Skip to content

ရခိုင်စာအုပ်များ ၁


၁။ ရခိုင်ဘာသာ စကားလမ်းညွန်
၂။ ကိုလိုနီခေတ် ရခိုင်ပြည်
၃။ Burma and Burmasar
၎။ stone_scripture
၅။ ဒေးဝန်းကြီးအောင်ကျော်ရီ
၆။ ဗိုလ်ရာဇာအကြောင်း.pdf
၇။ False rohingya history
၈။ ဆရာကြီးဦးဦးသာထွန်း နှင့် ညာဏီသာရ အမေးအဖြေ
၉။ မွတ်ဆလင် ကုလားများ၏ အကြမ်းဘက်လုပ်ရပ်များ
၁၀။ ကျွန်ပြုခံ ရခိုင်နိုင်ငံ
၁၁။ ရွှေသဘာဝ ဓါတ်ငွေ့ ရခိုင်ပြည်နယ်တစ်ခုလုံး လျှပ်စစ် ဓါတ်အားရရှိရေး အဖွဲ့
၁၂။ ရခိုင်မင်းသား
၁၃။ ရခိုင်ရှေးဟောင်းမြို့တော်များ-ထွန်းရွှေခိုင်
၁၄။ ဝေသာလီခေတ်အမျိုးသမီးပန်းပုရုပ်ထုလုပ်ခြင်းဆိုင်ရာစာတမ်း-ငြိမ်းသူဇင်
၁၅။ သူ့ကျွန်မခံဇာတိမာန်ဖြင့်-မနုသဦးဘစိန်
၁၆။ မြောက်ဦးခေတ်နှောင်းရခိုင်သမိုင်း-ကျော်ဝင်းဦး
၁၇။ ရခိုင်ဒေသမှဗုဒ္ဒဆင်းတုတော်များကိုသမိုင်းရှုထောင့်မှလေ့လာချက်-ကျော်ဇံသာ
၁၈။ ရခိုင်ဒေသသို့မူဆလင်များဝင်ရောက်လာခြင်းနှင့်နိုင်ငံရေးလှုပ်ရှားမှုအဆင့်ဆင့်-မြင့်သိန်း
၁၉။ နတ်သမီးသိုက်ရခိုင်ရာဇ၀င်
၂၀။ မြန်မာနိုင်ငံသို့ဂျပန်တို့ဝင်လာခြင်းနှင့်ရခိုင်ဒေသဖက်ဆစ်တော်လှန်ရေး-ခင်မြတ်သွယ် 
၂၁။ ဓည၀တီရာဇ၀င်သစ်-ပဲခူး-မင်းကျောင်းဆရာတော် 
၂၂။ ရခိုင်မင်းသမီးဧချင်း-ဘဒူမင်းညို 
၂၃။ တော်လှန်ရေးခရီးဝယ်အမှတ်(၂)-ဘုံပေါက်သာကျော်
၂၄။ မြောက်ဦးမြို့တော်-ထွန်းရွှေခိုင်
၂၅။ ဘူးသီးတောင်မြို့ဖြစ်စဉ်သမိုင်း
၂၆။ ရခိုင်ရာဇ၀င်တော်ကြီး-ဦးထွန်းရွှေ
၂၇။ သျှစ်သောင်းပုထိုးတော်ကြီးအတွင်းရှိရုပ်လုံးရုပ်ကြွများကိုလေ့လာချက်
၂၈။ သူ့ကျွန်မခံ ဗိုလ်ချင်းပျံ၏တော်လှန်ရေးခရီး
၂၉။ ရခိုင်စာဆိုတောများ-ထွန်းရွှေခိုင်
၃၀။ ရခိုင်စာအရွီးအသားနှင့် ပြသနာများ-မောင်ဗသိန်း
၃၁။ ဥပမာစုံရခိုင်စကားပုံ-အရှင်စက္ကိန္ဒ-အရှင်ဝါသဝ
၃၂။ ရိုးမခေါ်သံ-မောင်ဖော်စံ
၃၃။ ရခိုင်ကဗျာနန့် ရခိုင့်အတွေးအခေါ်-စံကျော်ထွန်း
၃၄။ ရခိုင်မဟာမုနိ၏ မဟာကျန်မုနိငါးဆူ-သူမြတ်မဟာအောင်မြေ
၃၅။ ဇာလုပ်ကတ်ဖို့လေး-စံကျော်ထွန်း
၃၆။ ရခိုင်အာဇာနည် ရှင်မြ၀ါအထ္ထုပ္ပတ္တိ
၃၇။ ရခိုင်ပုံသေ၀တ္တုများ-အရှင်စက္ကိန္ဒ
၃၈။ စိတ်ကူးခြောက်ပိသာနဲ့ မြောက်ဦးက ဘီလူး(ရခိုင်စာပီခြီလှမ်းသစ်)
၃၉။ ရွက်နုပြန်ချိန်(ရခိုင်ကဗျာစုစည်းမှု)
၄၀။ ဂန္တ၀င်ရခိုင်ဝေါဟာရ(၂၁၀၀)-ထွန်းအောင်ကျော်
၄၁။ ရခိုင်လျှောက်ထုံးများ-နန္ဒာထွန်း
၄၂။ ကင်းဘာရင်းခေါ်ဗိုလ်ချင်းပြန်
၄၃။ မင်းပြားတခွင်ကျိန်းတော်ရှင်-အရှင်စက္ကိန္ဒ-အရှင်ဝါသဝ
၄၄။ ရက္ခမဏ္ဍိုင်-ဦးဘစံ
၄၅။ ရခိုင်ဗျာလ်-တက်ထွန်းနီ(မြောက်ဦး)
၄၆။ ရခိုင်သာခြင်းများ-တန်ခိုးဆရာထွန်း
၄၇။ မြောက်ဦးမြို့နယ် ဖြစ်စဉ်သမိုင်း
၄၈။ ကျောက်ဖြူမြို့နယ် ဖြစ်စဉ်သမိုင်း
၄၉။ ကိုယ်တွေ့မေယုမြေ-ဦးစံထွန်းအောင်
၅၀။ ပီပြင်သောရခိုင်ဘုရင်များ၏ရာဇ၀င်
၅၁။ ရခိုင်နိဒါန်း-မောင်ပြူး(သံတွဲ)
၅၂။ တော်လှန်ရေးခရီးဝယ်(၁)-ဘုံပေါက်သာကျော်
၅၃။ မင်းရာဇာကြီးစာတမ်း
၅၄။ မင်းပြားမြို့နယ်ဖြစ်စဉ်သမိုင်း
၅၅။ မျိုးရိုးအဆက်ဆက်ကိုးကွယ်လာခသောမဟာမုနိ- ခိုင်နိုင်လင်း
၅၆။ ရခိုင်စာလုံးပေါင်းတည်ငြိမ်ရေး
၅၇။ ဒေးဝန်းအောင်ကျာ်ရွီ၏ကိုယ်တွိ ရခိုင်ပြည်သိမ်းတိုက်ပွဲမှတ်တမ်း
၅၈။ ရခိုင်မြန်မာ မင်းနှစ်ပါးတို့၏ရာဇသံ
၅၉။ ရိုဟင်ဂျာကို ဘယ်သူမွေးစားခဲ့သလဲ
၆၀။ မဟာတော်ဝင်ဘုရင့်မျိုးနွယ်တော်များ
၆၁။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ အမည်ခံ မွတ်စလင် များနေရပ် မှ တိုးတက်ပြောင်းလဲမှုများ
၆၂။ ရခိုင်ကျင်
၆၃။ ရခိုင် သင်္ကြန်ကျင်းပပုံ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများနှင့် သမိုင်းနောက်ခံများ
၆၄။ ရခိုင်ဘုရင်တိ အုပ်ချုပ်ကာလ အ၀ီးရောက် ရခိုင်လူမျိုးတိ ဖြစ်စိုင်များ
၆၅။ အေဒီ ခြောက်ရာစု နှင့် ယင်းမတိုင်မီ ရခိုင်ပြည်သုံးအက္ခရာ-ဦးစံသာအောင်
၆၆။ ရခိုင်အက္ခရာဆင်းသက်ရာ-အရှင်စက္ကိန္ဒ
၆၇။ ရခိုင်အက္ခရာအကြောင်းဟောပြောချက်-အရှင်စက္ကိန္ဒ
၆၈။ မတူညီရေအယူအဆကြားကရခိုင်စာပီ၏ကြံကမ္မာ
၆၉။ ရခိုင်စကားကို ဘာသာစကားသုတေသီတို့ ယူဆချက်
၇၀။ ပြောလို့မကုန်ရခိုင်စကားပုံ
၇၁။ မြန်မာမှုပြုမရသော ရခိုင်ကာရံများ
၇၂။ အက္ခရာနှင့်စာ
၇၃။ ဘင်္ဂလားအ၀ကျွန်းသမိုင်း
၇၄။ ရခိုင်နိုင်ငံတော်ကျဆုံးရခြင်း
၇၅။ ရခိုင့်ရိုးရာ စည်တော်စတင်ပေါ်ပေါက်လာရခြင်းအကြောင်း
၇၆။ ရခိုင်ပြည်၌ကိုးကွယ်ရာဘာသာရပ်များ
၇၇။ ဟင်္သာစီမံချက်
၇၈။ ဦးဥတ္တမ နှင်း ဒိုင်အာခီအုပ်ချုပ်ရေး
၇၉။ ရခိုင်မင်းသား
၈၀။ ရခိုင်သမိုင်းအလင်းပြကျမ်း-ဦးရွှေဇံ
၈၁။ အမင်-မောင်ခိုင်အောင်
၈၂။ ဒေးဝန်းကြီးမှတ်တမ်း
၈၃။ ဂုဏ်ယူပါသည် ဓည၀တီ
၈၄။ ခြေတော်ရာဘုရားကြီးသမိုင်း 
၈၅။ ရွင့်ဂျာကုလားအန္တရာယ်
၈၆။ ရခိုင်ပြည်နယ်အတွင်းသို့ နိုင်ငံခြားသားဘင်္ဂလီများ ခိုးဝင်လွှမ်းမိုးမူ 
၈၇။ ဒေါက်တာအေးကျော်-အတ္ထုပတ္တိ 
၈၈။ ဗိုလ်ချင်းပျံအတ္ထုပတ္တိ(စာအုပ်)
၈၉။ ရှင်မြ၀ါ-အတ္ထုပတ္တိ
၉၀။ ဂန္တ၀င်ရခိုင်ဝေါဟာရ(၂၁၀၀)-ဦးထွန်းအောင်ကျော်
၉၁။ ရခိုင်အက္ခရာစာပေခရီးလမ်းကြောင်း-အရှင်စက္ကိန္ဒ

အေးချမ်းလိုရင်

ကိုယ်က ရွေးရင်း ရွေးရင်းနဲ့
ကိုယ်က အရွေးချယ်ခံ အဖြစ်
ရောက်မှန်းမသိ ရောက်သွားတဲ့ အခါမှာ…

ပြဿနာတွေ တန်းစီပြီး လာတော့မယ်ဆိုတာ
သတိမူပြီး နေလိုက်ပါ။

တကယ်တမ်းက
ရွေးနေရတာကလည်း မကောင်းသလို
အရွေးချယ်ခံရတာလည်း မကောင်းပါဘူး။

တတ်နိုင်မယ် ဆိုရင်တော့
ရွေးနေသူလဲ မဖြစ်ပါစေနဲ့
အရွေးချယ်ခံလည်း မဖြစ်ပါစေနဲ့။

ဒါဆို သင် ငြိမ်းအေးဖို့ လမ်းစကို
ရှာဖွေ တွေ့ရှိပါလိမ့်မယ်။

တန်လိုင်းတွေ ဘယ်ရောက်ကုန်တာလဲ

တန်လိုင်း

ကောဇာသက္ကရာဇ် ၄၆၉ခုစွဲ ပရမ္မိထီးလှိုင်သျှင်ကျောက်စာ
ကျောက်တိုင်အမှတ် နံပါတ် (၅)က စာကြောင်းရေ ၅,၆မှာ
"ဥသာလမည် တန်လိုင်ပြည်ကို နည်နည်ညက်ညက် ခြေဖျက်ပြီး၍" လို့ ရေးထားတယ်။ အလှူရှင်က ကျန်စစ်သားမင်းကြီး ဖြစ်ပါတယ်။

စစ်ကဲတော်မင်းဦးရွှေနော် ရေးတဲ့ စေတီတော်သမိုင်းပေါင်း ချုပ် စာမျက်နှာ ၈၁ မှာ "တလိုင်းတို့နယ်ပယ်ဟု" ဆိုပြီး ရေးတယ်။

ကိုလိုနီခေတ် ရုံးစာရေးသားကြရာတွင် "တလိုင်းဘာသာ စာသင်ကျောင်းများ" ဆိုပြီး သုံးကြပါတယ်။

ဆိုရလျှင် တန်လိုင်းဆိုတာ ပုဂံခေတ်ကနေ ကိုလိုနီခေတ် အထိ ထယ်ထယ်ဝါဝါ ရှိခဲ့တဲ့ လူမျိုးလို့ ဆိုနိုင်ပါတယ်။

ဒီလူတွေ ကိုလိုနီခေတ်နှောင်းရောက်ချိန်မှာ ဘယ်ရောက် ကုန်ကြတာလဲ။ ဘယ်ပျောက်သွားတာလဲဆိုတာ စိတ်ဝင် စားစရာ ကောင်းလှပါတယ်။

အစကတော့ဖြင့် တန်လိုင်းဆိုတာ မွန်လူမျိုးတို့ကို ခေါ်တာ ဆိုပြီး မှတ်ထင်ခဲ့မိပါတယ်။ မွန်သမိုင်းဆရာပညာရှင်များ မွန်လူမျိုးများက တရားဝင်ခွင့်ပြုချက်ရ စာအုပ်စာပေများ ဖြင့် တလိုင်းသည် မွန်လူမျိုးမဟုတ်ပါကြောင်း တလိုင်း ဆိုသည်မှာ တေလဂူများကို ခေါ်ဆိုကြောင်း ငြင်းချက်ထုတ် ထားသော စာအုပ်အတော်များများကို ဖတ်မှတ်ရသော အခါ ဒီတလိုင်းဆိုတဲ့ လူမျိုးတွေ ဘယ်ရောက်ကုန်တာလဲ
ဆိုတဲ့ မေးခွန်းက ထွက်ပေါ်လာပါတယ်။

ရာဇဝင်နှင့် ပြည်တွင်းပြည်ပ သမိုင်းမှတ်တမ်းတို့တွင် ခန့်ခန့်ထယ်ထယ် အရေးတယူမှတ်တမ်းတင်ရလောက် အောင် ကြီးကျယ်ခဲ့သော တန်လိုင်းလူမျိုးတို့ ကိုလိုနီခေတ် နှောင်းရောက်ကာမှ ရုတ်ချည်း ပျောက်ကွယ်သွားရသည် ကိုလည်း များစွာအံ့သြမိရပါတယ်။ ဒီလူတွေ ဘယ်ရောက် ကုန်တာလဲ။


အိုးဋီကာ

……………………" အိုးဋီကာ "………………………

မိန်းမ ဆိုတဲ့အမျိုးက
မြေအိုးလိုပဲ…ငါ့သား
အဖေတို့လို
"ရေ"…ဆိုတဲ့ ယောင်္ကျားသာ မရှိရင်
မှောက်ထားရုံသက်သက်
အိုးအပြင်နှုတ်ခမ်းမှာ
ပိုးမျှင်တန်းပြီး ရှက်နေရုံပဲလေ ။

သူတို့ကို လက်ထပ်ရတာက
ဆက်စပ်သမျှ အကြောင်းအကျိုး
အကောင်းအဆိုး ဒွန်တွဲ
ရိုးရိုးလေး တွေးမယ်ဆို
အိုးရွေးဝယ်ရသလိုပဲပေါ့ကွယ် ။

အနယ်မနာ မီးမကျက်
ကွဲအက်လွယ်တဲ့အမျိုးကို
စပ်စလူးအိုးလို့ ခေါ်သကွဲ့
ဘယ်တော့မှ မဝယ်နဲ့နော် ။

မီးပေးနာထားလို့
ဧည့်သည်လာတိုင်း အရှက်ခွဲ
မျက်နှာမည်းတဲ့အိုးမျိုး
လျှော့ဈေးနဲ့ရောင်းတောင်
မျက်စောင်းမထိုးမိစေနဲ့ကွဲ့ ။

ရေဘယ်လောက် ဖျန်း ဖျန်း
မကျေမချမ်းနဲ့
အမြဲတမ်း ဆူဆူပူပူ
နှုတ်ခမ်းထူတဲ့အိုး များ
ဘယ်သူက အလကားပေး ပေး
ယူဖို့မတွေးလေနဲ့…သားရေ ။

အဖိုးနည်း ရင်
အိုးကွဲပဲ ရမတဲ့
အိုးရွေးမှန်မှလည်း
အကျိုးပေးသန်မှာပဲ မဟုတ်လား ။

အိုးကြီး အိုးသေး
တစ်မျိုးပြီး တစ်မျိုးရွေး
ကြေးတိုးပေးဖို့
အိုးဈေးတန်းကတော့
သွေးတိုးစမ်းနေဦးမှာပဲ…သားရေ ။

အက်ကြောင်းတလျှောက်
မိတ်ကပ်နဲ့ဖျောက်ထားတဲ့
ပေါက်ပြီးသား အိုးတွေ……။

မလှိမ့်တစ်ပတ်နဲ့
စိမ့်တတ်တဲ့ အိုးတွေ……။

လည်သိမ် အောက်ကား
ဆောင့်ကြွားကြွား အိုးတွေ……။

ကနုတ်များများရေး
အရုပ်အသားပေး အိုးတွေ……။

ကန့်သတ်ချက် မရှိဘူး
နှံ့စပ်အောင် လျှောက်ကြည့်
ပတ်ပတ်လည် မြှောက်ကြည့်
လက်နဲ့ ခေါက်ကြည့်
"ဒေါက်"…လို့ အသံထွက်ရင်
ပေါက်ထွက်မယ့်အိုး လို့မှတ်
"ဒပ်"…လို့ ထွက်တဲ့အသံ
လက်မခံပါလေနဲ့
အက်သံပါနေသတဲ့ကွယ်
နားထဲမှာ ကြည်လင်
"ဒေါင်"…လို့ မြည်ရင်တော့
ပီပြင်တဲ့အိုး ရပဟေ့
အဖိုးအခ ဈေးများလည်း
အပြေးအလွှားဝယ်
တလေးတစားသာ သယ်ခဲ့တော့
အဲဒါ………
တို့ဘိုးဘေးတွေ လက်ထက်ကတည်းက
အိုးရွေးတဲ့အချက်ပဲ…ငါ့သား ။

ဈေးဝယ်ဆိုမှတော့
ဈေးလယ်ထိတော့ ရောက်အောင်သွား
တန်းထားတဲ့အိုးတွေ ရှိတယ်
လမ်းသလားတဲ့အိုးတွေ ရှိတယ်
အနေသန့်တဲ့ အိုးအကောင်းတွေရှိတယ်
မြေညံ့တဲ့ အိုးအဟောင်းတွေရှိတယ်
အဖိုးသားနား အနည်းအများ
အမျိုးအစားလည်း ကွဲပြားတယ်
အိုးမမှားဖို့……ကြိုးစားဖို့က
အမျိုးသားတိုင်း သဘောပေါက်
ဟောတစ်ယောက်…ဟောတစ်ယောက်နဲ့
အချိုးပြေ မပြေသိရအောင်
အိုးတွေသာ လိုက်ခေါက်ကြည့်ပေတော့…သားရေ ။ ။


မြန်မာဇာတ်သဘင်ကို ဝေဖန်ချက်စာအုပ် - ဒေါက်တာသန်းထွန်း



မြန်မာပြဇာတ်တို့ကို လေ့လာသုံးသပ်၍ မောင်ထင်အောင် အင်္ဂ္လိပ်ဘာသာဖြင့် ရေးသည့် မြန်မာဇာတ်သဘင် စာအုပ်အား ဂျေအေစတီဝပ် ဝေဖန်ချက် (လန်ဒန်တက္ကသိုလ် အရှေ့တိုင်းပညာ သိသင်စာစောင်၊ အတွဲ ၉၊ ၁၉၃၇၊ ၁၉၃၇-၁၉၃၉၊ ၇၉၂- ၇၉၃)ကို သန်းထွန်း မြန်မာပြန်သည်။

မောင်ထင်အောင်၊ မြန်မာဇာတ်သဘင် စာမျက်နှာ ကဲ+၂၅၈၊ လန်ဒန် ဟမ်ဖရီမေလ်ဖို့ဒ် အောက်စဖို့ဒ်တက္ကသိုလ်ပုံနှိပ် ၁၉၃၇၊ တန်ဖိုး ၁၁ သျှီလင် ၆ ပဲနိ။



ဒပ်ဗလင်တက္ကသိုလ်က၊ ကျမ်းပြုသူကို ပါရဂူ(Ph.D)ဘွဲ့ပေးသည့်(ဘွဲ့ယူ)ကျမ်း ဖြစ်ပါသည်။ ထိုကျမ်းတွင် "​ဥရောပနှင့် အင်္ဂ္လိပ်ပြဇာတ်တို့ကို၊ မြန်မာပြဇာတ်တို့နှင့်နှိုင်းယှဉ်ချက်" ပြုထားပါသည်။ ယခုအတိုင်း ထိုကျမ်းကို မပြုမပြင်ပါက အမှန်ကို ပြောရလျှင် အထောက်အထားများစွာ မခိုင်လုံသော်လည်း ကျမ်းပြုသူက ခိုင်မာသည့် အနေဖြင့် မြန်မာ၌တွေ့ရ သည့်ပြဇာတ်များသည် ခေတ်ဦးအင်္ဂ္လိပ်ပြဇာတ်ပုံစံတို့နှင့် ရောထွေးယှက်တင် တူညီလေဟန် ရေးသားထားပါသည်။ ကျမ်း၏ အကောင်းဆုံးသော အပိုင်းမှာ ယခုတိုင် တိမ်ကောပပျောက်၍ မသွားသည့်ပြဇာတ်များနှင့်၊ ထိုဇာတ်တို့ကို ရေးသားပြုစုသည့် စာရေးဆရာတို့ အကြောင်းကို ရှာဖွေ ရေးသား ဖော်ထုတ်ကာ ကောင်းသည်ဟု ထင်ရသည့် အချို့သော ဇာတ်တို့မှ ကောက်နှုတ်ချက်များကို ထုတ်ပြီး ပြည့်ပြည့်စုံစုံ ဘာသာပြန်ထားခြင်းပင် ဖြစ်ပါသည်။ (သို့သော်) ထိုအကြောင်းများကို အဆုံးသတ်အောင် မရေးပါ။ ရေးသည့်အခါ ဇာတ်ကိုလည်း မဆုံး၊ ဇာတ်ဆရာ အကြောင်းလည်း အကုန်မပါ။ ထို့ပြင် ဘာသာပြန်ရမည့်အစား၊ ခပ်လွယ်လွယ် သဘောသရုပ်ကို ချုံ့၍ ရေးတတ်သေးသည်။ ယင်းသို့ အနေ အထားမှာပင်လျှင် ၁၇၈၅ ခန့်တွင် စသည့်မြန်မာပြဇာတ်ဆရာအကြောင်းကို နောင် နှစ်တစ်ရာကြာလျှင် ကွယ်လုမတတ် တိမ်မြှုပ်သွားသည့် မြန်မာဇာတ်သဘင်၏သမိုင်းသဘောမျိုး ဖြစ်သည့် အမှတ်အသား(အဦးအစ)ကို ရရှိလိုက်ပါသည်။ မြန်မာစာပေတွင် အလွန် စိတ်ပါဝင်စားဖွယ် ဖြစ်သည့် အပိုင်းတစ်ခုကို အသင့်အတင့် ခြုံငုံလျက် သိခွင့်ရပါသည်။

အရှေ့ဘက် အိမ်နီးချင်းနိုင်ငံတွင် အရင်းခံဖြစ်သည့် အီနောင်သည် ဣန္ဓဝန࿿သ ဟု မှန်အောင် မရေးသည့်တိုင်၊ ခပ်ညံ့ညံ့ သတ်ပုံဖြင့် အိန္ဒာဝန࿿သ ဟူ၍လည်း မရေးဖြစ်ဘဲ အိန္ဓဝုဓ ဖြစ်သွားပါသည်။ ဤကဲ့သို့ များယွင်း ဖော်ပြချက်ကို စာမျက်နှာ ၄၄ နှင့်ဆက်၍ နောက်ပိုင်း စာမျက်နှာများစွာတွင် တွေ့ရပါသည်။

"ပြဇာတ်စရာ(ဦးကူး)၏ အကောင်းဆုံးလက်ရာမှာ ရာမဇာတ်ကို အဓိပ္ပါယ်သဘောသရုပ် ဖွင့်ဆိုချက်နှင့် ၁၈၈ဝ တွင် ရေး ခဲ့ခြင်း ဖြစ်ပါသည်" (စာမျက်နှာ ၁၂၁) မှတ်ချက်မှာ၊ ဤဇာတ်၏ကောက်နုတ်ချက် တစ်ခုကို နောက်ဆက်တွဲမှာ ဖော်ပြ တယ်လို့ ပြောပါသည်။ သို့သော် ကောက်နုတ်ချက်မှာ လူဝံမောင်နှမ ဇာတ်မှဖြစ်နေပါသည်။ လူဝံကို (Babbon) မျောက် လွှဲကျော် ဟု ဘာသာပြန်သည်မှာလည်း မသင့်ပါ။ လူဝံ ဆိုလျှင် Orangoutan ဥရန် ဥတန်လို့ ရေးသင့်ပါသည်။

ဦးကူးက ပုံတော်ရာမ ပြဇာတ်ကို ရေး၍ ၁၈၈ဝ တွင် ပုံနှိပ်ပါသည်။ သို့သော် ဇာတ်ကို စာမျက်နှာ ၂ဝဝ ရေးခဲ့သော်လည်း အဓိပ္ပါယ် ကောက်ချက် တစ်စုံတစ်ရာ မပါချေ။ မြန်မာနိုင်ငံတွင် ရာမဇာတ်ကို မူကွဲ အမျိုးမျိုး ရှိသည်မှာလည်း မှန်ပါသည် ထိုမျှ များပြားသည့်အထဲတွင် ဇာတ်တစ်စောင်ကလွဲ၍ ကျန်မူများမှာ ဒေသအမည်နှင့်တွဲလျက် ဖော်ပြမြဲ ဖြစ်ပါသည်။ (ဥပမာ) မလေးရာမ၊ ယိုးဒယားရာမ၊ ဘင်္ဂ္လားရာမ စသည်ဖြင့် ခေါ်ကြရပါသည်။ တစ်ခုတည်းသော ခြွင်းချက်က ပုံတော်ရာမ ဖြစ်ပါသည်။ ဦးကူးပြဇာတ်တွင် (ထိုဇာတ်၏တစ်စိတ်တစ်ပိုင်းကို ယူထားသည်ကို တွေ့ရသည်။) ပုံတော် ဟူသည် အတိအကျ အဓိပ္ပါယ်ဖော်ရလျှင် "ကြီးမားသည်"၊ "ကြည်ညို မြတ်နိုးစရာ ဖြစ်သည်"ဟု ဖွင့်ဆိုရပါမည်။ ပြဇာတ် ကို နိဂုံးချုပ်သည့်အခါ ဦးကူးက သူ၏အရေးအပါဆုံး ဇာတ်ဆောင်ကို ပုံတော်ရာမ ဟူ၍လည်းကောင်း၊ အလောင်းတော် ရာမ ဟူ၍လည်းကောင်း မြှောက်စား ရေးသားလိုက်ပါသည်။ ဤတွင် အလောင်းတော် ဟူသည် ဘုရားလောင်း ဖြစ်သည်။ ဗောဓိသတ္တပင် ဖြစ်သော်လည်း ထို့ထက်ပိုလျက် ဗုဒ္ဓပုံရိပ် (adumbration) (သို့မဟုတ်) ပုံတော်ဟု ဆိုလိုက်ခြင်းဖြစ်ရာ ပုံတော်ရာမသည် ရာမဆန္ဒြကို ကြီးကြီးကျယ်ကျယ် မြှောက်စားလိုက်ခြင်းပင် ဖြစ်ပါသည်။

ဦးတိုး၏"ရာမရကန်"မှာ၊ "ရာမဝတ္ထု"ကို အလင်္က࿿ာဖြင့် အကျယ်တဝင့် ရေးသားချက် ဖြစ်ပါသည်။ စာမျက်နှာ ၅ဝ တွင် ဦးတိုး၏"လက်ရာသည် ရှင်းလင်း ကျစ်လစ်၍ အလင်္က࿿ာမြောက်သည်" ဟု ရေးသားထားပါသည်။ ဘာသာပြန်သူကို ဖက်ပြိုင်၍ မငြင်းလိုသော်လည်း၊ ဦးတိုး၏ရကန်တွင် သဘောအချုပ် မရှင်းမလင်း မပီသ များစွာမှာ၊ ဘာကြောင့်ဟု မပြောနိုင်သည့်အပြင် စာပိုဒ်များစွာမှာ နားလည်ရန် အလွန့်အလွန် ခက်ခဲသည်ကို သတိပြုမိပါ၏လောဟု မေးလိုပါသည်။

မောင်ရင်မောင် မမယ်မ ခေါ် အလွန်ကောင်းသည့်ဝတ္ထုသည် အင်္ဂ္လိပ်ဘာသာပြန် မွန်တီခရစ်တိုမြို့စားကို၊ အမည်မသိ ဆရာတစ်ဦးက ၁၈၈၉/၁၈၉ဝ ခန့်တွင် မှီး၍ ရေးသားသည်(စာမျက်နှာ ၁၃၅) ဟု ဖော်ပြပါသည်။ မှီး၍ ရေးသူသည် ဂျိမ်း လှကျော်ဖြစ်၍ ၁၉ဝ၄ ခုက ပုံနှိပ်သည်ဟု အဆိုပါ ဘာသာပြန်စာအုပ် အဖုံး၌ ထင်ရှားစွာ ဖော်ပြပါသည်။

            မောင်ထင်အောင်သည် စင်စစ်အားဖြင့် ကျမ်းရေးသောအခါ ပြဇာတ်ကိုသာလျှင် တိုက်ရိုက်(အခြေခံအဖြစ်) သုံး သည်ဆိုသည့်အချက်မှာ အမှန်တကယ် လုပ်သင့်သောအချက် ဖြစ်ပါသည်။ သို့သော် သူ့ကျမ်းတွင် ကျမ်းကိုးစာရင်းကို မဖော်ပြသဖြင့် သူ့အထက်က ဤအကြောင်းအရာကို မည်သူတွေ မည်သို့ ရေးသားသည်ဟု မဖော်ပြနိုင်ခြင်းကား သူ့အမှား ပင် ဖြစ်ပါသည်။ အကယ်၍ သူသည် သူ့ကျမ်းကို နောက်တစ်ကြိမ် တည်းဖြတ်၍ ပုံနှိပ်မည် ဆိုပါလျှင် မြန်မာနိုင်ငံသုတေ သနအသင်းဂျာနယ်တွင် (ရာမအကြောင်း) ဘဟန်၊ အေးမောင်၊ ဖေမောင်တင်နှင့်ဆရာသိန်းတို့ ရေးခဲ့သော ဆောင်းပါး များ ရှိနေကြောင်းကို အသိပေးနှိုးဆော်လိုပါသည်။ မြန်မာရာဇဝင်များတွင် ထိုပြဇာတ်အကြောင်း မည်သို့ ရေးသားပါရှိ သည်ကိုလည်း လေ့လာသင့်ပါသည်။ ရှေးအခါက ရေးသားသော ဆာ ဟင်နရီယူလ်၊ ဂျင်နရယ် ဖိုက်ခ်ျ၊ ကပ္ပတိန် ဖော့နှင့် ​ဆာ ဂျော့စကော့တို့၏ဇာတ်ကပြမှုဆိုင်ရာ ဖော်ပြချက်များမှလည်း အသင့်အတင့် ဖြည့်စွက် ပြောစရာ ရမည်ဟု ထင်ပါ သည်။၁၈၉ဝ ခန့်တွင် မှီး၍ ရေးသားသည်(စာမျက်နှာ ၁၃၅) ဟု ဖော်ပြပါသည်။ မှီး၍ ရေးသူသည် ဂျိမ်း လှကျော်ဖြစ်၍ ၁၉ဝ၄ ခုက ပုံနှိပ်သည်ဟု အဆိုပါ ဘာသာပြန်စာအုပ် အဖုံး၌ ထင်ရှားစွာ ဖော်ပြပါသည်။

            မောင်ထင်အောင်သည် စင်စစ်အားဖြင့် ကျမ်းရေးသောအခါ ပြဇာတ်ကိုသာလျှင် တိုက်ရိုက်(အခြေခံအဖြစ်) သုံး သည်ဆိုသည့်အချက်မှာ အမှန်တကယ် လုပ်သင့်သောအချက် ဖြစ်ပါသည်။ သို့သော် သူ့ကျမ်းတွင် ကျမ်းကိုးစာရင်းကို မဖော်ပြသဖြင့် သူ့အထက်က ဤအကြောင်းအရာကို မည်သူတွေ မည်သို့ ရေးသားသည်ဟု မဖော်ပြနိုင်ခြင်းကား သူ့အမှား ပင် ဖြစ်ပါသည်။ အကယ်၍ သူသည် သူ့ကျမ်းကို နောက်တစ်ကြိမ် တည်းဖြတ်၍ ပုံနှိပ်မည် ဆိုပါလျှင် မြန်မာနိုင်ငံသုတေ သနအသင်းဂျာနယ်တွင် (ရာမအကြောင်း) ဘဟန်၊ အေးမောင်၊ ဖေမောင်တင်နှင့်ဆရာသိန်းတို့ ရေးခဲ့သော ဆောင်းပါး များ ရှိနေကြောင်းကို အသိပေးနှိုးဆော်လိုပါသည်။ မြန်မာရာဇဝင်များတွင် ထိုပြဇာတ်အကြောင်း မည်သို့ ရေးသားပါရှိ သည်ကိုလည်း လေ့လာသင့်ပါသည်။ ရှေးအခါက ရေးသားသော ဆာ ဟင်နရီယူလ်၊ ဂျင်နရယ် ဖိုက်ခ်ျ၊ ကပ္ပတိန် ဖော့နှင့် ​ဆာ ဂျော့စကော့တို့၏ဇာတ်ကပြမှုဆိုင်ရာ ဖော်ပြချက်များမှလည်း အသင့်အတင့် ဖြည့်စွက် ပြောစရာ ရမည်ဟု ထင်ပါ သည်။ ကပ္ပတိန်ဖော့၏ဗြိတိသျှမြန်မာ စာအုပ်တွင် ကျေးလက်တောရွာက ကလေးများ တင်ဆက်သည့် ဝေ ဿန္တရာဇာတ် အကြောင်းကို အင်မတန် ဖတ်ချင်စဖွယ် ရေးသားထားသည့်အပြင်၊ ရုပ်သေးဇာတ် ကပြပုံကိုလည်း အဖိုးတန်သော မှတ်စု များ ရေးခဲ့ဖူးပါသည်။ ထို့ပြင် ဂျင်နရယ်ဖိုက်ခ်ျက နန်းတွင်းအကကို ချီးမွမ်းရေးသားလျက် ငွေတောင်ပြဇာတ်ကို ကာရန် မဲ့လင်္က࿿ာနှင့်ဘာသာပြန်ခဲ့ပါသည်။ ထိုဘာသာပြန်တွင် ကိန္နရီက လူယောကျာ်းနှင့်အိမ်ထောင်ကျပုံကို အလွန် ထင်ရှား ပီပြင်အောင် ရေးပြထားပါသည်။ လောကုတ္တရာသန်သူက ဤကဲ့သို့ အရေးအသားကို အပြင်းအထန် ရှုတ်ချလျှင် ရာမ၊ အီနောင်တို့ကို ဖတ်ကြည့်သင့်ကြောင်း (ရည်ညွှန်းဖော်ပြပါသည်။)

မောင်ထင်အောင်၏ကျမ်းကို ပုံနှိပ်ခြင်းဖြင့် ရရှိမည့်ရလဒ်မှာ ပျောက်ကွယ်မတတ် ရှိသော ဇာတ်အချို့ကို ဖတ်ရခြင်းပင် ဖြစ်ပါသည်။

ဦးပုည၏ပြဇာတ်များနှင့်ဂန္ထဝင်ကျမ်းတစ်စောင် နှစ်စောင်မှတစ်ပါး အရင် အနှစ် သုံးလေးဆယ်က ရုံတင်ဇာတ်တွေ အများကြီးကို ပုံနှိပ်ထုတ်ဝေဖြစ်သည့်အချိန် မတိုင်မီက နာမည်ကြီးဇာတ်များကို ဖတ်လို၍ ရှာသော်လည်း ရှာ၍ မရဖြစ်ရ ပါသည်ဟုဆိုသော်လည်း ဗြိတိသျှပြတိုက်နှင့်အိန္ဒိယရုံးစာကြည့်တိုက်များတွင် စုဆောင်းပြီး အပုံလိုက်၊ ၁၈၇ဝ ကျော် ၁၈၈ဝ ကျော်က ပုံနှိပ်ခဲ့သည့်ဇာတ်စာအုပ်များ ရာနှင့်ချီပြီး ရှိနေပါသည်။ ထိုဌာနတို့နှင့် ပြေလည်အောင် စေ့စပ်ပြောဆိုနိုင် ပါလျှင် ထိုဇာတ်တွေကို ပြန်လည် ပုံနှိပ်နိုင်လိမ့်မည်ဟု ထင်ရပါသည်။

စံပယ်ဖြူ၊ နိုဝင်ဘာ၊ ၂ဝဝ၂၊ ၁၄၃-၁၄၅။