တနင်္သာရီ

တနင်္သာရီ

တနင်္သာရီမြို့နယ်၊ ကတော့ကမ်းရွာတွင် လမ်း ဖောက်ရာမှ ရှေးမြန်မာဘုရင်များ ကိုင်ဆောင်သည့် ရွှေသန်လျက်ဟု ယူဆရသော အရာတစ်ခု တွေ့ရှိ လမ်းဖောက်ရာမှ တူးဖော်ရရှိသော ရွှေသန်လျက် ဟု ယူဆရသော ပစ္စည်း အား တွေ့ရစဉ် မြိတ် ခရိုင် တနင်္သာရီမြို့ နယ် ကတော့ကမ်းရွာတွင် လမ်း ဖောက် ရာမှ ရှေးမြန်မာ ဘုရင်များ ကိုင်ဆောင် သည့် ရွှေသန်လျက်ဟု ယူဆရသော အရာ တစ်ခု တွေ့ ရှိခဲ့ပြီး တနင်္သာရီမြို့ နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ထိန်းသိမ်း ထားကြောင်း သိရသည်။
ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက ကတော့ကမ်းရွာမှ အောက်ကမ်းသို့ မြေသားလမ်း ဖောက်လုပ်နေစဉ် တောင်စောင်းမှ မြေအောက်တစ်ပေခွဲ အနက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကတော့ကမ်းမှာ လမ်းဖောက်နေတုန်း လူငယ် တစ်ဦးက ပေါက်တူးနှင့် တူးလိုက်တဲ့ အချိန်မှာ သန်လျက်လို့ ယူဆရတဲ့ အရာကို ထိမိပြီး တွေ့ရှိ ခဲ့တာပါ။ ပေါက်တူးနှင့် ထိမိခဲ့တာကြောင့် အဖျား ပိုင်းမှာ ငါးလက်မလောက် ပဲ့ထွက်သွားပါတယ်။ ရှေးခေတ် တနင်္သာရီနယ်က မြန်မာဘုရင်တွေ ကိုင်ဆောင်တဲ့ ခရင်းပုံစံ သန်လျက်ဖြစ်ဖို့ များပါ တယ်။ အဖျားကနေ အရင်းအထိ တစ်တောင် လောက် ရှည်ပါတယ်။ အရင်းပိုင်းက ရွှေထည်ဖြစ် ပါတယ်။ ရတနာတွေ ပတ်လည်မှာ စီခြယ်ထား တာ ပါတယ်။ ဒါကို ကျွန်တော်တို့ သေချာစွာ မှတ်တမ်းတင်ထား ပါတယ်။ ယဉ်ကျေးမှု ၀န်ကြီး ဌာနကိုလည်း ဆက်သွယ်ထားပြီး အခုလောလော ဆယ် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ သိမ်းဆည်းထား ပါတယ်" ဟု တနင်္သာရီမြို့နယ် စာရေးဆရာ အသင်း ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက ဒီဇင်ဘာ ၁၁ ရက်က ပြောကြားသည်။

ကတော့ကမ်းမှာ တနင်္သာရီမြစ်ကို ရေလမ်းဖြင့်သာ သွားရပြီး မော်တုန်းကျေးရွာ အုပ်စုအတွင်း ပါဝင် ကာ သမိုင်းမှတ်တမ်းများအရ ကောဇာသက္ကရာဇ် ၅၁၃ ခုနှစ်က ဗြစဣပိတ် မင်းကြီးမှာ ထောင့်ကွာ မြို့မှ ပြောင်းရွှေ့လာပြီးနောက် ကတော့ကမ်းသို့ အရောက်တွင် မိမိ၏မယ်တော်နှင့် ဘေးလောင်း တော်များကို မှန်းဆရည်မှန်းကာ ကန်တော့ခဲ့သော နေရာဖြစ်ကြောင်း သိရသည်။

အဆိုပါ သန်လျက်ဟု ယူဆရသော လက်နက်မှာ လည်း အရင်းပိုင်းတွင် အရိုးတပ်နိုင်သော သံလက် ကိုင် ပါရှိကာ ရာဇ၀င် မှတ်တမ်းများတွင် ပါရှိသော ဗြစဣပိတ်မင်းကြီးမှ နဂါးမင်းကြီးကို ထိုးသတ်ခဲ့ သော ခရင်းပုံစံ လက်နက်မျိုးလည်း ဖြစ်နိုင်ကြောင်း သိရသည်။


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်