ ဝဆွဲကြွာစ သည်ဖြစ်၏။ ခြွ၊ ဂြွ၊ ဃြွ၊ ပြွ၊ ဖြွ၊ ဗြွ၊ ဘြွ၊ မြွတို့ကိုလည်းနည်းတူတွဲ၊ နည်းတူဆိုရိုးပြု။(အသံပေါင်း ၁၄၄)။

ငွသင်ပုန်းကြီး။ ။၍•ဉာ စသည်တို့ကိုသရနှင့်တွဲသောအခါ (ဟ•ှ•ွ)ဗျည်းတို့ကိုထည့် သွင်း၍တွဲရသည်။

တွဲပုံ။ ။ငွှ၊ ငွှာ၊ ငွှိ၊ ငွှီး၊ ငွှေ၊ ငွှဲး၊ ငွှံး၊ ငွှား။ ဆိုရိုး။ ။ငဟထိုးဝဆွဲငွှ၊ ငဟထိုးဝဆွဲရေးချငွှာ၊ စသည်ပြု။

ရှေးဆိုရိုး။ ။ငရေးင၊ ဟထိုးငှ၊ ဝဆွဲငွှ၊ စသည်ဖြစ်၏။ ညွှ၊ ဏွှ၊ နွှ၊ မွှ၊ ယွှ၊ ရွှ၊ လွှ၊ ဠွှတို့ကိုလည်းနည်းတူတွဲ၊နည်းတူဆိုရိုးပြု။(အသံပေါင်း ၁၄၄)။

ကက် သင်ပုန်းကြီး။ ။ကက်သင်ပုန်း ကြီးဆယ်မျိုးတို့တွင်ကက်၊ ကျက်၊ ကြက်၊ ငှက်၊ မျှက်၊ ငြှက်၊ သင်ပုန်းကြီးခြောက်မျိုးတို့၌ အက်၊ အင်း၊ အစ်၊ အည်း၊ အတ်၊ အန်၊ အပ်၊ အမ်၊ အယ်း၊ အောဝ်ဟူ၍ အကျဉ်းသရ ၁ဝဖြစ်သည်။ ယင်းကိုဝသဇ္ဇနီပေါက်သုံးလုံးနှင့် အသံကိုခွဲဝေသောအခါ အက်၊ အင်၊ အင့် ၊အင်း၊ အစ်၊ အည်၊ အည့်၊ အည်း၊ အတ်၊ အန်၊ အန့်၊ အန်း၊ အပ်၊ အမ်၊ အမ့်၊ အမ်း၊ အယ်၊ အယ့်၊ အယ်း၊ အောင် ဟူ၍အကျယ်သရ ၂ဝဖြစ်လာသည်။ ဗျည်းသုံးဆယ့်သုံးလုံးနှင့်တွဲသောအခါ အကျဉ်းသရ ၁ဝနှင့်ရေးထားသော်လည်း ဆိုရိုးပြုသော အခါ အကျယ်သရ ၂ဝဖြစ်လာသည်။

ွဲပုံ။ ။ကက်၊ ကင်း၊ ကစ်၊ ကည်း၊ ကတ်၊ ကန်း၊ကပ်၊ ကမ်၊ ကယ်း၊ ကောဝ်။

ဆိုရိုး။ ။ကကြီးရေးကသတ်ကက်၊ ကီးရေးငသတ်ကင်၊ အောက်ကမြစ်ကင့်၊ ရှေ့ကနှစ်လုံး ပေါက်ကင်း၊ ကကြီးရေးစသတ်ကစ်၊ ကကြီးရေးညသတ်ကည်၊ အောက်ကမြစ်ကည့်၊ ရှေ့ကနှစ်လုံး ပေါက်ကည်း၊ ကကြီးရေးတသတ်ကတ်၊ကကြီး ရေးနသတ်ကန်၊ အောက်ကမြစ်ကန်၊့ ရှေ့ကနှစ်လုံး ပေါက်ကန်း၊ ကကြီးရေးပသတ်ကပ်၊ကကြီးရေးမသတ်ကမ်၊ အောက်ကမြစ်ကမ့်၊ ရှေ့ကနှစ်လုံးပေါက် ကမ်း၊ ကကြီးရေးယသတ်ကယ်၊ အောက်ကမြစ်ကယ့်၊ ရှေ့ကနှစ်လုံးပေါက်ကယ်း၊ သေ0xdk;ကကြီး ရေးချဝသတ်ကောဝ်။ ခ၊ ဂစသည်တို့ကိုလည်းနည်းတူတွဲ၊ နည်းတူဆိုရိုးပြု။ (အသံပေါင်း ၆၆ဝ)

ကျက် သင်ပုန်းကြီး။ ။ကျက်၊ ကြက်၊ ငှက်၊ မျှက်၊ ငြှက်၊ သင်ပုန်းကြီးတို့ကို အကျဉ်းချုံး၍ရေးပါအံ့။ ကက်သင်ပုန်းကြီးကိုနည်းမှီးလေ။ ကျက်၊ ချက်၊ ဂျက်၊ ဃျက်၊ ပျက်၊ ဖျက်၊ ဗျက်၊ ဘျက်၊ မျက်၊ လျက်၊ စသည်တွဲ။ ကကြီးယပင့်ရေးကသတ်ကျက်၊ သို့မဟုတ် ကကြီးရေးကသတ်ကက်၊ ယပင့်ကျက်၊ စသည် ဆိုရိုးပြု၊ (အသံပေါင်း ၂ဝဝ)

ကြက် သင်ပုန်းကြီး။ ။ကြက်၊ ခြက်၊ ဂြက်၊ ဃြက်၊ ငြက်၊ ပြက်၊ ဖြက်၊ ဗြက်၊ ဘြက်၊ မြက်စသည်တွဲ။ ကကြီးရရစ်ရေးကသတ်ကြက်၊သို့မဟုတ် ကကြီးရေးကသတ်ကက်၊ရရစ်ကြက်၊စသည်ဆိုရိုးပြု။ (အသံပေါင်း ၂ဝဝ)

ငှက်သင်ပုန်းကြီး။ ။ငှက်၊ ဥှက်၊ ဏှက်၊ နှက်၊ မှက်၊ ယှက်၊ ရှက်၊ လှက်၊ ဝှက်၊ ဠှက်စသည်တွဲ။ ငဟထိုးရေးကသတ်ငှက်၊ သို့မဟုတ်ငရေးကသတ်ငက်၊ ဟထိုးငှက်၊ စသည်ဆိုရိုးပြု။ (အသံပေါင်း၂ဝဝ) မျှက် သင်ပုန်းကြီး။ ။မျှက်၊ လျှက်၊ စသည်တွဲ။ မယပင့်ဟထိုးရေးကသတ်မျှက်၊ သို့မဟုတ် မရေးကသတ်မက်၊ ယပင့်မျက်၊ ဟထိုးမျှက်၊ စသည်ဆိုရိုးပြု။ (အသံပေါင်း ၄ဝ)

ငြှက် သင်ပုန်းကြီး။ ။ငြှက်၊ မြှက်၊ စသည်တွဲ။ ငရရစ်ဟထိုးရေးကသတ် ငြှက်၊ သို့မဟုတ်ငရေးကသတ်ငက်၊ ရရစ်ငြက်၊ ဟထိုးငြှက်၊ စသည်ဆိုရိုးပြု။ (အသံပေါင်း ၄ဝ)

ကွက် သင်ပုန်းကြီး။ ။ကွက်၊ ကျွက်၊ ကြွက်၊ ငွှက်၊ သင်ပုန်းကြီးလေးမျိုးတို့၌ အက်၊ အင်း၊ အစ်၊ အည်း၊ အတ်၊ အန်း၊ အပ်၊ အမ်း၊ အယ်း ဟူ၍အကျဉ်းသရ ကိုးလုံး။ အက်၊ အင်၊ အင့်၊ အင်း၊ အစ်၊ အည်၊ အည်၊ အည်း၊ အတ်၊ အန်၊ အန့်၊ အန်း၊ အပ်၊ အမ်၊ အမ့်၊ အမ်း၊ အယ်၊ အယ့်၊ အယ်း ဟူ၍အကျယ်သရ ၁၉လုံးဖြစ်သည်။ က•ခစသည်တို့ကိုသရနှင့်တွဲသောဝဗျည်းကိုထည့်သွင်း၍ တွဲရသည်။

တွဲပုံ။ ။ကွက်၊ ကွင်းစသည်၊ ကွယ်း၊ ကျအောင်တွဲ။ ကကြီးဝဆွဲရေးကသတ်ကွက်၊ သို့မဟုတ် ကကြီးရေးကသတ်ကက်၊ ဝဆွဲကွက်၊ စသည်ဆိုရိုးပြု။ (အသံပေါင်း ၆ဝ၈)။

ကျွက် သင်ပုန်းကြီး။ ။ကျွက်၊ ချွက်၊ ဂျွက်၊ ဃျွက်၊ ပျွက်၊ ဖျွက်၊ ဗျွက်၊ ဘျွက်၊ မျွက်၊ လျွက်စသည်တွဲ။ ကကြီးယပင့်ဝဆွဲရေးကသတ်ကျွက်၊ သို့မဟုတ်ကကြီးရေးကသတ်ကက်၊ ယပင့်ကျက်၊ ဝဆွဲကျွက်၊ စသည်ဆိုရိုးပြု။ (အသံပေါင်း ၁၉ဝ)။

ကြွက်သင်ပုန်းကြီး။ ။ကြွက်၊ ခြွက်၊ ဂြွက်၊ ဃြွက်၊ ပြွက်၊ ဖြွက်၊ ဗြွက်၊ ဘြွက်၊ မြွက်စသည်တွဲ။ ကကြီးရရစ်ဝဆွဲရေးကသတ်ကြွက်သို့မဟုတ် ကကြီးရေးကသတ်ကက်၊ ရရစ်ကြက်၊ ဝဆွဲကြွက်၊ စသည်ဆိုရိုးပြု။ (အသံပေါင်း ၁ရ၁)။

ငွှက်သင်ပုန်းကြီး။ ။ငွှက်၊ ဥွှက်၊ ဏွှက်၊ နွှက်၊ မွှက်၊ ယွှက်၊ ရွှက်၊ လွှက်၊ ဠွှက် စသည်တွဲ။ ငဟထိုးဝဆွဲရေးကသတ်ငွှက်၊ သို့မဟုတ်ငရေးကသတ်ငက်၊ ဟထိုးငှက်၊ ဝဆွဲငွှက်၊ စသည်ဆိုရိုးပြု။ (အသံပေါင်း ၁ရ၁)။

ကိတ်သင်ပုန်းကြီး။ ။ကိတ်သင်ပုန်း ကြီးဆယ်မျိုးတို့တွင်ကိတ်၊ကျိတ်၊ကြိတ်၊ ငှိတ်၊ မြှိတ်၊ ငြှိတ်သင်ပုန်းကြီးခြောက်မျိုးတို့၌ အိတ်၊ အိန်း၊ အိပ်၊ အိမ်း၊ အုတ်၊ အုန်း၊ အုပ်၊ အုမ်း၊ အောင်း၊ အိုက်၊ အိုင်း၊ အိုဝ်း။ အုံမ်းဟူ၍အကျဉ်းသရ ၁၄လုံးဖြစ်သည်။ ယင်းကိုဝသဇ္ဇနီပေါက်သုံးလုံးဖြင့်အသံကိုခွဲဝေသောအခါ အိတ်၊ အိန်၊ အိန့်၊ အိန်း၊ အိပ်၊ အိမ်၊ အိမ့်၊ အိမ်း၊ အုတ်၊ အုန်၊ အုန့်၊ အုန်း၊ အုပ်၊ အုမ်၊ အုမ့်၊ အုမ်း၊ အောက်၊ အောင်၊ အောင့်၊ အောင်း၊ အိုက်၊ အိုင်၊ အိုင့်၊အိုင်း၊ အိုဝ်၊ အိုဝ့်၊ အိုဝ်း၊ အုံမ်၊ အုံ့မ်၊ အုံ့မ်း၊ ဟူ၍အကျယ်သရ ၃ဝ ဖြစ်လာသည်၊ ဗျည်းသုံးဆယ့်သုံးနှင့်တွဲသောအခါအကျဉ်းသရ တစ်ဆယ့်လေးလုံးနှင့်တွဲ၍ ရေးထားသော်လည်း ဆိုရိုးပြုသောအခါ အကျယ်သရ ၃ဝဖြစ်လာသည်။

တွဲပုံ။ ။ကိတ်၊ ကိန်း၊ ကိပ်၊ ကိမ်း၊ ကုတ်၊ ကုန်း၊ ကုပ်၊ ကုမ်း၊ ကောက်၊ ကောင်း၊ ကိုက်၊ ကိုင်း၊ ကိုဝ်း၊ ကုံမ်း၊ ဆိုရိုး။ ။ကကြီးရေးလုံးကြီးတင်တသတ်ကိတ်၊ ကကြီးရေးလုံးကြီတင်နသတ်ကိန်၊ အောက်က မြစ်ကိန့်၊ ရှေ့ကနှစ်လုံးပေါက်ကိန်း၊ ကကြီးရေးလုံး ကြီးတင်ပသတ်ကိပ်၊ ကကြီးရေးလုံးကြီး တင်မသတ်ကိမ်၊ အောက်ကမြစ်ကိမ့်၊ ရှေ့ကနှစ်လုံးပေါက်ကိမ်း၊ ကကြီးရေးတစ်ချောင်းငင် တသတ်ကုတ်၊ ကကြီးရေးတစ်ချောင်းငင်နသတ်ကုန်၊ အောက်ကမြစ်ကုန့်၊ ရှေးကနှစ်လုံး ပေါက်ကုန်း၊ ကကြီးရေးတစ်ချောင်းငင်ပသတ်ကုပ်၊ ကကြီးရေးတစ်ချောင်းငင် မသတ်ကုမ်၊ အောက်ကမြစ်ကုမ့်၊ ရှေ့ကနှစ်လုံး ပေါက်ကုမ်း၊ သေ0xdk;ကကြီး ရေချ ကသတ်ကောက်၊ သေ0xdk; ကကြီးရေးချငသတ်ကောင်၊ အောက်ကမြစ်ကောင့်၊ ရှေ့ကနှစ်လုံးပေါက်ကောင်း၊ ကကြီးရေးလုံးကြီးတင်တစ်ချောင်းငင်ကသတ်ကိုက်၊ ကကြီးရေးလုံးကြီးတင်တစ်ချောင်းငင်ငသတ် ကိုင်၊ အောက်မြစ်ကိုင့်၊ ရှေးကနှစ်လုံး ပေါက်ကိုင်း၊ ကကြီးရေး လုံးကြီးတင်တစ်ချောင်း ငင်ဝသတ်ကိုဝ်၊ အောက်ကမြစ်ကိုဝ့်၊ ရှေ့ကနှစ်လုံးပေါက်ကိုဝ်း၊ ကကြီးရေးသေးသေး တင်တစ်ချောင်းငင်မသတ်ကုံမ်၊ အောက်ကမြစ်ကုံမ့်၊ ရှေ့ကနှစ်လုံးပေါက် ကုံမ်း။ ခ•ဂ စသည်တို့နည်းတူတွဲ၊ နည်းတူဆိုရိုးပြု။ (အသံပေါင်း ၉၉ဝ)။

ကျိတ်သင်ပုန်းကြီး။ ။ကျိတ်၊ ချိတ်၊ ဂျိတ်၊ ဃျိတ်၊ ပျိတ်၊ ဖျိတ်၊ ဗျိတ်၊ ဘျိတ်၊ မျိတ်၊ လျိတ်၊ စသည်တွဲ။ ကကြီးယပင့်ရေးလုံးကြီးတင်ကသတ်ကျိတ်၊ သို့မဟုတ်ကကြီးရေးလုံးကြီးတင်တသတ်ကိတ်၊ ယပင့်ကျိတ်စသည်ဆိုရိုးပြု။ (အသံပေါင်း၃ဝဝ)။

ကြိတ် သင်ပုန်းကြီး။ ။ကြိတ်၊ ခြိတ်၊ ဂြိတ်၊ ဃြိတ်၊ ငြိတ်၊ ပြိတ်၊ ဖြိတ်၊ ဗြိတ်၊ ဘြိတ်၊ မြိတ်စသည်တွဲ၊ ဆိုရိုးပြု။ (အသံပေါင်း ၃ဝဝ)။

ငှိတ် သင်ပုန်းကြီး။ ။ငှိတ်၊ ညှိတ်၊ ဏှိတ်၊ နှိတ်၊ မှိတ်၊ ယှိတ်၊ ရှိတ်၊ လှိတ်၊ ဝှိတ်၊ ဠှိတ် ၊စသည်တွဲဆိုရိုးပြု။ (အသံပေါင်း ၃ဝဝ)။

မျှိတ် သင်ပုန်းကြီး။ ။မျှိတ်၊ လျှိတ်၊ စသည်တွဲ၊ ဆိုရိုးပြု။ (အသံပေါင်း ၆ဝ)။ ငြှိတ်သင်ပုန်းကြီး။ ။ငြှိတ်၊ မြှိတ်စသည်တွဲ၊ ဆိုရိုးပြု။ (အသံပေါင်း ၆ဝ)။

ကွိတ်သင်ပုန်းကြီး။ ။ကွိတ်၊ ကျွိတ်၊ ကြွိတ်၊ ငွှိတ်၊ သင်ပုန်းကြီးလေး မျိုးတို့၌ အိတ်•အိန်း •အိပ်• အိမ်း• အိုက် •အိုင်း ဟူ၍အကျဉ်းသရခြောက်လုံး။ ။အိတ် •အိန် •အိန့် •အိန်း ၊ အိပ်• အိမ်• အိမ့်• အိမ်း၊ အိုက်• အိုင်• အိုင့်• အိုင်းဟူ၍ အကျယ်သရ ၁၂လုံး ဖြစ်သည်။ က•ခစသည်တို့ကိုသရနှင့်တွဲသောအခါဝဗျည်းကိုထည့် သွင်း၍တွဲရသည်။ ကွိတ်• ကွိန်း ကွိပ်•ကွိမ်း ကွိုက်•ကွိုင်းစသည်တွဲ။ ကကြီးဝဆွဲရေးလုံးကြီးတင်တသတ်ကွိတ်၊ သို့မဟုတ် ကကြီးရေးလုံးကြီးတင်တသတ်ကွိတ်၊ ဝဆွဲကွိတ်၊ စသည်ဆိုရိုးပြု။ (အသံပေါင်း ၃၈၄)။

ကျွိတ်သင်ပုန်းကြီး။ ။ကျွိတ်၊ ချွိတ်၊ ဂျွိတ်၊ ဃျွိတ်၊ ပျွိတ်၊ ဖျွိတ်၊ ဗျွိတ်၊ ဘျွိတ်၊ မျွိတ်၊ စသည်တွဲ။ ဆိုရိုးပြု။ (အသံပေါင်း ၁ဝ၈)။

ကြွိတ်သင်ပုန်းကြီး။ ။ကြွိတ်၊ ခြွိတ်၊ ဂြွိတ်၊ ဃြွိတ်၊ ပြွိတ်၊ ဖြွိတ်၊ ဗြွိတ်၊ ဘြွိတ်၊ မြွိတ်၊ စသည်တွဲ၊ ဆိုရိုးပြု။ (အသံပေါင်း ၁ဝ၈)။

ငွှိတ် သင်ပုန်းကြီး။ ။ငွှိတ်၊ ဥွှိတ်၊ ဏွှိတ်၊ နွှိတ်၊ မွှိတ်၊ ယွှိတ်၊ ရွှိတ်၊ လွှိတ်၊ဠွှိတ်၊ စသည်တွဲ၊ ဆိုရိုးပြု။ (အသံပေါင်း ၁ဝ၈)။

ဤသင်ပုန်းကြီးကားသိသာရုံအကျဉ်းချုပ်မျှဖြစ်သည်။ အကျယ်ကိုလိုလျှင်ကမချသင်ပုန်းကြီး၊ ကက်သင်ပုန်းကြီး၊ ကိတ်သင်ပုန်းကြီးတို့ကိုနည်းမှီး၍ချဲ့ပါလေ။ ဤသင်ပုန်းကြီး၌အသံပေါင်း သို့မဟုတ်စာလုံးပေါင်း (ရ၆၉၉)ရရှိသည်။ အထူးအားဖြင့်လယ်တီဆရာတော်ကြီး၏သင်ပုန်း ကြီးသံခိပ်၌ကားသင်ပုန်းကြီးတွင်သုံးရန် သရ အတွက်• အာ့၊ အေားတို့ကိုလည်းကောင်း၊ နသတ်၊ မသတ်မပါသောအိံ၊ အိံ့၊ အိံး၊ အုံ၊ အုံ့၊ အုံး၊တိုကိုလည်းကောင်း၊ ဝသတ်မပါသော အော့်•အော်း၊ အို၊ အို့၊ အိုးတိုကိုလည်းကောင်းထည့်သွင်းထားသည်။ ထိုပြင် အဋ်၊ အဏ်၊ အဏ့်၊ အဏ်းတို့ကိုလည်းကောင်း အိဋ်၊ အိဏ်၊ အိဏ့်၊ အိဏ်းတို့ကိုလည်းကောင်း၊ အိုဋ်၊ အိုဏ်၊ အိုဏ့်၊ အိုဏ်းတို့ကိုလည်းကောင်း၊ အောစ်၊ အောဉ်၊ အောဉ့်၊ အောဉ်း၊ တို့ကိုလည်းကောင်း၊ အိုစ်၊ အိုဉ်၊ အိုဉ့်၊ အိုဉ်း တို့ကိုလည်းကောင်းထည့်သွင်းထားသည်။

ဗျည်းအတွက်လည်း တ်၊ ထ်၊ ဒ်၊ န်၊ သ်၊ ဟ်၊ တို့ကိုလည်းကောင်း၊ တြ၊ ထြ၊ ဒြ၊ နြ၊ ဩ၊ ဟြ တို့ကိုလည်းကောင်းထည့်သွင်းထားသည်။ ထိုသို့ထည့်သွင်းထားသော်လည်း ရှေးဆရာ ကြီးတို့သင်ရိုးဖြစ်သောသင်ပုန်းကြီးမူဟောင်း၌ထည့် သွင်းထားခြင်းမရှိသောကြောင့် ချန်လှပ်ထားခဲ့သည်။ ကာရန် (ရ၃) ဇယား စဉ် အသံစဉ် အကြောင်းအရာ ၁ အ ၂ အာ ၃ အား ၄ အိ ၅ အီ့• ကာရန်၆၄ ၌မပါ ၆ အီ ရ အီး ၈ အု ၉ အူ့• ကာရန်၆၄ ၌မပါ ၁ဝ အူ ၁၁ အူး ၁၂ အေ ၁၃ အေ့ ၁၄ အေး ၁၅ အဲ ၁၆ အဲ့ ၁ရ အဲး ၁၈ အယ် ၁၉ အယ့် •ကာရန်၆၄ ၌မပါ ၂ဝ အယ်း ၂၁ အော် ၂၂ အောဝ် •ကာရန်၆၄ ၌မပါ ၂၃ အော့ ၂၄ အော ၂၅ အက် ၂၆ အိုက် ၂ရ အောက် ၂၈ အင် ၂၉ အင့် ၃ဝ အင်း ၃၁ အိုင် ၃၂ အိုင့် ၃၃ အိုင်း ၃၄ အောင် ၃၅ အောင့် ၃၆ အောင်း ၃ရ အစ် ၃၈ အည် ၃၉ အည့် ၄ဝ အည်း ၄၁ အတ် ၄၂ အိတ် ၄၃ အုတ် ၄၄ အန် ၄၅ အန့် ၄၆ အန်း ၄ရ အိန် ၄၈ အိန် ၄၉ အိန်း ၅ဝ အုန် ၅၁ အုန့် ၅၂ အုန်း ၅၃ အပ် ၅၄ အိပ် ၅၅ အုပ် ၅၆ အံ ၅ရ အံ့ • ကာရန်၆၄ ၌မပါ ၅၈ အံး ၅၉ အမ် ၆ဝ အမ့် ၆၁ အမ်း ၆၂ အိမ် ၆၃ အိမ့် ၆၄ အိမ်း ၆၅ အုမ် ၆၆ အုမ့် •ကာရန် ၆၄၌မပါ ၆ရ အုမ်း ၆၈ အုံမ် ၆၉ အုံမ့် •ကာရန် ၆၄၌မပါ ရဝ အုံမ်း ရ၁ အိုဝ် ရ၂ အိုဝဝ့် ရ၃ အိုဝ်း ဤကာရန် ရ၃ ကားသင်ပုန်းကြီးတစ်ကျမ်းလုံးကို အကျဉ်းချုံးထားသော ကာရန်ဖြစ်သည်။ (သို့မဟုတ်)သရသံများဖြစ်သည်။ [၁]

ကိုးကား
 မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
[ပြင်​ဆင်​ရန်​]

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်