ပုဂံခေတ်အခါက ကတူး(ကဒူး)လူမျိုးတွေ အများအပြားနေထိုင်ရာ
မြေပြန့်လွင်ပြင်ဒေသ စဥ့်ကူးမှ မြစ်သားအထိတည်ထောင်ထားတဲ့ ကင်းတပ်မြို့
၁၉မြို့ဟာ တစ်မြို့နှင့်တစ်မြို့ နီးနီးကပ်ကပ်တည်ရှိနေရုံမက
(မန္တလေးမြောက်ပိုင်းမှာ) တစုတစည်းတည်း တည်ရှိနေခြင်းဟာ
ထူးခြားချက်တစ်ခုဖြစ်ကြောင်း ဆရာမင်းဘူးအောင်ကြိုင်ကဆိုထားပါတယ်။(နှာ-၂၄)
ပုဂံခေတ်မတိုင်ခင်ကတည်းက လက်စင်းရာပါအုတ်ချပ်တွေကို
အသုံးပြုနေပြီဖြစ်ပေမယ့် ကင်းတပ်မြို့တွေရဲ့ရှာဖွေတွေ့ရှိမှုမှာ
လက်စင်းရာအမှတ်အသားမတွေ့ရခြင်
းဟာ အဲဒီဒေသမှာ ဗမာလူဦးရေမရှိတာ(ဒါမှမဟုတ်) အရမ်းနည်းပါးတာဖြစ်နိုင်ကြောင်းလည်း ဆရာက ဆိုထားပါတယ်။(နှာ-၂၅)
ကင်းတပ် ၄၃မြို့ရဲ့
အမည်နှင့်တည်နေရာ(Lat; /Long; )ကို အောက်ပုံမှာကြည့်ပါ။
No comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်