တဖန် ၁၂၈၆ ခုနှစ်ထုတ် ဦးမောင်ကြီးရေး ထားဝယ်ရာဇ၀င်အကျဉ်း ပထမတွဲနှင့် ဒုတိယတွဲတွင် ဖော်ပြသည်မှာ မြို့စတည်သော အချိန်ကို သာဂရမြို့တည် ဥသြစည် လို့ မှတ်သားခဲ့ကြပါသည်။ မြို့၏ အ၀န်းမှာ တာပေါင်း ၇၄၈ ခု ရှိပြီး မြို့တခါး ၄ ပေါက် လမ်းမတော် ၄ သွယ် ဈေးကြီးဈေးငယ်၊ ရုံးများ၊ တိုက်များနှင့် စည်ကားခဲ့သည်ဟု ဆိုပါတယ်။
သာဂရမြို့တွင် သမန္တရာဇာမင်း မင်းပြုစဉ် မြို့ရွာနေ ပြည်သူများအား ရှမ်း(ယိုးဒယား)နှင့် ယွန်း(ဇင်းမယ်) တို့ မကြာခဏ နှောင့်ယှက်တိုက်ခိုက်လာသဖြင့် ကလိန်အောင်အရပ် ကောဇော ၁၁၆ (AD-754) တွင် မွန်အမတ် ဗြညားဗလကို သစ်လုံးရံမြို့ တည်ဆောက်နေစေသည်။ တပ်သား တစ်ထောင်ကျော် အုပ်ချုပ်စေသည် ဆိုသည်။
ဒီမှာ ထိုးဇာတ် လုပ်ဇာတ်ကြီး ဖြစ်နေပါတယ်။ ထိုအချိန်ကာလတွင် ယိုးဒယား(ရှမ်း) ယွန်းတို့ပင် မရှိသေးပါ။ ထိုင်းနိုင်ငံ သမိုင်းတွင် ထိုင်းယဉ်းကျေးမှုကိုပင် AD-7 မှ စသည်ဟု အစောဆုံးတင် ပြောထားသည်ကို ထောက်ဆ သော် ထိုကာလတွင် လာရောက် တိုက်ခိုက်ရန်ပြုသည်ဆိုသည်မှာ လုပ်ဇာတ်ပင် ဖြစ်ကြောင်း ပေါ်လွင်လွန်း နေပါသည်။
နောက်တဖန် မွန်အမတ် ဗြညားဗလကို ကလိန်အောင်မှာ သစ်လုံးတပ်နဲ့ အုပ်ချုပ်စေတယ် ဆိုရာမှာလည်း AD-754 ကာလတွင် မွန်ဟု မရှိသေးပါ။ မဖြစ်နိုင် ယုတ္တိမရှိပေ။
AD-8 ရာစု သာဂရ ဟူသည် ယခု ထိုင်းနိုင်ငံတွင် ဒွါယ၀တီဟု ယာယီခေါ်ဆိုနေသောနိုင်ငံနှင့် ခေတ်ပြိုင် ဖြစ်သည်။ ဒွါယ၀တီ အင်အားကောင်းသဖြင့် နယ်ချဲ့သည်ဟု မှတ်တမ်း မရှိခဲ့ပါ။ မြန်မာသမိုင်းတို့တွင် ကြည့်ပါသော် ထိုအချိန် တွင် သာဂရသည် ပျူမင်းကြီးလက်အောက်ခံ ခံတပ်မြို့ငယ် ဖြစ်သည်။ ဒွါယ၀တီဘက်မှ ပျူ မြို့ကို စစ်လာတိုက်သည် ဟု ဘယ်တုန်းကမှ မရှိခဲ့ပေ။
No comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်