မြန်မာ့သမိုင်းတာရိုးများ စည်းကျိုးလေပြီလား


***********************
ရေလှောင်ကန်များကို တာတမံတုတ်ထားရ သကဲ့သို့  သမိုင်းမှာ လည်း တာများ တမံများ ရှိသည်။ မြန်မာ့သမိုင်း၏ တာတမံများ မှာကား ရှေးဟောင်းရဇဝင်ကျမ်းများ၊ နိုင်ငံခြားတိုင်ပြည်များမှ ခေတ်ပြိုင်သမိုင်းရေးဆရာတို့ ၏ ကျမ်းများ၊ ကျောက်စာ ပေစာ များ၊ ယဉ်ကျေးမှု အဆောက်အဦးများ၊ ကဗျာစာပေများ အနု ပညာ အမွေအနှစ်များ၊ တေးဂီတများ၊ ရှေးဟောင်း ဓလေ့ မိရိုး ဖလာ မိဘကသားသမီး လူကြီးကလူငယ်များ ကိုပြောပြခဲ့သော အိပ်ယာဝင်ပုံပြင်များနှင့် ဓလေ့ထုံးတမ်းများ၊ စသည်ဖြင့် မြန်မာ့ သမိုင်းတာာ များစွာပင်ရှိပါသည်။ ဤ မြန်မာ့သမိုင်းတာများကို လုံခြုံ့အောင် ထိန်းသိမ်းရန်မှာကား၊ အမျိုးသားရေး တာဝန်ကြီး တရပ်ဖြစ်ပါသည်။ အမျိုးသားရေး တာဝန်ကြီးဖြစ်သည့် အတွက် အစိုးရများ တွင်သာမက မြန်မာပြည်သူ ပြည်သား တဦးချင်းတွင် လည်း မြန်မာ့သမိုင်းတာများကို လုံခြုံအောင်ထိန်းသိမ်းရန် တာ ဝန်ရှိပေသည်။
အထူးသဖြင့် တက်လူ မျိုးဆက်သစ်လူယ်လူရွယ်တို့ ကို သိမှီ သော လူကြီးများက လက်ဆင့်ကမ်း တာဝန်ပေးဝေကြရပါမည်။ သမိုင်းဆရာများကလည်း၊ သမိုင်းတာများကို လုံခြုံအောင် ထိန်း သိမ်းရာမှာ ရှေ့ တန်းမှပါဝင်ကာ ဦးဆောင်ဦးရွက်ပြုကြရပါမည် ။အခါအားလျှော်စွာ ပြင်ပ ပရောဂများကြောင့်၊ မြန်မာ့သမိုင်းတာ များ ကွဲအက်ခြင်း၊ ကျိုးပဲ့ခြင်းများ ရှိခဲ့ပါသည်။
ပထမတော့ မြန်မာ့သမိုင်းတွင် အက်ရာ ကလေးများသာပေါ်လာ စဉ် သတိမမူ မိဘဲရှိနိုင်ပါသည်။ သို့ သော် အက်ရာကကွဲ၊ ကွဲရာ ကပေါက်ကာ တာရိုးကျိုးပြီ ဆိုလျှင်တော့၊ ပြန်လည် ဆည်ဖို့ ရန် ပို ၍ ခက်ခဲသည် ကို စာရှုသူ ဂုဏ်သရေရှိ လူကြီးမင်း အပေါင်း သိကြပါသည်။ ဤသည်ကား သဘာဝ ဘဝပေး အသိပင်ဖြစ်ပါ ၏။ ယခုခေတ် အခြေအနေများမှာ သမိုင်းတာကျိုး သည့်နှယ် အမှန်က အမှား၊ အမှားကအမှန်ဖြစ်အောင် ကြံဆောင်နေ မှု များကြောင့် လွန်စွာ အရေးကြီးသော အချိန်အခါဖြစ်ပါ၏။
သမိုင်းဆရာကြီးများ သာမက ပြည်သူည်ြသားများ အထူးသဖြင့် တက်လူများ၊ လူငယ်လူလတ်များက အသိစိတ်ဓါတ်၊ လုံ့ လ ဝီရိယ ဇွဲတို့ ဖြင့် အားခဲကြမှ မြန်မာ့သမိုင်းတာကို ပြန်လည် ထိန်းသိမ်း နိုင်ကြပါလိမ့်မည်။
(၁)ကျန်စစ်သားမင်းလက်ထက်၊ အထက်ဗမာပြည်ရော အောက် ဗမာပြည်၊ မွန်တို့ ဌာနေ ရာမည -သုဝဏ္ဏဘုမ္မိ ကိုပါ စည်းရုံး သိမ်းသွင်းပြီးတဲ့ နောက်၊ တရုတ်ပြည်ကို ကျန်စစ်သားမင်း သံ တမန်စေလွှတ်ခဲ့ပါသည်။ တရုတ် ဧကရာဇ် အင်ပါရာ ဆွန် (Sung) က ဗမာပြည်ကို Fan =ဗရာမာ-အင်ဒီးယ (အိန္ဒိယ) နိုင်ငံ အဖြစ်နှင့် တန်းတူရည်တူ အချုပ်အခြာပိုင် နိုင်ငံ( sovereignty) အဖြစ် အသိအမှတ်ပြု ခဲ့ပါသည်။
(၂) မွန် တွေနေတဲ့ မွန်တို့  ဇာတိဒေသ သည်လည်း Fan =ဗရာမာ-အင်ဒီးယ (အိန္ဒိယ)နိုင်ငံ ရဲ့ တစိတ်တဒေသဖြစ်ခဲ့ ပါသည်။ မွန်တို့ သည်လည်း ဗမာတို့ ကဲ့သို့ ပင် အင်ဒီးယ (အိန္ဒိယ)နိုင်ငံကြီးကနေ လာရောက်ခဲ့ကြသည်မှာ သံသယ ဖြစ် ဖွယ်မရှိပါ။ မွန် နှင့်ဗမာတို့၏သွေးချင်းများသို့ ဖြစ်သည့် အတိုင်း အင်ဒီးယ (အိန္ဒိယ) နိုင်ငံတွင် ရှိနေသည် ဖြစ် ၍ ဗမာ ပြည် ဗရာမာဒေသ နှင့် အင်ဒီးယ (အိန္ဒိယ)တို့  တချိန်လုံး ကူး လူးဆက်ဆံ၊ ကုန်သွယ်မှုနှင့် လူမှုရေး၊ ဘာသာရေး ယဉ်ကျေးမှု များ အတွက် ခရီးသွားလာမှုများရှိခဲ့ပါသည်။ မွန် နှင့်ဗမာတို့ သည် ဤတိုင်း ဒေသကြီးနှစ် ခုဖြစ်သော ဗရာမာ နှင့် အိုရစ်ဆာ (Orrisa) အပြင် တခြား ပြည်နယ်များ၊ ဘန်ဂေါလ်၊ အာသံ နှင့် မဏိပူရ တို့ နှင့်ပါ အမြဲတစေ ကူးလူးဆက်ဆံ သွားလာမှုများရှိ ခဲ့ကြ ပါသည်။
(၃) သို့ သော်လည်း ယခုခေတ်စာရေးသူ အချို့ ရေးနေကြသလို မွန်တို့ မှာ ယံစီမြစ်ဝှမ်းဒေသ ကသာ လာခဲ့ရိုးမှန်လျှင်၊ မွန်တို့ ၏ဆွေမျိုးများ ယံစီမြစ်ဝှမ်းဒေသတွင်ကျန်ခဲ့ရပါမည်။ သူတို့ ဘိုး ဘွားများ၏ ခြေရာ အမွေအနှစ်များရှိရပါမည်။ ဆက်လက် ၍ ကူးသန်းနေမှုများလည်းရှိရပါမည်။ ဘယ်လူမျိုးမှသူတို့  ဇာတိ မြေနှင့် လုံးလုံးလျားလျာကင်းကွာ အဆက်ပြတ်သွားသည်ဟု မရှိကြပါ။
အကယ်စင်စစ် မွန်တို့ သည် ယံစီမြစ်ဝှမ်းဒေသလာခဲ့ သည် ဖြစ်လျှင် လွန်ခဲ့သော နှစ်ပေါင်း တထောင်ခန့့်  ကျန်စစ် သားမင်း လက်ထက် ကထဲက တရုတ်တို့ လည်းသိနိုင်သည်။ တရုတ် လူမျိုးတို့မှာ ဗမာနှင့် မွန်တို့ ထက်မှတ်တမ်းကောင်း ပါ သည်။ တရုတ်မှတ်တမ်းများတွင် မတွေ့ ရခြင်း၊ တရုတ်တို့ က လွန်ခဲ့ သောနှစ်ပေါင်း တထောင်ထဲက ယခုထိ မပြောကြခြင်းမှာ မွန်တို့ သည် ယံစီမြစ်ဝှမ်းမှလာခဲ့ခြင်း မဟုတ်လို့ ဖြစ်ပါ၏။ အောက် ဖော်ပြပါ ထောက်အထားကို ဖတ်ရှုပါ။
“In 1103, Kyanzittha sent to China the first Burmese embassy that is mentioned in the History of the Sung.[62] Three years later, in 1106, “envoys of the kindom of P’u-kan (pagan0 having come to offer tribute, the emperor at first gave the order to receive them and give them the same treatment accorded the envoys of Choulien(Chola), but the president of the Council of Rites made the following observations; ‘Chou-lien is a vassal of San-fo-ch’I;[63] that is why during the hsi-ning years (1068-1077) it was enough to write to the king of this country on heavy paper, with an envelope of plain material. The king of P’u-kan, on the other hand, is a soverign of the great kingdom of the Fan (the Brahmans; that is, the Indian countries). One must not behave disdainfully toward him. One ought to accord to him the same honours as to the princes of Ta-shih (Arabs) and Chiao-chih (Tongking), by writing to him on silk with flowers of gold, white on the back, a letter which you enclose in a little box ringed with gold, with a silver lock and double envelope of taffeta and satin.’ The emperor approved of his observations and decided that it would be thus.”[64] I have cited this passage in its entirety because it shows the prestige that the kingdom of Pagan already—only sixty-two years after the accession to power of Anortha, who was its real founder—enjoyed at the court of China, which was always anxious to maintain an exact hierarchy among foreign sovereigns. { The Indianized States of Southeast Asia by G. Coedes}”်ံ
ရှေးခေတ်ခါက အင်ဒီးယား (အိန္ဒိယ) နိုင်ငံခေါ် ကုလားပြည် တွင် တက္ကသီလာ၊ ယခုအခါ ပါကစ္စတန် နိုင်ငံတွင် Texila ဟုရှိ၏။ ယင်းတက္ကသီလာခေါ်တက္ကသိုလ်တွင် ဒိသာပါမောက္ခ ထံ၌ နိုင်ငံအသီးသီးက မင်းညီမင်းသားများ အဌာရသ ၁၈ ရပ် သော ပညာများကို ဆည်းပူးကြရသည် ဟု မှတ်ခဲ့ဘူး ပါသည် ။ ဒိသာ ပါမောက္ခ က သင်ယုံသင်ပေးသည် မဟုတ်ပဲ ကျောင်း သားများကို မိမိတို့  ဘာသာ ခရီးလှည့်လည်ကြလျှက် လက် တွေ့ မျက်မြင်လေ့လာပြီး ရှာဖွေတွေ့ ရှိတဲ့ ပညာဗဟုသုတကို ဆွေးနွှေးဖလှယ်ကြရသည်ဆို၏။ ယခုခေတ်မှာလည်း ထိုနည်း တူစွာ တက္ကသိုလ် ကောလိပ်ကျောင်းသားများ သုတေသန စာတန်း ပြုခြင်း၊ လက်တွေ့ စမ်းသပ်စီမံချက် (project)များ လုပ်၍ စာတန်းတင်ပြရခြင်း တို့ မှာ တက္ကသိုလ်ပညာ သက်ဆိုင် ရာ ဘွဲ့ ရရှိရေး အတွက်မလုပ်မဖြစ် ဆောင်ရွက်ရခြင်းဖြစ်ပါ သည်။ ဤသည်မှာ တက္ကသိုလ်ကျောင်း မှသင်သမျှ၊ နည်းပြ၊ ကထိကနှင့် ပါမောက္ခများ ပြောသမျှ၊ စာတန်းများရေး ထားသမျှ ကို လုံးဝ အမှန်ဖြစ်သည်၊ဖြစ်ရမည် ဟု ပုံသေကားချ မှတ်ယူရန် မလို မိမိရှာဖွေတွေ့ ရှိချက်များ ခိုင်လုံက မိမိအယူအဆကို တင် ပြပိုင်ခွင့် ရှိပေသည်။ အနောက်တိုင်းနှင့် အရှေ့ တိုင်း နိုင်ငံ အများတွင် ကျင့်သုံးနေကြသော ပညာရေး စနစ်မှာလည်း သည် အတိုင်း ပင်ဖြစ်ပါသည်။ သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်း က ပြောသမျှကို ဘုရားဟောနှယ် ယုံကြည်လက်ခံ နေကြခြင်း ကြောင့် လူငယ်တွေမှာ လွဲမှားသော အယူအဆကို ရပြီး၊ ယင်း အယူကို တရားသေ စွဲကိုင်ထား ကြ သည်ကို တွေ့ ရ၏။ အရေး ကြီးသည့် အချက်မှာ မြန်မာ-ဗမာ တစ်ယောက်ကို ကုလား တယောက်နှင့် တရုတ်တယောက်ကြား မှာ ထားပြီး မြန်မာ-ဗမာ သည်ဘယ်သူနှင့်တူလဲ ဟု မေးခိုင်းခြင်း ဥပမာဖြစ်၏။
တကယ်တော့ ရှေးဆန်လွန်းလှသော ဥပမာ ဖြစ်ပါ၏။ဆရာကြီး ဒေါက်တာ သန်းထွန်း ဘာကြောင့် ယခုလိုပြောသည်ကို မသိပါ။ ဒီအန်အေ-DNA test လုပ်ပြီးခွဲခြားခြင်းကို လမ်းညွှန်ပါက ဆီလျှော်ပါ၏။ ဒီအန်အေ-DNA test လုပ်ပြီး၊ တွေ့ ရှိချက် များကလည်း မြန်မာ-ဗမာပြည်၊ယိုးဒယား နှင့် ကမ္ဘောဒီးယား-ကမ်ပူးချား- ကမ္ဘောဇ တွင်တွေ့ ရသော မွန်-ခမာလူမျိုးများမှာ အင်ဒီးယားမှ လာခဲ့ခြင်းဖြစ်ကြောင်း ခိုင်လုံသည့် အထောက် အထားများ အင်တာနက်တွင်တွေ့ ရ၏။ သို့ သော် မျက်နှာကြီး ရာ ဟင်းဖတ်ပါ ဆို သကဲ့သို့  ဒေါက်တာဆိုတဲ့ ဘွဲ့ ထူး ဂုဏ်သိမ် ကြောင့် လူအများက အကြွင်းမဲ့ သူ့ အဆိုကိုသာ လက်ခံကြ ခြင်းဖြစ်သလား မသိပါ။ဒေါက်တာသန်းထွန်း၏ “မြန်မာသမိုင်း ရှာတော်ပုံ” စာအုပ်တွင် မြန်မာ-ဗမာဆိုတာ မရှိ သလောက် ရေးထားခဲ့ပါသည်၊၊ ဘာကြောင့် ဤ သို့ ရေးသလဲဆိုသည်ကို ရှာဖွေကြည့်ကြပါ။
သို့ ရာတွင် ယနေ့ ခေတ်လူငယ်များ၏ အသိစိတ်တွင် “ကုလား” ဆိုတာနဲ့  အသားမည်းမည်း(မဲမဲ)၊ မုတ်ဆိတ်ပါးမုန်းမွှေးထူထူနှင့် အင်ဒီးယား (အိန္ဒိယား) နိုင်ငံသားများကိုသာ မြင်ကြထင်ကြပေ သည်။ အင်ဒီးယား (အိန္ဒိယား) နိုင်ငံလောက် လူမျိုးစု လူမျိုး စိတ် လူမျိုးကွဲ များပြီး၊ အသားအရောင်စုံ၊ အသွင်သန္တာန် မျိုး စုံသော လူမျိုးစုများရှိသည့် နိုင်ငံ ကမ္ဘာတွင် အင်ဒီးယား (အိန္ဒိယား) တနိုင်ငံသာ ရှိမည်ထင်ပါသည်။ ဒရာဗီဒီယံ၊ အာရိယံ နှင့် အင်ဒိုအာရိယံ တို့ နှင့်၊ အငြင်းပွားနေကြ သည့်၊ ဝါရွှေသော အသားအရောင်ရှိသည့် မွန်ဂိုလွိုက်- မဂိုလ် လူမျိုး များ အကြောင်းကို ပထမဦးစွာ ဆွေးနွှေးကြပါစို့ ။
အင်ဒီးယား (အိန္ဒိယား) နိုင်ငံတွင် မွန်ဂိုလွိုက်- မဂိုလ် လူမျိုး နွယ်စုများစွာရှိပါသည်။ အင်ဒီးယား မနုသဗေဒ သမိုင်းပညာ ရှင် M. K. Bhasin၏ အောက်ဖော်ပြပါ စာအုပ်ကို ညွှန်းလိုပါ သည်။ Indian AnthropologyRacial, Ethnic, Religious and Linguistic Elements in Indian Populationhttp://nsdl.niscair.res.in/bitstream/123456789/339/1/pdf+4.4+NISCAIR-Racial-Ethnic-Relgious-Linguistic-Groups-India-Text-Revised.pdf The Mongoloid TypeMorphological Features: Skin Colour - Dark with Yellowish tinge; Hair - Dark Colourand Straight form; Head Form - Generally Broad (Brachycephalic); Eyes-Oblique eyeshowing Epicanthic Fold; Face - Broad Mongolian face; Nose Form- Fine to Broad;Stature-Short to Below Medium height.Inhabitants of the people of Himalayas, Nepal, Assam and Burma represented by theKannets of Lahul, Kulu, Lepchas, Limbus, Murmis and Gurangs of Nepal and Bodos ofAssam and Burmese.{ M. K. Bhasin: p/14}
အထက်ပါ အဆိုကို မြန်မာ ဘာသာပြန်ပါက မွန်ဂိုလွိုက်ပုံစံ။ မနသဗေဒ ပုံဖော်မှုအရ တွေ့ ရှိရသောရှေးဟောင်းလူသား၏ ပုံသဏ္ဌာန်မှာ ညိုမောင်းမောင်းအသားတွင် အဝါခံရှိခြင်း၊ နက် မှောင်သော ဆံပင်ဖြောင့်များရှိခြင်း၊ အများအားဖြင့် ခေါင်းကြီးပြီး မျက်လုံးများမှာ (နဖူးနှင့် တပြေးညီမဟုတ်ပဲ) စောင်း ၍နေခြင်း၊ မျက်နှာကျယ်ခြင်း၊ နှာခေါင်းမှာပုံမှန်နှင့် အနည်းငယ်ကျယ်သည် လည်းရှိခြင်း၊ အရပ်မှာ များသောအားဖြင့် သာမာန်အာရှသား များထက် နိမ့်ခြင်း၊ အလယ်အလတ်သာဖြစ်ခြင်း တို့ ဖြစ်၏။ ဤမွန်ဂိုလွိုက်ပုံစံ ကို ဟိမဝန္တာ၊ နီပေါလ်၊အာသံ နှင့် မြန်မာ-ဗမာပြည်တို့ တွင်တွေ့ ရ၏။ နီပေါလ်တွင် လာဟူးလ် ကန်နက် များ၊ ကူလူး၊ လက်ပချား၊ လင်ဘူး၊ မာမီးလ် နှင့် ဂူရန်ဂ် လူမျိုးစု များနှင့်၊ အာသံနှင့်မြန်မာ-ဗမာပြည်မှ ဘိုးဒိုး လူမျိုးများ တွင် ဤ ပုံသဏ္ဌာန်ကိုတွေ့ ရ၏။ Date: 16th May 2014.အထက်ပါ စာတန်း စာမျက်နှာ ၁၁ နှင့် ၁၂ တွင် ရေး သားတင်ပြထားသည်မှာ၊ ဤ သို့ ဖြစ်၏။
မွန်ဂိုလီးယန်း- မဂိုလ် အသွင်သဏ္ဌာန် ကို အင်းဒီးယား အလယ်ပိုင်း နှင့် အရှေ့ ပိုင်းပြည်နယ်များ ဖြစ်သည့် ဘီဟာ၊ အိုရစ်ဆာ (သို့ ) သြရိသ၊ မာဒီယာပရာဒေ့ရှ် နှင့် အန်ဒရာပရာဒေ့ရှ် ပြည်နယ်တို့  တွင်တွေ့ ရသည်။ ထို အင်ဒီး ယား လူမျိုးစုတွင် မွန်ဒရီ (မွန်းဒါး မျိုးစု နှင့် အော်စရို-အေးရှား တစ် -Austro-asiatic ၊ ဘာသာစကားပြောသည့် မွန်ဒါး၊ စန်တာလ်၊ ဂျွှန်း သို့ မဟုတ် ယွန်း၊ ဆာအိုရာ၊ ဂါဒါဘာ စသည် တို့  နှင့် ဒရာဗီဒီယန် စကားပြောသော အင်းဒီးယား အလယ် ပိုင်းက တိုင်းရင်းသား မာရီယား၊မူရီယား၊ ကွန်းဒ် နှင့် အိုရာအွန် စသည် တို့ ပါဝင် သည်ဟု Rakshit (1965) က ရေးသား တင်ပြခဲ့သည်။ မွန်ဒါး၊ စန်တာလ်၊ နှင့် ဂွန်း (သို့ မဟုတ် ကွန်းဒ် ဖြစ်ပေမည်) တို့ မှာ မွန်လူမျိုး တို့ နှင့် ဘာသာစကား တူကြ ၏။ နောက်တသုတ် အင်ဒီးယား သို့ ဝင်လာကြသည့် လူမျိုးများ မှာ Eugen Fisher (1923) ၏အဆိုအရ၊ အရှေ့ ဖျား (Oriental race) ဟုခေါ်သည့် လူမျိုးများဖြစ်၏။ အနှီလူမျိုး တို့ မှာ အနည်းငယ် ခေါင်း ကျယ်ပြန့် ခြင်း ၊ အလယ်အလတ် အရပ်အမောင်းရှိခြင်း၊ မျက်နှာကျယ်ခြင်းကြောင့် Brachycephalic Alpine နှင့် Armenoid ဟုခေါ် တွင်သော ဥရောပ လူမျိုးတို့ နှင့် နည်းစပ်သော မျိုးနွယ်စုဖြစ် ၏။ ဤလူမျိုးတို့  အဓိက စုရုံးနေထိုင်ခဲ့ကြ သည့်ဒေသမှာ အာရှမိုင်နာ၊ အင်းဒီးယား မြောက်ပိုင်း အာဖဂံနစ်စတန် တောင် ပိုင်း “ပါမီရ်-Pamir” နှင့် အီရန်လွင်ပြင်တို့ ဖြစ်သည်။ ထိုဒေ သများမှ ဤလူမျိုးများ သည် ခရစ်တော်မတိုင်မီ ဘီစီ ၃၀၀၀ မှ ၂၀၀၀ လောက်က အင်ဒီးယား မြောက်ပိုင်းရှိ ဝင်ပေါက်များ (passes in the north-western frontier of India)ကနေ၍ အင်ဒီးယားနိုင်ငံထဲ သို့  ဝင်ရောက်လာခဲ့ကြ ၏။ The early evidence of these elements was found among a few of Chalcolithic crania fromIndus Valley sites and later among Iron Age crania from Adittanallur in the TinnevallyDistrict of South India (1963). The origin of the broad-headed strain allied to Alpine andArmenoid lies primarily among the brachycephalic hordes of prehistoric Homo alpinusstock of Central Asia. However, the original source of brachycephaly in Western Indiaappears to have come from Scytho-Iranians who had infiltrated from the ethnic intrusionof the Sakas, Huns, Kushans and Abhiras. Today the stronghold of this type is in Bengal,Rajasthan and Gujarat.
ရှေးအကျဆုံး သက်သေသာဓက အဖြစ် ဤလူမျိုးများ၏ မျိုးရိုး ဗီဇ (elements) ကို အင်ဒုမြစ်ဝှမ်း (သို့ ) ဟင်ဒုမြစ်ဝှမ်း မှာ တွေ့ ရသော Chalcolithic crania တချို့ နှင့် အင်းဒီးယား တောင်ပိုင်း တင်နေဗယ်လီခရိုင် (Tinnevally district) အဓိတနာလူရ် (Adittanallur) ဒေသတွင်တွေ့ ရသော သံခေတ်က crania တချို့ တွင်ဖြစ်၏။ (၁၉၆၃) ။
မူလဘူတဖြစ်သော ခေါင်းကြီးသူ လူမျိုးစုများ ၏ သွေးဗီဇ မှာ Alpine နှင့် Armenoid တို့ နှင့် ပတ်သက်နေပြီး ၊ အခြေခံအားဖြင့် အာရှအလယ်ပိုင်းက သမိုင်းမတင်မီ အချိန် က၊ brachycephalic အုပ်စု (hordes)ဖြစ်သော “ဟိုမို အယ်လ်ပိုင်နာ့စ်” အမျိုးနွယ်ဝင်ဖြစ်၏။ သို့ ရာတွင် အနောက် အင်ဒီးယ တွင်မူ brachycephaly တို့ ၏ မူလ “ဆိုက်သို-အီရန်နီယန်း (Scytho-Iranians)” ဖြစ်၏။ ဤ “ဆိုက်သို-အီရန်နီယန်း (Scytho-Iranians)” များမှာ ဆာကာများ(Saka)၊ ဟူန်များ (Huns)၊ ကိုသျှမ်းများ (Kushans) နှင့် “အဘီရ များ(Abhiras)” တို့ က သွေး နှောစိမ့်ဝင်လာသော တိုင်းရင်းသားများဖြစ်၏။
အထက်ဆိုခဲ့သော အချက်များကို ထောက်ရှု ၍ အဘိရာဇာ သည် မွန်ဂိုလွိုက်-မဂိုလ်လူမျိုး တို့ ၏ ခေါင်းဆောင်ဖြစ်ပြီး သူ နှင့် အတူ တကောင်းမြို့ တည်ရာ ခေတ်သစ်မြန်မာ-ဗမာပြည် အထက်အညာ သို့ လာခဲ့ကြစဉ်က သူ နှင့် အတူ အနည်းဆုံး “သက်လူမျိုး (Saka)၊” “ကိုသျှမ်းများ (Kushans)” နှင့် “အဘီရများ(Abhiras)” ဆိုသည့် လူမျိုးများ ပါဝင်ခဲ့၏။ ရှေး ခေတ်က လူများ ရေကြည်ရာ မြက်နုရာ ရှာဖွေ ရွှေ့ ပြောင်းသည့် အခါ ခေါဘဏီ တပ်ကြီးချီ သကဲ့သို့ ရွှေ့ ပြောင်းကြကြောင်း နား လည် သဘောပေါက်မည်ဟု ထင်ပါသည်။
ဤသို့ ဆိုပြီးရကား “မြန်မာအစ တကောင်းက” (သို့ ) “ဗမာအစ တကောင်းက” အဆို မှန်သည်ဟု ယူရာ၏။ သို့ ဖြစ်၍ ယုတ္တိ မတန်၊ရှေ့ နောက် ကြောင်းကျိုးမညီဟု ဦးဖိုးလတ် ဝေဖန် ခဲ့သော Prof. Luce ၏ “မြန်မာအစ ကျောက်ဆည်က” အဆိုမှာ အလိုမလျှောက် ပယ်ထားပြီးဖြစ်ခဲ့၏။Prof. Luce နှင့် ဒေါက်တာသန်းထွန်း အပါအဝင် သမိုင်း ဆရာကြီးများ ၏ အဆိုအမိန့် များကို ခေတ်မှီ တွေ့ ရှိချက်များ နှင့် နှိုင်းယှဉ် ချိန် ထိုး ၍ အထောက်မထား ခိုင်လုံသည်များကို တင်ပြချက်များ တွင် ထည့်သွင်းပါသည်။
ဤ နေရာမှာ မွန်ဂိုလွိုက်-မဂိုလ်လူမျိုး ဆိုလို့ တရုတ်လူမျိုးဟု မယူဆစေလိုပါ။ မွန်ဂိုလွိုက်-မဂိုလ်လူမျိုး၏ မူလဒေသမှာ Central Steppe ဖြစ်သော်လည်း အနှီလူမျိုးများ အင်းဒီး ယား နိင်ငံ အနောက်မြောက်ပိုင်း ဟင်ဒူမြစ်ဝှမ်းဒေသ ကို ပထမ ဝင်ရောက် လာပြီး၊ ဒေသခံလူမျိုးများ နှင့်သွေးနှော၊ လူမျိုးစုများ ရောပြီးနောက်မှ၊ ယနေ့  ခေတ်မြန်မာပြည် လို့ ခေါ်သော ဒေသ ကြီးသို့  တရွေ့ ရွေ ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ပါသည်။ တရုတ်၊ ဂျပန်၊ဘူတန်၊တိဘက်၊ နီပေါလ် စသည်လူမျိုးများ နှင့် တူရကီ လူမျိုးများပါ မွန်ဂိုလွိုက်-မဂိုလ်လူမျိုး တွင်ပါဝင်သော်လည်း မြန် မာပြည်ထဲသို့  ဝင်လာ သူများမှာမူကား၊ သွေးနှောပြီး အင်ဒီး ယားဇာတိများ ဟုယူရပါမည်။
အောက်ဖော်ပြပါ ကောက်နှုတ်ချက် မှာ ပရော်ဖက်ဆာ ဘနာ ဂျီ PROF. R. D. BANERJI (၁၉၃၃) ရဲ့ “THE AGE OF THE IMPERIAL GUPTAS”ခေါင်းစဉ်ဖြင့် ၁၉၃၃ ခုနှစ်က ရေးသား ထုတ်ဝေခဲ့သော စာအုပ်မှဖြစ်ပါတယ်။ ပရော် ဖက်ဆာ ဘနာဂျီ အဆိုအရ တကောင်းမှာ အင်းဒီးယား အင်ပါ ယာ ဘုရင် သမုဒရာဂုပတား ( Samudra Gupta : c335-c375 AD) တည်ထားခဲ့တဲ့ “အလာဟာဘတ် ကျောက်စာ= Alahabad Pillar Inscription” မှာ လာရှိတဲ့ “ဒေဝါက= Davaka” ခေါ် မြို့ တော်နဲ့  တိုင်းပြည် သည် “အဘိရလူမျိုးများ= Abhiras” နေတဲ့ အထက် မြန်မာ -ဗမာနိုင်ငံ တကောင်း ဖြစ်ပြီး၊ အင်းဒီးယား အင်ပါယာ သမုဒရာ ဂုပတား ကို သစ္စာခံတဲ့ မင်းနေပြည် ဟုဆို၏။ ဤ သည်မှာ ယခင်တင်ပြခဲ့ပြီးသော အထောက် အထားဖြင့် ချိန်ထိုးကြည့် မည်ဆိုက ဖြစ်နိုင်စရာ အခြေခံရှိပေသည်။
ဖော်ပြပါ အင်္ဂလိပ်ဘာသာဖြင့် တင်ပြသောကောက်နှုတ်ချက် အပြင် “အလာဟာဘတ် ကျောက်စာ= Alahabad Pillar Inscription” ကိုလည်း ထည့်သွင်းပါသည်။ This statement can also be verified by the great historians of Asia and Europe.Evidences from the ancient Indian inscriptions (Banerji; Pp 20)The countries and tribes mentioned in the Allahabadpillar inscription of Samudragupta indicate the limits of the zone of Samudragupta's influence pretty accurately.Kings of Samatata, Davaka, Kamarupa, Nepala and Kartrpura are mentioned as princes on thefrontiers (pratyanta-nrpati). Of these names onlyDavaka cannot be definitely located; Samatatais South-Eastern Bengal, Kamarupa is lower Assam, Nepala is the valley of the same name andKartrpura the Kangra valley. Therefore the empire of Samudragupta was bounded on theEast by the Delta of the Ganges and Assam and on the North by the valleys of Nepal and Kangra.Davaka is generally taken to be Daccan. But according to another theory it may be the ancient kingdom of Tagaung in upper Burma. Therefore the Northern part of the Ganges Delta may have been included in the empire of Samudragupta. In the same place of the Allahabad pillar inscription a number of tribes are mentioned. 1. Malavas, 2. Arjunayanas, 3. Yaudheyas, 4. Madrakas, 5. Abhiras, 6. Prarjunas, 7. Sanakamkas, 8. Kakas and 9. Kharaparikas. (Prof. R.D. Banerji M.A. Mahindra Chandra Nandy: Professor of Ancient Indian History and Culture, Benares Hindu University. )
“အလာဟာဘတ် ကျောက်စာ= Alahabad Pillar Inscription” မှာ မြန်မာ-ဗမာ ရှေးဟောင်း ကျောက်စာများ နှင့် ဆင်တူပြီး တိုက်ဆိုင်လေ့လာသင့်သည့် အင်ဒီးယားနိုင်ငံ က ခေတ်ပြိုင် (Contemporary) သမိုင်းဖြစ်ပါသည်။ စာရှု သူ လူကြီးမင်းတို့  ကို မှတ်ချက်ပြုရန် ဖိတ်ခေါ်ပါသည်။ “အလာဟာဘတ် ကျောက်စာ= Alahabad Pillar Inscription” ကို မြစေတီကျောက်စာနှင့် နှိုင်းယှဉ်လေ့လာ သင့်ပါ၏။
မြန်မာ-ဗမာ၊ သျှမ်း- ကမ္ဘောဇ-ယိုးဒယား၊ တို့ သည် အသား အရောင်၊ လူပုံသဏ္ဌာန် စသည်ဖြင့် ခြားနားမှု မရှိလှပါ။ ယိုးဒယား- ကမ္ဘောဇ-သျှမ်း တို့ သည်လည်း Kambuja များပင် ဖြစ်ကြောင်း ရေးသားဖော်ပြပြီးပါပြီ။ မြန်မာ-ဗမာ တို့  အင်မတန်မှ လေးစားကြည်ညို ကြသော အင်ဒီးယား အင်ပါယာ ဘုရင်ကြီး အသောက (အရွှတ်ကား= King Asoka) ၏ ကာသီယာဗာ (Katiavar) ကျောက်စာတွင် Kambuja= ကမ္ဘောဇ လူမျိုးတို့ မှာ ထို ဘုရင် အသောက လက်ထက် တော် က အင်ဒီယား အနောက်မြောက်ပိုင်း အင်ဒု (ဝါ) ဟင်ဒုမြစ်ဝှမ်း ဒေသ ဂူဂျရတ် နှင့် ပန်ဂျတ်(ဘ) ပြည်နယ်တို့ တွင် နေထိုင်ခဲ့ ကြောင်း အထောက်အထား တခုလည်းဖြစ်ပါသည်။ထို့ ပြင် ယိုးဒယားနိုင်ငံသား တချို့ မှာ “ယာဒူး= Yadu သို့ မဟုတ် ယာဒဝ = Yadava” ဆို သည့် ရှေးခေတ် အင်ဒီးယား လူမျိုး နွယ် များဖြစ်သည် ဟုလည်း ယူဆရန် အကြောင်းရှိပေ သည်။ တဖန် ယာဒူး၊ ယာဒဝ တို့ မှာလည်း၊ အဘိရလူမျိုး ပင်ဖြစ်သည် ဟု ဆို သဖြင့်၊ သျှမ်း- ကမ္ဘောဇ နှင့် မြန်မာ-ဗမာတို့ မှာ မျိုး နွယ်စု တစုတည်းက၊ သို့ မဟုတ် အတူနေ ဒေသတခုတည်းက မျိုးစုငယ်များ ဖြစ်သည်ဟု ယူဆရပေသည်။ ဤအဆိုကို ထောက်ခံသည့် အထောက်အထား အများအပြားပင် အင်တာနက် တွင်ရှာဖွေ တွေ့ ရှိနိုင်ပါ၏။သို့ သော် သျှမ်း-ကမ္ဘောဇ-ယိုးဒယား လူမျိုးများ နှင့် တရုတ်လူမျိုးများမှာ၊ မတူ ကွဲပြားကြောင်း အောက်ဖော်ပြပါ၊ စာအုပ်စာတန်း တွင်ဖတ် ပါ။ ဤ စာအုပ်ကို ပြုစုသူမှာ ဗြိတိသျှနယ်ချဲ့ အစိုးရ အရာရှိ တဦးပင်ဖြစ်ပါသည်။ အနောက်တိုင်းသားတို့ ၏ အရည်အချင်း ကား စနစ်တကျလေ့လာ စူးစမ်းပြီး မှတ်တမ်းပြုသည့် အလေ့ အထဖြစ်၏။ စာရှုသူလူကြီးမင်းတို့  ဖတ်ရှုဝေဖန် နိုင်ရန် ဖော်ပြ ပါသည်။ မြန်မာ-ဗမာ နှင့် ယိုးဒယား-သျှမ်း လူမျိုး တို့ ကို နေ ရာ တော်တော်များများတွင် နှိမ်ချရေးထားသည်ကို တွေ့ ရသ ဖြင့် ယခင်က ဤ စာအုပ်ကို ဖော်ပြရန် ဝန်လေးခဲ့ခြင်း ဖြစ်ပါ သည်။ဤ စာအုပ်ကို သမိုင်းဆရာကြီး တွေ့ ရှိဖတ်မိခြင်း ရှိဟန် မတူပါ။ အကယ် ၍၊ဆရာကြီးသာဤ စာအုပ်ကိုဖတ်မိပါက သူ ၏ အမြင်နှင့် အယူအဆများမှာ တမျိုးဖြစ်ပေ လိမ့်မည်။ JOURNAL OF AN EMBASSY, by John Crawfurd
ယနေ့ လက်ရှိအခြေအနေတွင် မြန်မာပြည်တွင်းရှိပြည်သူလူထု၊ အတိုက်အခံနိုင်ငံရေး အင်အားစုများ၊ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ အစည်းများ၊ နိုင်ငံရပ်ခြားကမ္ဘာ့တိုင်းပြည်များသို့  အကြောင်း အမျိုးမျိုး ဖြင့်ရောက်နေကြသူများ- နိုင်ငံရေးသမား၊ နိုင်ငံရေးလှုပ်ရှားသူများ နှင့်သာမန်လူများ အပါအဝင်နှင့် နိုင်ငံ ခြားတိုင်းပြည်များမှ လူတော်တော်များက မြန်မာနိုင်ငံရဲ့ လက် ရှိကြုံတွေ့ နေရတဲ့ ပြသနာတွေ သည် မြန်မာ့တပ်မတော် ကြောင့်ဖြစ်သည်။ မြန်မာ့တပ်မတော် တွင်သာတာဝန်ရှိသလို အပြစ်ဟူသမျှ ကို မြန်မာ့တပ်မတော်အပေါ် လုံးလုံးလျားလျား ပုံချလို ကြ၏။ ပုံချနေကြ၏။ သို့ ဖြစ်ရာ ၁၉၄၈-၂၀၁၁ ထိ အုပ် ချုပ်ခဲ့သော မြန်မာနိုင်ငံအစိုးရများ အကြောင်းကို မလေ့လာမီ၊ လွန်ခဲ့သော နှစ်ပေါင်း တထောင် ပုဂံအနော်ရထာမင်း လက် ထက်မှ စ ၍ ပါတော်မူရရှာသည့် ကုန်းဘောင်ဆက် သီပေါမင်း အထိ မြန်မာဘုရင်များ လက်ထက် ကအခြေအနေကို အနည်း ငယ် ဆွေးနွှေးလိုပါ၏။
ထိုသမိုင်းမှာမြန်မာ့သမိုင်း - ပထမမြန်မာနိုင်ငံတော်။
(၁) ၁၀၄၄-၁၀၇၇ အနောင်ရထာမင်း သည် ပထမမြန်မာ နိုင်ငံ တော်ကို တည်ထောင်ခဲ့၏။ ရခိုင်ပြည်ကို ကျန်စစ်သား၏ မြစေတီ (မရစေတီ) ကျောက်စာဖြင့် ကျော်စောထင်ရှားခဲ့သော၊ ရာဇကုမာရ် ခေါ် ဇေယျခေတ္တရက နယ်စားအဖြစ်ြဖင့် အုပ်ချုပ်ခဲ့ ၏။ ကျန်စစ်သားမင်း သည် တရုတ်ပြည် ခေါ် စိန့် တိုင်း (စိန= Cina အင်ဒီးယားစကား၊ပါလိ နှင့် ဘန်ဂါလီစကားဖြစ်၏။) သို့  သံတမန် စေလွှတ်ခဲ့၏။ တရုတ်အင်ပါယာ ဘုရင်က မြန်မာပြည် ကို ဗရာမာ = Brahma အင်းဒီးယားနိုင်ငံ ဟု အသိအမှတ်ပြု ခဲ့ပေသည်။ ဤအချက်ကို ထောက်၍ မြန်မာနိုင်ငံ သည် ထို အချိန် အေဒီ ၁၁ ရာစုကပင် အချုပ်အခြာ အာဏာပိုင်စိုးပြီး နယ်မြေအတိုင်းအတာ တခုကို ပိုင်ဆိုင်သောနိုင်ငံဖြစ်ခဲ့သည်ကို အငြင်း ပွားဖွယ် မရှိပေ။ ထိုပထမမြန်မာနိုင်ငံနယ်နမိတ်ထဲမှာ မွန်တို့ ဌာနေ ရာမည အပါအဝင် အောက်မြန်မာပြည် တခုလုံး နှင့် ရခိုင်တပြည်လုံးပါဝင် ခဲ့ပေသည်။ ဤအချက်ကို ကရင်၊ မွန် နှင့် ရခိုင် တိုင်းရင်းသားတို့ ငြင်းရန် အကြောင်း မရှိပါ။သမိုင်း အထောက်အထားများ ကို ရှေ့ တွင် တင်ပြပြီးသော စာတန်းများ တွင် ဖတ်ရှုတော်မူကြပါ။ဤ ကား မြန်မာ့သမိုင်းတာရိုး တခုဖြစ် ၏။Prof. G.H. Luce က ထို မြန်မာ့သမိုင်း တာရိုး အတွင်း မှာ သမိုင်း မြေမြှပ်မိုင်းဗုံးများ နှင့်အလားသဏ္ဌာန်တူသော ဒွိဟ ဖြစ်စရာ၊ ထင်ယောင်ထင်မှားဖြစ်စရာ၊ အငြင်းပွားစရာများ စိတ် ကူးယဉ်ဆန်ဆန် fiction ဟုခေါ်သော မရေမရာ အကြောင်း များကို ထည့်ရေးခဲ့၏ ယခုခေတ် ရှေ့ မမီ နောက်မမီ ဘလော့ဂါ တချို့  ဥပမာ ပီကေ၊မသက်ဇင် စသူများက အမှားများကို အမှန် အဖြစ်ယူကာ အင်တာနက်တွင် ရေးသား ကြသည့်အခါ အဆိုပါ သမိုင်းမြေမြှပ်မိုင်းဗုံးများကို ဖောက်ခွဲလိုက်သည့်အလား မြန်မာ့ သမိုင်း တာရိုး များ ကျိုးပေါက်လေတော့၏။
ဥပမာတခုမှာ Prof. G.H. Luce ၏ “မြန်မာအစ ကျောက် ဆည် က” ဆိုသည့် အထောက်အတား မခိုင်လုံသော စိတ်ကူး ယဉ် တခုဖြစ်၏။ဘာကြောင့် Prof. G.H. Luce စိတ်ကူးယဉ် ပါသလဲ။ ဘယ်သူ့ အကျိုး အတွက်ဖြစ်သလဲ။ အကျိုးဆက် ကတော့ ကျန်စစ်သားမင်းသည် အနော်ရထာမင်းကြီး၏ သား ဖြစ် ပါလျက်နဲ့  မဟုတ်သယောင်ယောင်ရေးခဲ့၏။ သို့ ဖြစ် ၍ “ကျန်စစ်သား” အမည်ရှိ ရုပ်ရှင်မှာ ကျန်စစ်သားမင်းသည် အနော်ရထာမင်းကြီး၏ သားမဟုတ်ဟု တင်ပြ၏။ အမှားများကို ထပ်ကာတလဲလဲ ရေးကြပြောကြသည့်အခါ နှောင်းလူ တို့ က အမှားကို အမှန်ဟု ထင်လာကြတော့၏။ ဤသို့ ဖြစ်ခြင်းကို မြန်မာ့သမိုင်း တာရိုး ကျိုးပေါက်သည်ဟု ဆိုရပေမည်။
မြန်မာ့သမိုင်း - ဒုတိယမြန်မာနိုင်ငံတော်။
ဒုတိယမြန်မာနိုင်ငံတော် ကို တည်ထောင်ခဲ့ကြသော မြန်မာ-ဗမာ ဘုရင်များမှာ မင်းကြီးညို (အေဒီ ၁၅၄၉-၁၅၃၀) နန်းသက် ၄၅နှစ် (အေဒီ ၁၄၅၉-၁၅၃၀)နှင့် သား တပင်ရွှေထီး (အေဒီ ၁၅၁၆-၁၅၅၀) က အေဒီ၁၅၃၀ တွင် နန်းတက် ၍ သားမက် ဘုရင့်နောင် ကျော်ထင်နော်ရထာ( ၁၅၁၆-၁၅၈၁) အေဒီ ၁၅၅၀ ခုနှစ်တွင် နန်းတက်ခဲ့သည်။ မင်းကြီးညို သည် စီးချင်း ထိုးရာတွင် လူစားမထိုးဘဲ သူကိုယ်တိုင် စီးချင်းထိုး သည်ဟု သမိုင်းတွင် တွေ့ ရ၏။ဤအချက်က မင်းကြီးညို ၏ သတ္တိ၊ လက် ရုံးရည်၊ နှလုံးရည် နှင့် ခေါင်းဆောင်မှု အရည်အချင်း ကိုပြပေ သည်။ သို့ ဖြစ်၍လည်း ဗြိတိသျှနယ်ချဲ့ အစိုးရ အလိုတော်ရိ သမိုင်းဆရာတို့ က မင်းကြီးညို သည် ရန်စွာကာ နယ်ချဲ့ လိုသူ ဟု အမနာပ ရေးခြင်း ဖြစ်တန်ရာ၏။ ဘုရင့်နောင် မင်းကြီးက ဒုတိယ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့ပါသည်။ ဤ ဒုတိယ မြန်မာနိုင်ငံတော် ၏ နယ်နမိတ်သည်လည်း နိုင်ငံတကာ သမိုင်း မှတ်တမ်းများတွင် ရေးမှတ် ထားကြသဖြင့် ခိုင်မာသော အထောက် အထားများရှိပြီး ဖြစ်၏ မြန်မာနိုင်ငံတော် ကို တောင်ငူအင်ပါယာ = Taungoo Empire ဟုလည်းခေါ်ကြ ၏။ မင်းကြီးညိုတည်ခဲ့သည့် တောင်ငူနန်းတော် နှင့်နေပြည် တော် ကို အစွဲပြု ခေါ်ခြင်းဖြစ်ပေသည်။ ဘုရင်နောင်မင်းတရား ကြီး သိမ်းသွင်းခဲ့သော ဒုတိယမြန်မာနိုင်ငံတော် ပိုင်နက်နယ် နမိတ်မှာ ကျယ်ဝန်းလှ၏။ အာသံပြည်နယ်၊ ယိုးဒယား၊ လာအို နှင့် ခမာနိုင်ငံနယ်စပ်ထိရောက်၏။ ဤသည်မှာလည်း အငြင်း ပွား ဖွယ် မရှိ အောင်ကမ္ဘာ့သမိုင်းတွင် မှတ်တိုင်များ ရှိ၏။
တပင်ရွှေထီး ဘုရင်နောင်ကို ယိုးဒယား သျှမ်းလူမျိုး၊ ယခုထိုင်း နိုင်ငံသားများက ချစ်မြတ်နိုးကြ၏။ ကြည်ညိုလေးစားကြ၏။ ဘာကြောင့် သူတို့ နိုင်ငံ စစ်တိုက်အောင်မြင်ခဲ့ပြီး ယိုးဒယား နိုင်ငံကို မြန်မာနိုင်ငံနယ်နမိတ် အတွင်းသွင်းကာ မြန်မာလက် အောက်ခံအဖြစ် သိမ်းသွင်းခဲ့သော ဘုရင်နောင်မင်းတရားကြီး ကို သူတို့  ယိုးဒယားပြည်သားများက ချစ်ခင်ကြည်ညိုလေးစား ကြတာ ဖြစ်ပါသနည်း။ဘုရင့်နောင်သည် သူရ သတ္တိ ရှိ၏။ စစ် ပရိယယ်ကြွယ်ဝ၏။ တိုက်ရည်ခိုက်ရည်ရှိ၏။ ဥာဏ် ပညာကြီး မား သည့် နိုင်ငံရေးခေါင်းဆောင်လည်းဖြစ်၏။ ရုပ်ရည်ရူပကာ လည်း ချောမော၏။ ရုတ်ရင်းကြမ်းတမ်းသူ မဟုတ်ခြင်းမှာ လည်း ချစ်ခင်စရာဖြစ်ခဲ့၏။ နောက်တချက်က ဘုရင့်နောင်မင်း တရားကြီး ကိုယ်တိုင် ကမ်ဘုဂျ (Kambuj) ခေါ်ကမ္ဘောဇ (ဝါ) သျှမ်း အနွှယ်ပင် ဖြစ်သောကြောင့် ဟုဆိုရပေမည်။ ဘုရင့် နောင်မင်းတရားကြီး သည် ပဂိုး(ပဲခူး) ဟံသာဝတီကို “ကမ္ဘောဇ သဓီ ” ဟုမှည့်ခေါ်ခဲ့ခြင်းကြောင့် ဤသို့ ယူဆရခြင်းဖြစ်ပါ သည် ။ ယခင်က စာတန်းတစောင်တွင် သျှမ်း ခေါ် ကမ္ဘောဇ လူမျိုး (Kambuj tribe) တို့ ၏ မူလဘူတ ဇာတိမြေမှာ ယခု အာဖဂံနစ်စတန်နိုင်ငံ တောင်ပိုင်းရှိ “ ပါမီရ်အသေး (ဝါ) ပါမီရ်ငယ် = Little Pamir ” ဖြစ်ပါ၏။ မြန်မာနှင့် မြန်မာ ပြည် တွင်းက သျှမ်းများနှင့် ယိုးဒယားသျှမ်း တို့ မှာ မိဘမျိုးရိုး တခုတည်းဖြစ်သော ကမ္ဘောဇ(Kambuj) တို့ က ဆင်းသက် ခဲ့သဖြင့်၊ အနောက်တိုင်း ကိုလိုနီ အစိုးရများ၏ လူမျိုးရေး ခွဲခြား ရန်တိုက်ပေးသည့် သမိုင်းများကို လစ်လျူရှု ပယ်ချ ပြီး ယိုးဒ ယားသျှမ်းတို့ က ဘုရင့်နောင်မင်းတရားကြီး ကို “ အရပ်ဆယ် မျက်နှာကို အောင်မြင်သည့် အင်ပါရာ ဘုရင်ကြီး- (Phu Chana Sip Htit - Conqueror of the Ten Directions.) ဟုပင် ဂုဏ်ပြုတင်စား ခေါ်ခဲ့ကြပါသည်။ ယိုးဒယားတွင် အင်မတန် ခေတ်စားသည့် သီချင်းတပုဒ်ကို နား သောတ ဆင်ကြည့်ကြပါ။ Hla Oo’s Blog ကိုလည်း သွား လည်ကြပါ။ဘုရင့်နောင်မင်းတရားကြီး အောက်ဖော်ပြပါ လင့်ခ် ကိုနှိပ်ပြီးဖတ်ပါ။တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာ နိုင်ငံတော် ဤ ကား မြန်မာ့သမိုင်း တာရိုး နောက်တခုဖြစ်၏
မြန်မာ့သမိုင်း - တတိယမြန်မာနိုင်ငံတော် ။
အလောင်းဘုရား (အေဒီ ၁၇၅၂- ၁၇၆၀)တောင်ငူမင်းဆက် ခေတ်နှောင်းပိုင်းမှာ အောက်မြန်မာပြည်က မွန်-သျှမ်းတို့ က အင်းဝ နေပြည်တော် အထိ ချီတက်တိုက်ခိုက်ခဲ့ကြသည်။ မွန်ခေါင်းဆောင် ဦးအောင်လှ ဆို၏။ အင်းဝ စစ်ရှုံး ၍ မွန်တို့ ၏ဖျက်ဆီးခြင်းကိုခံခဲ့ရ၏။ လူသူများလည်းသေကြေ ပျက်စီးခဲ့ ၏။ ထိုအခါ မုဆိုးဖို ရွာသူကြီး ဦးအောင်ဇေယျ ခေါ် Jaya (ဂျာယား) ဆိုတဲ့ ကုလားကြီးက ဝါးရင်းတုတ်ကိုင် တပ်ဖွဲ့ များကို စတင်ဖွဲ့ စည်းပြီး ပြန်လှန်တိုက်ခိုက်ရန် လူသူစုဆောင်းခဲ့သည် ဟု မှတ်ခဲ့ဘူး၏။ ထို့ နောက် ဦးအောင်ဇေယျ၊ သားတော် နောင် တော်ကြီး နှင့် နောင် ဆင်ဖြူ့ ရှင် ဖြစ်လာမည့် မြေဒူးမင်းတို့  ကအောက်မြန်မာပြည်နှင့် ယိုးဒယားကို အခက်အခဲများစွာ၊ ခုခံတိုက်ခိုက်မှု များစွာ ကိုကျော်လွှား မြန်မာ့တပ်မတော်မှ တပ် သားများ၊သွေးသောက်တပ်မှူးများ အသက်သွေးနှင့် ရင်းပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ပြန်လည်တည်တန့် ခိုင် မာအောင် ဦးအောင်ဇေယျ က တိုက်ခိုက်သိမ်းသွင်း ခဲ့ရခြင်းဖြစ် ၏။ ဤသို့ တည်ထောင်ခဲ့သည့် နယ်နမိတ်ကို တတိယမြန်မာနိုင် ငံတော် ဟု ခေါ်တွင်ခဲ့၏။ ဤသည်မှာလည်း သမိုင်းမှတ်တိုင် ဖြစ်ပေသည်။ ဆင်ဖြူ ရှင် မြေထူးမင်း၏ စွမ်းဆောင်ချက်များမှာ ယနေ့ ခေတ် မြန်မာ-ဗမာ တို့ အတွက်လွန်စွာ ကျေးဇူးကြီးလှ ၏။ မွန်အမျိုးသားတို့  စဉ်းစားနားလည်ကြရန် လိုပေသည်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ နှင့် ဆင်ဖြူရှင် မြေထူးမင်းတို့ မစွမ်းဆောင်ခဲ့ကြ လျှင် မြန်မာနိုင်ငံ နှင့် မြန်မာ-ဗမာ ဆိုတာ ဒီကနေ့  ရှိမည်မဟုတ်ပေ။ မင်းကိုယ်နိုင်၊ မြန်မာ ဘုရင်မင်းများကို မပြစ်မှားကောင်းပေ။ ဒီဘုရင်များ တည် ထောင်ထားခဲ့ တဲ့ မြန်မာနိုင်ငံမှာ မောင်ရင် လူဖြစ်ခဲ့ရတာကို သတိချပ်ပါ။ယခုအခါ မြန်မာ့ တပ်မတော် တွင် ဆင်ဖြူရှင် မြေထူးမင်း ကဲ့သို့  ပြည်ပရန်ကော ပြည်တွင်းရန်ကိုပါ တချိန် တည်း တိုက်ခိုက်အောင်နိုင်သူ မည်သူ ရှိပါ သနည်း။ ၁၉၅၀ မှ ၁၉၆၀ ကြား တွင် ဗိုလ်ကျော်ဇော နှင့် အချို့  တပ်မှူး ဗိုလ်မှူးများကား ရှိ၏။ မည်သူ၏ ဦးဆောင်မှု ဖြစ်ခဲ့ပါသနည်း။ စဉ်းစား အဖြေရှာပါ။
ဒီနေရာမှာ Jaya ဆိုတဲ့ Sanskrit စကား အနက်ကို အနည်း ငယ် ရေးပါမည်။ Jaya or Jayam ၏ အနက်မှာ အောင်မြင် ခြင်း၊ အောင်မြင်သူ လို့ ဖြစ်ပါတယ်။ နာမည်ဆို ရင် ယောက်ျား လေး ဇေယျ = Jaya Victor ။ အင်းဒီးယန်း= ကုလားတွေ ကျ မိန်းကလေးနာမည်လည်း Jaya လို့ မှည့်ခေါ်တော့ Victoria ပေါ့။ အောက်ဖော်ပြပါ ကောက်နှုတ်ချက် ကို ဖတ်ရှု ပါ။
Jaya (Sanskrit) [from the verbal root ji to conquer] Conquering, winning, victorious. As a noun, conquest, victory, hence a favorite proper name, applied to gods and goddesses, Arjuna, the sun, etc. Jaya-indriyanam is a philosophical term meaning victory over or restraint of the senses. Dictionary source: RakefetMore: English to English translation of jaya
သို့ ဖြစ်ရာ"ဇေယျ" မှာလည်း အောင် ပင်ဖြစ်၍ "အောင်ဇေယျ " မှာ "အောင်အောင် " ဟု အနက်ထွက်၏။ ဤသည်မှာ လည်း မြန်မာ့သမိုင်း တာရိုး နောက်တခုဖြစ်၏။ မည်သူမဆို မြန်မာနိုင်ငံသားဖြစ်ပါက အထက်ပါ တင်ပြခဲ့သည့် ပထမ၊ ဒုတိယ နှင့် တတိယ မြန်မာနိုင်ငံတော်များနှင့် အချုပ်အခြာ အာဏာပိုင် နယ်နမိတ် တို့ ကို လက်မခံ ဘူးဆို လျှင် မိမိကိုမိမိ မြန်မာနိုင်ငံသား ဟု ခေါ်နိုင်ပါမည်လော။ စဉ်းစားဆင်ခြင်ကြည့် ပါ။သို့ ဖြစ်ရာ ဤနယ်နမိတ်နှင့် အချုပ်အခြာ အာဏာကို ထိပါး လာခဲ့ရင်၊ ဘယ်ခေတ်မှာဘဲဖြစ်ဖြစ် ဘုရင်ဘဲဖြစ်ဖြစ်၊ စစ်ပြီး ခေတ် အစိုးရများဘဲဖြစ်ဖြစ် အဲဒီနယ်နမိတ်ကို ကာကွယ်ရပါလိမ့် မည်။ ဤတာဝန်သည် အလိုအလျှောက် မြန်မာ့တပ်မတော်၏ ပခုန်းပေါ်မှာရှိသည်မှာလည်း ကမ္ဘာ့ နိုင်ငံအသီးသီး ၏ အပြည် ပြည်ဆိုင်ရာ နားလည်မှုပင်ဖြစ်ပါ၏။ ဤသို့ ဆိုပြီးကား၊ ကုန်း ဘောင်ခေတ် ဘုရင်များက အာသံ၊ မဏိပူရ နှင့် ရခိုင်ဒေသ ကို အချုပ်အခြာအာဏာကို ထိန်းသိမ်းရန် ပုန်ကန်ခြားနားသူများကို စစ်အင်အားဖြင့်တိုက်ခိုက် နှိမ်နင်း ခြင်းမှာ မြန်မာ-ဗမာ တို့  က ရန်စွာခြင်း မဟုတ်ပေ။ မိမိ ပိုင်နက် နယ်မြေများကို ကျူးကျော် ဝင် ရောက်ခြင်း၊ မြန်မာနိုင်ငံတော်ကို သစ္စာ ခံသည့် နယ်စား ပယ် စားများကို သွေးထိုးကာအားပေးခြင်း ၊ နာမည်ခံစီးပွားရေး ကုမ်ပဏီအမည်ဖြင့် ဝင်ရောက်နှောက်ယှက်ခြင်းများကို၊ မြန်မာ့- ဗမာ့ တပ်မတော်က တိုက်ခိုက်နှိမ်နင်းသည့်အခါ ဗြိတိသျှကိုလိုနီ အစိုးရ က ပြောင်ပြောင်တင်းတင်း ဝင်ရောက် စွက်ဖက်ခြင်း များ သာဖြစ်၏။ မြန်မာ-ဗမာနိုင်ငံ၏ သယံဇာတများ နှင့် ထွက်ကုန် များကို လက်ဝါးကြီး အုပ် မောင်ပိုင်စီးလိုခြင်း၊ အချုပ်အခြာ အာဏာ ဖြင့် နှစ်ပေါင်း နှစ်ထောင်ကျော်ရပ်တည်လာခဲ့တဲ့ နိုင်ငံ ကို သူတို့  မတရား ဝင်ရောက် စွက်ဖက်သည့်ပြင် သမိုင်းကို သူတို့ အလိုကျရေးကာ၊တိုင်းရင်းသား လူမျိုးစုများမှာ သွေးချင်း များဖြစ်မှန်း သိပါလျှက်၊ သွေးခွဲပြီး ပဋိပက္ခများဖြစ်အောင် ဖန် တီးခြင်း၊ ရေးသားခြင်း၊ ပြောင် စွက်ဖက်ခြင်းများစွာကို အထောက်အထားများ နှင့်တကွတွေ့ ရ၏။ဗြိတိသျှနယ်ချဲ့ အစိုးရ အရာရှိများနှင့် ထိုခေတ်က မြန်မာ သမိုင်းဆရာကြီး တချို့ သည် မြန်မာ-ဗမာ ဘုရင်များ ရန်စွာ၊ နယ်မြေချဲ့ သည်ဟုရေး၏။ ကောက်ညှင်းက ဆန်ကြမ်းကို စီးသည်ဟု ဆိုခြင်း၊ သူခိုးက လူ ဟစ်ခြင်းဟု မညှာမတာ မှတ်ချက်ပြုသင့်လှ၏။ ထို့ ထက်ပိုဆိုး သည်က ယခုခေတ် မြန်မာ-ဗမာ သမိုင်းဆရာ တချို့ ကပါ မြန်မာ-ဗမာ ဘုရင်များက ရန်စွာပြီး ၊ အာသံ၊ မဏိပူရ တို့  နှင့် အောက်မြန်မာ-ဗမာပြည် မွန်ရာမညကို ဝင်တိုက်သည်ဟု ရေး ၏။ မြန်မာ-ဗမာဖြစ်ပါလျှက် ဤဒေသများမှာ ဗရာမာဒေသ ခေါ် မြန်မာ-ဗမာနိုင်ငံ၏ တစိတ်တဒေသ ဆိုတာကို အဆိုပါ မြန်မာ-ဗမာ သမိုင်းဆရာကြီးများ၊ဆရာသစ်များက ဘာကြောင့် လက် မခံ နိုင်ကြပါသနည်း။ ဤအပြုအမူမှာ သမိုင်းတာကို ခိုင်မာ အောင် ဆည်ဖို့ ထိန်းသိမ်းရမည့် အစား မြန်မာ-ဗမာ သမိုင်း ဆရာများက ပင် ပါဝင်ကာ သမိုင်းတာများကျိုးပေါက်အောင် လုံ့ လပြုကြသည်ဟု ယူဆ ရာ၏။ စိတ်မကောင်းစရာ တွေ့ ရ၏။ အထောက်အထားများ ရှိ၏။
မြန်မာ-ဗမာဘုရင်များ၊( မွန်၊ဗမာ၊ ရခိုင်၊သျှမ်း၊ ချင်း )အားလုံး တဦးနှင့်တဦး မသင့်မြတ်သည့်အခါ စစ်တိုက်ခဲ့ခြင်းများရှိ၏။ နှစ်ဦးနှစ်ဖက် လွန်လွန်ကျူးကျူး ပြုမူ ခဲ့ခြင်းများလည်းရှိ၏။ မကောင်းသော သမိုင်းများ ပင်ဖြစ်၏။ ယိုးဒယား- သျှမ်းများမှာ လည်း အင်ဒီးယား မှရှေးဦးဝင်လာခဲ့သော ကမ်ဘုဇ် (ကမ္ဘောဇ)၊ ယာဒက်ဖ်- ယာဒဝ စသည့် လူမျိုးစုများ ဖြစ် ၍ ပြူ- တရစ်ဆု (သို့ ) တာစူး (Tircul) တို့ နှင့် သွေးသားရင်းများသာဖြစ်ကြ ၏။ ယိုးဒယားမင်းသမီး ဆူရိယို ထိုင်း ကို သူ့ မောင်တော် ထိုင်း မင်းသား(နောင်ဘုရင်) က ခူးဆွတ်ပေးတဲ့ ပန်းပွင့်မှာ စကားဝါ ပန်းဖြစ်၏။ စာရှုသူ သေချာလေ့လာ စေလိုပါသည်။ မြန်မာ-ဗမာဘုရင် နှင့် အင်းဒီးယား ဘုရင် (အရှေ့ မြောက်ဒေသမှာ အယုဒ္ဓယ ဆိုတဲ့မြို့တော်ရှိ၏။ ယခုတိုင်တည်ရှိဆဲဖြစ်၏။) တို့ သည် “စကားဝါ” ပန်းကို အတော်ပင်နှစ်သက်မြတ်နိုး ခဲ့ကြ၏။ ဤ“စကားဝါ” ပန်းကို ချန်ပါ (Champa) ဟုခေါ်၏။ ယနေ့ တိုင် ဤ နာမည်ဖြင့် “စကားဝါ” ပန်းပင်များ ကျော်ကြားနေဆဲ ဖြစ် ပါ၏။ သမိုင်းဆရာများ ထိုကဲ့သို့ ရေးသားခြင်းများကြောင့် ကုသိုလ်မဖြစ်မူဘဲ “အကုသိုလ်” ဆိုးကျိုး များသာ၊ များစွာဖြစ်ခဲ့ ၏။ ဖြစ်လည်းဖြစ်နေဆဲပါ။
သီပေါမင်း ပါတော်မူပြီးစ မြန်မာ-ဗမာတို့  ဗြိတိသျှကျွှန်ဖြစ်ခဲ့ရ သည့် အချိန်မှာ ဗြိတိသျှ နယ်ချဲ့  ကိုလိုနီ အစိုးရ ဘာတွေရင် ဆိုင်ခဲ့ရ သလဲ၊၊ ပြန်လည် ဆန်းစစ်ကြည့်ပါက၊ အထက်မြန်မာ- ဗမာ၊ချင်း၊သျှမ်း စသော တိုင်းရင်းသားများ ပြောက်ကျား စနစ် ဖြင့် အဖွဲ့ ငယ်လေးများ တချို့  တဦးချင်း ဗြိတိသျှတို့ ကို နည်း မျိုးစုံဖြင့် တိုက်ခိုက်ခဲ့ကြ၏။ ထိုအခါ ကောက်ကျစ်စဉ်းလဲသော ဗြိတိသျှ နယ်ချဲ့  အစိုးရနှင့် အမေရိကန် ဘာသာရေးဆရာများ (Religious Mission) က ကရင်တိုင်းရင်းသားများကို ဗမာနှင့်သွေးခွဲ၊ ဘာသာရေး နှင့်လူမျိုးရေး တိုက်ပွဲအသွင် ဖန် တီးကာ သွေးချင်းများကို ရန်သူ များသဖွယ်ဖြစ်အောင် ဖန်တီးခဲ့ ကြ၏။သက်သေအထောက်အထားကို အင်တာနက်တွင် Loyal Karen of Burma ဆိုသည့် စာအုပ်တွင် တွေ့ နိုင် ပေသည်။ အောက်ဖော်ပြပါလင့်ခ် ကိုနှိပ်ပြီးဖတ်ပါ။ Loyal Karens of Burma ထိုစဉ်က ရှေးမြန်မာ-ဗမာကြီးများမှာ အဘိရ သွေးများဖြစ်သည့် အလျှောက် ကြောက်ရွံ့ ခြင်းကင်း မဲ့ခဲ့ကြ၏။ အဘိရလူမျိုးများကို နောင်တွင် အဟီးရ် (Ahir) ဟုလည်းခေါ်ကြ၏။ အဘိရလူမျိုးများအကြောင်းကို လေ့လာလို ပါက Google website တွင် Ahir ဟု ရိုက်ပြီး ရှာနိုင်၏။ အဘိရ၊အဟီး အပါအဝင် အင်ဒီးယားနိုင်ငံ အနောက်မြောက် ပိုင်း သား များမှာ တော်လှန်တိုက်ခိုက်ရာတွင် လက်နက်မပါဘဲ လက်ချည်းသက်သက်ဖြင့် တိုက်ခဲ့ကြောင်း သာဓကများ တွေ့ နိုင်ပေသည်။
ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာချီသည် အင်ဒီးယားမြောက်ပိုင်း သားများကို သမားရိုးကျ လက်နက်ဖြင့် မနိုင် ၍ ဓာတုဗေဒ လက်နက်သုံးရန် ကြံရွယ်ခဲ့ဘူး၏။ချာချီ ဝန်ကြီးချုပ်မဖြစ်ခင်က ရေးခဲ့သော အတွင်းစာ ကို အထောက်အထားပြုကာ သမိုင်း ဆရာ တဦးကရေးခဲ့ခြင်းဖြစ်၏။ မြန်မာ-ဗမာ (တိုင်းရင်းသားများ အပါအဝင်) တို့ မှာ ဤကဲ့သို့  မဟုတ်မခံ သတ္တိထူး ရှိသူများဖြစ် ၏။ ဤသို့ ဆို သည့်အတွက် ကိုရွှေမြန်မာ-ဗမာ တို့  နားထင် သွေးရောက်ကာ မိမိအစိုးရ မိမိတို့ အချင်းချင်း ရန်ပြုလိုစိတ် မမွေးကြရန် အင်မတန်မှ အရေးကြီး၏။ သတိဖြင့် ဆင်ခြင်ကြ စေ လို ပေသည်။ နယ်ချဲ့ ရန်ကိုကာကွယ်ကြရန် စည်းလုံး ညီညွှတ် ကြရမည်ဖြစ်၏။
ထို့ နောက် ဆရာစံ (အညာသားက ဆေးဆရာ အဖြစ်နှင့် အောက်မြန်မာ-ဗမာ ပြည်ကို ရောက်လာခဲ့သည်။) က လယ် သမားများကို နယ်ချဲ့ အစိုးရ ဖိနှိပ်မှုကို မခံမရပ်နိုင်တော့ ၍၊ တန် ပြန်တိုက်ခိုက်ခဲ့သည်။ အဖြေက မြန်မာ-ဗမာ က အရှုံး၊နယ်ချဲ့ က အနိုင် ဖြစ်၏။ ဦးစော က ဆရာစံ ဘက်ကရှေ့ နေလိုက်ခဲ့ပြီး၊ တကြိမ်တခါမှာ ဂျပန်နှင့် ဆက်သွယ်ရန်ကျိုးစားခဲ့ သဖြင့်၊ ဗြိတိသျှ နယ်ချဲ့ အစိုးရ၏ အငြှိုးထားခြင်း ခံခဲ့ရ၏။ ဗိုလ်ချုပ်-သခင်အောင်ဆန်း နှင့် မျိုးချစ်ခေါင်းဆောင်ကြီးများ ကိုလည်း သူတို့ ၏ နေမဝင် အင်ပါယာကို ဆန့် ကျင်တော်လှန်ရကောင်း လားဆိုပြီး၊ ဗြိတိသျှ နယ်ချဲ့ အစိုးရက အငြှိုးအတေးထားခဲ့၏။ ရလဒ်က ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် မဟာ လူသတ်မှု၊ မြန်မာ -ဗမာနိုင်ငံနှင့် ပြည်သူလူထုကြီး ကို လုပ်ကြံခဲ့မှုဖြစ်၏။ တရားခံ အစစ်က ထိုခေတ် ဗြိတိသျှ နယ်ချဲ့ အစိုးရ နှင့် ယင်းတို့ ၏ အလိုတော်ရိများဖြစ်၏။ မြန်မာ-ဗမာနိုင်ငံ၏ ခေါင်းဆောင်များကို သတ်ဖြတ်ခြင်းမှာ၊ တိုင်းပြည်နှင့်လူမျိုး၊ နောင်မွေးလာမည့် မျိုး ဆက်သစ်များကိုပါ၊ အညွန့် တုံးအောင် ကြံရွယ်ဆောင်ရွက် ခဲ့ခြင်းဖြစ်၏။
အဲ့ဒီနောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ တွင် ဗြိတိသျှ နယ်ချဲ့ အစိုးရက၊ ဖဆပလ အစိုးရကို လွတ်လပ်ရေး ပေးခဲ့၏။ ကနဦးကပင် ထက်မြက်ပြီး သူတို့ သြဇာကိုမခံမည့် ခေါင်း ဆောင်ကြီးများကို လုပ်ကြံခဲ့ပြီး၊ သူတို့ ကြိုးဆွဲ ၍ ရနိုင်မည့်သူ များကိုသာချန်ထား ခဲ့သည့် အတိုင်း သူတို့ ၏ ဗြိတိသျှ စစ်တပ် က အရာရှိတချို့ ကို မြန်မာ့-ဗမာ့ တပ်မတော်တွင် ထားခဲ့၏။ ထို ဗြိတိသျှ စစ်တပ်အရာရှိတို့ သည် မြန်မာ-ဗမာ တပ်မတော်ကို လက်နက်ခဲယမ်းနှင့်ပတ်သက် ၍ အကြံပေးခြင်း၊ ဝယ်ယူခြင်း များတွင် အဓိက ကျသောနေရာတွင်ရှိခဲ့၏။ ဘယ်သူက၊ ဘာ ကြောင့် သူတို့ ကို ထားခဲ့သလဲ။ မေးမည်ဆိုလျှင် မေးခွန်းတော် တော်များရှိပေမည်။ တနည်းအားဖြင့် ဤလွတ်လပ်ရေးကို အတု အယောင် လွတ်လပ်ရေးဟု ခေါ်လျှင် မမှားပေ။ အဘယ့်ကြောင့် ဟူမူ၊ ဗြိတိသျှနယ်ချဲ့ တို့ သည်၊ သူတို့ ကြိုး ဆွဲရာက မည့် “ကျွှန်သဘောက်များ” ကို အရေးပါသည့် ဝန်ကြီးဌာန များကို ကိုင်တွယ် နိုင်အောင်ဖန်တီးယူခဲ့သောကြောင့်ဖြစ်၏။ အေဒီ ၁၉၄၈ ခုနှစ်၊ အနှောင်းပိုင်းတွင် ကရင်တိုင်းရင်းသားများက စ ၍ ဖတပလ ပါလီမန် ဒီမိုကရေစီ အစိုးရကို လက်နက်ကိုင် ပုန်ကန် ခြားနား၏။ မွန်တို့ ကလည်း ကရင်တို့ နှင့်ပါဝင်ကာ အောက် မြန်မာ-ဗမာပြည်ကို သူတို့ အားခွဲပေးရမည်။ သီးခြားနိုင်ငံ ထူ ထောင်မည်ဟု ဆိုကာ တိုက်ပွဲဝင်ကြ၏။ နောက်ပိုင်း ကချင်တိုင်း ရင်းသားများလည်း ပါဝင်ခဲ့ကြ၏။ မြန်မာ-ဗမာပြည် မြို့ နယ် ဒေသ အများကို သူပုန်တို့ သိမ်းယူခဲ့ရာ၊ ကရင်တပ်ဖွဲ့ များ အင်းစိန်ထိ သိမ်းပိုက်နိုင်ခဲ့၏။ ဖဆပလ အစိုးရကို ရန်ကုန် အစိုးရဟု ခေါ်ခဲ့သည်ထိ ဖြစ်၏။
ဆိုခဲ့ပြီးသည်အတိုင်း မြန်မာ-ဗမာ တပ်မတော်တွင် ဗြိတိသျှ နယ်ချဲ့  အစိုးရ၏ စစ်တပ်အရာရှိများ က လက်နက်ဝယ်ယူရေး ကို တာဝန်ယူကြသည်။ သို့ သော် အမေရိကန်၊ ဗြိတိသျှ နှင့် အနောက်နိုင်ငံများက မြန်မာ-ဗမာ အစိုးရကို လက်နက်ခဲယမ်း မရောင်းခဲ့ပေ။ အကူအညီလည်း မပေးခဲ့ကြပေ။ ထိုနိုင်ငံ အစိုးရ များက မြန်မာ-ဗမာအစိုးရ စစ်ရှုံး စေလိုသည်မှာ အထင်အရှား ဖြစ်၏။ အရှေ့ အရပ် စိန့် တိုင်းက ပေါက်ဖော်ကြီးများမှာလည်း သူ့ ပြသနာနှင့် သူမို့ လား မသိ မြန်မာ-ဗမာ တို့ ကို မကူညီ ခဲ့ ပေ။ “အရေးကြီးက သွေးနီးကြ” ဆို သကဲ့သို့  အင်းဒီးယား က မြန်မာ-ဗမာ အစိုးရကို ကူညီ ခဲ့၏။ တပ်ရင်း ၉ ရင်းစာ လက် နက်ခဲယမ်း များ ကူညီခဲ့သည်။ ရောင်းခဲ့သည်ဆို၏။ သို့ ဖြစ်၍ သာ မြန်မာ-ဗမာ တပ်မတော်က လက်နက်ကိုင် သူပုန်များကို အောင်မြင်စွာ နှိပ်နင်းနိုင်ခဲ့ခြင်းဖြစ်၏။ { ဤအကြောင်းအရာမှာ လျှို့ ဝှက်ချက် မဟုတ်တော့ပေ။ စိတ်ဝင်စားက သိန်းဖေမြင့် ရေးသည့် “ကျော်ငြိမ်း” အမည်ရှိ စာအုပ်တွင် ဖတ်ရှုပါ။} ထို နောက် ၁၉၅၀ ကျော်နှစ်များမှာ တရုတ်ဖြူ တို့ ဝင်လာ၏။ သူတို့ လည်း လိပ်-ကန် (အင်္ဂလိပ် နှင့် အမေရိကန်တို့ ၏ မိတ်ဆွေ ရင်းခြာများဖြစ်၏။ စာရှုသူ လူကြီးမင်းများ သိရှိပြီး ဖြစ်မည်ဟု ယူဆပါသည်။ အကျယ်မချဲ့  လိုပါ။
ထိုသို့ ဆိုပြီးက ယနေ့ ခေတ် အခြေအနေကို တစေ့တစောင်း ကြည့်ရှုလေ့လာကြပါစို့ ။ ပြည်တွင်း ပြည်ပမှ မြန်မာ-ဗမာ ကော နိုင်ငံခြားသား အချို့ ကပါ ဖြစ်သမျှကို မြန်မာ့-ဗမာ့ တပ် မတော်၏ တာဝန်သာဖြစ်သည်ဟု တရားသေစွဲ ၍ အပြစ်ပုံချပေ တော့၏။ ဟိုစဉ်က ဖဆပလ ပါလီမန် ဒီမိုကရေစီ အစိုးရ ကလိန် ကျပုံများ သမိုင်းတွင်၏။ တိုင်းပြည်နှင့်လူမျိုးကို သစ္စာမဲ့ကာ သူ တို့ ၏ ကိုယ်ကျိုးများ သာ ရှာခဲ့ကြ၏။ ၁၉၄၈-၄၉ ခုနှစ်များက ကွန်မြူနစ်များကို သာယာဝတီထောင်တွင် အကျဉ်းချကာ ငရဲ ခန်းများပမာ နှိပ်စက်ညှင်းပမ်းခဲ့ခြင်းများ ကို “ကျော်သန်း၏သာ ယာဝတီထောင်က ငရဲခန်းများ”ဆိုသည့်စာအုပ် တွင်ဖတ်ရှုပါ။ မြန်မာ-ဗမာ ခေါင်းဆောင်ငယ် ထောင်ချီ ၍ (၂၀၀၀ ကျော် ၃၀၀၀) ရက်စက်စွာ နှိပ်ကွပ်ခဲ့ခြင်းဖြစ်၏။ ထို ဖဆပလ ပါလီမန် ဒီမိုကရေစီ အစိုးရ အတွင်းက တာဝန်ရှိသူများ ကို အရေးယူ အပြစ်ပေးသည် ဟု မကြားခဲ့ဖူးပါ။ တရားဥပဒေ စိုးမိုးသည့် ပါလီမန် ဒီမိုကရေစီ အစိုးရ လား။ ကမ္ဘာကြီးတခုလုံးက အတု ယူ ရမည့် ဒီမိုကရေစီ အစိုးရ ဖြစ်ခဲ့ သလား။ ထိုခေတ် ဖဆပလ ပါလီမန် ဒီမိုကရေစီ အစိုးရ သည် ရာဇဝတ်မှုများစွာ ကို စနစ်တကျ၊ စီမံချက်ချ ပြီး ကျူးလွန် ခဲ့ခြင်း ဖြစ်၏။ ယင်း မကောင်းမှု အကုသိုလ်များကြောင့် ဖဆပလ( နောင် ပထစ) ပါလီမန် ဒီမိုကရေစီ အစိုးရ မှာ သမိုင်းတွင်စွာ ပျက်သုန်းခဲ့ ရခြင်းဖြစ်၏။ သို့ ဖြစ်၍ တပ်မတော်သည် တိုင်းပြည်အုပ်ချုပ်ရေး တာဝန်ကို ယူခဲ့ ရခြင်းဖြစ်သည်ကို သမိုင်းတွင်တွေ့ ရသည်။
ရှေးမြန်မာ ဘုရင်တို့ ၏ ရုပ်ပုံများ ရုပ်ထုများကို ကိုးကွယ်ရန် မဟုတ်ပါ။ သို့ ရာတွင် ရှေးမြန်မာဘုရင်တို့ ၏ စွမ်းဆောင်မှုများ ကြောင့်သာ မြန်မာနိုင်ငံသည် ကမ္ဘာ့ အလည်တွင် ထယ်ထယ် ဝါဝါ ရပ်တည် နိုင်ခဲ့ခြင်း ဖြစ်၏။ သို့ သော် ယခုအခါ မြန်မာနိုင်ငံ မှာ အင်အားကြီး နိုင်ငံ တနိုင်ငံ၏ သြဇာခံ သဖွယ်ဖြစ်နေသည် မှာ စိတ်မကောင်းစရာ ဖြစ်၏။ သမိုင်းဆရာများ သမိုင်းတာကို လုံအောင် မထိန်းခဲ့ခြင်း၊ တနိုင်ငံလုံးရှိ တိုင်းရင်းသား အားလုံး ညီညီညွှတ်ညွှတ် မရှိကြခြင်း၊ အကျင့်စာရိတ္တ ပျက်ပြား ခြစား ခြင်း၊ ကိုယ့်လူမျိုး နှင့် ယဉ်ကျေးမှုများကို မိမိနှင့်သားမယား ဆွေ မျိုး တသိုက်ကောင်းစားရေးကို ရှေးရှုကာ မတော်လောဘဖြင် တိုင်းပြည်ကိုရောင်းစားခြင်း၊ မြန်မာမျိုး မစစ်သူများက သမိုင်း ဆရာယောင်ယောင်ဖြင့် ဆရာကြီးလုပ်ကာ ရှေးကျလှသည့် ပုဂံက ဘုရားပုထိုးများကို ရှေးမူမပျက် ထိန်းသိမ်းထားရမည့် အစား ထီးတင်ခြင်း စသည်များ ဖြစ်၏။ ပုဂံက အပါယ်ရတနာ ဘုရား ဟု လူအများသိကြသည့် ဘုရား မှာ မဟာယာန ဗုဒ္ဓ ဘာသာဝင် ဘင်္ဂါလီမင်းသမီး အဘယရတ္တနာ - ကျန်စစ်သား မင်း၏ ပထမ ဆုံးမယား၊ မိဖရား တပါးက တည်ထားကိုးကွယ် ခဲ့ခင်းဖြစ်ပါသည်။ သိုသော် အနှီလူသားတဦးက ဆရာကြီးဟန် ဖြင့် ထေရ်ရဝါရ ဗုဒ္ဓဘာသာအရ ထီးတင်ရွှေချရမည်ဟု ဆိုကာ အချို့ သောရှေးဟောင်း ဘုရားပုထိုးများကို မှားယွင်းစွာ ဆောင် ရွက်ခဲ့ခြင်းများကြောင့် ကမ္ဘာရှေးဟောင်း အမွေအနှစ် စာရင်းမှာ ထည့်သွင်း ခွင့်မရတော့ခြင်း ဖြစ်သည် ဟုဆိုပေသည်။သို့ ဖြစ်၍ မိမိသည်မည်မျှရာထူး ဂုဏ်ရှိန်မြင့်မားစေကာမူ ကိုယ်မတတ် ကျွှမ်းသည့်နေရာများတွင် ဝင်ရောက်စွက်ဖက်ဖြင်းမပြုအပ်ပေ၊။ ထိုသို့ ဝင်ရောက်စွက်ဖက်ခြင်းကို တားဆီးနိုင် ရန် ပညာရှင်များ ကို အာဏာနှင့်လုပ်ပိုင်ခွင့်များ ပေးထားရ ပေမည်။ သို့ မှသာ တတ်ယောင်ကား တို့ စွက်ဖက်ခြင်းများ၊ ရည်ရွယ်ချက်ဖြင့် သမိုင်းမှတ်တိုင်များကို ဖြောက်ဖျက်နေခြင်းများကို အောင်မြင်စွာ ဟန့် တားနိုင်ပေလိမ့်မည်။ အလေးအနက် စဉ်းစားဆင်ခြင် ကြ ကာ စီမံကိန်းချ ကာကွယ်မှု မပြုကြလျှင် များမကြာမီ မြန်မာ နိုင်ငံ သည် ကမ္ဘာမြေပုံ ပေါ်မှ ပြောက်ကွယ်သွား ပေမည်။
ကိုးကား-ရည်ညွှန်း
(၁) မွန်၊ မွန်-ခမာ၊ ပြူ လူမျိုးစုများ စည်းလုံးခြင်း။
(၂) မွန် မင်းနေပြည်- ဟံသာဝတီ Mon Kingdom Hamsavati
(၃) ရမည်းသင်းမြို့စား သီလဝမင်း Yameethin Prince Thi-La-Wa
(၄) မွန်၊ မွန်ဒါး ၊ ရမည် သို့ မဟုတ် ရာမန်၊ ဘီးလ် နှင့် ဂွန်း လူမျိုး စုနွှယ်များ။
(၅) ပုဂံခေတ်ကတည်းက ရှိခဲ့သော မြန်မာ့-ဗမာ့စောင်းကောက်။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်