တနင်္သာရီ

တနင်္သာရီကရတဲ့ ဒင်္ဂါးပုံတွ ကိုကြည့်ပြီး တစ်ယောက်က မေးတယ် ထားဝယ်ဒင်္ဂါးတွေနဲ့ တူနေသလားလို့တဲ့

သူမေးတာကတော့ ဒင်္ဂါးကို မေးတာလောက်ပါပဲ ကျွန်တော် အတွေးထဲဝင်လာတာက ဒါဟာ တနင်္သာရီ နဲ့ ထားဝယ် မြိတ်ဟာ မတူ ကွဲနေတယ်လို့ အထင်ရောက်နေ တာလားလို့ အတွေးဝင်လာပါတယ်။

တိုင်းရင်းသားပေါင်းစုံက ကျမ်းအဖုံဖုံမှာ လူမျိုး တစ်ရာ့ တစ်ပါး စာရင်းတွေမှာ တနင်္သာရီဆိုပြီး ပါတာ ရှိတယ် သတိထားမိကြပါလိမ့်မယ် သိကြပါလိမ့်မယ် မြိတ် ဆိုတာ တော့ မပါပါဘူး။

လူမျိုးတစ်ရာ့တစ်ပါး ထဲပါနေတယ် ဒီတော့ တနင်္သာရီ ဆိုတာလူမျိုး အမည်လားဆိုရင် မဟုတ်ဘူးလို့ ဆိုရမှာပါ အကြောင်းကတော့ ဒီစာရင်းမှာသာပါနေတယ် ကျန်တဲ့ ပြည်တွင်းပြည်ပ မှတ်တမ်းတွေမှာ ဖော်ပြတာက တနင်္သာရီ ကို ဆိပ်ကမ်းမြို့အဖြစ် ဖော်ပြထားတာသာ တွေ့ရပါတယ် ပြောရရင် နေရာဒေသကို ပြောတာသာ ဖြစ်တယ်

လူမျိုးတစ်ရာ့တစ်ပါး စာရင်းတွေဟာ ကျမ်းတစ်ခုနဲ့ တစ်ခု တူနေတာမျိုး မဟုတ်ပါဘူး အဓိကကျတဲ့ လူမျိုးစုလောက် သာ တူတယ်ဆိုရမှာပါ မူကွဲတွေ အများကြီး ဖြစ်နေပါတယ် အကိုးအကားပြုလို့ ရတဲ့ သမိုင်းပညာစံက လက်မခံ ပယ်ချ တဲ့ ဟာမျိုးပါ။

ဒီစာရင်းထဲ ထူးထူးခြားခြား တနင်္သာရီကို ထည့်သွင်း ဖော်ပြထားတာကတော့ ကနဦး ဖော်ပြသူ ကျမ်းပြုဆရာ အမှုမဲ့ အမှတ်မဲ့ ချွတ်ချော်သွားဟန်သာ ဖြစ်ပါလိမ့်မယ် နောက်ထပ် တီထွင်ပြုစုသူတွေကလည်း လင်္ကာစီတာသာ မတူတာ ဆင်တူရိုးမှားကလေးတွေ သံယောင်လိုက် ရေးသားထားတာ တွေချည်းပါပဲ။

တကယ်တမ်းသာ လူမျိုးတစ်မျိုးရဲ့ အမည်ဆိုပါလျှင် အခြား နေရာတွေ တစ်ခုခုမှာ ဖော်ပြမှတ်တမ်းတင်ထားတာ ရှိရ မှာပါ ရာဇဝင်မှတ်တမ်းတွေ ရှိရမှာပါ သက်ကြီးစကား သက်ငယ်ကြားတဲ့ ပါးစပ်ရာဇဝင်တွေ ရှိရမှာပါ တစ်ခုမှ မရှိတာကိုက ဒါဟာ မှားယွင်းနေပါတယ်ဆိုတာ သက်သေ ပြချက်ဖြစ်နေတာပါ။

ထိုအတူပဲ မြိတ်လူမျိုး ဆိုတာလည်း မရှိခဲ့ပါဘူး။ နဝတ ခေတ်ပေါ် ၁၃၅ မျိုး သတ်မှတ်ရာမှာ ထည့်သွင်း ထားတာ ပါနေပါတယ်။ ဒီဟာကလည်း တိုင်းရင်းသားစာရင်း ပြန် လည် စီစစ်ရင်ပြုတ်မှာပါပဲ။ အခု မြန်မာနိုင်ငံ တိုင်းရင်းသား စာရင်းက မတရားဖောင်းပွပြီး ဘာတွေမှန်းကို မသိပါ။ တကယ်တမ်း ၁၃၅ မျိုး မပြည့်ပါ။ အမြင်မှား အမှတ်မှားမှာ စိုးလို့ ရေးလိုက်တာပါ။


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်