နိဗ္ဗိန္ဒတေးထပ်


ရေး- လယ်တီဆရာတော် ရှင်ဉာဏဓဇ။
ဆို- ရီရီသန့်။
[(အဝိဇ္ဇာပိတ်ကာဆို့၊ မိစ္ဆာမြို့ပြင်ပြင်၊)၂။
ဣဋ္ဌာလို့ ခင်မင်လျှင်၊ လွင့်စဉ်မည်မလွဲ၊
အရိုးစု အပုပ်ကောင်ကို၊၂ အဟုတ်ယောင် များထင်ကြနဲ။]၂။
အရိုးစု ရုပ်တစ္ဆေကို၊၂ အဟုတ်လေကိုယ်ထဲ၊
အပုပ်ရေစိုရွှဲလို့၊ ယိုမစဲသူငါ၊
သွေး သည်းခြေ ပြည်သလိပ်တွေက၊ တည်မဆိတ် လွှမ်းပြန်တော့သာ။x
သို့ကလောက် ရွံစရာကို၊၂ ညွန်တဏှာမက်စွဲလို့၊
စက်ဝဲမှာ အထွေထွေ၊ မွန်းနစ်ကြလေ။
တဏှာပူးတဲ့ အရူးတွေမှာ၊၂ အမူးမပြေ ပင်ပန်းရှာကြလေး။
တဏှာကြိုက်တဲ့ အမိုက်တွေမှာ၊၂ အဟိုက်မပြေ၊ ပင်ပန်းရှာကြလေး။
တဏှာဖမ်းတဲ့ အကန်းတွေမှာ၊၂ အပန်းမပြေ၊ ပင်ပန်းရှာကြလေး။၂x ။


ခေတ်မှီသူတိုင်း အလှူခံ ထွက်ကြသည့် အချိန်က လမ်းပေါ်က ရတဲ့ ဓမ္မ



"ပြည်သူပိုင် သိမ်းပွဲကြီး" -(ကြေးမုံဦးသောင်း)
-------------------------
သမိုင်း အစစ်တွေကို သိရှိကြစေဖို့ ဆရာ့ဆောင်းပါး အချို့ကို ဖော်ပြခြင်း ဖြစ်ပါသည်။ မြန်မာ့လမ်း စဉ် ဆိုရှယ်လစ် စနစ်မှာ စက်မှုလက်မှုစီးပွားရေး လုပ်ငန်းများကို တည်ထောင်သည် မဟုတ်ဘဲ တည်ရှိပြီး အရပ်သားပိုင်လုပ်ငန်းများကိုသိမ်းယူသော စနစ်ဖြစ်သည်။

၁၉၆၃ ခု၊ ဇန်န၀ါရီလတွင် ဘီအိုစီ ရေနံကုမ္ပဏီနှင့်အိုင်ဘီပီ ရေနံလုပ်ငန်းကို သိမ်းပြီး မြန်မာ့ရေနံ ကော်
ပိုရေးရှင်းကို ဖွဲ့စည်းလိုက်သည်။ ဖေဖော်ဝါရီလထဲတွင်ဘဏ်တိုက် (၃၁) တိုက်ကို သိမ်းပြီး လုပ်ငန်းကြီးများ
စတင်သိမ်းတော့သည်။ အင်္ဂလို - ဘားမား သတ္တုတွင်း ကုမ္ပဏီနှင့် ပုလဲလုပ်ငန်းတို့ ပါသွားကြသည်။
စစ်တပ်မှ စစ်ဗိုလ်ကြီးများ လုပ်ကိုင်နေကြသည့် တပ်မတော် သက်သာချောင်ချိရေး တဖြစ်လည်း
မြန်မာနိုင်ငံ စီးပွားတိုးတက်မှု ကော်ပိုရေးရှင်း (BEDC) နှင့် စစ်ဖက်ကုန်စည် ဖြန့်ချီရေး (DSI)တို့ကို လည်း သိမ်းလေသည်။ စီးကရက် ကုမ္ပဏီများ၊ သတ္တုတွင်းလုပ်ငန်းများ၊ဆပ်ပြာချက်လုပ်ငန်း၊ ထီးစက်လုပ်ငန်း စသည့် စက်မှုလက်မှုလုပ်ငန်းများ၊ ပုံနှိပ်စက်များ၊ အရပ် သားပိုင် ကျောင်း (၈၁၄) ကျောင်း၊ သာသနာပြု
ဆေးရုံ (၉) ရုံ၊ ရုပ်ရှင်ရုံ (၁၈၂) ရုံ စသည်ဖြင့်အားလုံးကို ပြည်သူပိုင် ပြုလုပ်သည်။ အကြီင်္းဆုံး ပြည်သူပိုင် သိမ်းပွဲကြီးကို ရန်ကုန်မြို့နှင့်တကွ နယ်များတွင်ပါ ၁၉၆၄ ခု၊ ဧပြီလ (၉)ရက်နေ့ တွင် ကျင်းပသည်။
အသိမ်းခံရသည့်သူများ မသိကြစေရန် လျှို့ဝှက် စီစဉ်သည်။ ထောင်သောင်းချီသော ပါတီ မိတ်ဆွေ
ဆိုသူ များနှင့် စစ်ဗိုလ်စစ်သားများကို သန်းခေါင်တိတိတွင် အောင်ဆန်းအားကစားကွင်းကြီး၌ စုထား
သည်။ မိုးမလင်းမီတွင် လူစုခွဲကြပြီး ရန်ကုန်မြို့အနှံ့အပြား သွားရောက်ကာ ပွဲရုံများ၊ လက်လီ လက်ကား
ဆိုင်များ၊ သမ၀ါယမဆိုင်များ၊ စီးပွားရေးလုပ်ငန်းမှန်သမျှကို ပြည်သူပိုင် သိမ်းလိုက်လေတော့သည်။


 ပြည်သူပိုင်သိမ်းရာတွင် လုပ်ငန်းကြီးပါက ဗိုလ်မှူးကကွပ်ကဲသည်။ အလတ်စားလုပ်ငန်းကို ဗိုလ်ကြီး၊
အငယ်စားလုပ်ငန်းကို တပ်ကြပ်ကြီးတို့က ကွပ်ကဲပြီးသိမ်းယူသည်။ လက်နက်ကိုင်စစ်သားများက စောင့်
ကြပ်ပေးရသည်။ပါတီမိတ်ဆွေများက မူလပိုင်ရှင်များ၏ နေရာတွင် အစားထိုးပြီး အရောင်းအ၀ယ်လုပ် ငန်း ကို ဆက်လက် လုပ်ကိုင်ကြသည်။ ဆိုင်ကြီးများမှ လက်လီဆိုင်ကလေးများအထိ ဆိုင်ပိုင်တို့ အဖို့ နံနက်စောစော ဆိုင်ဖွင့်ရန် သွားကြသော အခါတွင် မိမိတို့ ဆိုင်ရှေ့များတွင် စစ်အရာရှိနှင့် ပါတီ မိတ်ဆွေ ဆိုသူများကို တွေ့ကြရသည်။

 ပြည်သူပိုင် အမိန့်ကို ဖတ်ပြပြီး လုပ်ငန်းကို သိမ်းယူသောအခါတွင် ဆိုင် (သို့မဟုတ်) လုပ်ငန်း၏
သော့နှင့် ငွေများကို အပ်ကြရသည်။ အရေးတကြီးတောင်းကြသည်မှာ လုပ်ငန်းပိုင် မော်တော်ယာဉ်များ
နှင့် ကားသော့များ ဖြစ်၏။ ထိုနေ့ နံနက်က စတင်ပြီးထိုဆိုင်၊ ထိုလုပ်ငန်းမှ မော်တော်ယာဉ်သည် ဗိုလ်ကြီး
သို့မဟုတ် တပ်ကြပ် ကြီးပိုင် အဖြစ်သို့ ပြောင်းလဲသွား လေတော့သည်။

တင်မောင်က နေ့စဉ်နေ့တိုင်း သမီးများကို ကျောင်းပို့၊ ကျောင်းကြိုတာဝန်ယူထားရသည်။ ပြည်သူပိုင်မသိမ်း
မီက ကားပြာလေး တစီးနှင့် ကျောင်းလာလေ့ ရှိသောမောင်နှစ်မသုံးယောက်တို့ ခြေလျင်လာကြတာကို မြင်
ရပြီး ခါတိုင်း ခြေလျင်ကျောင်းတက်လေ့ရှိသူ ကလေးတဦးက ထိုကားပြာကလေးနှင့် ကျောင်းတက်လာ
သည်ကို မြင်တွေ့ရသည်။ ကားအထဲမှ ကလေးက အမူအရာ မထူးခြားစေကာမူ စစ်ဗိုလ်ကတော်နှင့်
တူသော ကားမောင်းလာသူ အမျိုးသမီးကို ခေါင်းတမော့မော့ ရှိနေသည်ကို မြင်ရသည်။
ဆိုရှယ်လစ် သင်္ခါရတရားကို ရှုမိပါတော့၏။

 ပြည်သူပိုင်သိမ်းပွဲတွင် စစ်ဗိုလ်များအား ကား မအပ်သူများကို ကြီးလေးသော အပြစ်ကိုပေးလေ့ရှိ သည်။ အင်္ဂလိပ်စာရေးဆရာကြီးဂျော့အိုဝဲလ်၏ `မြန်မာပြည်မှ နေ့များ´ ၀တ္ထုမှာပါရှိခဲ့သည့် စမတ်နဲ မုကာရမ်ဒမ် စာအုပ်ဆိုင် ဆူးလေဘုရားလမ်းတွင် ရှိသည်။ စာအုပ်ဆိုင်ကို စစ်ဗိုလ်က လာရောက်သိမ်းစဉ်က ပိုင်ရှင် အဖိုးကြီးတွင် ကားပျက်ကြီးတစီးရှိပါလျက် ကားမအပ်သော အမှုအတွက် ထောင် (၄) နှစ် အပြစ်ပေး ခဲ့သည်။ အဖိုးကြီး ခမျာ အသက် (၇၂)နှစ် ရှိရှာပါပြီ။

 ပြည်သူပိုင် သိမ်းပွဲအပြီး၌ ဆိုင်အသိမ်းခံရသူ မိတ်ဆွေတဦးထံသွားပြီး အားပေးစကား ပြောမိသည်။ `ကျနော် အမြတ်ကြီးစား မဟုတ်ပါဘူး။ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင် စားသောက်သူပါဗျာ´ ဟု ညည်းလေ သောကြောင့် `၀ိပါက၀ဋ်ပေါ့ဗျာ´ ဟု တရားပြနေခိုက်တွင် လူတယောက်ဝင်လာ သည်။ ပိုးလုံချည်၊ ပိုးအင်္ကျီနှင့် ပွဲထိုင်သွားမည့်သူကဲ့သို့ ၀တ်ဆင်ထားသော်လည်း သူ၏မျက်နှာက ဒေါသထွက်နေ ဟန် နီမြန်းနေသောကြောင့်မည်သို့မျှ ၀င်မပြောဘဲ ကြည့်နေမိ၏။
`လာပါဗိုလ်ကြီး ထိုင်ပါ၊ ထိုင်ပါ´ ဟု မိတ်ဆွေက ဖိတ်သည်ကို မထိုင်ဘဲ ဆူပူ စကားပြောလေတော့
သည်။
`တနေ့က ဆိုင်ကို သိမ်းတုန်းက ခင်ဗျားအပ်တဲ့ ကားမှာ အပိုဘီး မပါဘူး။ ခင်ဗျား ထိန်ချန်ထားခဲ့တယ်။ အခု လမ်းမှာ ဘီးပေါက်နေတယ်။ ခင်ဗျား ခိုးထားတဲ့ ဘီးကို အခုအပ်ပါ´ ဟု ဒေါသနှင့် ပြောသည်။ မိတ်ဆွေက `ကားမှာ အပိုဘီး ပါပါတယ်။ ဘီးငါးဘီး အပ်ခဲ့ပါတယ်။ ဒီကားမျိုးက အပိုဘီးကို နောက်ခန်း မှာ မထား ဘဲ ကားရဲ့ ဖလိန်အောက်မှာ ဘီးအိမ်နဲ့ ထည့်ထားလို့ မမြင်ရတာပါ´ ဟု ရှင်းပြသည်။`ကားကို သိမ်းတုန်းက ဘာလို့ မရှင်းပြတာလဲ´ ဟု ဆူပူငေါက်ငမ်းပြီး ထွက်သွားသည်။

လုပ်ငန်းရှင်များ၊ ဆိုင်ရှင်များထံမှ လုယူထားသည့်ကားကို ကိုယ်ရေးကိုယ်တာကိစ္စများအတွက်သုံးကြ
သည်ကို မြင်ရသည်။ ကုန်စည်များကိုလည်း ခိုးဝှက်ကြ သည်။ အဖိုးတန် သော ကုန်ဆိုင် များ ကို သိမ်းရန် တာဝန်ကျသူ စစ်ဗိုလ်များ သည် ချက်ချင်းချမ်းသာကြတော့သည်။ ကားများ၊ ကုန်များကိုသာမက ဆိုင်ခန်းများ ကိုပါ စစ်ဗိုလ်များက ခိုးကြသည်။ ရန်ကုန်တွင်ရော၊ နယ် တို့တွင်ပါ လက်လီလက်ကားဆိုင် (၁၂၇၆၄) ဆိုင် ကိုသိမ်းပြီးသည့် နောက်တွင် အမျိုးတူ ကုန်များ ပူးပေါင်းရောင်းချ မည်ဟု မူချမှတ်ကာ ကုန်များကို ဆိုင်ကြီး များရှိရာသို့ ပြောင်းသောအခါတွင် ရန်ကုန်၌ ဆိုင်နေရာ တသောင်းခန့် လစ်လပ်သွားသည်။ အောက်ထပ်
လမ်းဘေးများမှ ဆိုင်ခန်းများအပြင် အိန္ဒိယသို့ အပြီးပြန်သွားသူ ကုလားများ၏ အိမ်ခန်းတွေပါ အစုစုအိမ်
ခန်း တသိန်းခန့်ကို စစ်ဗိုလ်မြူမင်းကြီးက ကွပ်ကဲပြီးစစ်ဗိုလ်များနှင့် ပါတီဝင် လက်နက်ချ ကွန်မြူနစ်များ
ကို နေရာ ချပေးလေသည်။ အားလုံးလိုလိုပင် ပြန်ရောင်းစားကြသည်။ အချို့စစ်ဗိုလ်များ က အိမ်ခန်းရော ဆိုင်ခန်းပါ လေးငါးလုံး ရယူပြီး တဆင့် ရောင်းစားသည်။

တရုတ်၊ ကုလား စီးပွားရေးဈေးကွက်ကို ဖျက်သိမ်းရန် ရည်ရွယ်ချက်နှင့် ဆိုင်များကို သိမ်းခဲ့စေကာမူ
စစ်ဗိုလ်များက ပြန်လည်ရောင်းစားကြသောကြောင့်တရုတ်၊ ကုလားများ လက်ထဲသို့ပင် ပြန်ရောက်သွား
ပြန်ပေသည်။ ဘဏ်တိုက်များ၊ ဆိုင်များ၊ လုပ်ငန်းများကို သိမ်းရာတွင် စာရင်းမရှိ၊ အင်းမရှိ ခိုးယူကြသည်။
အများစု ဖြစ်သော မြန်မာပိုင်လုပ်ငန်းမှန်သမျှကို လျော်ကြေးမပေးတော့ပေ။ သို့သော် ဘီအိုစီနှင့်
နိုင်ငံခြား သားပိုင် ဘဏ်တိုက်ကြီးတွေကိုမူ နိုင်ငံခြား သုံးငွေနှင့် လျော်ကြေးပေးသည်။ ဆွီဒင်ပြည် မှ လုပ်ငန်းရှင်တဦးပိုင်သည့် မန္တလေး မီးခြစ်စက်ကိုလည်း နိုင်ငံခြားငွေနှင့် လျော်ကြေးပေးသည်။

ဗိုလ်ချုပ်ကြီးနေ၀င်းက တနှစ်တွင် ကိုးလတာမျှ ဥရောပနိုင်ငံ များသို့ သွားရောက် ဇိမ်ခံလေ့ ရှိသဖြင့်
သူ သွားသော နိုင်ငံများတွင် မျက်နှာ မငယ်စေရန်နိုင်ငံခြားသုံးငွေနှင့် လျော်ကြေးပေးရသည် ဟု
ဘဏ္ဍာရေး ၀န်ကြီးဌာနမှ စုံစမ်း သိရှိရသည်။ ဗိုလ်ချုပ်ကြီး နေ၀င်းက နိုင်ငံခြားသားများကိုကြောက် တတ် သည့် သူရဲဘောကြောင်သော စိတ်ဓာတ်နှင့် သူနိုင်သော မြန်မာနိုင်ငံသားများကို ရက်စက်စွာ အနိုင်ကျင့် သည့် စိတ်ဓာတ်များ သည် စက်ဆုပ်ရွံ့ရှာဖွယ် ကောင်းလှ ပေသည်။ မြန်မာပိုင် ဆိုပါက စာရင်းအင်း ကျကျ နနရှိသော ဘဏ်တိုက်များကိုပင် လျော်ကြေး မပေးစေကာမူ ဗိုလ်ချုပ်နေ၀င်း ကတော် ဒေါ်ခင်မေသန်း ၏ ဆွေမျိုး
များ ပိုင်သောလုပ်ငန်းများကို တိတ်တိတ်ပုန်း လျော်ကြေး ပေးသည်။ အထပ်သား စက်လုပ်ငန်းကို သိမ်း
စဉ်က လုပ်ငန်းတန်ဖိုး အားလုံးကို နိုင်ငံခြားသုံးငွေနှင့် လျော်ကြေး ပေးရုံမျှမက မိသားစု တခုလုံး အင်္ဂလန် သို့ သွားရောက်နေ ထိုင်နိုင်ရန် နိုင်ငံကူး  လက်မှတ်ပါ ထုတ်ပေးသည်။ မတရားမှု မှန်သမျှ တခုမကျန် ကျူးလွန်ခဲ့ပေသည်။

ကုန်ထုတ်လုပ်ငန်းနှင့် ကုန်သွယ်လုပ်ငန်းများကို သိမ်းယူခဲ့သည် ဂယက်အဖြစ် ကုန်စည်များ ရှားပါး
သည်ကို ရင်ဆိုင်ကြရသည်။ ရှားပါးသဖြင့် ကုန်ဈေး နှုန်းများ တက်နေချိန် ၁၉၆၄ ခု၊ မတ်လ (၁၇) ရက်
နေ့တွင် အစိုးရက ထုတ်ဝေသုံးစွဲထားသဖြင့် လူထု၏ လက်ထဲတွင် လှည့်လည်သုံးစွဲနေသော ကျပ်
(၁၀၀) တန်နှင့် (၅၀) တန် ငွေစက္ကူများကို တရားမ၀င်ဟု ကြေညာလိုက်သဖြင့် လူထုကြီးတရပ်လုံး
မွဲသွားရှာသည်။ လှည့်လည်နေသော ငွေ၏ (၂၂) ရာခိုင်နှုန်းကို သုံးစွဲခွင့် ပယ်ဖျက်သောကြောင့် အစိုးရ အဖို့ ကျပ် (၉၁၅.၈) သန်း အမြတ် ရသွားသည်။ လူထုမှာ ကျပ် (၉၁၅.၈) သန်း မွဲရသည်။ လူထု မည် သို့ ခံရစေကာမူ အစိုးရက အနည်းငယ်မှလျှော့မပေး၊ ၁၉၆၆ ခု၊ ဇန်န၀ါရီလ (၆) ရက်နေ့တွင် ကုန်သွယ်ရေး အမိန့်သစ် ထုတ်ကာ ချုပ်ကိုင်ပြန်သည်။

ကုန်စည်အမျိုးအစား (၄၆၀) ကို အရပ်သားများ မထိရဘဲ အစိုးရကသာ ရောင်းဝယ်ခွင့် ရှိတော့သည်။ ဖွဲနု၊
ဆန်ကွဲမှ စတင်ပြီး နနွင်းတက်အထိ တော်လှန်ရေး အစိုးရကသာ သိုလှောင်ခွင့်၊ ရောင်းဝယ်ခွင့် ရှိတော့
သည်။ ထိုကဲ့သို့ ပုဂ္ဂလိက အရပ်သားပိုင် လုပ်ငန်းများကို စစ်ဗိုလ်များက လုယက်သည့် ဆိုရှယ်လစ် စီးပွားရေး စနစ်ကို ထူထောင်သောကြောင့် နိုင်ငံ၏ စီးပွားရေး လုပ်ငန်းကြီးများ ကျဆင်း ပျက်ပြား သွားလေတော့သည်။

၁၉၆၄-၆၅ ခုနှစ်က လယ်ယာကုန်ထုတ်လုပ်မှု တန်ဖိုး (၂၅၂) ကုဋေရှိခဲ့ရာမှ ၁၉၆၅-၆၆ ခုနှစ်မှာ (၂၄၁) ကုဋေ အထိ ကျဆင်းသွားသည်။ အထူးသဖြင့် ဆန်ရှားသွားသည်။ ၁၉၆၇ ခုနှစ်၊ သြဂုတ်လတွင် စပါးခင်း များ အကြားတွင် ရှိသော ရန်ကုန်မြို့ကြီး၌ ဆန်ပြတ် သွားသောကြောင့် လူထုကြီး မျက်သလဲ ဆန်ပျာ
ဖြစ်ကြ ရသည်။ ရန်ကုန်တမြို့လုံးမှ လူအများသည် ဆန်ထွက်ရှာနေကြရ သဖြင့် ရုံးများ၊ ဆိုင်များပိတ် သွားသည်။ ထိုအခါ စစ်စုံထောက်များက တရုတ် အမျိုးသားများကိုလိုက်လံရိုက်နှက်ကြပြီး တရုတ်-ဗမာ အဓိကရုဏ်းကို ဖန်တီးကာ လူထုကြီး၏ သွေးဖြင့် ဆန်ပြသာနာကို ဖြေရှင်းသည်။ များစွာ ရက်စက် ယုတ် မာ လှသည်။ လူထုကြီးမှာ ကျောကော့ပြီး ခံကြရသည်။
Andrew Soe
၈ ဇန်နဝါရီ ၂၀၁၅။

မိုက်ရူးရဲ အလုပ်တဲ့လားလေ


***************
ဦးကျော်ရင် မီးပုံးပျံ စီးတာနဲ့ ပက်သက်လို့ စက်လဲမပါ အထိန်းအချုပ်လည်း ဘာမှ မရှိဘဲနဲ့ ဒီလို စွန့်စားတာဟာ ဘာအဓိပ္ပါယ်ရှိသလဲ မိုက်ရူးရဲ ဆန်တာ မဟုတ်ဘူးလား
ကျွန်တော်ဆို ဒီအလုပ်မျိုး တသက်လုံး မလုပ်ဘူး
ဒီစကားကို ၂၀ ကျော် ကလေးလေး တစ်ယောက် ဆီက စကားဆုံရာက ကြားမိလိုက်ရတယ်
မအံ့သြတော့ပါဘူး အသက် ၂၀ လောက်စွန်းစွန်း ရှိတဲ့ သူ့ အတွေး သူ့အမြင်ကို လေးစားပါတယ် သူမြင်တာကို မြင်တဲ့ အတိုင်း ပြောရဲတာကို လေးစားတာပါ မှန်တာ မှားတာ ခဏ ဖယ်ထားပေါ့
ဒါနဲ့ ပက်သက်လို့ ကျွန်တော် သူ့ကို နားလည်စေချင်လို့
ဒါကို ရေးဖြစ်တယ် ပေါ့ပေါ့ပါးပါး လေးနဲ့ ခေါင်းထဲ ဝင်သွား
မယ် အသိကို ပြောင်းလဲသွားစေချင်တယ် စကားနဲ့ တော့ အသိ ခံယူမှုကို မပြောင်းလဲပေးဖြစ်ခဲ့တာလည်း ပါတာပေါ့
ညီလေးရေ…
ထားဝယ်သားမို့ ထားဝယ်တွေ မြောက်ပြောတဲ့ စကား တွေ နဲ့ မပြောတော့ဘူးနော် ဒီဘက်ခေတ်မှာ စာပေလောက တစ်ခုလုံး လေးစားကြရတဲ့ အဘွား ဒေါ်အမာ ပြောပြတာ လေး တစ်ခု ပြန်ပြောပြမယ် ငါပြောနေတယ် မမြင်နဲ့ အဘွားက မင်းကို တိုက်ရိုက် ပြောနေတယ်လို့ပဲ စိတ်မှာ ခံစား ပြီးတော့မှ သေသေချာချာ ပြန်သုံးသပ်ပေါ့
မင်း ဒီမေးခွန်းကို မမေးခင် လွန်ခဲ့တဲ့ နှစ်များစွာကတည်းက
အဘွားဒေါ်အမာက ဒီအကြောင်းကို အရေးတယူလုပ်ပြီး ပြောသွား ဖူးတယ် အဲဒီအချိန်က အဘွားအမာ ဆိုတာ ငယ်ငယ်လေး ရှိသေးတယ် အဘွားအမာ တတိယမြောက် ထုတ်ဝေတဲ့ စာအုပ်မှာ ဒီအကြောင်း ပြောပြခဲ့တယ်
အဘွားက ဘာပြောသလဲ ဆိုရင်
မင်းပြောတဲ့ စကားနဲ့ ဆက်ပြီး ပြောရင် အဲဒီဘက်ခေတ် အခြေအနေကို နားမလည်တဲ့ ဒီဘက်ခေတ် ကလေးတွေ အဲသလို ထင်ချင်ထင်လိမ့်မယ်တဲ့
မိုက်ရူးရဲဘယ်ဟုတ်မလဲ အစိုးရ အသိအမှတ်မပြုတဲ့ မြန်မာ့ အမျိုးသား အလံတော် ဒေါင်းအလံ နှစ်ခုကို ကိုင်ပြီး လွယ် လွယ်သေနိုင်တဲ့ စွန့်စားမှု တစ်ခုကို လုပ်ပြနိုင်တာ ဟာ
"သူ့ ကျွန်ဘဝနဲ့ မကျေနပ်တဲ့ မြန်မာကွ ဘာမဆို စွန့်စားရဲ တဲ့ သတ္တိ ရှိတယ် " လို့ နယ်ချဲ့ကို မြန်မာလူမျိုး ကိုယ်စား
စိန်ခေါ် ကြွေးကြော်တဲ့ သဘောမို့ မြန်မာပြည်သူတွေ က ဦးကျော်ရင်ရဲ့ စွန့်စားမှုကို နှစ်ထောင်းအားရ သိပ်ရှိကြတယ်
ကောင်းကင်မှာ လေမိလို့ အဝေးကြီး လွင့်ချင်လွင့်သွားမယ်
အကျမတော်လို့ ကျိုးကန်းရုံမက သေချင်လည်း သေ မြန်မာ့သွေး မြန်မာသတ္တိကိုပြ
ရင်း သေရတာ မြတ်တယ် ကောင်းတယ် လို့ ယူဆတယ်လေ ဒီလိုသေရင် အာဇာနည် တစ်ယောက်ပဲပေါ့
အဘွား အမာက အဲသလို ပြောပြတယ်လေ ဆက်ပြော တယ် ဦးကျော်ရင် မီးပုံးပျံစီးတာဟာ အသက် ၂၀ အရွယ် မိုက်ရူးရဲ အရွယ် မဟုတ်တော့ဘူး အသက် ၅၆ နှစ် အရွယ် ၁၉၂၉ ခုနှစ်မှာ စစီးတယ် အသက် ၆၆ အထိ ဆယ်နှစ် လုံးလုံး အကြိမ်ပေါင်း ၅၅ ကြိမ် စီးပြတယ် ဒီလိုစီးပြတာ ကွင်းထဲ လာကြည့်တဲ့ လူတွေဆီက ရတဲ့ ဂိတ်ကြေးကို စီးပြတဲ့ မြို့က ကျောင်းကန် ဆေးရုံတွေကို လှူပစ်ခဲ့တယ်
သူ့ကိုယ်ကျိုး မပါဘူး တဲ့
ကဲ ညီလေးရေ
မိုက်ရူးရဲ ဆန်တယ် မဆန်ဘူး ဆိုတာ သိလောက်ရောပေါ့
ငါမပြောပါဘူး အဘွားအမာက မင်းကို ပြောပြတာလေ
အဘွားစကားက မှတ်သားစရာချည်းပါပဲ


မွန်တွေ ပြောတဲ့ မွန်စကား မွန်တွေ နားမှလည်ရဲ့လား


*****************************
ဒီအောက်မှာ ပြထားတဲ့ စာတွေကို ကျွန်တော် မွန်စာမျက်နှာ တစ်ခုက ယူလာတာပါ
ရေးချင်ရာ ရေးထားတာ တွေ့ရပါတယ် ဖော်ပြပါထဲ ပါတဲ့
ဟာတွေထဲက တစ်ခုပဲ ပြောပြပါမယ်
ရှေးဟောင်း စာပေတွေ တတ်ကျွမ်းကြတဲ့ ကြိုက်ရာ ပညာ ရှင် လေးငါးဦးလောက်ကိုပဲ မေးကြည့်ကြပါ
ရှေးဟောင်း မွန်စာပေမှာ ဘုရားကို ကျိုက် လို့ မခေါ်ပါဘူး
အလယ်ခေတ် ရှေးမွန်စာများ အထိ မခေါ်ခဲ့ပါဘူး
ဒီမှာ နှောင်းခေတ်က စကားတွေနဲ့ တိုက်ရိုက် ဘာသာ ပြန် ထားတာ တွေ့ရတယ် ဒီလို ဘာသာပြန်ခွင့် မရှိဘူး ဆိုတာ
သုတေသန စည်းဖောက်တာမျိုး မလုပ်သင့်ပါဘူး
သူ့ခေတ်က သူ့စကားနဲ့သာ ဘာသာပြန်ရမှာပေါ့ ဘယ်လို လုပ် ခုခေတ် စကားနဲ့ ဘာသာပြန်ကြတာလဲ မသိပါဘူး
လူမျိုးကို ချစ်ရင် လူမျိုးသမိုင်းကို ရိုးသားဖို့ လိုပါတယ်
သူများ ထောက်လို့ ရတယ် ဆိုကတည်းက မရိုးသားတဲ့ အပြုအမူ ရှိလို့ပါ
မရိုးမသား ရေးသားတာမျိုးဟာ သမိုင်း ပျောက်သွား တတ် ပါတယ် ပညာရှင်တွေကတော့ ဝိုင်းထောက်မှာပါပဲ ဒါက သမိုင်းပညာပဲကိုး မခိုင်မာရင် လစ်သွားမှာပါပဲ
ကျွန်တော် ကတော့ တွေ့ရင် ပိုပိုသာသာ ချော်ရေးတာတွေ တွေ တွေ့ရင် ဘယ်လူမျိုးလို့ ရွေးမနေပါဘူး အကုန် ပြော မှာပါ
ကိုယ့်အမျိုးကိုယ် မှန်မှန်ကန်ကန် ချစ်တတ်ကြပါစေ
တချိန်ချိန်မှာ ပေါ်မှာပါပဲ မလုပ်ကြပါနဲ့ ပြည်တွင်း လူမျိုးတိုင်းရဲ့ သမိုင်း ပေါင်းချုပ် ဆိုတာ နိုင်ငံတော်
သမိုင်း ဖြစ်ပါတယ်
နိုင်ငံတော်သမိုင်းကို ရေးတဲ့ အခါ စုပေါင်း စီစစ်ရင် ပိုပို သာသာ ရေးသမျှ ပေါ်ထွက်လာမှာပါပဲ ဒါကို သတိရရင်
မလုပ်ကြပါနဲ့ ကိုယ့်အမျိုးကိုယ် သစ္စာရှိပေးကြပါ
တန်ဖိုးထားကြပါဗျာ
*******************************
မွန်တို့ ဌာနေ ရာမညတိုင်း အတွင်းရှိ ရှေ့နာမည် မွန် အခေါ် ဝေါ် များ
ရန်ကုန်တိုင်း အတွင်းရှိ မွန် နာမည်ဖြင့် တိုက်ရိုက် ခေါ်ဝေါ် ထားသော အမည် များ
၁။ကမာရွတ် = မွန်ဘာသာ ကမာရတ် = ကမာရွတ် ( ရတနာကန်) လို့ အဓိပ္ပါယ် ရသည်။
၂။ ကော့မှူး = မွန်ဘာသာ ကံ မုဟ် = ကော့မု( အစွန်း အငူမြို့ လို့ အဓိပ္ပါယ် ရသည် ။
၃ ။ ကျိုက္ကစံ = မွန်ဘာသာ ကျာ် ဒစာံ = ကျိုက်ဒစန်း ( ရှစ်ပါး ဘုရား လို့ အဓိပ္ပါယ် ရသည်။
၎။ ကျိုက်ကမာကမု = မွန်ဘာသာ ကျာ်ကမာကမု = ကျိုက်ကမာကမု ( လမုပင် ပေါက်ရောက်သော ရေကန် ဘုရား လို့ အဓိပ္ပါယ် ရသည်။
၅ ။ ကျိုက်ကမာစိန် = မွန်ဘာ သာ ကျာ်ကမာစိင် = ကျိုက်ကမာစိန် ( ဆင် ကန်ဘုရား လို့ အဓိပ္ပါယ် ရသည်။
၆ ။ ကျိုက္ကလဲ့ = မွန်ဘာသာ ကျာ်ကလဲ့ ( ကျိုက်ကလဲ့ )
၇ ။ ကျိုက်ကလို့ = မွန်ဘာသာ ကျာ်ကလံ = ကျိုက်က လော့ ( ကန်တော့ဘုရား လို့ အဓိပ္ပါယ်ရသည်။
၈။ ကျိုက်ကလိုင်ထော် မှော်ဘီထောက်ကြံ့နယ် မွန်ဘာသာ ကျာ် ကလိုင်ထဝ် = ကျိုက်ကလိုင်ထော် ( ရွေးအိုးဘုရား လို့ အဓိပ္ပါယ် ရသည်။
၉ ။ ကျိုက်ခေါက် သန်လျင် = မွန်ဘာသာ ကျာ်ခုတ် = ကျိုက် ခေါက် ( ရသေ့ခေါက် ဘုရား လို့ အဓိပ္ပါယ် ရသည်။
၁၀။ ကျိုက်ထပို့ = မွန်ဘာသာ ကျာ်ထပှ် = ကျိုက်ထပို့ ( ရဟန္တာ ခုနစ်ပါး ဘုရားလို့ အဓိပ္ပါယ် ရသည်။
၁၁ ။ ကျိုက်ထော် ကော့မှူ့ နယ် မှာ = မွန်ဘာသာ ကျာ်ထဝ် = ကျိုက်ထော် ( ရွေးဘုရား လို့ အဓိပ္ပါယ် ရသည်။
၁၂ ။ ကျိုက်ဒေဝိ = မွန်ဘာသာ ကျာ် ဒုင်္ဝိ = ကျိုက်ဒေဝိ ( သဖန်းပင်ကုန်း ဘုရားလို့ အဓိပ္ပါယ်ရသည်။
၁၃ ။ ကျိုက်ဒေးအပ် ဗိုလ်တထောင် ဘုရား မွန်ဘာသာ ကျာ်ဒးအပ် = ကျိုက်ဒေအု့် ( အပ်နှံဘုရား လို့ အဓိပ္ပါယ်ရ သည်။
၁၄ ။ ကျိုက်မှော်ဝန်း ရွေးမှော်ဝန်းဘုရား မွန်ဘာသာ ကျာ်တမအ်ဝါန် = ကျိုက်မှိ့ ဝမ်း ( ဂဝံကျောက် ဘုရားလို့ အဓိပ္ပါယ်ရသည်။
၁၅ ။ ကျိုက်သုတ် ဆူးလေးဘုရား မွန်ဘာသာ ကျာ်အသုက် = ကျိုက်အဆုပ် ( အဆုပ်ဘုရားလို့ အဓိပ္ပါယ်ရသည်။
၁၆ ။ ကျုံဖာ = မွန်ဘာသာ ကြုင်ဘာ = ကျုံဖယ်
၁၇ ။ ဆင်မလိုက် = မွန်ဘာသာ သင်မလာ် = ဆမ်းမလိုက် ( ကမ်းပါးပြိုလို့ အဓိပ္ပါယ်ရသည် ။
၁၇။ တညင် မြို့= မွန်ဘာသာ ဍုင်သေင် =ဒုံဆင်း ( စရည်ပင်းမြို့ လို့ အဓိပ္ပါယ်ရသည်။
၁၈။ တာမွေ = မွန်ဘာသာ တာမွဲ = တာမွေ ( ထန်းတစ်ပင်လို့ အဓိပ္ပါယ်ရသည်။
၁၉ ။ တွံ့ တေး = မွန်ဘာသာ ကွာန်ဒုင်္ = ကွမ်းဒေ ( တောင်းကုန်ရွာလို့ အဓိပ္ပါယ်ရသည်။
၂၀ ။ ဒဂုံ = မွန်ဘာသာ ဒဂုင် = လဂုံ ( မတင်မကျ ကန့်လန့်လို့ အဓိ ပ္ပါ ယ်ရသည် ။ (၁၇၅၅) ခုနှစ် ဦအောင်ဇေယျ လက်ထက် က ရလဂုံ ကနေ ရန်ကုန်ကို ပြောင်းလိုက်ခဲ့သည် ။
၂၁ ။ ဒလ = မွန်ဘာသာ ဍုင်ဒုန်ဇလ = ဒုံဒွန်းဇလဲ့ ( ကြခတ်ဝါးမြို့ လို့အဓိပ္ပါယ်ရသည်။
၂၂ ။ ဒေါပုံ = မွန်ဘာသာ တဲပုင် = တော်ဗွန်း ( တောင်ဘက်မြို့လို့ အဓိပ္ပါယ်ရသည်။
၂၃ ။ ပုဇွန်တောင် = မွန်ဘာသာ ပသုန်ဒုင်္ = ပဆွန်ဒေ ( တောင် ၅ တောင် လို့ အဓိပ္ပါယ်ရသည် ။
၂၄ ။ ဘောက်ထော် = မွန်ဘာသာ စိုပ်ထဝ် = ဘောက်ထဝ် ( ရွေဟသာင်္ လို့ အဓိပ္ပါယ်ရသည် ။
၂၅ ။ မင်္ဂလာဒုံ = မွန်ဘာသာ ဍုင်ဒြဲာ မငေ = ဍုံဒရိုင်မငေ ( မင်္ဂလာမြို့လို့ အဓိပ္ပါယ်ရသည် ။
၂၆ ။ မှော်ဘီ = မွန်ဘာသာ မအ်ဗီ = ဆ မို့ဗီ ( ကျောက်ဥ သျစ်လို့ အဓိပ္ပါယ်ရသည် ။
၂၇ ။ ရွေတိဂုံ = မွန်ဘာသာ ကျာ်ဒဂုင် = ကျိုက်တိဂုံ ( ကန့်လန့်တင် ဘုရားဟု အဓိပ္ပါယ်ရသည်။
၂၈ ။ သမိုင်း = မွန်ဘာသာ သမိင် = ဆမိန်း ( အရာရှိမင်း လို့အဓိပ္ပါယ်ရသည် ။
၂၉ ။ အင်းစိန် = မွန်ဘာသာ အင်စိင် = အန်းစိန် ( ဆင်အင်းလို့ အဓိပ္ပါယ်ရသည်။
၃၀ ။ အင်းတကော် = မွန်ဘာသာ အင် တဂေါဝ် = အန်းတကော ( စမ်းချောင်းအင်း လို့ အဓိပ္ပါယ်ရသည်။
၃၁ ။ အင်ယား = မွန်ဘာသာ အင်လှာ = အန်းလှာ
ဧရာဝတီတိုင်း အတွင်းမြို့ ရွာ မွန်နာမည်များ
၁။ ပုသိမ် = မွန်ဘာသာ ဘာသီ = ဖယ်ဇိမ်း ( သိမ်ကျောင်း လို့ အဓိပ္ပါယ် ရသည်။
၂ ။ ဒေးဒရဲ = မွန်ဘာသာ ဒုင်္ဒြဲာ = ဒေးဒရိုင်း (ဒရယ်တောင်း လို့ အဓိပ္ပါယ်ရသည်။
၃ ။ ပန်းတနော် = မွန်ဘာသာ ပါင် တဏှ် = ပိုင်တနော့
၎ ။ ဖျာပုံ = မွန်ဘာသာ ဖျာပုင် = ဖျာပုံး ( ထမင်းဈေးလို့ အဓိပ္ပါယ်ရသည် ။
၅ ။ မြောင်မြ = မွန် ဘာသာ မြံင်မလ = မရောင်းမလဲ့ ( မျိုးစပါးဆွဲရာ မြောင်လို့ အဓိပ္ပါယ်ရသည်။
၆ ။ လပွတ္တာ = မွန်ဘာသာ လပတ်တာ = လပွတ်တာ ( ထန်းပင်တူမြောင်း လို့ အဓိပ္ပါယ်ရသည်။
၇ ။ ဟသာင်္တ = မွန်ဘာသာ ဟံသာဒိုအ် = ဟောင်ဆာဒို့( ဟသာင်္နာခို နေရာလို့ အဓိပ္ပါယ်ရသည်။
၈ ။ ကျိုက္ကဘာ = မွန်ဘာသာ ကျာ်ကဗါ = ကျိုက်ကပါ ( ငါးနှစ်ကောင်း ဘုရားလို့ အဓိပ္ပါယ်ရသည်။
၉ ။ ကျိုက်ကမု = မွန်ဘာသာ ကျာ်ကမု = ကျိုက်ကမု ( လမုပင်ဘုရား လို့ အဓိပ္ပါယ်ရသည်။
၁၀ ။ ကျိုက္ကလွန်ပွန် ဓနုဖြူမြို့ = မွန်ဘာသာ ကျာ်ကလော်ပန် = ကျိုက်ကလွတ်ပွန်း ( နတ်ကြီးလေပါး ဘုရားလို့ အဓိပ္ပါယ် ရသည်။
၁၁။ ကျိုက် ဒေးယျုံ = မွန်ဘာသာ ကျာ်ဒုင်္ရိုမ် = ကျိုက်ဒေရုန် ( သနပ်ဖက်ပင် တောင်ကုန်းဘုရားလို့ အဓိပ္ပါယ်ရသည်။
၁၂ ။ ကျိုက်ပိ = မွန်ဘာသာ ကျာ်ပိ = ကျိုက်ပွဲ့  ( ဘုရားသုံးဆူး လို့ အဓိပ္ပါယ်ရသည်။
၁၃ ။ ကျိုက်လတ် = မွန်ဘာ သာ ကျာ်လောတ် = ကျိုက်လွတ် ( ဘုရာပြိုလျှ အဓိပ္ပါယ်ရသည် ။
၁၄ ။ ကျုံက = မွန်ဘာသာ ကြုင်က = ကျုံက ( ငါးရှိသော ချောင်းလျှ့ အဓိပ္ပါယ်ရသည် ။
၁၅ ။ ကျုံ ကျိုက် = မွန်ဘာသာ ကြုင်ကျာ် = ကျုံ ကျိုက် ( ဘုရားစေ တီ ကျောင်းလို့ အဓိပ္ပါယ်ရသည်။
၁၆ ။ ကျုံတာ = မွန်ဘာသာ ကြုင်တာ = ကျုံတာ ( ထန်းပင်ချောင်းလို့ အဓိပ္ပါယ်ရသည်။
၁၇ ။ ကျုံ ပျော် = မွန်ဘာသာ ကြုင်ပြဲ = ကျုံပရော့ ( ထိန်ပင်းချောင်းလို့ အဓိပ္ပါယ်ရသည်။
၁၈ ။ ကြံခင်း =မွန်ဘာသာ ကျာံကင် = ကျာန်ကန်း ( မိကျောင်းကင်းလို့ အဓိပ္ပါယ်ရသည်။
၁၉။ ဇလွန် = မွန်ဘာသာ ဇလောန် = ဇလွန်း ( ဖျာ ယက်သောသင်ဖျုး လို့ အဓိပ္ပါယ်ရသည်။
၂၀ တလုပ်ထော် = မွန်ဘာသာ တလတ်ထဝ် = တလုပ်ထော ( ရွေရောင်း ဇင်ပြွန်းပင် ရွဗာလို့ အဓိပ္ပါယ် ရသည်။
၂၁။ မော်တင် = မွန်ဘာသာ မုဟ်နင်္ဂရာဇ် = မုနင်ဂရပ် ( အစွန်းအဖျားအငူ လို့ အဓိပ္ပါယ်ရသည်။
၂၂။ ရွေမုဋ္ဌော် = မွန်ဘာသာ ကျာ်မုဋ္ဌိ = ကျိုက် မု ဋ္ဌိ ဧရာဝတီတိုင်းမှာ မွန်လူမျိုးနေထိုင် ထားတဲ့နေရာ မွန်နာမည် အများကြီး ရှိသေးတယ် အခု ဧရာဝတီတိုင်း အတွင်းမှာ မွန်လူမျိုး ကတော့ မရှိတော့ဘူး ဘယ်ရောက်ကြ ကုန်လဲ ?မွန်မြို့ ရွာနာမည် တွေဘဲ ကျန်တော့သည်။ ဝမ်းနည်စရာပါ ။
ပဲခူးတိုင်း အတွင်းရှိမြို့ ရွာ မွန်နာမည်များ
၁။ ပဲခူး = မွန် ဘာသာ ဘဂွံ = ဖဲ့ဂို့ ( ချောက်လှန့် လို့ အဓိပ္ပါယ်ရသည်။
၂ ။ ကမာစဲ = မွန်ဘာသာ ကမာဇြဲ = ကမာဆွယ် ( ညောင်ကန်လို့ အဓိပ္ပါယ်ရသည်။
၃ ။ ကဝ = မွန်ဘာသာ ကဝ = ကဝ ( လင်းမီဆွဲရွာ လို့ အဓိပ္ပါယ် ရသည်။
၎ ။ ကျိုက်တော်ဝိ = မွန်ဘာသာ ကျာ်တ ဝ် ဝိ = ကျိုက်တော်ဝိ ( သဖန်းပင်ကုန်း ဘုရားလို့ အဓိပ္ပါယ်ရသည်။
၅ ။ ကျိုက်ပေါ = မွန်ဘာ သာ ကျာ်ပဝ် = ကျိုက်ပေါ ( ဈာန်ပျံကြွ ဘုရားလို့ အဓိပ္ပါယ်ရသည်။
၆ ။ ကျိုက်ပွန် = မွန်ဘာသာ ကျာ်ပန် = ကျုက်ပွန်း ( ဘုရာလေဆူးလို့ အဓိပ္ပါယ်ရသည်။
၇ ။ ဒုံဇရစ် = မွန်ဘာသာ ဍုင်သှေ် = ဒုံဆစ် ( စရစ်ပင်မြို့လို့ အဓိပ္ပါယ်ရသည်။
၈ ။ ဒိုက်ဦး = မွန်ဘာသာ ဍ်ာအဲု = ဒိုက်အွီး ( ရေ ပုပ်လို့ အဓိပ္ပါယ်ရသည် ။
၉ ။ ပိုင်ကမာ = မွန်ဘာသာ ပါင်ကမာ = ပိုင်ကမာ ( ရေကန်အဝ လို့ အဓိပ္ပါယ်ရသည် ။
၁၀ ။ ပေါင်းလောင်း = မွန် ဘာသာ ပါင်လံငိ = ပေါင်လောင်း ( ရွေပွတ်အဝလို့ အဓိပ္ပါယ်ရသည်။
၁၁ ။ ပြွန်တံဆာ = မွန်ဘာသာ ပလီုသစ္စာ = ပလွန်းဆစာ ( သစ္စာဖောက်ဖျက် မြို့အဓိပ္ပါယ်ရသည်။
၁၂ ။ မဒေါက် = မွန်ဘာသာ ကမာဍိုတ် = ကမာဒေါက်( အုတ် ကန်လို့ အဓိပ္ပါယ်ရသည်။
၁၃ ။ ရွေးမော်ဓောဘုရား = မွန်ဘာသာ ကျာ်မံက်တဲ = ကျိုက်မွတ်တောင် ( ငုတ်တုတ်ပေါ် ဘုရားလို့ အဓိပ္ပါယ်ရသည် ။ နောက်ပိုင်း ရွေနာမည်ထည့်ပီ ရွေမော်ဓောလို့ ခေါ်ခဲ့သည် ။
၁၄။ ဝါးတရာ = မွန်ဘာသာ ဝါကရး = ဝယ်ကရ ( မြစ်စပ်လယ်လို့ အဓိပ္ပါယ်ရသည်။
၁၅ ။ ဝေါ = မွန်ဘာသာ ဝအ် = ဝေါ့ ( သက္ကယ်ရွာလို့ အဓိပ္ပါယ်ရသည်။
၁၆ ။ သာယာဝတီ = မွန်ဘာသာ သရဝတီ = ဆရဝတွဲ ( အိုင်ရှိသောအရပ် လို့ အဓိပ္ပါယ်ရသည် ။
၁၇ ။ သနပ်ပင် = မွန်ဘာသာ တက်ပြေင် =တပ်ပြင်း ( ကျွဲရိုက်မြို့ လို့အဓိပ္ပါယ်ရသည်။
ကရင်ပြည်နယ် အတွင်း မြို့ ရွာ မွန်နာမည်များ
၁ ။ ကော့ကရိတ် = မွန်ဘာသာ ကအ်ကြိက် = ကော့ကရိတ် ( မှို့ပင်ကုန်း လို့အဓိပ္ပါယ်ရသည်။
၂ ။ ကျုံဒိုး = မွန်ဘာသာ ကြုင်ဒုင်္ = ကျုံဒို ( တောင်ရှိချောင်းလို့ အဓိပ္ပါယ်ရသည်။
၃။ ထုံးအိုင် = မွန်ဘာသာ ထုင်အင် = ထုံးအန်း ( ရေနက်သောအင်း လို့ အဓိပ္ပါယ်ရသည် ။
၎ ။ ဒေါနတောင် = မွန်ဘာသာ ဒုင်္ဟနာ တ် = ဒေဟနတ် ( ဟင်းချိုရွက် အပင်ပေါက် တောတောင်လို့ အဓိပ္ပါယ်ရသည်။ ၅ ။ ဒေါ်လန် = မွန်ဘာသာ ဒုင်္လာန် = ဒေလန်း ( ညောင်မုတ် ဆိတ်ပင်တောင်ကုန်း လို့ အဓိပ္ပါယ်ရသည် ။
၆ ။ ဖာပွန် = မွန်ဘာသာ ဘာပန် = ဖယ်ပွန် ( ကျောင်းလေကျောင်း လို့ အဓိပ္ပါယ်ရသည်။
၇ ။ ဖားဗျ = မွန်ဘာသာ ဘာဖရး = ဖယ်ဖရ ( ဘုရားကျောင်းလို့ အဓိပ္ပါယ်ရသည် ။
၈ ။ မြဝတီ = မွန်ဘာသာ မြဗတိံ = မရဲ့ဗတွဲ ( သဲဧမြရွာလို့ အဓိပ္ပါယ်ရသည် ။
၉ ။ လှိုင်းဘွဲ= မွန်ဘာသာ လိုင်ဗလဲ = လိုင်ဗလဲ ( ပုလဲရှိသော မြစ်ချောင်းလို့ အဓိပ္ပါယ်ရသည် ။
မွန်ပြည်နယ်အ သွင်းရှိ မြို့ ရွာနာမည်များကို မွန်လူမျိုးတိုင် အားလုံး သိနေကြမှာပါ
၁။ စစ်တောင်း = မွန်ဘာသာ သက်တိုင် = ဆပ် တောင်း ( ပဲခူးနယ်နှင့် သထုံနယ် ကိုစည်းခြားထားလို့ အဓိပ္ပါယ်ရသည်။
၂ ။ မုပ္ပလင် = မွန်ဘာသာ မုခ်ပြေင် = မုတ်ပ ရင်း ( ပဲခူးမယ်တော် နံကရိုင်းကျွဲမ သွားထားသော လမ်ကြောင်းလို့ အဓိပ္ပါယ်ရသည်။
၃ ။ ကျိုက်ထီးရိုး = မွန်ဘာသာ ကျာ်ဣ သိယုင်္ = ကျိုက်ဣဆွဲယို ( ရသေ့ရွတ်ဘုရား လို့ အဓိပ္ပါယ်ရသည် ။
၎ ။ ကျိုက်ထို = မွန်ဘာသာ ကျာ်ထောဝ် =ကျိုက်ထို ( ပျားဘုရားလို့ အဓိပ္ပါယ်ရသည်။
၅ ။ ဘီးလင်း = မွန်ဘာသာ ဓီ ကလေင် = ဘီးကလင်း ( မြစ်ပြန်ပင် လယ်ပြန်လို့ အဓိပ္ပါယ်ရသည် ။
၆ ။ နှင်းပုလဲ = မွန်ဘာသာ နှေဟ်ဗလ = နှင့်ဗလဲ့ ( မြရာပင်ဆိပ်ကမ်း လို့ အဓိပ္ပါယ် ရသည်။
၇ ။ သထုံ = မွန်ဘာသာ ဂဓီု = ကထုံ ( နတ်နန်းဂူက ညောင်ပင်ကြီး အုပ်ဆိုင်းလို့ အဓိပ္ပါယ်ရသည် ။
၈ ။ ကျိုက်ကော် = မွန်ဘာသာ ကျာ်ကော = ကျိုက် ကောင်း ( ပန်းဘုရားလို့ အဓိပ္ပါယ်ရသည်။
၉ ။ ပေါင် = မွန်ဘာသာ ပံင် = ပေါင်း ( သထုံမင်း နှင် နဂါးဥ ဖွင်းရွေနန်ကျင် တို့ ပေါင်းထာတဲ့နေရာ လို့ အဓိပ္ပါယ်ရသည်။
၁၀ ။ မုတ္တမ = မွန်ဘာသာ မုဟ်တ မအ် = မုတမော့ ( ကျောက်တောင်စွန်း လို့ အဓိပ္ပါယ်ရသည် ။
၁၁ ။ မော်လမြို င် = မွန်ဘာသာ မတ်မလီု = မွတ်မလိန် ( မွန်ဘုရင် မှဲ့ ရှင် မျက်စိပျက်သွား တဲ့နေရာ လို့ အဓိပ္ပါယ် ရသည်။
၁၂။ မုပွန်း = မွန်ဘာသာ မုဟ်ပန် = မုပွန်း ( မုခ်ဝ လေဘက်လို့ အဓိ ပ္ပါယ်ရသည် ။
၁၃ ။ ကျိုက်မရော = မွန်ဘာသာ ကျာ်မြဟ် = ကျိုက်မရော့ ( ကျော်စောသောဘု ရားလို့ အဓိပ္ပါယ်ရသည်။ ၁၄ ။ ကျိုက်ပေါလော = မွန်ဘာသာ ကျိာပှ်လှ် = ကျိုက်ပေါလော့ ( စွန်းထွတ် သွားသော ဘုရားလို့ အဓိပ္ပါယ်ရသည်။
၁၅။ မုဒုံ = မွန်ဘာသာ မုဟ်ဍုင် = မုဒုံ ( မြို့အစွန်းလို့ အဓိပ္ပါယ်ရသည်။
၁၆ ။ ကြာအင်း = မွန်ဘာသာ လှာဒကှ် ( ကြာအင်း လို့ အဓိပ္ပါယ်ရသည်။
၁၇ ။ သံဖြူဇရပ် = မွန်ဘာသာ ဇြပ်ဗု ( ဇရပ်ဖြူ ကနေ သံဖြူဇရပ် ပျောင်းလာတယ် ရွေဖြူရတနာလို့ မပြောင်းသင့်ပါ။
၈ ။ ကျိုက်ခမီ = မွန်ဘာသာ ကျာ်ခမီ = ကျိုက်ခမွဲ ( ရဟန်းဘုရားလို့ အဓိပ္ပါယ်ရ သည် ။
၁၉ ။ ရွေစာရံ = မွန်ဘာသာ ကျာ်စိရံ ( ကြာမြင့်စွာ တည်စေသတည်း ဘုရားလို့ အဓိပ္ပါယ်ရသည်ေ ။ ၂၀ ။ ဝါခရူ = မွန်ဘာသာ ဝါခရူ = ဝယ်ခရောင်း ( ခရာပင် လယ်ကွင်းလို့ အဓိပ္ပါယ်ရသည်။
၂၁ ။ ရေးမြို့= မွန်ဘာသာ ဍုင်ရေဝ် ကျန်ရှိသော်ရွာ နာမည်များကို မွန်ဘာသာဖြစ် ခေါ်ဆိုထားပါတယ်
တနသာင်္ရီတိုင်း အတွင်းရှိမြို့ မွန်အခေါ်ဝေါများ
၁။ ထားဝယ် = မွန်ဘာသာ ထဝဲါ = ထဝိုင်း ( မြတ်စွာ ဘုရား တင်ပလ္လင်ခွေ ထိုင်ခဲ့လို့ အဓိပ္ပါယ်ရသည်။
၂ ။ တနသာင်္ရီ = မွန်ဘာသာ တနင်သီ = တနန်းဆွဲ ( ရတနာ ရှိသောမြေလို့ အဓိပ္ပါယ်ရသည်။
၃။ ဘိက် = မွန်ဘာသာ ဘိက် = ဘိက် ( ဖိတ်ကြားခြင်းလို့ အဓိပ္ပါယ်ရသည်။
၎ ။ ကော့သောင်း = မွန်ဘာသာ ကော့သံင် = ကော့ ဆောင်း ( သောင်ထွန်းသော ကျွန်းလို့ အဓိပ္ပါယ်ရ သည် ။
အထက်မြန်မာပြည် သရက်မြို့က နေ အောက်မြန်မာပြည် ကော့သောင်းအထိ မွန်တို့ ပိုင်ထားတဲ့မြေ ရာမညတိုင်း လို့ ခေါ်သည်။
သရက်မြို့= မွန်ဘာသာ ဍုင်သရက် ဟံသာဝတီ နှင့်အင်ဝ ခေတ် စည်းခြစ်ထားသော မွန်ဘာသာ သရက် လို့ ခေါ် သည် တိုက်ရိုက် ခေါ်ဆို ထားသည်။
ပျဉ်မနား = မွန်ဘာသာ ပြင်းမနာန် = ပျင်းမနား ( အင်ဝ နှင့် ဟံသာဝတီ စစ်ပွဲ တွင် စစ်ပြင်ဆင်သော နေရာလို့ အဓိပ္ပါယ်ရသည်။
ကိုးကား
မာမက သုတေသီ